ဆဲ​ဗင်းဂျူလိုင်​ – 
မိုးဦး​ဆွေညိန်း 

.

အ​သေအ​ကြေ တွန်းဖွင့်​ခဲ့တယ်
သေနတ်​​ပြောင်း​တွေနဲ့ ပိတ်​ထားတဲ့ တိုင်းပြည်​​ကို၊

ကျောနဲ့ရင်​ ထုတ်​ချင်းခတ်
ဒီလိုကြီးလား ဇာတ်​လမ်း​တွေ အခန်းဆက်
ရင်​နင့်​စရာ တဖွဖွ တသသနဲ့ 
ကျည်​ဆံ​တွေကြား ကျသွားတဲ့ တိုင်းပြည်​ကို၊

ဒီမိုက​ရေစီ တိုင်းပြည် မဖြစ်​​​ခင်
ခြေတ​လှမ်း အလိုမှာ
တ​​ယောက်​တ​​ပေါက်
သွေးရူး​သွေးတန်း အ​မော​ဖောက်​​နေပုံက
ဟိုဘဲ​တွေအတွက်​ အမြည်းလား

စစ်​ဖိနပ်​သံ​တွေ တ​ဒေါက်​​ဒေါက်​ကြားမှာ
သွေးသံရဲရဲနဲ့ ဖူး​ရောင်​​နေတဲ့ တိုင်းပြည်​မျက်​နှာ။

မိုးဦး​ဆွေညိန်း