အိပ်မက် အံဖတ် – 
ဖိုးရွှေညီမှိုင်း

.

“ထာဝရ ရန်​သူမရှိဘူး
ထာဝရ မိတ်​​ဆွေမရှိဘူး
ထာဝရ အကျိုးစီးပွားပဲရှိတယ်​”

ဒါ …
သူတို့ရဲ့ အဘိဓမ္မာ။

ရန်​သူ 
ချစ်​သူ 
ဘဝတခုမှာ 
ဒီနှစ်​ခုက ရှိကိုရှိတယ်

ဒါ
ငါတို့ရဲ့ အဘိဓမ္မာ။

ငါ မယုံတဲ့ဟာ မျိုမချချင်​လို့
ငါ ရွံစရာ ဒီအိပ်​မက်​ကြီးကို
လည်​​ချောင်းထဲ လက်​ထိုး
အံချပစ်​လိုက်​ပြီး
အငြှိုးတကြီးနဲ့ ငါ
ငိုပါရ​စေ​တော့။

“ဘဝသံသရာ
ရှည်​လျား ​ထွေပြား မ​နေမနား
တသွားတည်း သွားကြတာ
ခရီးပန်းတိုင်​ မ​ရောက်​မချင်း …”

ဖိုး​ရွှေညီမှိုင်း
၂၀၁၈ ဇွန်​လ