မိုးသားများ –
တိုးနှောင်မိုး

.

ကိုယ်ပူနေတဲ့ ကောင်းကင်မှာ ရာသီကအညို
ရွှံ့ထဲက ငါးလေးက သေပြီး ပုပ်ပွ

တောသူမ ဆွတ်လာတဲ့ ရေမွှေးက ပဲရစ်က လာတာ
ဟမ်းဖုန်းက နုတ်ဆဲလ်ဗင်း
ဆိုင်ကယ်က တရုတ်
အကုန်လုံး အတုဖြစ်နေတော့

မနေ့ တနေ့ ကမှ ပင်လယ်ရေကဖြစ်လာတဲ့ ဆား
ပို ငန်ပြနေလည်း
လေသလပ် ငိုရတာပဲမို့ 

ဘဏ်စာရင်းနဲ့ထောင်စာရင်း ဘယ်တူပါ့မလဲ
ခြံစည်းရိုး ထင်းခွေသလို
အထွေထွေ တအိအိ တက်လာသော
ကမ်းခြေအတွေး

ပိုပြီး ရက်စက်မယ်ဆိုရင်
ကောင်းကင်မေးတဲ့ ငှက်က ဖျားနာသူပါ

ကလေးကစားစရာ အရုပ်လေးမှာလည်း
မျက်ရည်ဆိုတာ ရှိတတ်တာပဲ

အိပ်တော့ …
သမီးရေ

ကိုယ့်စိတ်ကိုယ်မော့ကြည့်ပြီး
မျက်မှန်ချွတ်ထားလိုက်တယ်

မမြင်ရ
မကြားရတဲ့
အလံတွေ
ပြေးနေတာ ငေးရင်း။

တိုးနှောင်မိုး
13.5.2018