ဇော်မင်း – 
ကိုယ်လုပ်မှ ကိုယ်ဖြစ်မှာ

.

ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ပြောရရင်
စိတ်ဆိုးစရာတွေလည်းရှိ၊ စိတ်မောစရာတွေလည်းရှိ၊
အားမရတာတွေလည်းရှိ၊ ဒေါသဖြစ်စရာတွေလည်းရှိ၊
ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြစ်ချင်တာတွေလည်းရှိ၊
အသိတရားကို အမှီပြုပြီး စိတ်ရှည်ရှည်ထားရမယ်လို့
ခံစားချက်ဖြစ်ရတဲ့ အချိန်တွေလည်းရှိ၊
လူရိုက်ချင်တဲ့ စိတ်တွေ ပေါ်မိလာတာလည်းရှိ စသဖြင့် …

.

ဒီ ကနေ့ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ပြောရရင် စိတ်ဆိုးစရာတွေလည်းရှိ၊ စိတ်မောစရာတွေလည်းရှိ၊ အားမရတာတွေလည်းရှိ၊ ဒေါသဖြစ်စရာတွေလည်းရှိ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြစ်ချင်တာတွေလည်းရှိ၊ အသိတရားကို အမှီပြုပြီး စိတ်ရှည်ရှည်ထားရမယ်လို့ ခံစားချက်ဖြစ်ရတဲ့ အချိန်တွေလည်းရှိ၊ လူရိုက်ချင်တဲ့ စိတ်တွေ ပေါ်မိလာတာလည်းရှိ စသဖြင့် စိတ်အတွေးတွေ အမျိုးမျိုး ဖြစ်နေရပါတယ်။

သို့ သော်လည်း သေချာတဲ့ အချက်တခုကတော့ ကျနော်ဟာ ကျနော့်ကိုယ်ကို ပညာရှင် (သို့) လေ့လာသူ (သို့) သုတေသနလုပ်သူ (သို့) ဘေးကနေ အခြေအနေကို အကဲခတ်သူအဖြစ် မမြင်ပါဘူး။ ဘာဖြစ်လို့တုံးဆိုတော့ ကျနော်က ဒီရေမြေ ဒီနိုင်ငံမှာ မွေးဖွားကြီးပြင်းလာတဲ့ လူတယောက်ဖြစ်လေတော့ ဒီနိုင်ငံမှာ မှီတင်းနေထိုင်တဲ ကျနော့်တို့ သာမန် ပြည်သူပြည်သားတွေထဲက တဦးလိုပဲ ကိုယ့်ကိုယ်ကို ခံစားမိလို့ ဖြစ်ပါတယ်။ ကျနော်ဟာ တခြားသူတွေလိုပဲ သမရိုးကျ သက်ရှင်နေထိုင်ဖို့ လုပ်ကိုင်စားသောက်နေရတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံက နိုင်ငံသားတဦးပါ။

နို င်ငံရေးမှာ ခံစားချက်ကို ရှေ့တန်းမတင်သင့်ဘူးလို့ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုတာဘာလဲ။ ခံစားချက် ဆိုတာဘာလဲ။ နိုင်ငံရေးနဲ့ လူတွေရဲ့ ခံစားချက်အကြားမှာ ဘာတွေများ ကွာဟနေလို့လဲ။ နိုင်ငံရေးဆိုတာ ကျောက်တုံး ကျောက်ဆိုင်တွေအတွက် လုပ်တာလား။ သက်ရှိလူသားတွေအတွက် လုပ်တာလား ဆိုတာကိုလည်း ပြန်မကြည့်သင့်ဘူးလား။ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာကို ကျနော်အတိအကျ မပြောလိုပါ။ ဘာဖြစ်လို့တုံးဆိုတော့ လူတိုင်းမှာ နိုင်ငံရေးဆိုတာ ဘာလဲဆိုတာကို ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် ဖွင့်ကြတာမို့ မပြောလိုပါ။ သို့သော် လူရိုးရိုးတဦးအနေနဲ့ ပြောရမဲ့ အချက်တွေ ရှိလာပါတယ်။

ကျ နော့် အဖွားအိမ် အပါအဝင် အိမ်ပေါင်းမြောက်များစွာ အဖျက်ခံခဲ့ရပါတယ်။ ကျနော့်အဖွားအိမ်ကို လမ်းချဲ့မလို့ ဆိုပြီး ကိတ်မုန့်လှီးသလို တဝက်တိတိ လှီးဖြတ်သွားတဲ့ အစိုးရကို ကျနော်မကြိုက်ပါ။ ကျနော့်အဖွား အိမ်ကြီးဟာ ခါတိုင်းလို မဟုတ်တော့ဘဲ ထောင်ပလိုကြီး ဖြစ်ကျန်နေရစ်ပါတယ်။ အဲသည့်စိတ်နဲ့ ကျနော့်အဖွားသေဆုံးခဲ့ပါတယ်။ အဲသလို အစိုးရမျိုးကို လေးစားဖို့ ဆိုကတော့ ဝေလာဝေးပါ။ အဲသည့်နေရာမှာ ဖြစ်လာတဲ့ ကျနော့် ခံစားချက်ကို နိုင်ငံရေး နည်းနာအရ ဦးစားမပေးသင့်ဘူးလို့ တဦးဦးက ပြောလာရင် အဲသလိုပြောလာတဲ့သူက ဘာကို ဦးစားပေးဖို့ အစီအစဉ်ရှိသလဲ။ ကျနော်တို့ အားလုံး သိဖို့ မလိုအပ်ဖူးလား။

ဒီ နေရာမှာ နိုင်ငံရေးဗျူဟာကြောင့် နည်းနာကြောင့် သည်းခံပါလို့ ပြောလာမဲ့ နိုင်ငံရေးသမား (သို့) ပညာရှင် (သို့) လေ့လာအကဲခတ်သူ ဆိုသူများကိုလည်း ကျနော်မကြိုက်နိုင်ပါ။ သူတို့ကို ကျနော်မကြိုက်တာ မှားပါသလား။ သူတို့ကို ကျနော်မကြိုက်လို့ ကျနော့်ကို နိုင်ငံရေးအမြင်တိုလေခြင်းလို့ ဝိုင်းပြောရင်လည်း ကျနော် မမှုပါ။ ကျနော်တို့ နစ်နာနေတာကို၊ နစ်နာခဲ့တာကို ကျနော်ပြောခြင်းသာ ဖြစ်ပါတယ်။ နစ်နာမှုကို ခံစားနေရတဲ့ နိုင်ငံသားတွေကို ခင်ဗျားတို့နစ်နာနေတာတွေကို သိပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေး နည်းပရိယာယ်အရ အသာထားဦးလို့ ပြောလာရင် တရားပါ့မလား။ မြန်မာလူမျိုး ပညာရှင်ဆိုသူတွေက ဒီစကားမျိုးကို ခဏခဏ ပြောပါတယ်။ ဘာကြောင့်လဲ။  

ဝဝ၈ ခုနှစ်တုံးက ရခိုင်ပြည်နယ်မှာ လယ်ဧက ငါးသောင်းကို စစ်အစိုးရက သိမ်းပြီး ဘင်္ဂလားဒက်ရှ်က စပါး စိုက်မဲ့ ကုမ္ပဏီကို လွှဲပေးလိုက်တော့ ကျနော့်ရင်ထဲမှာ ကျနော့်အဖွားအိမ်ကို စစ်အစိုးရက တဝက်တိတိ လှီးဖြတ်တုံးက ခံစားချက်မျိုး တဖန် ပြန်ပေါ်လာပါတယ်။ ကျနော့်အဖွားမသေခင် ခံစားရတဲ့ ခံစားချက်မျိုး အဲသည့် ရခိုင်လယ်သမားတွေ ခံစားရမယ်ဆိုတာ ကျနော်တပ်အပ် ပြောနိုင်ပါတယ်။

အဲ သလိုပါပဲ မြစ်ဝ ကျွန်းပေါ်က လယ်သာမားတွေရဲ့ မြေယာဆုံးရှုံးမှု၊ ရှမ်းပြည်က ရှမ်းတွေ အစဉ်အဆက်ပိုင်လာတဲ့ သစ်တောတွေကို မြန်မာစစ်အစိုးရက ခုတ်ယူနေတာတွေ၊ ဒါတွေကို ခံစားရတဲ့ အဲသည့်သူတွေ ပြည်ထောင်စုမြန်မာနိုင်ငံသားတွေရဲ့ ခံစားချက်တွေကို ဘယ်သူတွေနားလည်ပါသလဲ။ နားလည်အောင်လည်း ကြိုးစားပါသလား။ ပညာရှင်ဆိုသူတွေ လေ့လာစောင့်ကြည့်သူတွေ နိုင်ငံရေးပရိယာယ်အရ စောင့်ကြည့်သည်းခံမယ်လို့ ဆိုသူတွေ သူတို့ပြောတဲ့ စကားတွေထဲမှာ အဲသလို နစ်နာနေတာတွေကို တမတ်ဖိုး လောက်တောင် ထည့်ပြောတာ မကြားရသေးပါ။ ဘာကြောင့်လဲ။

ခု မြန်မာနိုင်ငံပြင်ပနဲ့ ပြည်တွင်းထဲမှာ ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်မဲ့သူတွေ၊ ပညာရှင်ဆိုသူတွေ၊ တတိယ လိုင်းဆိုသူတွေ၊ သည်းခံစိတ်ရှည်ပါဦးလို့ ပြောသူတွေ၊ ဘာမှမရှိတာထက် ရှိတာကို အရင်ယူထားပါဦးဆိုသူတွေကို ပြန်ကြည့်လိုက်ပါ။ အဲသည့် သူတွေဟာ ကျနော့်အဖွားလို၊ ရခိုင်လယ်သမားတွေလို၊ မြစ်ဝ ကျွန်းပေါ်က စပါးစိုက်တဲ့ တောင်သူတွေလို၊ သစ်တောတွေ အခုတ်ခံရတဲ့ သစ်တောပိုင်ရှင် ရှမ်းအမျိုးသားတွေလို သူတို့နစ်နာခံစားခဲ့ရတာ မရှိလှပါ။ ရှိရင်လည်း ဒီဂရီ အပြင်းအပျော့ ကွာကောင်းကွာပါလိမ့်မယ်။

ဘာ တချက်မှ မနစ်နာခဲ့သော၊ မဆုံးရှုံးခဲ့သော သူတွေက မြန်မာနိုင်ငံသားတွေကို ၂ဝဝ၈ ဖွဲ့စည်းပုံအောက်မှာ စိတ်ရှည်ဖို့၊ သည်းခံဖို့၊ သူတို့နည်းနာများကို စောင့်ကြည့်ဖို့ ပြောနေကြပါတယ်။ ထိုသို့ ပြောနေသူ လူအချို့ ထဲတွင် ထောင်နှစ်ရှည်လများ အကျခံရပေမဲ့ စစ်တပ်ကို စိတ်မနာသူများ၊ စိတ်မနာတဲ့အပြင် စစ်တပ်နဲ့ ပေါင်းလုပ်ဖို့ ပြောနေသူများ ဤစာရင်းထဲတွင် ပါဝင်နေပါတယ်။ ကိုယ်ခံထားရသည်ကိုမှ အမှတ်သည်းခြေ မရှိဘဲ စစ်တပ်နဲ့ ပေါင်းလုပ်ဖို့ ပြောနေသူများသည် တစုံတရာ အကျိုးစီးပွားတခုခု သူတို့အတွက် နောင်များမှာ ရှိနေသလားလို့ ပြောရရင် ပြောတဲ့သူ မလွန်ပါ။

တိယလိုင်းဟု ဆိုသူများ၊ မြန်မာပညာရှင်ဟု ဆိုသူများ၊ မြန်မာ့ရေးရာ ကျွမ်းကျင်သူဟုဆိုသူ မြန်မာနိုင်ငံ သားနှင့် နိုင်ငံခြားသားအချို့။ ထိုသူတွေမှာ တသီးပုဂ္ဂလအရ ဘာတွေနစ်နာခဲ့သနည်း။ စောကြောဖို့လိုမည်လို့ ထင်ပါတယ်။ နစ်နာစရာမရှိဘဲ တစုံတခုသော အကျိုးအမြတ်တွေ ရှိနေလို့သာ ဤသို့ပြောခြင်းဖြစ်သည်ဟု ဆိုရသော် လွန်အံ့မထင်။

ထို သူတွေသည် မြန်မာပြည်တွင်းတွင် သတင်းမီဒီယာ လောကထဲတွင်လည်းပါသလို လူထုအခြေပြု အဖွဲ့အစည်းများကိုလည်း ထူထောင်ထားပါတယ်။ စီးပွားရေး အဖွဲ့အစည်း အသင်းအပင်းများမှာလည်း ပါဝင်နေကြပါတယ်။ အခု နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲလည်း ဝင်ဦးမည်။ စစ်တပ်ကို စိတ်ရှည်သည်းခံဖို့လည်း ဆက်တိုက်ပြောနေတာ နားမဆန့်အောင် ကြားနေရပါတယ်။ သူတို့မှာ လူမှုရေး၊ စီးပွားရေး ဘာတခုမှ နစ်နာခဲ့တာ မရှိပါ။ မရှိလို့ ပြောအားကောင်း နေတယ်ဆိုရင်လည်း မမှားပါ။

သူ တို့ထဲက တဦးဦးကို အကြောင်းကြောင်းကြောင့် စစ်တပ်က ပက်ပက်စက်စက် လုပ်မှ၊ ဆက်ဆံမှ စစ်တပ် ဆိုတာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် ကြီးစွာသော အနှောင့်အယှက် ဖြစ်တယ်ဆိုတာကို ဝန်ခံကြပါလိမ့်မယ်။ သို့သော် ထိုလူများကလည်း ပါးနပ်သည့်အတွက် တော်ရုံတန်ရုံမျှဖြင့်တော့ စစ်တပ်၏ ဖိနှိပ်ခြင်းကို ခံစားရမယ် မဟုတ်ပါ။

ထို သို့ ပါးနပ်သည့်အတွက်လည်း နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ကာ ထိုင်းနိုင်ငံ အပါအဝင် အနောက်နိုင်ငံများကို ခရီးထွက်နေနိုင်သည် မဟုတ်လော။ အဲန်အယ်ဒီမှ ဘယ်ခေါင်းဆောင်များ သူတို့လို နိုင်ငံခြားတိုင်းပြည်များမှာ ကွန်ဖရင့် တက်ဖို့ ဂဒီးဂဒီး ခရီးသွားနိုင်ပါသလဲ။ ထိုင်းနိုင်ငံမှာရောက်နေတုံး သတင်းမီဒီယာ များဖြင့်လည်း ထိတွေ့ခွင့် ရပြန်ပါတယ်။ ရန်ကုန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ သူတို့လို နိုင်ငံခြားထွက်လို့မရပါ။ နိုင်ငံခြားရောက်တုံး အင်တာဗျူးများ လုပ်ခွင့်မရှိပါ။ ခံစားချက်ခြင်းက ကွာဟလွန်းလှသည်။ ဘာကြောင့်လဲ။

သူတို့ဘဝတွင် တခါမှ တပဲဖိုး တမတ်ဖိုး လူမှုရေးအရ၊ စီးပွားရေးအရ မနစ်နာခဲ့သောသူများက နစ်နာခဲ့သူများ၊ နစ်နာနေသူ ပြည်ထောင်စု မြန်မာနိုင်ငံသားများကို နိုင်ငံရေးနည်းနာအရ စိတ်ရှည်ဖို့ သည်းခံဖို့ ပြောနေ တိုက်တွန်းနေသည်မှာ ကျင့်ဝတ်အရ မှန်နိုင့်ပါ့မလား။

ဖက်မှာ ပြန်ကြည့်ရင်လည်း နိုင်ငံရေးပါတီထောင်၍ ရွေးကောက်ပွဲဝင်မဲ့ ပါတီများဟာ ပြည်ထောင်စု မြန်မာ နိုင်ငံသားများကို သူတို့ဘာကြောင့် ရွေးကောက်ပွဲဝင်ရသည်ကို ဘာတခုမှ ရေရေရာရာ မရှင်းလင်းနိုင်ပါ။ ဘာဖြစ်လို့ ရွေးကောက်ပွဲဝင်သလဲ။ ဆင်းရဲမွဲတေမှု၏ အောက်ဆုံးအထစ်မှာ ရောက်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေကို ဆင်းရဲမွဲတေမှုအတွင်းမှ အဆင့်တခုအထိ လျော့ကျအောင် လုပ်ပေးမယ်လို့လည်း ကတိမပေးပါ။ စုတ်ပြတ်နေသော ပညာရေးစနစ် ပြန်လည်မြှင့်တင်ပေးဖို့ သူတို့ ရွေးကောက်ပွဲဝင်ရကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း မပြောပါ။

လူ့ သက်တမ်း တိုလာနေသော နိုင်ငံသားများ ကျန်းမာရေး ပိုမိုကောင်းလာစေဖို့ သူတို့ ရွေးကောက်ပွဲ ဝင်ရသည်ဟုလည်း မကြေညာပါ။ ဒါဆိုရင် ဘာ့အတွက် ရွေးကောက်ပွဲ ဝင်ကြပါသလဲ။ နောင်မှာ နိုင်ငံရေးစနစ် ပြောင်းလဲဖို့အတွက် ရွေးကောက်ပွဲ ဝင်ရပါတယ်လို့ ပြောတယ်ဆိုရင်၊ နိုင်ငံရေးစနစ်ဆိုတာ နိုင်ငံသားတို့ တိုးတက်ဖွံ့ဖြိုးဖို့ အတွက် မဟုတ်ဖူးလားလို့ ပြန်မေးရပါလိမ့်မယ်။ နိုင်ငံရေးစနစ်ဆိုတာ နိုင်ငံရေးစနစ်အတွက်သာ ဖြစ်တယ်လို့ ပြောရင်တော့ သူတို့အတွင်းစိတ်ကို ကျနော်တို့ တန်းကနဲ သိမြင်နိုင်ပါတယ်။

ချိန်တုံးက မြန်မာနိုင်ငံမှာ အနုပညာသမားများ စာပေသမားများ သူတို့လောကမှာ အငြင်းအခုန်ဖြစ်ခဲ့တာ တခုရှိပါတယ်။ ဘာလဲဆိုတော့ အနုပညာသည် အနုပညာအတွက်လား (သို့မဟုတ်) အနုပညာသည် ပြည်သူ့အတွက်လား ဆိုတဲ့ ငြင်းခုံချက် ဖြစ်ပါတယ်။ အခုကျနော်တို့ ဆက်ပြီးတွေ့ရမှာကတော့ နိုင်ငံရေးသည် နိုင်ငံရေးအတွက်လား (သို့မဟုတ်) နိုင်ငံရေးသည် နိုင်ငံသားတို့အတွက်လားဆိုတဲ့ ငြင်းခုန်ချက် ဖြစ်ပါတယ်။

သေချာတာတခုကတော့ ကိုယ်ချင်းစာ သိနားလည်မှုဖြစ်ပါတယ်။ တခါမှ မခံရ မနစ်နာတဲ့ သူများဟာ ခံနေရတဲ့ နစ်နာနေရတဲ့သူများကို ဘယ်တော့မှ ကိုယ်ချင်းစာစိတ်နဲ့ မကြည့်ဘူးဆိုတာပါဘဲ။ အထူးသဖြင့် နိုင်ငံရေး ဇာတ်ခုံမှာ ဒီအတိုင်းဖြစ်လေ့ရှိပါတယ်။ ကျနော်အပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံသားတွေ ကိုယ့်အား ကိုယ်ကိုးပြီး ဆက်လုပ်ဖို့သာ ရှိပါတယ်။

ဇော်မင်း
ဧပြီ၊ ၈၊ ၂ဝ၁ဝ။

http://fine-leaves.blogspot.com