စိတ်မော လူမော ညများ – 
နေရိုင်း

.

ညတိုင်း ညတိုင်း
အဲဒီဒုက္ခအိုးထဲ ငါဖွင့်ဖွင့်ကြည့်နေတာ
ဒုက္ခကောင်တွေက တွားသွားလို့ခရီးပေါက်ခဲ့
ရက်ပေါင်းထောင်ချီ နေပြီပေါ့။

ကောင်းကင်ကကြယ်တွေ တစင်းပြီးတစင်း
ကြွေကျနေတာတောင် ကြယ်တွေက ယုတ်လျော့မသွားဘူး
ခရီးအဆက်ဆက်က ကြယ်တွေဟာ ရဲရင့်တယ်။

ဟိုမှာ မိုးတွေရွာနေပြီ
တောင်ခိုးတွေက မှိုင်းပျပျ 
ချစ်တဲ့ သမီးကြီးနဲ့ သားငယ်က သွားနှင့်ပြီ
ကျနော်တို့မိသားစု ကျန်ခဲ့ရပြီ
ကောင်းကင်ကို လှမ်းလှမ်းကြည့်ရင်း
စိတ်မော လူမော ဖြစ်ခဲ့ရတဲ့ ညများ။

ဓမ္မကျောင်းက ယဉ်ကျေးမှုတွေက မျက်နှာလိုမျက်နှာရ
ဘာကို စွန့်လွတ်ခဲ့တာလဲ အဆုံးထိ ညများ
အကြိမ်ပေါင်းမြောက်များစွာထဲ ချစ်ခြင်းတရား

နောက်ကျေားဓာနဲ့ထိုးတဲ့နိုင်ငံရေး
ခြေပြတ်၊လက်ပြတ်တွေရဲ့သင်္ကေတ
အူတွေထဲက ခြစ်ခြစ်တောက်မြည်သံတွေက
ငြိမ်းချမ်းရေးရဲ့ နိမိတ်ပုံတွေလား။

အစကတည်းက လူသေကောင်တွေဟာ
လိင်ကိစ္စမှာ ကြိုတင်ကြံစည်ထားမှု မရှိဘူး
နှစ်ဦးနှစ်ဖက် ကျေနပ်ရုံသာ
တိုက်ခဲ့ကြတာ မီးပွို င့်အဆုံးထိ။

ငါတို့ မတူညီတဲ့ အချက်နှစ်ချက်ရှိတယ်
သံသရာကလဲ ဆုံးကို မဆုံးနိုင်တော့
အဆိပ်ခွက်တွေ ဖေ့စ်ဘွတ်ပေါ်ပျံ့ နှံ့လို့
ဝါမကျွတ်ခင်ထိ။

နေရိုင်း