ရွာက အမေညိုသို့ – 
သူ့ထက်ကဲ(မန်း)

.

မြို့ဟာ တောဖြစ်
တောဟာ မြို့စနစ်နဲ့
စိတ်ဓာတ်တွေလွင့်ပါး

မုဆိုးဟာ သားကောင်ကိုအမြဲချောင်းလို့
မိုးတွေကလည်း တအုန်းအုန်း
ပြေးပုန်းစရာ ရှာတော့

မသေကောင်း မပျောက်ကောင်းနဲ့
ကောင်းကင်အပေါ်
ခေါင်းမော့ကြည့်ရတာလည်း
မမောနိုင်တော့ဘူး အမေ……။

ဈေးသွား ဈေးပြန်
ဘေးရန်ကို သတိနဲ့ကြည့်
မျက်စိကို အရှင်ထား

တောကြောင်တွေဟာ
လက်လီလက်ကားနဲ့မို့
ဆန်.ဆီ.ဆား.ဆေး.ပဲ

သိပ်အရေးကြီးတာ ဝယ်ပြီးပြန်
တဖန်မိုးချုပ်ခဲ့ရပေါ့။

အမေရေ……
မနှစ်က မိုးတွင်း
ဝမ်းရေးမှာ
အရမ်းအပြေးမြန်တဲ့

အမေ့ သမီးထွေး
ကျွန်တော့်ညီမလေး

ဒီနှစ် (၂)နှစ်ပြည့်
နှစ်လည်ဆွမ်းကို
ကွမ်းတယာနဲ့ ပြီး

အသက္ကယ္အက်ႌဟာ
မိုး, လေ တွေလို့ ဈေးကြီးလိုက်တာ အမေ……။

သူ့ထက်ကဲ(မန်း)