ပီတိဖြာလွင် စာပေခရီး မှတ်မှတ်ထင်ထင် – 
မြနှောင်းညို

.

၇ ရက်၊ ၇ လ၊ ၂၀၁၈
နေ့လည်၂ နာရီမှ ၄ နာရီကျရင်
ကျမရဲ့ဖခင် ဦးတင်ဝင်းညိုရဲ့
“ လှေခွက်ချည်းကျန် ဆန်ခဲ့ပါသည် ”
သမိုင်းဖြတ်သန်းခြင်း အထုပ္ပတ္တိစာအုပ်ကို
မိတ်ဆက်ဖြန့်ချိမှာမို့ …

ပြင်ဦးလွင်လို့ တမင်တကာသတိထားခေါ်ဝေါ်နေဖြစ်တာ အခုနောက်ပိုင်းကာလတွေမှပါ။ ကျွန်မတို့ ငယ်စဉ်ကတော့ မေမြို့ချည်းခေါ်ခဲ့တာ။ မေမြို့ဆိုတာမြန်မာနိုင်ငံကို ကိုလိုနီလုပ်အုပ်ချုပ်ခဲ့တဲ့ အနောက်နိုင်ငံ သားတွေက အမည်တပ်ခေါ်ဆိုခဲ့တာလေ။ Wikipidia မှာ ပြင်ဦးလွင်မြို့သည် မန္တလေးမြို့မှအရှေ့မြောက်ဘက် ၄၂ မိုင်အကွာတွင် တည်ရှိသည်လို့ မှတ်သားထားပါတယ်။ မန္တလေးတိုင်း၊ မြန်မာနိုင်ငံ၊ ရှမ်းတောင်တန်းကုန်းမြင့်မှာ တည်ရှိတယ်လို့ဆိုပါတယ်။

ဗြိတိသျှလက်အောက်မှာ ဒီနေရာကို မေမြို့လို့အမည်မှည့်ခေါ်ခဲ့ပါတယ်။ ၁၈၅၇ အိန္ဒိယတော်လှန်ပုန်ကန်မှုတုန်းက စစ်ပြန်လည်းဖြစ် ဘင်္ဂါလီကွပ်ကဲအုပ်ချုပ်ရေးဗိုလ်ချုပ်လည်းဖြစ်သူ ကာနယ် “မေ”ကို ဒီမြို့မှာ တာဝန်ပေးခဲ့လို့ပါ။ မြန်မာစစ်အစိုးရလက်ထက်မှာ ပြင်ဦးလွင်လို့ နာမည်ပြန်ပြောင်းခဲ့ပါတယ်။ ဟိုတုန်းကတော့ ရှမ်းရွာကလေး တရွာမျှသာပါ။ အိမ်ခြေ အစိတ်သုံးဆယ်ပဲ ရှိခဲ့တာတဲ့။ လားရှိုး-မန္တလေး လမ်းမှာရှိပြီး နောင်ချိုနဲ့ မန္တလေးကြားလောက်မှာ ရှိတယ်။

၈၉၆ က မြို့မှာ အမြဲတမ်း စစ်စခန်းတခုကိုတည်ပြီး တောင်ကုန်းစခန်းဖြစ်လာတယ်။ ဗမာ-ဗြိတိသျှ နွေရာသီ ရုံးစိုက်ရာမြို့ဖြစ်လာသတဲ့။ မြို့ပြဆိုင်ရာ၊ ရောင်းဝယ် ဖောက်ကားရာနဲ့ စစ်ရေးစစ်ရာတို့အရ ဗမာကို အုပ်ချုပ်မှုထူထောင်ရာမှာ ရန်ကုန်ရဲ့ပူပြင်းတဲ့ ရာသီဥတုနဲ့ စိုထိုင်းမှုကိုရှောင်ရင်း မေမြို့မှာပဲအခြေချခဲ့ပါတယ်။ ဗြိတိသျှလက်ထက်တုန်းက မေမြို့မှာ အိန္ဒိယလူမျိုး တသောင်း၊  ဂေါ်ရခါး ရှစ်ထောင်ခန့်ရှိခဲ့ပါတယ်။

ဗြိတိသျှအုပ်ချုပ်ရေးမှသည် ၁၉၇၀ ထိတိုင် မေမြို့မှာ အင်္ဂလို-ဗမာလူဦးရေ အများအပြားရှိခဲ့ပါတယ်။ ဂျပန်တွေ ၀င်လာသိမ်းပိုက်တဲ့အခါမှာ အင်္ဂလိုအများအပြားကို ဖမ်းဆီးချုပ်နှောင်ခဲ့ကြပါတယ်။ ယနေ့အခါမှာလည်း မေမြို့သည် မြန်မာနိုင်ငံရဲ့အင်္ဂလို-မြန်မာ အများဆုံးတည်ရှိရာနေရာအဖြစ် မှတ်ယူနို်င်ဆဲဖြစ်ပါတယ်။ ယနေ့ပြင်ဦးလွင်မှာ အနောက်နိုင်ငံသား ကပြားတွေ အများအားဖြင့် အင်္ဂလို-မြန်မာတွေနဲ့အင်္ဂလို-အိန္ဒိယတွေ ပါဝင်ကြပါတယ်။ တရုတ်၊ ချင်း၊ ကချင်၊ ကရင်နဲ့ရှမ်းလူမျိုးစုတွေလည်းနေထိုင်ကြပါတယ်။

ကို လိုနီခေတ်တုန်းက အင်္ဂလိပ်အထက်တန်းကျောင်းတွေရှိခဲ့သလို စစ်တက္ကသိုလ်အကယ်ဒမီ (DSA)နဲ့ နည်းပညာ စစ်တက္ကသိုလ်(DSTA) တို့ရှိကြပါတယ်။ မေမြို့မှာ ကြီးမားသော စစ်တပ်ကြီး ရှိနေတာပေါ့။ ဆွယ်တာထိုး၊ ပန်းနဲ့သစ်သီးဝလံ ဥယျာဉ်၊ စတော်ဘယ်ရီ၊ နာနတ် သစ်သီးခြံတွေ ၊ ကော်ဖီစိုက်ပျိုးခြံတွေ၊ နွားမွေးမြူပျိုးထောင်တဲ့ ပုဂ္ဂလိကကျောင်းတွေ များစွာရှိပါတယ်။ တရုတ် အထူးသဖြင့် ယူနန်က၀င်ရောက် အခြေချလာသူတွေ အများကြီးရှိပါတယ်။

ပြင်ဦးလွင်ကို မြန်မာပြည်နေရာအနှံ့အပြားက လာရောက်လည်ပတ်ကြ ရုံမက နိုင်ငံခြားက ကမ္ဘာလှည့်ခရီးသွားများလည်း ဆောင်းရာသီမှာ လာရောက်လည်ပတ်ကြပါတယ်။ ၁၉၁၅ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ပြည်ထောင်စု ရုက္ခဗေဒဥယျာဉ်တွေနဲ့ပြင်ဦးလွင် ကလေးထိမ်းသိမ်း စောင့်ရှောက်စခန်းတွေဟာ ပြိုင်ဘက်ကင်းတဲ့ ပျိုးထောင်မှုတွေဖြစ်ပါတယ်။

နေ့ သိမှတ်ကြတာက ပြင်ဦးလွင်ဟာ ပိုးမျှင်ထွက်တဲ့ ပိုးကောင်တွေ မွေးမြူရာဌာနဖြစ်ပါတယ်။ ကန်တော်ကြီးမှာ ထင်ရှားတဲ့လုပ်ငန်းသုံးမျိုးက ပိုးစားပင်စိုက်ပျိုးခြင်း၊ လက်လုပ်စက္ကူပင်စိုက်ပျိုးခြင်းတို့အပြင် ပိုးမွေးမြူခြင်းတို့ဖြစ်ပါတယ်။ တိုင်းရင်းဆေးဝါးပင်တွေလည်း စိုက်ပျိုးပါတယ်။ နိုင်ငံအတွက် ဆေးဖော်စပ်နိုင်တဲ့ နေရာအနည်းငယ်အနက် တခုဖြစ်ပါတယ်။

က်လက်ဝေမျှ ပြောပြချင်သေးတာကတော့ ပြင်ဦးလွင်ဟာ တိုင်းပြည်နိုင်ငံအတွက် ပန်းတွေ၊ သစ်သီးဝလံတွေ အဓိကရရှိတဲ့နေရာပါ။ ဂန္ဓမာတွေ၊ မေမြို့ပန်းတွေ၊ သစ္စာပန်းတွေကို မြန်မာအနှံ့အပြား ရာသီမရွေး ရောင်းချနိုင်ပါတယ်။ အခုအခါမှာ ကော်ဖီကို မြန်မြန်ကြီး စိုက်ပျိုးရောင်းချနိုင်နေတဲ့မြို့လည်းဖြစ်ပါတယ်။

ကဲ … အနှစ်သုံးဆယ် မရောက်ဖြစ်ခဲ့တဲ့ ပြင်ဦးလွင်အကြောင်းကို အတိုးချစာရေးနေသူကျွန်မ မြနှောင်းညို က စာဖတ်ပရိသတ်ကြီးကို လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး ကြိုဆို နှုတ်ခွန်းဆက်ပါတယ်။    

ပြီးခဲ့တဲ့ ဇွန်လ၂၂ ရက်နေ့၂၀၁၈ က မြန်မာနိုင်ငံဆရာဝန်အသင်းရဲ့လက်အောက် စာရေးဆရာ ဆရာဝန်အဖွဲ့ဝင်သုံးဦးက ပြင်ဦးလွင်မြို့တော်ခန်းမမှာ”ကျန်းမာရေးနှင့်စာပေဟောပြောပွဲ”ကျင်းပခဲ့ပါတယ်။ ဒေါက်ထွေး(ဆေးမန်း)က “ကျန်းမာရေးနဲ့ညီညွတ်တဲ့ တစ်နေ့တာ”၊ မြကြာငုံ(မျက်စိအထူးကုဆရာဝန်နီလာသိန်း)က ”ပြောရဟောရမောလှ မျက်စိဆရာဝန်ဘ၀”၊ ဒေါက်တာခင်မောင်လွင်က “ Carbon Footprint “ ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောခဲ့ကြပါတယ်။

ပရိသတ်က ခန်းမပြည့်ပါပဲ။ ကျောင်းသူကျောင်းသားလေးတွေများပြီး စိတ်ဝင်တစား နားထောင် မှတ်သားကြပါတယ်။ ရေးသူဖတ်သူ နားဆင်သူတို့အချင်းချင်း အမေးအဖြေတွေ ရှိခဲ့တာမို့ စိတ်၏ ချမ်းသာခြင်း၊ အတွေးအသိ ပညာပေးဝေနိုင်ခြင်းတို့ဖြင့် အောင်မြင်တဲ့ ဟောပြောပွဲတခု ဖြစ်ခဲ့ပါတယ်။

ကျွ န်မတို့ စာရေးဆရာ ဆရာဝန်တွေဟာ မနက်စာစားသောက်ပြီးတဲ့အခါမှာ FAME  ၀န်ထမ်းတွေက ဖိတ်ခေါ်တဲ့အတိုင်း Fame Organic Pharming Project ကိုသွားရောက်ကြည့်ရှုလေ့လာကြပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်လောက်ကတည်းက အလုပ်နားပြီးတဲ့နောက်ပိုင်းမှာ ကျွန်မက ညာခြေထောက်အာရုံကြော အားနည်းလာခဲ့တယ်။ နာကျင်ခြင်းမရှိပေမယ့် နှေးလာ လေးလာတယ်။ လေကြောင်းခရီးရှည်သွားရင် လေဆိပ် က ပြန်ထွက်ပြီးကားပေါ်တင်တဲ့အထိ ဘီးတပ်ကုလားထိုင်ကိုအသုံးပြုခွင့်ပေးတော့ လမ်းလျှောက်ရ သက်သာ ခဲ့ပါတယ်။

ခု လည်းကျွန်မကြောင့်အဖွဲ့အချိန်မကုန်ရအောင် ကျွန်မလည်းသက်တောင့်သက်သာရှိအောင် အကျိုးဆောင်ပေးပြီး Fame က cab ကားကလေးနဲ့လှည့်ပတ်လေ့လာစေပါတယ်။  ခြံအကျယ်အ၀န်းက ၄၅ ဧကတောင်ရှိတဲ့အော်ဂဲနစ်စိုက်ပျိုးရေးခြံကြီးကိုရှုမဆုံးအောင်မြင်တွေ့နေရတဲ့စိုက်ခင်းတွေအတွင်းကျွန်မနဲ့ အတူမန်နေဂျာမလေးစုစုစောကလိုက်ပါပြီး ပြသရှင်းပြတာမို့အရမ်းကိုဗဟုသုတတိုးပွားရပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးစနစ် (ORGANIC FARMING)ဆိုတာကိုကျွန်မကူးယူထားတဲ့အတိုင်း အသိပညာ ဝေမျှချင်ပါတယ်။

မှန်အတိုင်းဝန်ခံရမယ်ဆိုရင် ဆရာလွင်လို့ ကျွန်မကတင်စား သိမှတ်တဲ့ ဒေါက်တာခင်မောင်လွင်ဟာ ကျွန်မတို့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ချင်းပေမယ့် သူ့ခွင်နဲ့သူ ကျွန်မခွင်နဲ့ကျွန်မဆိုတော့ အစည်းအဝေး ရှိကြမှ ဆုံတွေ့ရလေ့ရှိကြတာ။ သူဟာ ဆရာဝန်တစ်ယောက်ဆိုတာလောက်ပဲ ကျွန်မအာရုံမှာ ရှိခဲ့ဖူးသူပါ။ အဲဒီဆရာဝန်က ခုလိုအော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကို ဦးဆောင်တည်ဆောက်နေတာကို အံ့သြလေးစားမိပါတယ်။

ကျွ န်မတို့ မပြန်ခင် စုဝေးစကားစမြည်ပြောဆိုကြရင်းနဲ့မှ မထင်မှတ်ထားတဲ့ သူ့ဘ၀ဇာတ်ကြောင်း တစိတ်တဒေသကို သိလိုက်ရပါတော့တယ်။ သူက ဆေးတက္ကသိုလ်(၂)မှာ ဆေးပညာဆည်းပူးခဲ့ပါတယ်။ ဆေးကျောင်းက ဆင်းတော့ စစ်မှုထမ်းပါတယ်တဲ့။ ရှစ်လေးလုံးအရေးတော်ပုံမှာလည်း ပါဝင်ပတ်သက်ခဲ့ဖူးတယ်တဲ့။ ကျွန်မအထူး စိတ်ဝင်စားအထင်ကြီး သွားရပါပြီ။  စစ်ယူနီဖောင်းနဲ့ စင်ပေါ်တက် တရားဟောခဲ့တယ်တဲ့။

“ဆရာ ဟောတဲ့တရားကို တစ်ခွန်းနှစ်ခွန်းပြောပြပါလား” လို့ ကျွန်မက စပ်စုမေးမြန်းတော့ သူကပြုံးရယ်နေတယ်။ တိုင်းပြည်နဲ့လူထုအပေါ်မစာနာမမျှတဘဲလူရောစိတ်ပါဆင်းရဲတွင်းထဲတွန်းချခဲ့တာ အဲဒီတုန်းက နှစ်ပေါင်းလေးဆယ်ရှိပြီဆိုတာတော့ သူပြောဟောတဲ့တရားထဲမှာ ပါကိုပါခဲ့ပုံရပါတယ်။     

“အဲဒီနောက်ရော” သူက ရယ်ပြန်တယ်။
“ဖြုတ်လိုက်တာပေါ့ အစ်မရယ် ”တဲ့။

ကျွ န်မနှုတ်ပိတ်တိတ်ဆိတ်သွားရပါတယ်။ ကန့်လန့်ပေါက်တဲ့ အံသွားနှုတ်ပေးတဲ့ ကျေးဇူးရှင်တစ်ယောက် ကိုလည်း ထင်းကနဲအမှတ်ရလိုက်တယ်။ သူ့လို စစ်ဗိုလ်ပြုတ်တစ်ယောက်ပေါ့။ အရေးအခင်းမှာ ပါဝင်လှုပ်ရှားရာက အလုပ်ထုတ်ခံလိုက်ရသူပေါ့။ အဲဒီစစ်ဗိုလ်ဟာ တန်တော့ ဗိုလ်ကြီးလားဗိုလ်မှူးလားကျွန်မ မေ့နေပြီဖြစ်တဲ့ ဗိုလ်သောင်းထိုက်ပဲ ဟုတ်နေမှာပါပဲ ထင်ပါရဲ့။

က်လက်စကားပြောဖြစ်တဲ့အထဲမှာ အရေးအခင်းပြီးစက ကျွန်မအံဆုံးပေါက်တာ ကန့်လန့်ထွက်ပြီး ယောင်နေ နာနေလို့  တော်တယ်ပြောသံကြားတဲ့ သွားဆရာဝန်ဆီ သွားရတယ်လို့ အတိတ်အကြောင်းတွေးတွေးဆဆ ပြောပြနေမိပါတယ်။               

ဗိုလ်မှူးသောင်းထိုက်တဲ့။ ဆရာသိမှာပါ။ သူလည် စစ်ဗိုလ်ပြုတ်ပဲဆရာရဲ”့                                                                              “သိတာပေါ့ဗျာ သူက အဲဒီတုန်းက မဂိုလမ်းမှာ ဆေးခန်းထိုင်တယ်”                              
“သမဝါယမဆေးခန်း ထင်တာပဲ ဆရာရဲ့၊ သိပ်မပေးရဘူး။ ကျွန်မရဲ့အံဆုံးကို နှုတ်ပေးတာ သူ့ဖောဆက် forcep ကျိုးသွားတယ်။ ကျွန်မကလည်း အတော်ဒူတာ၊ ဘယ်လောက် ပေးလျော်ရပါမလဲလို့တောင် မမေးမိဘူး၊ ပြန်တွေးမိတိုင်း အားနာလိုက်တာ”

ကျွ န်မ အတော်ဒူကြောင်း သက်သေပြသလိုဖြစ်ရပြန်တာက ဗိုလ်ကြီးလား ဗိုလ်မှူးလားမသိတဲ့ သွားဆရာဝန်တော့သေချာတဲ့ ဒေါက်တာသောင်းထိုက် မြန်မာပြည်မှာရှိသေးလား၊ ဘယ်မှာနေလဲ ဆိုတာ မမေး ဖြစ်ပြန်ပါဘူး၊ ခုနေပြန်တွေ့များတွေ့ ရင်သိပ်ကျေးဇူးတင်တဲ့အကြောင်း ပြောနိုင်မှာပဲနော် ။

ဒီ တစ်ခါ အမ်အမ်အေမှာ အစည်းအဝေး ရှိတဲ့အခါ ဆရာလွင်နဲ့တွေ့ရင်တော့ မမေ့မလျော့ မပေါ့မဆ မေးကိုမေးလိုက်မှ။ ပြင်ဦးလွင်ရောက်တော့ ဒီအက်စ်အေစစ်တက္ကသိုလ်ကို ပြန်မြင်ရပြီး စစ်ဗိုလ်ဖြစ်ပြီး သုံးနှစ်အကြာ ၁၉၈၂ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ တိုက်ပွဲကျသွားရှာတဲ့ ကျွန်မတို့ရဲ့ချစ်လှစွာသော မောင်လေးကိုမနေ့တစ်နေ့ကလိုပဲ သတိရလွမ်းဆွတ်မိခဲ့ပါတယ်။

ရက် ၇ လ ၂၀၁၈ နေ့လည်၂ နာရီမှ ၄ နာရီကျရင် ကျမရဲ့ဖခင် ဦးတင်ဝင်းညိုရဲ့ ”လှေခွက်ချည်းကျန် ဆန်ခဲ့ပါသည် ” သမိုင်းဖြတ်သန်းခြင်း အထုပ္ပတ္တိစာအုပ်ကို မိတ်ဆက်ဖြန့်ချိမှာမို့ တော်ဝင်နှင်းဆီစားသောက်ဆိုင် ငြိမ်းချမ်းခန်းမကို ကြွရောက်ချီးမြှင့်ဖို့ နီးစပ်ရာဆွေမျိုးမိသင်္ဂဟတွေနဲ့ မီဒီယာတွေကို ဖိတ်ခေါ်ချင်မိနေပါတယ်။

ဒါ ပေမယ့်လည်း ဒီဆောင်းပါး ပါလာတဲ့အခါကျရင် ၇-၇-၂၀၁၈ ဟာကုန်ဆုံးသွားတော့မှာမို့ ဘယ်အခါမှ မကုန်ဆုံးနိုင်တဲ့ ၇ ရက် ဇူလိုင်အလွမ်းတွေနဲ့အတူ အမှတ်တရ သိမ်းဆည်းထားပေးပါရှင်။ ကျန်းမာရေးအတွက် စာပေနှီးနှောပွဲအတွက် အစစအရာရာအဆင်ပြေခဲ့တဲ့ ပြင်ဦးလွင်ခရီးကို အထူးတလည် အမှတ်တရ ကျေးဇူးတင်နေပါတယ်။ 

မြနှောင်းညို      
(ဒေါက်တာခင်လေးညို)