၇ ဇူလိုင်ရဲ့ တံခါးဖွင့်ချိန် – 
မွန်ရည်ကျော်

.

တံခါးကို ဆွဲဖွင့်လိုက်တိုင်း
ထောင်းခနဲထတဲ့ သွေးညှီနံ့ဟာ
ငါ့တကိုယ်လုံး လိမ်းကျံလို့။

အဓိပတိလမ်းက ဝိညာဉ်တောအုပ်ကလေးမှာ
ဒေါင်းအလံတွေ လွှမ်းခဲ့ရ
စိတ်ခွန်အားတွေခူးဆွတ်
တယောက်လက်မှတယောက်ဆီသို့
မျိုးဆက်အဆင့်ဆင့်
သမိုင်းအဆင့်ဆင့်။

အတိတ်နဲ့ အရိပ်ရဲ့ခြောက်လှန့်မှုမှာ
သူတို့ ကျဆုံးပါစေ။
အတိတ်နဲ့အရိပ်ရဲ့ ပေးဆပ်မှုမှာ
ငါတို့ ထိုက်တန်ပါစေ။

မွန်ရည်ကျော်