သင်းကွဲ ရထား – 
သင်းရည်လွင်

.

တဖြည်းဖြည်းနဲ့
ဘူတာရုံလေးမှာ အချက်မပြတော့ဘူး

ထိုင်ခုံမဲ့ ခရီးသည်တွေက
ရောက်လာမယ့်နေ့ကိုလည်း တွေးမနေတော့ဘူး

သူ ပွင့်ချင်သလိုပွင့်တဲ့ လေထီးလို
သူ ခုန်ချလိုက်တယ်
အစွန်းမလွတ်တဲ့ သစ်ကိုင်းကို
ကြိုသိနေမှတော့ 
ဒီလမ်းကို အပြင်းမောင်းနေမိမှာပဲ

နောက်ကြည့် မှန်ထဲ နှင်းတွေကျတယ်
အရှေ့ကလမ်းခွဲလေးကို ကျော်မကြည့်ပါနဲ့ 
အစီအစဉ် အရ
ဆိုင်းဘုတ်လေး တစ်ခုရှိတယ်

ဒီနေရာက ကျော်လွန်ပြီး
အားလုံး ရပ်တန့်ပစ်ဖို့  
လမ်းပေါ်မှာ 
တစ်ယောက်ထဲ ရထားဟာ
သူ့ အသံ သူ လွှတ်ချထားခဲ့တယ် ။

သင်းရည်လွင်
၂    ၀   ၁  ၈