မိုးစက်လက်ညများ –
နေရိုင်း

.

ကောင်းကင်ဒိုးယိုပေါက်တွေက ထွက်ကျလာတဲ့ မိုးတွေက
အိမ်ခေါင်မိုးကတဆင့် ငါတို့မိသားစုထဲ စိမ့်ဝင်လာတယ်။

ဆိုင်းမဆင့်ဗုံမဆင့် နှလုံးတုန်လို့ အိပ်မပျော်တဲ့ သက်ထား
တညလုံးပဲ ဒီချောင်းကလေးရဲ့လှိုင်းကြက်ခွပ်သံ
အကြောင်းက မညီညွတ်
သွေးလေဓာတ်ပြားဟောင်းတချပ်
ဓာတ်ကြီးလေးပါးညီညွတ်ရဲ့လား။

ကျန်းမာရေးညံ့တာ မပြောကြေး
မုန့်ဖုတ်သမားက တိုက်ပွဲဝင်တာ 
ဒါနိုင်ငံရေးပဲ
သူတောင်းစားတယောက်က UG လုပ်တာ
ဒါ တော်လှန်ရေးပဲ။

စိုးရိမ်စရာမရှိပါဘူး 
ငါတို့ခြေဖနှောင့်တွေ အလှီးမခံရခင်
ဖိနပ်တွေ မြန်မြန်ချုပ်ကြစို့။

သေချာတာတခုက
စပယ်တွေက အရင်လို မဖြူတော့ဘူး
ကမ္ဘာမြေကြီးကို လက်ဖဝါးနဲ့ ဖြောင်းကနဲ ရိုက်လို့
အမှန်တရားက ခုန်ထွက်မတဲ့လား။

ပင်လယ်ရေက ဆားငန်ရေတွေနဲ့ မျက်ခမ်းစပ်တယ်
ဗေဒါတွေမရှင်သန်နိုင်တော့ဘူး
ဘဲအုပ်တွေလဲမရှိမတော့ဘူး

အခုတလော ခေတ်စားတာနေတာက ခြကောင်တွေ
ရာသီပြောင်းတော့
ပလူကောင်တွေ
အတောင်ပေါက်ပြီး ထွက်လာတယ်။

တိမ်တွေက ထုထည်မကြီးမားဘူး
ရွေ့လျားနေတယ်
ခပ်ညံ့ညံ့မိုးသားတွေက မည်းမှောင်နေတယ်

ငါတို့အိမ်ခေါင်မိုး ဒိုးယိုပေါက်က မိုးစက်လက်။

နေရိုင်း