၇ အိပ်​မက်​သစ်​ – 
ဖိုး​ရွှေညီမှိုင်း
.
အဲဒီ့​နေ့က 
ကြွေခဲ့ရတဲ့ကြယ်
ပြိုခဲ့ရတဲ့အိမ်​။
ခြွေချခဲ့
ဖြိုချခဲ့ပြီး
အားပါးတရ အသံနက်​ကြီးနဲ့
“ဓား ဓားချင်း၊ လှံ လှံချင်း”တဲ့
အပ်​တ​​ချောင်း ကိုင်​မထားသူ​တွေကို
စိမ်​​ခေါ်ရဲပုံများ။
” … မ​မေ့ကြနဲ့”တဲ့
နံရံမှာ ​သွေးနဲ့​ရေးခဲ့
ပြိုသွားတဲ့အိမ်​ထဲက
ကြွေသွားတဲ့ကြယ်​ ပြန်​ဝင်​စား
ကောင်းကင်​​ဟောင်းကြီးရဲ့
ရာဇဝင်​သစ်​အတွက်
အသစ်​​မွေးဖွားလာတဲ့ကြယ်
အလင်း
ငယ်​​သေးလည်း
သူ့ ကြုံးဝါးသံက ကြီးမြတ်​မှု ကြီးမားစွ
“​သွေး  ​သွေးချင်း”တဲ့။
ဖိုး​ရွှေညီမှိုင်း