ဇူလိုင်နီ – စိုးနေလင်း

.

ခုလိုမစဲ မိုးဖွဲ စွေရွာဆဲ
နီစွေးရဲရဲ စိန်ပန်းတို့ရှိုက်နမ်း
အဓိပတိလမ်း ကံ့ကော်တန်းနဲ့သစ်ပုတ်ပင်အို
ကောင်းကင်ကို အပွင့်လင်းဆုံး ရှင်းဖွင့်လိုသူများ
ပျားပန်းခတ်…
မြန်မာ့လွတ်လပ်ရေး 
ရတနာမွန်
သမိုင်းတာဝန်ကျေပွန်ခဲ့သူများ ခြေရာချခဲ့ရာ
ကျောင်းသားသမဂ္ဂအဆောက်အဦ
ခွတ်ဒေါင်းအလံ တလူလူ လွင့်ပျံ ဖျတ်ဖျတ်…

စစ်အာဏာရှင်စနစ်ဇာတ်သိမ်းရေး
ကျောင်းသားအခွင့်အရေး
မျိုးဆက်သွေးတို့ ရုန်းကြွတော်လှန်ခဲ့ကြရာ…

ယုတ်မာရိုင်းစိုင်း အနှိုင်းမဲ့ရက်စက် သူတို့သေနတ်ဖျား…
ကြယ်စင်များမြေပြင်ကြွေသက်
၇ ရက် ဇူလိုင် မမေ့နိုင်…။

ဓိဌာန်ခိုင်ခိုင် တိုင်တည်ပါလေ
ကမ္ဘကြေသော်လည်း ဥဒါန်းမကျေ
စစ်အာဏာရှင်စနစ် ကျဆုံးစေ…
အာဏာရှင်စနစ် ကျဆုံးစေ …
အာဏာရှင်စနစ် ကျဆုံးစေ …။

စိုးနေလင်း