ဘယ်တော့မှ မမေ့ဘူး – 
လုံမငြိမ်းချမ်း

.

မ​မေ့ဘူး
ဘယ်​​တော့မှ မ​မေ့ဘူး
ဒီလို​နေ့မျိုးက ဘယ်​​တော့မှ ​မေ့မရဘူး

ကုန်​ခဲ့တဲ့ ၁၃ နှစ်
မနက်​ ၁၀နာရီ​ကျော်​​ကျော်​​လောက်
အ​ဖေ
သာယာဝတီထောင်​က အိမ်​ပြန်​​ရောက်​ခဲ့တာ​ပေါ့…

လွှတ်​တာက ၆ ရက်​​နေ့
အချိန်​မမီလိုက်​​တော့
ရန်​ကုန်​မှာ တ​ညအိပ်
ပုသိမ်​ကို အ​စောဆုံးကားနဲ့ ပြန်​လာခဲ့တာတဲ့….

ပြန်​​ရောက်​ ​ရောက်​ချင်း
ကျမက သတိထားလိုက်​မိတာက
အ​ဖေ့ ကျန်းမာ​ရေး

အ​ဖေ တုန်​ယင်​​နေတဲ့ လက်​တစ်​စုံနဲ့
ကျမရင်​ခွင်​ထဲက
၎လ မပြည့်​​သေးတဲ့ ​မြေးက​လေးကို ချီချင်​​နေတယ်

ကျမက
စိတ်​လှုပ်​ရှားပြီး တုန်​​နေတာ ထင်​ခဲ့မိတာာာ
ဘယ်​ဟုတ်​ပါ့မလဲ….
ဝေဒနာ ဖြစ်​​နေရှာတယ်​။

အ​ဖေ ​ထောင်​ ၄ ခါ ကျခဲ့ပါတယ်​….
အ​ဖေ့လက်​ဖဝါး ကျမ ဖြန့်​ဖြန့်​ပြဖူးတယ်​…

အ​ဖေဆိုတဲ့သူဟာ..
“မရက်​စက်​ဘူး”
လူသတ်​ဝါဒကို ဆန့်​ကျင်​တယ်​..
အာဏာရှင်​ကို ဆန့်​ကျင်​တယ်​..
မတရားဘူးဆိုရင်​ တရားတဲ့အထိ တိုက်​ခိုက်​ချင်​တယ်​..

သို့​သော်
အ​ဖေတို့ တိုက်​ခိုက်​ရတာက နှလုံးရည်​နဲ့….
နှလုံးသား​တွေနဲ့….
ကျမ နာနာကျင်​ကျင်​ ​ကြေကွဲရပါတယ်​။

အ​ဖေ အ​ပြောနိုင်​ဆုံး
အ​ပြောဆုံး စကားလုံး တ​စုံတ​ရာက
အခုချိန်​မှာ..
“မိသားစု ဘဝ​တွေဗျာ”တဲ့…
ယောင်​တာလည်း ဒီစကားစု
ချရွတ်​တာလည်း ဒီစကားစု
ကဗျာပဲ ရင်​ထဲ စွဲ​နေ​တော့တာပဲ….

ရက်​စွဲ​ကျော်​ ဒိုင်​ရာရီ​တွေနဲ့
ဖြတ်​​ကျော်​ခဲ့ရတဲ့ အ​မေလည်း
ခု​တော့
အိပ်​ရာထဲ ဗုန်းဗုန်းလဲ​နေခဲ့ပြီ 

“အာဏာရှင်​​​ရေ”
တရား ရတယ်
ကျွတ်​တမ်းလွတ်​တမ်း ဝင်​တယ်​ဆိုတာ
ဘယ်​​တော့မှ ဘယ်​သူ့ကိုမှ
နောက်​ကျတယ်​ဆိုတာ မရှိပါဘူး

အခု
လူ​တွေ ခံစား​နေရလည်း
နောင်​ အနာဂတ်​က​လေးကစ
ကောင်းစားမယ်​ဆို 
ကမ္ဘာ​ကြေပါတယ်​ လို့ ​ဖြေပါတယ်​။

ဖေနဲ့ အ​မေ အိပ်​မရ
ထိုင်​​စောင့်​ရင်းက အ​တွေး​တွေ…။

လုံမငြိမ်းချမ်း
(ညလည်​ ၂း၁၀)