ကဗျာဆန်​ချင်​သူများ – 
ဖိုး​ရွှေညီမှိုင်း

.

ဘဝဆိုတာ ကျကွဲခြင်းတမျိုးလား။
ဘဝဆိုတာ ရိုက်​ခွဲခြင်းတမျိုးလား။

ကျကွဲသူ​တွေရဲ့ ငိုသံက
ရိုက်​ခွဲသူ​တွေရဲ့ ရယ်​သံ
တချို့ငိုလိုက်​ကြချိန်​ တချို့ရယ်​လိုက်​ကြ။

လှလှပပ​ ​ရေးထားတဲ့အလွမ်းဇာတ်​ကြီး
ပြီး​အောင်​ မကချင်​​တော့ဘူးလား။
အ​သေရဲဖို့ထက်​ အ​နေရဲဖို့က
ပိုအ​ရေးမကြီး​တော့ဘူးလား။

အရည်​ကုန်​သွားတဲ့ အရက်​ပုလင်း​တွေလို
အ​ငွေ့ကုန်​သွားတဲ့ ​​ဆေးလိပ်​အစီခံ​တွေလို
မက်​​မောစရာကုန်​သွားတဲ့ ဘဝဆိုတာ
လွှင့်​ပစ်​စရာ အရာတခုလား။

ကဗျာဆန်​ဖို့က အရမ်းအ​ရေးကြီး​နေရင်
တကယ်​ဖြစ်​​နေတာ​တွေကို မကြည့်​နဲ့​တော့ 
တကယ်​ရှိ​နေတာ​တွေကို မယုံနဲ့​တော့
တကယ်​ပျက်​​နေတာ​တွေကို မပြင်​နဲ့​တော့။

ဖိုး​ရွှေညီမှိုင်း
၂၀၁၈ ဧပြီ ၂၉