စိတ် –
ကျော်ဇံလှ

.

ကဗျာက စိတ်ကိုငုံ့ကြည့်တော့
စိတ်ကလည်း ကဗျာကို မော့ကြည့်တယ်။

လာလမ်းကို ရွှဲနစ်ခဲ့တဲ့ ချွေးစက်များအကြောင်း
ချမ်းသာခဲ့ရတဲ့ ပစ္စက္ခ တဲအိမ်လေးပေါ်မှာ
ပျော်ရွှင်စွာ ဘဝဟာ  သာယာခဲ့တယ်။

ကောင်းကင်တခုလုံးပြာနုနေတဲ့ အခါ
စိတ်ဟာ ပိုင်ဆိုင်မှုတွေ ပိုများလာခဲ့တယ်
အဲ့ဒါ ကဗျာပါပဲလေ။

ညနေဆို တိမ်တွေ ငိုပြီ 
စိတ်က မြို့တံခါးကို ဆွဲဖွင့်ရင်း
စိတ်က ကောင်းကင်တံခါးကို ပိတ်လိုက်တယ်။

ငါ့ရဲ့ မိသားစု တဲအိမ်လေးမှာ
ညအမှောင်ထဲ ကဗျာ ရွတ်သံတွေ 
ကြားနေရတယ်။

ကောင်းကင်က ကြယ်တွေ ပြိုကျမလာခင်
မြို့တံခါးကို စိတ်နဲ့ ဖွင့်လိုက်တယ်
မိုးသည်းတဲ့ ညတညမှာ သူမဟာ
ကဗျာရွတ်ခြင်းက သွေဖယ်သွားခဲ့တယ် ။

ဘဝ တခုမှာတော့ သည်ညဟာ
ကြယ်တွေ အစုလိုက် အပြုံ လိုက်
ကြွေသွားခဲ့သလိုပါပဲကွယ် ။    ။

ကျော်ဇံလှ