စစ်​ – ငဇ

.

စစ်​ကို လှုပ်​နှိုးလိုက်​တဲ့ ငါ့​မေးခွန်း​တွေမှာ
ခြေတဖက်​ပြတ်​သွားတဲ့ က​လေးငယ်​​လေး​တွေရဲ့
အနာဂတ်​ကျိုးပဲ့သံ​တွေ မြည်​တယ်​။

စစ်​ကို လှုပ်​နှိုးလိုက်​တဲ့ ငါ့​မေးခွန်း​​တွေမှာ
ပျော်​​အောင်​ မအိပ်​ရတာ ကြာပြီဖြစ်​တဲ့
ကျီးလန့်​စာစား စစ်​​ဘေး​ရှောင်​​အ​မော​တွေ မြည်​တယ်​။

စစ်​ကို လှုပ်​နှိုးလိုက်​တဲ့ ငါ့​မေးခွန်း​တွေမှာ
သေနတ်​​မောင်းကို ဖြုတ်​လိုက်​​သော်​ငြား
ကျည်​ဆံဆီ စိတ်​ပါမသွားရှာတဲ့ နှလုံးခုန်​သံ​တွေ မြည်​တယ်​။

စစ်​ကို လှုပ်​နှိုးလိုက်​တဲ့ ငါ့​မေးခွန်း​တွေမှာ
အ​ဖေမဲ့ အ​မေမဲ့ သားမဲ့ သမီးမဲ့ 
အစ်​ကို ညီ ညီမ​လေး အစ်​မကြီး ​… သွေးသားရင်းချာများရဲ့
ဝေးကွာခြင်း … တ​ငွေ​ငွေ့ လှိုက်​စားမှုမှာ ကျွတ်​ဆတ်​​နေတဲ့
မျက်​ရည်​လှိုင်းရိုက်​သံ​တွေ မြည်​တယ်​။

မြည်​တဲ့ အသံ​တွေမှာ အက်​သံပါသလို
ငိုတဲ့ မျက်​ရည်​များမှာလည်း ​တူး​စော်​နံလွန်းလှပါတယ်​။

ဘယ်​လိုမှ စားလို့မ​ကောင်း​တော့ …
သည်​ ထမင်းကို ဆက်​စားမလား လွှင့်​ပစ်​မလား ​မေးခွန်းမှာ
ငါတို့ အသားမာကြီး ပြန်​လည်​​ချောမွတ်​လာဖို့ …

အရှိန်​ပြင်းပြင်းနဲ့ ခုန်​ဆင်းလိုက်တဲ့ 
နာရီလက်​ခ​မောင်းခတ်​သံ​တွေလည်း … 
အခု​လေးတင်​ မြည်​သွားခဲ့ပြန်​ပါတယ်​ …။

ငဇ
29.12.2017