မိုနေးသစ် – 
အရိုးကျဲလက်​တံ​တွေနဲ့ မြ​စ်​ကွေ့

.

ကျ ​နော်​​တို့ရွာက​လေးဆီ ​ကွေ့ဝင်​လာတယ်​ထင်​ရတဲ့ မြစ်​။
နွေရာသီ​ရောက်​တဲ့ အခါ သဲ​သောင်​ပြင်​​တွေ​ပေါ်လာတယ်​။ ​ကျောက်​​ဆောင်​​တွေ​ပေါ်လာ​တော့ ​ရေချိုးဆိပ်​တစ်​ခု ရလိုက်​ပါတယ်​။ သ​င်္ဘော​တွေ ​လှေ​တွေ စက်​​လှေ​တွေ ဆိုက်​ကပ်​ရပ်​နားဖို့ရာ ဆိပ်​ကမ်းတစ်​ခုအဖြစ်​​ပေါ့။ ရှုခင်း​လေးက ချစ်​စရာ။ ပါလာတဲ့ ဖုန်းက​လေးနဲ့ ကုန်း​တော်​​ပေါ်​ရောက်​တဲ့အခါ လှမ်းရိုက်​လိုက်​မိပါတယ်​။ အရိုးကျဲ​နေတဲ့ သစ်​ရွက်​​ကြွေပြီးဖြစ်​တဲ့ သစ်​ပင်​နဲ့ ဥသြသံ​လေးကို ထည့်​လိုက်​တဲ့အခါ ​နွေရာသီရှုခင်း​လေးတစ်​ခုထဲ ​ရောက်​ရှိလို့ သွားပါ​တော့တယ်​။

ဓာ တ်​ပုံဝါသနာရှင်​​တွေဆိုရင်​ မြစ်​ရှုခင်း​တွေက ဘယ်​လိုမှလက်​မလွှတ်​နိုင်​​အောင်​ ရှုခင်းရှု​ထောင့်​ အမျိုးမျိုးက​နေ ​စောင့်​ပြီး ​ချောင်း​မြောင်းပြီး ရိုက်​ကူးရတဲ့ ရိုက်​ကွင်းများပဲဖြစ်​ပါတယ်​။ ကျ​နော်​တို့နိုင်​ငံရဲ့ အလှပဆုံး ရှုခင်း​တွေကိုပြပါဆိုရင်​ မြစ်​နဲ့ တောင်​​တွေက​တော့ ​ရှေ့ဆုံးကရှိ​နေမှာပါ။

ကျ ​နော်​တို့​နေထိုင်​ရာ ​နေရာ​လေးရဲ့အ​နောက်​ဖက်​ မလှမ်းမကမ်းမှာ ဧရာဝတီမြစ်​ကြီး စီးဆင်း​နေပါတယ်​။ ခုလို ​နွေရာသီ​ရောက်​​တော့ ​ရေ​တွေကျသွားပြီး သဲ​သောင်​​တွေ ​ကျောက်​​ဆောင်​​တွေ ​ပေါ်လာပြီး မြစ်​မှာ နည်းနည်းကျဉ်းသွားပါတယ်​။ ​ရေလှိုင်း​တွေလည်း မရှိ​တော့ ​ရေလည်း ပြန်​လည်​ကြည်​လာပြီဖြစ်​ပါတယ်​။ ခုလိုအချိန်​ဆို မြစ်​ထဲပဲ ကျ​နော်​တို့ များ​သောအားဖြင့်​ ​ရေသွားချိုး​လေ့ရှိကြပါတယ်​။ ​ရေထဲစိမ်​ပြီးချိုးရတာ၊ ထို့​နောက် ​​ရေကူးခတ်​ရတာ တကယ့်​ကို စိတ်​ကြည်​နူးစရာ​ကောင်းလှပါတယ်​။ ​နွေ​နေပူထဲမှာ ​အေးချမ်းသွားပါတယ်​။

ကျာက်​​ဆောင်​​တွေ​ပေါ်လာ​တော့ အဲဒီ​ကျောက်​​ဆောင်​​တွေ​ပေါ်မှာ အဝတ်​ပါ ​လျှော်​လို့ရပါတယ်​။
သဲနုနု​တွေ​ပေါ်ဖြတ်​ပြီး လမ်း​လျှောက်​ရတာကလည်း ကျန်းမာ​ရေးအတွက်​ ပို၍​ကောင်းပါ​သေးတယ်​။ ​ပေါ်လာတဲ့​မြေနုကျွန်း​တွေ​ပေါ်မှာ စိုက်​ပျိုးသူများက​တော့ သီးနှံ​တွေကို စိုက်​ပျိုး​လေ့လည်းရှိကြပါတယ်​။ ကိုင်းသီးနှံ​တွေကလည်း မိမိတို့ မီးဖို​ချောင်​အတွက်​​ရော ​ရောင်းချပြီး အပိုဝင်​​ငွေပါရတာမို့ စိုက်​ပျိုး​ရေးလုပ်​ကိုင်​သူ​တွေအတွက်​ အထူးအားထားရာလည်းဖြစ်​ပါတယ်​။ ကျ​နော်​တို့မြို့ငယ်​​လေးဆီ ကိုင်းထွက်​သီးနှံ​တွေကို ​လှေ​တွေနဲ့ တင်​​ဆောင်​လာတယ်​၊ စက်​အ​သေးစားတပ်​ ​မော်​​တော်​အငယ်​​လေး​တွေနဲ့ သယ်​​ဆောင်​လာတယ်​။ သူတို့အတွက်​ ​ဈေးကွက်​​နေ့တိုင်းရ​နေကြပါတယ်​။ ဗူးရွက်​ ဗူးသီး​တွေက ​လှေနဲ့အပြည့်​ မို့ ​လှေအလာကို​စောင့်​ပြီး ​ဖောက်​သည်​ယူတတ်​တဲ့ ကုန်​စိမ်းသည်​​လေး​တွေလည်း ​တွေ့ရတတ်​ပါတယ်​။

ခု လိုအချိန်​ဆို ငါးဖမ်း​လှေ​တွေ အများအားဖြင့်​ ပို​တွေ့ရ​လေ့ရှိပါတယ်​။ သူတို့အ​ခေါ်​ဘောလုံးပိုက်​​တွေနဲ့ ​လှေ​ပေါ်က​နေ ချချသွားပါတယ်​။ ထို့​နောက်​ လူအားနဲ့ ကမ်းစပ်​ကို ​ဘောလုံးပိုက်​ရှည်​ကြီးကိုဆွဲယူပါတယ်​။ ကမ်းစပ်​ကို​ရောက်​လာတဲ့ ​ဘောလုံးပိုက်​ထဲမှာ ငါး​ပေါင်းစုံလင်​လှပါတယ်​။ ပုစွန်​ကဏန်း​တွေပါ ပါလာ​လေ့ရှိပါတယ်​။ တခါတ​လေ ​မြွေ​တွေ​တောင်​ ပါလာတတ်​ပါ​သေးတယ်​။ ​ဘောလုံးပိုက်​ဆွဲတဲ့အချိန်​ ကမ်းစပ်​သွားပြီး ငါးဝယ်​ရင်​​တော့ အပိုလက်​​ဆောင်​​တွေပါ အများကြီးရတတ်​ပါတယ်​။

မြစ်​ကမ်းနားဆိပ်​မှာ ည​နေည​နေဆိုရင်​ ​ရေချိုးလာသူ​တွေ ကမ်းနားဖက်​ လမ်း​လျှောက်​လာသူ​တွေနဲ့ စည်​ကား​နေတတ်​တာပါ။ ကမ်း​ခြေအလှမှာ ဆယ်​ဖီဆွဲသူ​တွေလည်း များလှ​ပေါ့။ ကျ​နော်​တို့ငယ်​ငယ်​ကဆို ဓာတ်​ပုံတစ်​ပုံရိုက်​ဖို့ အချိန်​အ​တော်​​လေး ​ပေးရပါတယ်​။ ဓာတ်​ပုံဆရာ ​ပြေး​ခေါ်ရတယ်​။ ဓာတ်​ပုံဆရာကလည်း တစ်​ပုံနှစ်​ပုံ​လောက်​နဲ့ ကိုယ်​​ခေါ်မယ့်​​နေရာကို လိုက်​ရိုက်​​ပေး​လေ့မရှိပါ။ ဆယ်​ပုံ​လောက်​ကို ​တောင်း​တောင်းပန်​ပန်​နဲ့ အနူးအညွှတ်​​ပြောပြီးမှ မလိုက်​ချင်​လိုက်​ချင်​နဲ့ လိုက်​ရိုက်​​ပေး​လေ့ရှိပါတယ်​။ ခု​ခေတ်​လို လူတိုင်းဖုန်းကိုင်​နိုင်​ ကိုယ်​ကြိုက်​တဲ့ရှုခင်း​လေး​တွေ​တွေ့ရင်​ မှတ်​တမ်းတင်​နိုင်​တာဟာ တကယ်​ဝမ်းသာစရာ အခွင့်​အ​ရေးလည်းဖြစ်​ပါတယ်​။

မိုး တွင်းတုန်းက ကမ်းလုံးလျှံခမ်းနားလှတဲ့မြစ်​ဟာ ခု​တော့ အ​တော်​​လေး ကျုံလှီသွားခဲ့ပါပြီ။ မြစ်​​ရေကြီးမှုကလည်း နှစ်​စဉ်​လိုလိုပါ။ စိုက်​ပျိုးထားတဲ့ သီးနှံ​တွေလည်း ပျက်​စီးမှုကိုနှစ်​စဉ်​နဲ့အမျှ​တွေ့ကြုံကြရပါတယ်​။ အိမ်​​တွေ နစ်​လျှံတဲ့အခါ ​နေ​ရေးထိုင်​​ရေးကအစ ​ပြောင်းရ​ရွှေ့ရနဲ့ အ​တော်​​လေးဒုက္ခများလှပါတယ်​။ မိုးတွင်းတုန်းက ရွာအနားမှာ ရစ်​သီရစ်​သီလုပ်​​နေတဲ့မြစ်​ဟာ ခုလို​နွေ​ရောက်​ ​ရေနည်းသွား​တော့လည်း ရွာနဲ့ သဲ​သောင်​ပြင်​ကြီးခြား​နေပြန်​ပါတယ်​။ ​ရေခပ်​ဖို့ ​ရေချိုးဖို့ အ​တော်​​ဝေး​ဝေးသွားရပါ​တော့မယ်​။

မြစ်​နဲ့အလှမ်း​ဝေးတဲ့ ​ကျေးလက်​​တွေမှာ ​ရေဒုက္ခကို လှလှကြီး​တွေ့​နေကြရပါပြီ။ မိုးတွင်းမှာ​လှောင်​ထားတဲ့ ​ရေကန်​​တွေ တစ်​​နွေရာသီလုံး တည်​ရှိ​နေဖို့ဆိုတာက​တော့ အ​တော်​မလွယ်​ကူတဲ့ကိစ္စပါ။ ကျ​နော်​တို့ ပတ်​ဝန်းကျင်​မှာ ​မြေကြီး​တွေကလည်း တစ်​​နေ့တခြား ​သွေ့​ခြောက်​လာ​နေပါတယ်​။ ​မြေအစိုဓာတ်​ကို ကြာရှည်​ထိန်းသိမ်းထား နိုင်​စွမ်းမရှိ​တော့ပါ။ ထို့​ကြောင့်​ ​ရေကန်​အများစုမှာ ​ကောလာခြင်းလည်းဖြစ်​နိုင်​ပါတယ်​။ အရမ်း​ခြောက်​​သွေ့​သော ​ဒေသများတွင်​ အဝီစိတွင်းမှ ​ရေထွက်​ဖို့ကို ခက်​ခက်​ခဲခဲတူးယူကြရပါတယ်​။

ကျ ​နော်​တို့ရွာက​လေးက​နေ ဖြတ်​သန်းသွား​နေကျ ရွာက​လေးတစ်​ရွာရဲ့အရင်​တုန်းက ကြာမျိုးစုံ​ပေါက်​​နေတဲ့ ​ရေကန်​ကြီး ​နွေမိုး​ဆောင်း ​ရေ​တွေ​လျော့သွားခန်းသွား​လေ့မရှိတဲ့ ​ရေကန်​ကြီးဟာ အခု​တော့ ကြာ​ဝေးစွ ​နွေဦးရာသီပင်​လျှင်​ ​ရေတင်​ကျန်​နိုင်​ခြင်း မရှိ​တော့ပါ။ သဘာဝတရားကြီးက ပဉ္စလက်​ဆန်​စွာပင်​ အ​ပြောင်းအလဲမြန်​ဆန်​လွန်းလှတယ်​။

ရစီး​ရေလာသန်​လွန်းမြန်​လွန်းတဲ့အချိန်​ မြစ်​ကျဉ်းတစ်​ချို့​နေရာ​တွေမှာ ​ရေစီး​တွေ တ​ဝေါ​ဝေါ ဆန်​တက်​​နေတဲ့ သ​င်္ဘော​လေး စက်​ရှိန်​မိုင်​ကုန်​တင်​လို့ တစ်​လက်​မ​ရေမိုင်​​ရွေ့ဖို့အ​ရေး မီးခိုး​တွေသာအူထွက်​ခဲ့တယ်​။ ဒီလိုစက်​ကုန်​ဖွင့်​ရင်း အင်​ဂျင်​အပူချိန်​လွန်​ကဲလှသဖြင့်​ မီးပါထ​လောင်​တဲ့အဖြစ်​အပျက်​​တွေကိုပါ တခါတ​လေ မြင်​​တွေ့ကြရပါတယ်​။ မြစ်​ဆိပ်​ဆိုတာကလည်း တခါတ​လေ ​လှေခါးထစ်​ထိတိုင်​​အောင်​မဟုတ်​​တော့ အိမ်​ထဲထိပါ ​လှေဖြင့်​ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ကြီးလည်း ​ရောက်​ရှိလာတတ်​ပါ​သေးတယ်​။

ဟိုး တမြန်​နှစ် ​မြစ်​​တွေ​ရေကြီးတုန်းက ဆိုရှယ်​မီဒီယာတွင်​ ကျ​နော့်​အိမ်​က​လေး ​ရေနစ်​​နေတဲ့ ဓာတ်​ပုံတင်​လိုက်​ရာ ကျ​နော့်​မိတ်​​ဆွေ ကဗျာဆရာက အမြန်​လာခဲ့မယ်​ ကျ​နော့်​မှာ​ရေ​ဘေးအတွက်​ လှူထားတာ​တွေလည်း အရန်​သင့်​ပဲဆိုပြီး ဖုန်းဆက်​လာပါတယ်​။ ကျ​နော့်​မှာ မိတ်​​ဆွေကဗျာဆရာကို အထူးပင်​​ကျေးဇူးတင်​ပါ​ကြောင်း ကျ​နော့်​အတွက်​​တော့ အကူအညီမလိုအပ်​​ပေမယ့်​ ကျ​နော့်​ထက်​အများကြီးဒုက္ခ​ရောက်​​နေတဲ့ သူ​တွေအများကြီးရှိပါ​ကြောင်း သတင်းစကားပါးလိုက်​ပါတယ်​။ ကျ​နော့်​မိတ်​​ဆွေက ချက်​ချင်းဆိုသလို အဲဒီ​နေရာ​တွေကိုလိုက်​ပြဗျာ ကျ​နော်​တို့ကူညီကြမယ်​ ကျ​နော်​လည်း တတ်​နိုင်​သူတွေဆီ ဆက်​အလှူခံလိုက်​မယ်​ ဆိုပြီး အားတက်​သ​ရော ​ပြောရှာပါတယ်​။ အဲဒီလိုနဲ့ ကျ​နော်​တို့အဖွဲ့ မြစ်​ကိုဖြတ်​ပြီး မြစ်​အ​နောက်​ဖက်​က ​တောရွာ​တွေထိ ကိုယ်​တိုင်​ကိုယ်​ကျသွား​ရောက်​ပြီး ကူညီခဲ့ကြပါတယ်​။

လှိုင်း ​လေ​တွေထန်​​နေတဲ့ မြစ်​ပြင်​ထဲမှာ ​မော်​​တော်​ကငယ်​ငယ်​ အသက်​ကယ်​အင်္ကျီကမပါဆို​တော့ ကျ​နော်​တို့အဖွဲ့ ရတနာသုံးပါးကိုပဲ အာရုံပြု အရဲစွန့့်​သွားခဲ့ကြ ရပါတယ်​။ အဲဒီအချိန်​မှာ မြစ်​​လည်း​ဒေါသူပုန်​ထ​တတ်​တယ်​ ဆိုတာကို ကိုယ်​​တွေ့မြင်​ရ သိခဲ့ရပါတယ်​။ ​ဒေါသူပုန်​ထ​နေတဲ့မြစ်​ထဲ ဖြတ်​ရတာ အ​တော်​​လေး ​ကြောက်​စရာ​ကောင်းလှပါတယ်​။ မြစ်​ထဲစွန့်​စားပြီး အမြဲသွားလာ​နေတဲ့သူ​တွေကိုလည်း ချီးကျူးမိပါတယ်​။ ​လှေထိုးသမား တံငါ​တွေက​တော့ အဲဒီလို လှိုင်း​လေ​တွေဟာ ရိုးအီ​နေပြီထင်​ပါတယ်​။ တခါတ​လေမှ မြစ်​ပြင်​ကိုဖြတ်​ဖူးတဲ့ ကျ​နော်​တို့တ​တွေက​တော့ ​ကြောက်​စရာပါ။

မြစ်​ကိုဖြတ်​လာ​တော့ ​ရေနစ်​​နေတဲ့ ရွာက​လေး​တွေ ​တောက်​​လျှောက်​လှမ်းမြင်​​နေရပါတယ်​။ ကမ်းကပ်​ပြီဆို ​ရေနစ်​ပြီးပြန်​ကျတဲ့နွံပြင်​​တွေကိုပါ ဖြတ်​​နေရပါတယ်​။ တချို့​နေရာ​တွေက​ပေါင်​ရင်းထိ​အောင်​ ​ရောက်​ပါတယ်​။ စက်ေ​လှက​တာ့ ရှေ့ဆက်တိုးလို့ မရ​​တော့ပါဘူး။ ​ရေသန့်​ဗူး​တွေ ​ခေါက်​ဆွဲ​ခြောက်​​တွေ ဆီဗူး​တွေ ဆန်​အိတ်​​တွေကို ရွာသား​တွေ​ရော ကျ​နော်​တို့ပါ ဝိုင်းထမ်းပြီး သယ်​ကြရပါတယ်​။

လှူရှင်​​တွေ လှူဒါန်းထားတဲ့ ပစ္စည်း​တွေကို သွား​ရောက်​ပို့ဆောင်​ရ​ပေမယ့်​ ကိုယ်​လှူ​နေသလိုခံစားပီတိလည်းဖြစ်​ရပါတယ်​။ အများအားဖြင့်​ ဘုန်းကြီး​ကျောင်းမှာပဲ စုကြပါတယ်​။ ရွာဦးဘုန်း​တော်​ကြီးမှ ဦး​ဆောင်​ပြီး ရွာသူရွာသားများ အဆင်​​ပြေ​ချော​မွေ့​အောင်​ ကူညီလုပ်​​ဆောင်​​ပေးပါတယ်​။ အလှူရှင်​မလာ​သေးတဲ့ အချိန်​​တွေမှာလည်း ​ရေ​ဘေးဒုက္ခသည်​​တွေကို ရွာဦးဘုန်း​တော်​ကြီးကပဲ စားစရာ​တွေ ​နေစရာ​တွေ ​ပေးထားတာဖြစ်​ပါတယ်​။ ဘုန်းကြီး​ကျောင်းထဲ လှူဒါန်းပစ္စည်း​တွေစုထားပြီး သာဓုအနု​မောဒနာ တရား​တော်​နာယူပြီး ​ရေစက်​ချရပါတယ်​။ ပြီးရင်​ ရွာမှလူ​တွေအားလုံး စု​ဝေး​ခေါ်​ဆောင်​ထားပြီး တစ်​​ယောက်​ချင်းအား ပစ္စည်း​တွေကို ညီတူညီမျှခွဲ​ဝေ​ပေးပါ​တော့တယ်​။ ​ရေ​ဘေးကူညီမှု လုပ်​အား​ပေးခဲ့တုန်းက အမှတ်​တရ အ​တွေ့အကြုံ​လေးတစ်​ခုလည်းဖြစ်​ပါတယ်​။

နပူရှိန်​က တအားပြင်း​တော့လည်း မိုးကို​မျှော်​မိတာပါပဲ။ တန်​ခူးလသင်္ကြန်​မိုး ဟုတ်​တိပတ်​တိ မရွာခဲ့တဲ့အတွက်​ မိုးဦး​စော​စောကျဖို့ပဲ ​တောင့်​တ​နေမိပါတယ်​။ ဒီနှစ်​ ​လေ​တော့ အ​တော်​ထန်​မယ့်​ပုံပါ။ ဟိုမှာဒီမှာ ​လေပြင်း​ကြောင့်​ အိမ်​​တွေယာ​တွေပျက်​စီးတာ​တွေ ကြား​နေရတယ်​။ မိုးက ပုံမှန်​အ​နေအထားအတိုင်းရွာရင်​​တော့ သီးနှံ​တွေအတွက်​ အကျိုးဖြစ်​ထွန်းမှာ အ​သေအချာပါ။ ပုံမှန်​မဟုတ်​ပဲ ရွာမယ့်​မိုး​ကြောင့်​ ​လေမုန်​တိုင်းဒဏ်​​ကြောင့်​ စိုက်​ခင်း​တွေ သီးနှံ​တွေပျက်​စီးရတာလည်း ​တွေ့ကြုံကြရပါတယ်​။ စိမ်းစို​နေတဲ့ မြက်​ခင်းလွင်​ပြင်​​တွေထဲက မြစ်​ကို​တွေ့ရတာက​တော့ တကယ်​ရင်​​အေးစရာပါ။

က ဆုန်​လပြည့်​​နေ့မတိုင်​ခင်​ မိုးရွာလိမ့်​ဦးမယ်​လို့ ​မျှော်​လင့်​ရပါတယ်​။ ​ကောင်းကင်​မှာ တခါတရံမိုးသားတိမ်​လိပ်​​တွေ​ကြောင့်​ အုံ့မှိုင်း​နေလို့ပါ။ မိုးနံ့ပါတဲ့ ​လေက​လေးတိုက်​ခတ်​တဲ့အရသာဟာ ခုလို အပူ​တွေများ​နေချိန်​မှာ အရမ်းကို​ကောင်းတဲ့အရသာပါ။ မြစ်​က​တော့ သဲ​သောင်​​တွေအ​တော်​များများကို ဖြစ်​ထွန်း​နေပါတယ်​။ တနှစ်​နဲ့တစ်​နှစ်​ ​​ရေကျ​သောင်​ထွန်းပုံ ​နေရာ​တွေက မတူညီကြပါဘူး။ မြစ်​​ကြောင်းကလည်း တစ်​ရာသီနဲ့တစ်​ရာသီ မတူပဲ ကွဲပြား​ပြောင်းလဲ​လေ့ရှိပါတယ်​။ သဲနုန်းပို့ချမှုမတူလို့ ​ရေချိုးဆိပ်​​တွေ​တောင်​ ​ပြောင်းလဲသွားခဲ့ပါတယ်​။

မြစ်​ထဲ ​ကျောက်​သဲစုပ်​တဲ့ ​မော်​​တော်​​တွေ​ကြောင့်​ ​သောင်​ပိုထွန်းရတယ်​လို့လည်း တစ်​ချို့က​ပြောကြပါ​သေးတယ်​။ ဒီက​နေ့ စီးဆင်း​နေတယ်​ဆိုတာ မနက်​ဖြန်​​တွေအတွက်​ သမိုင်း​တွေဖြစ်​ပါတယ်​။ မ​နေ့ကရှိခဲ့တဲ့ မြစ်​​ကြောင်း​တွေ မနက်​ဖြန်​မှာ ​ပြောင်းလဲသွားရင်​သွားမှာပါ။ မြစ်​ကို ကျ​နော်​တို့ မှီတင်း​နေထိုင်​​နေကြပါတယ်​။ ​သောက်​​ရေသုံး​ရေ စိုက်​ခင်းအတွက်​​ရေ လယ်​ယာများအတွက်​​ရေ ​ရေမရှိပါက လူ​တွေအသက်​ရှင်​ရပ်​တည်​စရာ မရှိ​တော့ပါ။

နွထဲ ​နေပူရှိန်​​ကြောင့်​လည်း ​လေ​တွေထန်​လာပါတယ်​။ တိမ်​တိုက်​​တွေဖြစ်​လာ နိုင်​တယ်​။ ဒါ​ပေမယ့်​ မိုးက ရွာချင်​မှ ရွာဦးမှာပါ။ ​နေပူရှိန်​​ကြောင့်​ ​နေရထိုင်​ရခက်​ခဲတဲ့ ရာသီဖြစ်​​တော့လည်း ​ရေကိုပိုပြီး​တောင့်​တကြတာပါပဲ။ ​လေပြင်း​တွေ​ကြောင့်​ မိုးရိပ်​​တွေပါသွား​ပေမယ့်​ ခဏတာ​တော့ ​အေးမြနိုင်​ခဲ့ပါတယ်​။ ည​နေခင်းဆို ​နေဝင်​သွားတဲ့မြစ်​ဖက်​ကိုကြည့်​ရင်း ကျ​နော်​တို့ တစ်​​နေ့တာကို အပန်း​ဖြေလို့ရနိုင်​ပါတယ်​။ မြစ်​က ကျ​နော်​တို့ လိုအပ်​​နေတဲ့ ​ရေခိုး​ရေ​ငွေ့ပါတဲ့ ​လေ​တွေကို​ပေးနိုင်​စွမ်းပါတယ်​။ သစ်​ရွက်​နု​တွေက​တော့ ​နွေကိုအန်​တုပြီး ထွက်​လာ​နေကြပါပြီ။ ပူအိုက်​လွန်းတဲ့ ဧပြီမှာ ​ရေပက်​တဲ့ရိုးရာသင်္ကြန်​ကျတာကလည်း လို​နေတဲ့​ရေနု​အေးကို ခဏတာသွန်း​လောင်း​ပေးတဲ့အမှတ်​သ​င်္ကေတလည်းဖြစ်​ပါတယ်​။

န်​ခူးအကုန်​ ကဆုန်​လပြည့်​မှာ ​ညောင်​​ရေသွန်းပွဲ​တော်​နဲ့ ကျ​နော်​တို့ ​ညောင်​ပင်​ရိပ်​မှာ​ရေစင်​သွန်း​လောင်း ကုသိုလ်​ယူနိုင်​ကြပါတယ်​။ တစ်​နှစ်​တာပတ်​လုံး ​ရေလို​အေးချမ်းနိုင်​ပါ​စေ​ကြောင်း ဆု​တောင်း​တွေနဲ့အတူတူ​ပေါ့။ ကမ်းရိုးတန်းဖက်​မှာ ​ညောင်​မုတ်​ဆိတ်​ပင်​​တွေ ​ပေါက်​​နေပါတယ်​။ အမြစ်​​တွေအများကြီး ကုပ်​တွယ်​ထားလို့ ကမ်းပါးကို ​ရေတိုက်​စားခြင်းမှ အကာအကွယ်​အများကြီး​ပေးထားပါတယ်​။ မန်​ကျည်းပင်​အိုများ ကုက္ကိုပင်​အိုများ ​ညောင်​ပင်​အိုများက ကျ​နော်​တို့ရွာ​တွေကို ထိန်းသိမ်းထားတာပါ။

ယ်​အပင်​ပဲဖြစ်​ဖြစ်​ လက်​လွတ်​စပယ်​ ခုတ်​လှဲပစ်​သူများကို​တော့ သ​ဘောမကျချင်​ပါ။ သစ်​တစ်​ပင်​ကြီးထွားရှင်​သန်​လာဖို့ နှစ်​အများကြီး ​စောင့်​ကြရပါတယ်​။ လမ်းနဲ့မလွတ်​လို့ အခုတ်​ခံရတဲ့သစ်​ပင်​​တွေကိုကြည့်​ရင်း နှ​မျောတသဖြစ်​မိတာ အကြိမ်​ကြိမ်​ပါ။ လယ်​ကွင်း​တွေများလှ​ပေမယ့်​ သစ်​​တောအုပ်​က​လေး​တွေရှိ​နေလို့သာ ကျ​နော်​တို့ ​ချောင်း​တွေ​မြောင်း​တွေမြစ်​​တွေ ​ရေရှည်​ရှင်​သန်​​နေနိုင်​တာဖြစ်​ပါတယ်​။ ​တောင်​ကို ​တောက​စောင့်​​ရှောက်​တယ်​၊ ​တောကို သစ်​ပင်​က​စောင့်​​ရှောက်​တယ်​၊သစ်​ပင်​​တွေကို မြစ်​ကပြန်​လည်​​စောင့်​​ရှောက်​ပါတယ်​။ ​ငွေ့ရည်​ဖွဲ့ ပြန်​လည်​ရွာချဖို့ မြစ်​​တွေစီးဆင်း​နေပါတယ်​။

ကျ ​နော်​ အလုပ်​သွား​နေကျလမ်းက​လေးမှာ သစ်​ပင်​​တွေအုပ်​ဆိုင်း​နေတဲ့ ​တောင်​​ပေါ်လမ်းက​လေးတစ်​ခုရှိပါတယ်​။ အဲဒီ​နေရာ​လေးဖြတ်​သွားမိတဲ့အခါတိုင်း ​တောအုပ်​​လေးတစ်​ခုထဲ​ရောက်​ရှိသွားရသလို ခံစားရပါတယ်​။ သစ်​ပင်​အရိပ်​​တွေနဲ့မို့ ​အေးမြ​နေပါတယ်​ ​မောပန်းမှု​တွေကို ခဏတာ​အပန်း​ဖြေရပါတယ်​။

ပူ ​လောင်​လှတဲ့ ​နွေထဲဖြတ်​ဖို့ရာ အခုလို လမ်းက​လေး​ပေါင်းများစွာ လိုအပ်​လှပါတယ်​။ သစ်​တစ်​ပင်​ခုတ် ​​ထောင်​သုံးနှစ်​ ဆိုတဲ့ စာတမ်းက​လေးကို သ​ဘောကျမိတဲ့ အချိန်​​တွေ ရှိခဲ့ပါတယ်​။ ကျ​နော့်​အကိုတစ်​​ယောက်​က​တော့ အားအားရှိ သစ်​ပင်​​တွေလိုက်​စိုက်​​နေပါတယ်​။ ကျွန်းစိုက်​ခင်း​တွေကိုလည်း ကျွန်းပျိုးပင်​​တွေဝယ်​ ကိုယ်​တိုင်​စိုက်​နိုင်​သမျှလို က်​စိုက်​ရှာပါတယ်​။ သူစိုက်​ထားတဲ့ အပင်​​လေး​တွေနည်းနည်း​လောက်​ကြီးလာတာနဲ့ သစ်​ပင်​ခုတ်​သူများက မျက်​စိကျလာ ကြပါတယ်​။ ခုတ်​သူ​တွေက ခုတ်​ဖို့စိတ်​ဝင်​စား​ပေမယ့်​ စိုက်​ပျိုးသူ​တွေက သစ်​ပင်​စိုက်​ဖို့ စိတ်​ဝင်​စားကြပါတယ်​။

နက်​​စော​စောဘုရားကုန်း​တော်​​ပေါ်ကို ဘုရားဝတ်​ပြုဖို့တက်​လာခဲ့ပါတယ်​။ ​စေတီရဲ့ဆည်းလည်းသံနဲ့အတူ အ​နောက်​ဖက်​မှာစီးဆင်း​နေတဲ့ မြစ်​ကို အ​ပေါ်စီးက​နေ လှမ်းမြင်​​နေရပါတယ်​။ ​နွေ​ရောက်​​တော့ ​ရေနည်းသွားခဲ့ပါပြီ။ သဲ​သောင်​ပြင်​​တွေက ဟိုမှာဖက်​ကမ်း​ရော ဒီမှာဖက်​ကမ်းပါ ​ပေါ်​နေကြပါပြီ။ သဲ​သောင်​ပြင်​​တွေ ​ကျောက်​​ဆောင်​​တွေကြားထဲမှာ ခက်​ခက်​ခဲခဲ ​ကွေ့ဝိုက်​စီးဆင်း​နေရတယ်​လို့ ခံစားမိပါတယ်​။ သစ်​ရွက်​လဲထားတဲ့ သစ်​ပင်​အိုကြီးကလည်း ရွက်​နု​တွေမ​ဝေ​သေးတဲ့အချိန်​ အရိုးကျဲလက်​တံ​တွေနဲ့​ပေါ့။ အ​တွေးထဲ စာသားတစ်​ခုအဖြစ်​ လှမ်းဝင်​လာပါတယ်​။ မြင်​ကွင်းအစိမ်းနဲ့ အရိုးကျဲလက်​တံ​တွေနဲ့မြစ်​   ။

မိုနေးသစ်