လိပ်ပြာလောဂျစ် – 
နှင်းခါးမိုး

.

ယုံကြည်မှုမှာ နှင်းဆီပန်းတွေ ဝေဖူးတယ်
ချစ်ရခြင်းမှာ စစ်ပွဲများစွာ တိုက်ဖူးတယ်
ငယ်ဘဝမှာ စက်ဘီးကလေး လဲဖူးတယ်
ကံတရားမှာ အပြန်လက်မှတ် ပျောက်ဖူးတယ်
လူ့အဖြစ်မှာ မြစ်ဆိပ်ညနေ ငေးဖူးတယ်

ဘဝက တရားပဲ
စားပွဲပေါ်က သပြေကိုင်းကလေး
ပန်းအယောင်ဆောင်ပြီး လရောင်ကို ခိုးနမ်းခဲ့သလိုပေါ့
ဆုံးရှုံးစရာမကျန်တော့ရင် ပြည့်စုံသွားတာပါပဲကွာ။

နှင်းခါးမိုး

Credit @ https://www.facebook.com/nhinn.k.moe