ဇော်မင်း – ကိုငြိမ်းသို့

.

၁။

ပြီလ ၂၈ ရက်နေ့၊ ၂ဝ၁ဝ ခုနှစ်။
မနက်ကိုးနာရီလောက် ဖုန်းကမြည်လာလို့ ကောက်ကိုင် လိုက်တယ်။ တဖက်က ဆက်လာသူက ကဗျာဆရာ ကိုလွမ်းဏီ။

“ဟေ့လူ … ကိုငြိမ်းဆုံးသွားပြီ။ ဒီမနက် သုံးနာရီလောက်မှာ ဆုံးသွားတာလို့ ပြောတယ်”

ကျနော် မထင်မှတ်တဲ့ သတင်းမဟုတ်ပါဘူး။ အနှေးနဲ့ အမြန်တော့ ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ကျနော်တွက်ထား ပြီးသားပါ။

ဟု တ်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကိုငြိမ်းနဲ့ကျနော် နောက်ဆုံးတွေ့ခဲ့တာက ဇင်းမယ်မှာ။ ဘားမားမီဒီယာ ကွန်ဖရင့် ကျင်းပခဲ့တဲ့ ဒီနှစ်၂ဝ၁ဝ ဖေဖော်ဝါရီလထဲမှာ။ အဲဒီတုန်းကတဲက ကိုငြိမ်း ကျန်းမာရေးမကောင်းတာကို သတိထားမိတယ်။ သူ့မျက်လုံးတွေက အတော်ကြီးဝါနေတယ်။ တစုံတခုကြောင့် အသဲမှာအားနည်းနေတယ် ဆိုတဲ့ လက္ခဏာ။ လမ်းလျှောက်ရင်ပဲ ဖြစ်ဖြစ်၊ ထိုင်နေတုန်းမှာပဲ ဖြစ်ဖြစ် ခါးကလေးကိုကုန်း လက်ပြင်ကိုကိုင်းပြီး နေနေတာကို သတိထားမိတယ်။

“ကိုငြိမ်း ကိုယ့်ကျန်းမာရေးကိုလဲ ဂရုစိုက်ဦး” ဆိုပြီး ပြောထာထက် သူ့ကိုကျနော် များများ ပိုပြီး မပြောဖြစ်ပါ။

၂။

၉၉၁ ခုနှစ်၊ မေလ ၅ ရက်နေ့။ လင်းအားကြီး အချိန်ပဲ ရှိသေးတယ်။ ကိုငြိမ်းတို့ရှိတဲ့ ပတ္တလားကုန်း ဖက်ကနေ အမ် ၇၉ ဗုံးသီးပေါက်သံ သုံးချက် ဆင့်ကဲဆင့်ကဲ ဆိုသလို ကြားရတယ်။ ပြီးတော့ လက်နက်ငယ် ပေါက်ကွဲသံတွေ ဆက်တိုက် ကြားရတယ်။ စကားပြောစက် ကိုင်ထားတဲ့ ကေအဲန်ယူ ကွန်မင်ဒိုဖြစ်သူ ကိုရှာဝါးက “ရန်သူက ပတ္တလားကုန်း ဘယ်ဖက်ခြမ်းကို တက်သိမ်းဖို့ ကြိုးစားနေတယ်” လို့ပြောပါတယ်။

ကျ နော်တို့ဖက်ကိုလည်း ကွေ့ပြီး ရန်သူ စစ်ကြောင်းက ထိုးဆင်းလာနိုင်လို့ အားလုံး ကိုယ့်သေနတ် ကိုယ်ဆွဲပြီး ကျနော်တို့ စခန်းချထားတဲ့ ဝါးတဲတွေကနေ စိုးမိုးကုန်းတခုအပေါ်ကိုတက်ပြီး အဆင်သင့် နေရာယူထားလိုက်ကြတယ်။ စစ် အတွေ့အကြုံ ရင့်ကျက်တဲ့ ကိုရှာဝါးက ကျနော်တို့ ကျောင်းသားတပ်မတော်က ရဲဘော်တွေကို ကွပ်ကဲပေးတယ်။ မိနစ် ၂ဝ လောက် ထိတွေ့မှုဖြစ်သွားပြီး လွယ်လွယ်နဲ့ မရမှန်းသိတော့ ပတ္တလားကုန်းကနေ ရန်သူ ပြန်ဆုတ်သွားပါတယ်။ ရန်သူတဦးသေပြီး နှစ်ဦးဒဏ်ရာ ရသွားတယ်လို့ စက်သတင်းအရ သိရတယ်။

န့လယ်ပိုင်းလောက်ရောက်တော့ ပတ္တလားကုန်းပေါ်က ကျောင်းသားရဲဘော်တချို့ ကျနော်တို့ စခန်းဖက်ကို ဆင်းလာရင်း ပြောပြတယ်။ တက်လာတဲ့ ရန်သူတွေကို အမ် ၇၉ နဲ့ လက်ဦးအောင် ပစ်ထဲ့လိုက်တဲ့သူက တပ်ခွဲမှူး ကိုငြိမ်းပါတဲ့။ တိုက်ပွဲအပြီး မိုးစရွာပါတယ်။ နောက်ထပ် တလလောက် အထိ အဲသည့်မိုးဟာ တရက်မှ စဲတယ်လို့မရှိပါ။ မုတ်သုန်ဝင်လာပြီကိုး။ ရန်သူ့ထိုးစစ်ကလဲ မိုးမစဲ သလို တလလုံးလုံး ကျနော်တို့ဂွင်ထဲမှာ မိုးနဲ့အတူ ထိုးစစ်ဆင်ပါတယ်။ 

ထိုစဉ်အချိန်က ကိုငြိမ်းအပါအဝင် ကျနော်တို့ စုဖွဲ့မှုထဲက ရဲဘော်များ အားလုံးဟာ ကျောင်းသား တပ်မတော် တပ်ရင်း (၁ဝ၁) ကပါ။ နဂိုက ဘုရားဆုံးဆူ ဒေသဖက်မှာ အခြေခံပါတယ်။ ကေအန်ယူ ရဲဘော်များနဲ့ အတူတွဲပြီး ညောင်လေးပင် ခရိုင်ထဲက မုန်း၊ ကျောက်ကြီး၊ ရွှေကျင်နယ်တွေမှာ လှုပ်ရှားခဲ့တဲ့ ကာလပါပဲ။

၃။

၉၉၂ မေလ၊ ကေအဲန်ယူ ဌာနချုပ်တည်ရှိရာဖြစ်သော မာနယ်ပလော။ မြောက်အရပ်ကနေ တောင်ဖက်ကို ကြောက်မက်ဖွယ် တဟဲဟဲ အသံပြုပြီး စီးဆင်းနေတဲ့ သံလွင်မြစ်ကြီးနဲ့ တောင်ကနေ မြောက်ဖက်အရပ်ကို တငြိမ့်ငြိမ့် စီးဆင်းနေတဲ့ သောင်ရင်းမြစ်တို့ အကြားမှာ တည်ရှိပါတယ်။ ကျန်တဲ့ တော်လှန်ရေး အဖွဲ့အစည်းများလည်း မာနယ်ပလောမှာ အခြေစိုက်ကြပါတယ်။ ဖွဲ့စည်းပုံ အသစ်အရ ကိုငြိမ်းတို့ ကျနော်တို့အားလုံး ကျောင်းသားတပ်မတော် တပ်ရင်းအမှတ် (၂၁၂) ဆိုပြီး ဖြစ်လာတယ်။

၉၉၁ ဒီဇင်ဘာလကစပြီး ဖြစ်ခဲ့တဲ့ မာနယ်ပလောက် တိုက်ပွဲဟာ သင်္ကြန်မတိုင်ခင်မှာ အရှိန်လျှော့သွားပါတယ်။ ရန်သူဖက်က အဆိုအရ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးကို ဦးတည်ပြီး သူတို့ဖက်က သဘောထားကြီးစွာနဲ့ ထိုးစစ်ကို ရပ်ဆိုင်းလိုက်တာလို့ ဆိုပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးဆိုလို့ တော်သေးတာပေါ့။ ပြီးခဲ့တဲ့ သုံးလခွဲလုံးလုံး အဝေးပစ် အမြောက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတုန်းကတော့၊ တိုက်လေယဉ်တွေက စက်သေနတ်နဲ့ပစ် ရော့ကက်နဲ့ပစ်နေတုန်းကတော့ သူတို့ဆီက ဘာသံမှ မထွက်ခဲ့ပါလား။

နော (အမ) မြောင်းမြဆိုင်လို့ ကျနော်တို့က အမည်ပေးထားတဲ့ အမကြီးလင်မယားရဲ့ လဖက်ရည် ဆိုင်ထဲမှာ ကျနော်နဲ့ ကိုငြိမ်းထိုင်ပြီး ရေနွေးကြမ်းသောက်နေပါတယ်။ အဲသည်တုန်းက မာနယ်ပလောမှာ လဖက်ရည်ဆိုင် ခြောက်ဆိုင်လောက် ရှိပါတယ်။ လဖက်ရည်ဆိုင်ဆိုပေမဲ့ မည်ကာမတ္တ ဆိုင်လေးတွေပါ။

များသောအားဖြင့် နက်စ်ကော်ဖီကိုပဲ နို့ဆီနဲ့ လွယ်လွယ်ဖျော်ပြီး တခွက်ကို နှစ်ဘတ် ပေးရတယ်။ လက်ဖက်သုတ်လေး ဘာလေးလဲ ရောင်းကြတယ်။ ထိုင်းဖက်က ဝင်လာတဲ့ ကုတ်တို့၊ ပက်စီတို့၊ ဆဲဗင်းအပ်တို့လည်း ရောင်းသေးတယ်။ ကျနော်တို့ကတော့ လစာ မရှိတဲ့ ကျောင်းသားရဲဘော်တွေ ဆိုတော့ ပေးစရာ နှစ်ဘတ်မရှိလို့ များသောအားဖြင့် ရေနွေးကြမ်းပဲ ထိုင်သောက်နေတာပါ။

န်ကောက်တို့၊ ဇင်းမယ်တို့လို မြို့ကြီးတွေကို အဖွဲ့အစည်းကိစ္စနဲ့ သွားလာခွင့်ရတဲါ ဗဟိုကော်မတီဝင် ခေါင်းဆောင်တွေကတော့ မြို့ကပြန်လာရင် ခရီးသွားရင်းက ပိုနေတဲ့ လမ်းစရိတ် ငွေစလေးတွေနဲ့ လက်ဖက်ရည် ကော်ဖီတွေ မုန့်တွေနဲ့ ငြိမ့်နိုင်ပေမဲ့၊ ကျနော်တို့ ကိုငြိမ်းတို့လို လူများကတော့ တရက်မှာ ကော်ဖီ တခွက် သောက်ရဖို့ဆိုတာ ကံထူးလွန်းမှသာ သောက်ရတာပါ။

“ဘဲကြီးရေ … ကြံစမ်းပါဦးဗျ။ နေ့တိုင်း သူများဆိုင်မှာ ကော်ဖီဝယ်မသောက်ပဲ ရေနွေးကြမ်းပဲ အလားကား တောင်းသောက် နေရတာ မျက်နှာပူလှပြီ” လို့ ကိုငြိမ်းက ကျနော့်ကို ပြောလာပါတယ်။

သူ့လိုပါပဲ ကျနော်လည်း အနောမြောင်းမြတို့ လင်မယားကို မျက်နှာပူရတာ များလွန်းလို့ မှတ်တောင် မမှတ်မိတော့။

“တရက်နှစ်ရက်လောက်တော့ ခင်ဗျားစောင့်ဗျာ။ ဘာလုပ်လို့ ရမလဲဆိုတာ ကျနော်ကြည့်ဦးမယ်” လို့ ကျနော်က ကိုငြိမ်းကို နှစ်သိမ့် လိုက်ပါတယ်။ 

၎။

နာက်နှစ်ရက်အကြာ၊ အဲန်အယ်ဒီရုံးနေရာ။ 
“လေးလေး၊ လေးလေးတို့ရုံးက အစည်းဝေးခန်းမှာထားဖို့ စားပွဲနဲ့ ကုလားထိုင်တွေ လိုလို့ဆို” ဟု ကျနော်က မန္တလေးဦးမြင့်အောင် (ယခုကွယ်လွန်) ကိုမေးပါတယ်။ သူကလည်း

“ဟုတ်တယ်၊ ခင်ဗျားတို့ လုပ်တတ်တယ်ဆိုရင် ဈေးလည်း သိပ်မကြီးဖူး ဆိုရင် ဝယ်ချင်တယ်ဗျာ” လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကျနော်လည်း အကွက်တခုတော့ ဆိုက်ပြီဆိုတာ ချက်ကနဲ သဘောပေါက်လိုက်တယ်။

“ဒါဖြင့်ရင် တခြားဘယ်သူ့ကိုမှ မှာမနေနဲ့တော့ ကျနော်တို့ဆီမှာ စားပွဲကုလားထိုင် လုပ်တတ်တဲ့သူရှိတယ်” လို့ကျနော်ကပြောတော့ ဦးမြင့်အောင်က

“ဘယ်သူတုန်းဗျ” ဆိုပြီး မေးလာတယ်။ ကျနော်က

“လေးလေး သိတယ်မဟုတ်လား။ တပ်ခွဲမှူး ကိုငြိမ်းလေ” ဆိုပြီး လိမ်ပြောလိုက်တယ်။ ဦးမြင့်အောင်က

“သြော် ကျနော် ကိုငြိမ်းကို သိတာပေါ့၊ ဒါပေမဲ့ သူလက်သမား လုပ်တတ်မှန်း မသိဖူး” လို့ပြန်ပြောတယ်။

ကိုင်း…လေးလေးသာ ကျနော့်ကို စရံငွေ ဘတ်ငါးရာလောက် ပေးလိုက်” ဆိုပြီး ကျနော်က တောင်းလိုက်တယ်။ ဦးမြင့်အောင်က သဘောတူတယ်။ စားပွဲရှည်တလုံး ထိုင်ခုံခြောက်လုံးအတွက် ဘတ်ငွေ တထောင့် ငါးရာနဲ့ ဈေးတည့် လာခဲ့တယ်။

အဲ ဒီတုန်းက ကျနော့်တို့ ကျောင်းသားဌာနချုပ်ရုံး အနားက ကျောင်းသားတပ်မတော် တပ်ရင်း (၂ဝ၈) မှာ စားပွဲတွေ ကုလားထိုင်တွေကို ပကာသားတွေနဲ့ လုပ်ပြီး အပိုဝင်ငွေရှာတဲ့ အသက်ကြီးကြီး အိမ်ထောင်သည် ကျောင်းသားတပ်ဖွဲ့ဝင် တဦးရှိတယ်။ ကျနော်သူနဲ့ ညှိလိုက်တယ်။ အဲန်အယ်ဒီက မှာတယ်လို့တော့ သူ့ကို မပြောပါဘူး။

ဘယ်လိုလဲ ဘဲကြီး၊ ထူးသလား” လို့ ကိုငြိမ်းက ကျနော့်ကို မေးတယ်။ ကျနော်က
 “ထူးတယ်၊ ဒါပေမဲ့ ဘယ်သူ့ကိုမှ ခင်ဗျား မပြောနဲ့။ အပြိုင်အဆိုင်တွေ ပေါ်လာမှာစိုးလို့။ ပြီးတော့ ခင်ဗျားက လက်သမား လုပ်တတ်တယ် ဟုတ်ပလား” လို့ဆိုပြီး ကိုငြိမ်းကို ဇာတ်စုံခင်းပြလိုက်တယ်။ ပကာသား ဆိုတာက မာနယ်ပလောမှာ ရှာရတာ လွယ်တယ်လေ။ ဒါ့ကြောင့်ပါ။ ကိုယ့်ဈေးကွက်ကို သူများ လုသွားမှာ ကိုလည်း စိုးရိမ်ရသေးတာကိုး။ ပြီးတော့ နှစ်ယောက်စလုံး ငါးခူပြုံးပြုံးပြီး စရံရလာတဲ့ ငွေနဲ့ အနောမြောင်းမြ ဆိုင်ကို ချီတက်ခဲ့ကြတယ်။

၅။

နာက်တပတ်အကြာ၊ “ကိုငြိမ်း ရယ်ဒီပဲလား” လို့ကျနော်ကမေးတော့ သူက လုပ်လိုက်လေဆိုတဲ့ မျက်နှာ ပေးနဲ့ ပြန်ဖြေပါတယ်။ ဒါနဲ့ တပ်ရင်း (၂ဝ၈) ကုန်းကနေ အဲန်အယ်ဒီ ရုံးခန်းကို ပထမဆုံး စားပွဲရှည်ကြီးကို စသယ်ပါတယ်။

စားပွဲကြီးက နှစ်ယောက်သယ်တာတောင် အတော်လေးပါတယ်။ တခြားရဲဘော်များကို အကူအညီတောင်းရင် ဝေစုနည်းသွားမှာစိုးလို့ နှစ်ယောက်ထဲပဲ စားပွဲကြီးကို သယ်လာလိုက်တာ တနာရီလောက်ကြာမှ အဲန်အယ်ဒီရုံးခန်းကို ရောက်ပါတော့တယ်။ လမ်းမှာက ဗွက်တွေကလည်း ထူဆိုတော့ နားရတာ ခနခနပါပဲ။ နောက် ကုလားထိုင် ခြောက်လုံးကို သုံးလုံးစီ ဝါးလုံးရှည်နဲ့ ရှိုပြီးနှစ်ခေါက်စီ ခွဲသယ်ရပါတယ်။ ပကာသားနဲ့ လုပ်တာဆိုပေမဲ့ လေးလိုက်တဲ့ဟာတွေ။

င်ပန်းရကျိုးနပ်ပါတယ်။ ချုပ်လိုက်ရင် ကျနော်တို့နှစ်ယောက်ရဲ့ အသားတင် အမြတ်ဟာ ဘတ်ငါးရာလောက်ရှိပါတယ်။ ဟိုဆိုင်ဒီဆိုင်မှာ တင်နေတဲ့ ကော်ဖီအကြွေးတွေကိုဆပ်ပြီး ကိုငြိမ်းနဲ့ကျနော် ရက်အတော် ကြာတဲ့အထိ အောင်ပွဲခံနေပါတယ်။ ကော်ဖီတခွက်မှ နှစ်ဘတ်ဆိုတော့ ကျန်တဲ့နီးစပ်တဲ့ ရဲဘော်များကိုလည်း ဒကာခံနိုင်ပါသေးတယ်။ နှစ်ယောက်စလုံးလည်း တဆိုင်ပြီးတဆိုင် ပြောင်းပြီး တရက်ကို ကော်ဖီလေးငါးခွက် သောက်တဲ့အထိ ဖြစ်လာပါတယ်။

ခါ တိုင်းဆိုရင် ကရင်လို “ညာသို” လို့ခေါ်တဲ့ လက်လိပ်ဆေးလိပ်ကို အသောက်များပေမဲ့ အဲသည့် ရက်တွေမှာတော့ နှစ်ယောက်သား ထိုင်းနိုင်ငံလုပ် စီးကရက် တဖွားဖွားနဲ့၊ ကြည့်တောင် ကောင်းသေးတော့။

ပြီးတော့ “ဖဒိုဝှီး” (နောက်ပိုင်းကွယ်လွန်) ဆိုတဲ့ ကေအဲန်ယူက ဗဟိုကော်မတီ လူကြီး တဦးကလည်း လဖက်ရည်ဆိုင်လေးတခု သောင်ရင်းမြစ်ကမ်းမှာ ကဗျာဆန်ဆန် မေးတင်ပြီး ဖွင့်ထားပါတယ်။ သူ့ဆိုင်မှာက တခါတရံ ဝက်သားပေါက်စီတို့ ပဲပလာတာတို့ ရတတ်ပါတယ်။ ဘယ်အလွတ်ပေးမလဲ အဲသည့်ဆိုင်မှာလည်း သွားစားပြီး ဖင်ဂျွတ် တက်အောင် ထိုင်ကြတာကို မှတ်မိသေးတယ်။ စစ်အေးကာလ ဇိမ်ခံနည်း တမျိုးလို့ ဆိုမလားပဲ။

၆။

အဲ သည့်အချိန်တုန်းက ကိုငြိမ်းက မောင်ငြိမ်းလူ (ဟယ်လ်ပင်) ဆိုတဲ့ ကလောင်နဲ့ အားရင်အား သလို ကဗျာတွေလည်း ရေးတယ်။ ကိုငြိမ်းပြောပြဖူးတာရှိတယ်။ သူဆယ်ကျော်သက်တုန်းက အစိုးရ စစ်တပ်ထဲမှာ ရဲဘော်အနေနဲ့ ဝင်ခဲ့ဖူးတယ်။ အဲသည်တုန်းကထဲက တိုက်ပွဲအတွေ့အကြုံတွေ ရှိခဲ့တယ်။ နောက်တော့ သူ့အဖေက (ဒုဗိုလ်မှူးကြီးလား၊ ဗိုလ်မှူးကြီးလား မမှတ်မိတော့) တပ်က ရအောင်နှုတ်ပြီး နိုင်ငံခြားသင်္ဘော လိုက်ဖို့လား ဘာလားတော့မသိ။ ဘန်ကောက်ကို ပတ်စ်ပို့နဲ့ လွှတ်လိုက်တာ။

န်ကုန်ကထဲက သိနေတဲ့ အမောင်ကျောင်းသား တချို့နဲ့ ဘန်ကောက်မှာ ပေါင်းမိပြီး ကျောင်းသား တပ်မတော်မှာ တာဝန်ထမ်းမယ်ဆိုပြီး နယ်စပ်ကို ရောက်လာတာ။ သူနဲ့ ဘန်ကောက်မှာ အတူနေနေတဲ့ ကျောင်းသားတချို့က ကိုငြိမ်းက လူကောင်သေးတော့ တောထဲမှာ မဖြစ်ပါဘူးဆိုပြီး မလိုက်နဲ့လို ပြောသေး တယ်တဲ့။

နယ်စပ်ဆင်းတော့မယ် ဆိုတော့ ကျနော့်ကို ကိုခန့်ကြီးက (တာမွေက မောင်ခန့်လို့ လူသိများတယ်) ပြောတယ်ဗျ။ ဒီကောင်လေး တောထဲမှာ ဘာလိုက် လုပ်မှာလဲ။ ပန်းတွေနဲ့ပေါက်တန်း ကစားနေတာ မဟုတ်ဘူး။ သေနတ်တွေ ကျည်ဆံတွေနဲ့ စစ်တိုက်နေတာလို့ ပြောတယ်ဗျ” ဟု ကိုငြိမ်းက ရယ်မော၍ ကျနော့်ကို ပြောပြဖူးတယ်။ ကိုခန့်တယောက်လည်း ဆုံးသွားတာ ကြာပါပြီ။

ကိုငြိမ်းဟာ သူမှန်တယ်ထင်လို့ လုပ်မယ်လို့ သတ်မှတ်ထားတဲ့ အလုပ်တွေကို သူတတ်နိုင်သလောက် ရသလောက် နောက်ဆုံး ကွယ်လွန်သည်အထိ လုပ်ခဲ့တယ်။ ရလိုမှုကြောင့် နိုင်ငံရေးမကစားဘူး၊ သူများ အပေါ်မှာလည်း တကျီကျီ လုပ်နေတဲ့ လူစားမျိုး မဟုတ်ဘူး။ စောတော့ စောလွန်းသေးတယ်၊ ဒါပေမဲ့ သွားပြီဆိုတော့လည်း သွားနှင့်တော့ ကိုငြိမ်း။

ဇော်မင်း
၃ဝ ရက် ဧပြီလ၊ ၂ဝ၁ဝ ခုနှစ်။

၂၉ ၊ ၄၊ ၂ဝ၁ဝ နေ့မှာ ကျဆုံးခဲ့တဲ့ 
ရဲဘော်မောင်မောင်ငြိမ်း (ခ) 
ကဗျာဆရာ မောင်ငြိမ်းလူ (ဟယ်လ်ပင်) သို့ …

.