စစ်ပွဲပန်းချီ –
နွေလင်းသစ်​(စစ်​ကိုင်း)

.

သွေးတွေနဲ့ ရေးဆွဲထားတယ်
မင်း သတ္တိရှိမှ ဝင်​ကြည့်​ပါ 

သူ့ရင်းနှီးမှုဟာ အသက်​တွေကို 
လောင်းကြေးထပ်​ထားရတယ်

မြင်​လိုက်​ ကြားလိုက်​တာနဲ့
မင့်​​ကြောက်​လန့်​ခြင်းဟာ
ကမ္ဘာကြီးတောင်​ပြိုကျသွားမယ်

အချစ်​တွေ ပစ်​ပြီးတော့မှ
ဒီပန်းချီကားကို ငါပုံ​ဖော်​ခဲ့တယ်​ ။

နွေလင်းသစ်​(စစ်​ကိုင်း)