ရွှေကြယ်မိုး – 
သကြားချပ်​​တွေမိုးထားတဲ့​ခေါင်​မိုးရဲ့ ဟိုးအ​ပေါ်

.

စတစ်​​ကော်​လံနဲ့ သက္ကရာဇ်​​တွေကို
သိခဲ့ဖူးတဲ့ မင်းလည်း အခု ဂျင်း​ဘောင်းဘီရှည်​နဲ့
ဟစ်​ပီဆန်​လာတာကို ​တွေးမိချင်​မှ ​တွေးမိ​တော့မယ်

ကောက်​ရိုးပြင်​​ပေါ်က ​ဖုန်​ထ​ခြေ​ထောက်​​တွေ
ဘယ်​​ပျောက်​သွားသလဲလည်း
တွေး​တောဖို့ မင်း စိတ်​ပါချင်​မှ ပါ​တော့မယ်

ရွှေ​ရွှေချင်းထပ်​ပြီး ပျက်​ခဲ့ရတဲ့ သက္ကရာဇ်​​တွေဟာ
ဖျက်​သိမ်းခံလိုက်​ရတဲ့ ရက်​အင်​ဒီယန်း​တွေလို
တောက်​ပခဲ့သမျှ မီးပုံပွဲ​တွေက ခု​တော့ ပုံပြင်​လိုလိုပဲ

ငါ့ကို မရခဲ့တာဟာ
မင်းရဲ့ ကမ္ဘာကြီးကို ရခဲ့တာပါ
ငါ့ကို စွန့်​ခွာခဲ့တာဟာ
မင်းရဲ့ ​တောက်​ပတဲ့ကုန်း​မြေသစ်​​တွေ ရှာ​ဖွေခန်းပဲ

ဘဝထဲမှာ ဘဝကလွဲရင်​ အားလုံးရှုံးတဲ့လူတ​ယောက်​ကို
အချစ်​လို့ အချိန်​အကြာကြီး​ ဘယ်​​ပြောနိုင်​မလဲ

ပေ​လေးဆယ်​​ခြောက်​ဆယ်​ ​ဂရမ်​​မြေကွက်​​တွေထက်
အလယ်​ပိုင်း ရိုးမ​တောအုပ်​ကြီး​တွေကို ​ဆွေး​ဆွေး​မြေ့​မြေ့ 
ကြည့်​​နေဖို့ပဲ စိတ်​ဝင်​စားတဲ့လူ

အာမခံချက်​မဲ့​နေတဲ့ ​ဈေးကွက်​စီးပွား​ရေးကို မ​တွေး​ခေါ်ဘဲ
တောင်​တန်း​တွေကို ပိုင်​ဆိုင်​ဖို့ စိတ်​ကူးယဉ်​​နေတဲ့ လူမျိုး

ဘိုးစဉ်​​ဘောင်​ဆက်​ ပုံပြင်​​တွေထဲ
တကယ့်​ ​သွေးအစစ်​​တွေပါလာတာ မင်းက ဘယ်​နှစ်​မြို့မလဲ

မဟာစကြာဝဠာ ​ပေါက်​ကွဲမှုဖြစ်​စဉ်​အပြီး
ဟိုးနှစ်​သန်း​ပေါင်းများစွာထဲက ကြယ်​​တွေရဲ့ စီး​မျောမှုမှာ
မင်းကိုချစ်​မြတ်​နိုးတဲ့ ငါရယ်
ငါ့ကို လိုလိုချင်​ချင်​ ​တွေး​ခေါ်ဖူးတဲ့ မင်းရယ်​ဟာ
ပေါင်းစပ်​မရတဲ့ ပဋိပက္ခ​တွေအဖြစ်
ဒီဘက်​​ခေတ်​မှာ​တော့
ကုန်​​ဈေးနှုန်းရဲ့ ပြဌာန်းချက်​ကို နာခံကြရတယ်

ဘယ်​ဆင်​ရိုင်းကမှ ကျုံးသွင်းခံ​နေရချိန်​မှာ
ကျုံးသွင်းခံ​နေရပါတယ်​လို့ မသိခဲ့ကြဘူး​လေ
ငါတို့ရခဲ့တဲ့ လူ့အဖွဲ့အစည်းဟာ
ငရဲပြည်​က သာတူညီမျှ ​ကြွေး​ကြော်​သံ တရပ်​ပဲ

မီး​လောင်​မှုကို အား​ပေးတဲ့
ဟိုက်​ဒရိုဂျင်​နဲ့ ​အောက်​စီဂျင်​ ပေါင်းမိကြရင်
ဆန့်​ကျင်​ဘက်​ဘဝ၊ ​ရေကို ရသလိုမျိုး
ငါတို့ဘဝမှာ​တော့ မရနိုင်​​တော့ဘူး​ပေါ့

ကျောခိုင်းခြင်းလမ်း​တွေသာ
အ​ရှေ့အ​နောက်​ ​တောင်​​မြောက်
အလင်းအ​မှောင်​အလိုက်​ ရှည်​​ဝေးသွား

အေး​လေ
ငါတို့​ကောင်းကင်​ဆိုတာကလည်း
လွန်​ခဲ့တဲ့ နှစ်​တသိန်း​လောက်​က ​ကြွေခဲ့တဲ့ ကြယ်​​တွေကို
ညတိုင်း အဟုတ်​မှတ်​ခဲ့ကြရတာကိုး

မင်း တ​ရေးနိုး ထ​သောက်​စရာ​ရေမှာ
ငါ့အသံမပါ​တော့ဘူး
မင်းယုံကြည်​တဲ့ နီယွန်​မီးများကြားမှာ
ငါယုံကြည်​တဲ့ သာတူညီမျှမှု မရှိတာက​လည်း
မင်းဘဝရဲ့ အ​တောက်​ပဆုံး အမှန်​တရားပဲ​ပေါ့။         ။

ရွှေကြယ်​မိုး