မြနှောင်းညို – ဖက်ဒရယ်မူ

.

‘ ခေတ်မိုး ’ သတင်းဂျာနယ်က [ ၂၀၁၄၊ မေ ၁၄ ] တွင် ဖော်ပြထားသည်ကို  ကောက်နုတ် တင်ပြပါသည်။ နောက်ကြောင်းပြန်၍ ကောက်ကြောင်းလှန်သင့်သည့် ကိစ္စ ( Issue ) မှာ ဖက်ဒရယ် မူဖြစ်ပါသည်။

ယနေ့ ပြည်တွင်း ငြိမ်းချမ်းရေး၏ 
အခြေခံ အကျဆုံး အဖြေသည် ဖက်ဒရယ်စနစ်ဖြစ်သည်။ 
ဖက်ဒရယ်စနစ်နောက်မှ
တိုင်းရင်းသားများ တန်းတူညီမျှရေး၊
သယံဇာတ ခွဲဝေရေးတို့ လို အပ်လာပါသည်။

က်ဒရယ်စနစ်သည် ဆယ်စုနှစ် သုံးခုကျော်လာသည်အထိ  ပြည်သူတို့ နားခါးစေရန် လုပ်ကြံခံရသော စကားလုံးများ ဖြစ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံကို နှစ်ပေါင်း ငါးဆယ်ကျော်  စစ်အာဏာရှင် လက်အောက်သို့ ကျရောက်စေခဲ့ပြီး အခြေခံလူတန်းစားသစ် ( New Class ) များကို မွေးဖွားစေကာ ‘ အခြေခံလူတန်းစားထု ’ အား လူမွေးပြောင်အောင် လုပ်ခဲ့ကြသည် ဆိုသူများ၏  အလိမ်အညာ အကြောင်းပြချက် စကားလုံးများဖြင့် အသုံးချခံခဲ့ရသည်။ ကာယကံရှင်များ ကိုယ်တိုင် အသိဆုံး ဖြစ်ပေမည်။

မ်းစဉ်ပါတီ၊ တပါတီအာဏာရှင်စနစ် အစိုးရလက်ထက်၌ လမ်းစဉ်ပါတီ၏ တာဝန်ပေးအပ်ချက်အရ ‘ မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့ ’ ကိုဖွဲ့စည်း၍ သမိုင်းကိုရေးသား ပြုစုပေးခဲ့သည်။ ပြုစုကြသူများမှာ ဦးကျော်ဝင်း၊ ဦးမြဟန်နှင့် ဦးသိန်းလှိုင်တို့ ဖြစ်ကြသည်။ ၎င်း အဖွဲ့က ပြုစုရေးသားခဲ့သော မြန်မာနိုင်ငံရေးသမိုင်း [ ၁၉၅၈ – ၁၉၆၂ ] တတိယတွဲ စာမျက်နှာ ( ၃၅၀ ) တွင် ‘ ဖက်ဒရယ်မူ ’ အကြောင်း ပါရှိလာသည်။

ဖြစ်ရပ်အမှန်များ ရေးသားပြုစုခဲ့သည်ဆိုသော စာအုပ်တွင် ပါရှိသည့်အတိုင်း ‘ ခေတ်မိုး ’ သတင်းဂျာနယ်က ဖော်ပြပါသည်။ ယင်းဖြစ်ရပ်မှန်ဆိုသော ဖက်ဒရယ်မူအကြောင်းကို ကောက်ကြောင်း လှန်ကြည့်သင့်သည်။ ကောက်ကြောင်းမှန်များကို တွေ့ရှိပြီဆိုလျှင် ယနေ့ ရိုးသားသော ပြည်သူတို့က အသည်းလှိုက် အူလှိုက် လိုလားနေကြသော  ပြည်တွင်းငြိမ်းချမ်းရေး  (အလုံးစုံ၊ ဘက်စုံ၊ ငြိမ်းချမ်းရေး ) စစ်စစ်ကို လက်ဆုပ်လက်ကိုင် ပိုင်ဆိုင်ရနိုင်သော  အထောက်အကူ ဖြစ်လာဖွယ်ရှိသည်ဟု ယုံကြည်မျှော်လင့်မိပါသဖြင့် မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ 

[ ခေတ်မိုးဂျာနယ်၊ ၂၀၁၄၊ မေ ၁၄ ] ဖိုးသောကြာ ( ခေတ်မိုး ) ၏ တင်ပြချက်များမှာ ယနေ့တိုင် လိုအပ်နေသော ကျွန်မတို့၏ တိုင်းပြည်နှင့် နိုင်ငံအတွက် မြင့်မားလာသင့်လှသော အရည်အသွေးများပင် ဖြစ်နေပါသည်။

ဖက်ဒရယ်နှင့် ပတ်သက်ပြီး ကျွန်မလေ့လာ ဖတ်ရှုရသမျှ တင်ပြရမည် ဆိုပါက .. ..

ဝီ ကီပီးဒီးယားမှ ကောက်နုတ်ချက်အရ အောက်ပါဆောင်းပါးမှာ နိုင်ငံရေးစနစ် ဖက်ဒရေးရှင်း  သို့ မဟုတ် ဖက်ဒရယ် အခြေအနေသည် အမှန်တကယ်ရှိနေသော နိုင်ငံရေး ဖြစ်သည်။ တစိတ်တပိုင်း အားဖြင့် ပြည်နယ် အစိုးရများက အုပ်ချုပ်သော သို့မဟုတ် ဗဟိုအစိုးရက အုပ်ချုပ်သော  ပြည်ထောင်စုအစိုးရ ဖြစ်ပါသည်။

က်ဒရေးရှင်းတခုတွင် – ပါဝင်သော  ပြည်နယ်များက ကိုယ်တိုင်အုပ်ချုပ်ကြသည်။ သူတို့ အချင်းချင်းနှင့် ဗဟို အစိုးရတို့ အာဏာခွဲဝေခြင်းဖြင့် ခိုင်မာစွာ အမြစ်တွယ်နေပါသည်။ ပါတီ သို့ မဟုတ် ပြည်နယ်များ သို့မဟုတ် ဖက်ဒရယ် နိုင်ငံရေးကိုယ်၌က ပြောင်းလဲ နိုင်မည်မဟုတ်ပါ။ အခြား တနည်းအားဖြင့် ဆိုရလျှင် ဖက်ဒရေးရှင်းမှာ အချုပ်အခြာ အာဏာကို ဗဟိုအဖွဲ့အစည်းနှင့် အခြေခံဥပဒေ ပြုပြင်ပြင်ဆင်ခွင့်ရှိသော နယ်ပယ်များက အတွင်းရေး ကိစ္စများတွင်  ဒီဂရီတခုအထိ ကိုင်တွယ်ထားရှိသည်ဟု ဆိုပါသည်။ အစိုးရ သို့မဟုတ် ဖက်ဒရေးရှင်းတွင် တွေ့ရှိရသော အခြေခံဥပဒေဆိုင်ရာ အဖွဲ့အစည်း ဖက်ဒရယ်လစ် သို့မဟုတ် ဖက်ဒရယ်လစ်ဇင်၏ ဥပမာ ဖြစ်သည်။

၎င်းကို ပြင်သစ်နိုင်ငံတွင် ကျင့်သုံးပါသည်။ ရာစုများစွာတွင် ကျင့်သုံးခဲ့သည်ဟု  သိရှိရပါသည်။ သြစတီးယားနှင့် ဘန်ဒါလန်းဒါတွင် စီမံခန့်ခွဲခြင်း အသီးသီးခွဲဝေ အုပ်ချုပ်ပြီး  သြစတြီးယန်း ဖွဲ့စည်းခြင်း ကဲ့သို့ ကိရိယာ တန်ဆာပလာအားဖြင့် သြစတြီးယား – ဟန်ဂေရီတို့သည် ၁၉၁၈ တွင် ပြို ကွဲခြင်း ဖြစ်ပေါ်ခဲ့ပါသည်။ သူ၏ ပြည်နယ် ( ၁၆ ) ခု သို့မဟုတ် ဘန်းဒစ်လန်းနှင့် ဂျာမနီသည် ဖက်ဒရေးရှင်း နမူနာဖြစ်ပါသည်။

က်ဒရေးရှင်းများမှာ များပြားစုံလင်သော လူမျိုးစုတွေပါဝင်ပြီး ရုရှား၊ အမေရိကန်ပြည်ထောင်စု  ကနေဒါ၊ အိန္ဒိယ သို့မဟုတ် ဘရာဇီးလ် တို့ကဲ့သို့ နယ်မြေဧက ကျယ်ဝန်းကြပါသည်။ မူလ သဘောတူညီချက်များအရ ခိုင်မြဲမှုရှိကြပြီး မတူညီခြင်း၊ ခြားနားကွဲလွဲခြင်းများကို ဖြေလျှော့လျက် အတူပူပေါင်း ဆောင်ရွက်ကြပါသည်။ တခါတရံ သိမှတ် ဂရုပြုပြီး ပိုမို နီးကပ်စွာ ဆောင်ရွက်ကြသည်။ တခါတရံ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဘာသာစကားတို့နှင့် သက်ဆိုင်လာသော အခါ ဖိနှပ်မျိုသိပ်ထားရတတ်ပါသည်။ 

ရှေးခေတ်တွင် ဆွစ်နိုင်ငံ ကွန်ဖက်ဒရေစီ မဟာမိတ်ဖွဲ့စည်းထားသည်မှာ စည်းကမ်း နည်းလမ်းကျသော နိုင်ငံ၏ ပုံစံနမူနာ ဖြစ်ပါသည်။

ကမ္ဘာသစ်တွင် ပါဝင်ကြသည့် ကိုလိုနီများ၊ ဒိုမီနီယမ်များ၊ ကိုယ်ပိုင် အုပ်ချုပ်သော နိုင်ငံများ၊ လက်အောက်ခံနိုင်ငံများသည် ဖက်ဒရယ်နိုင်ငံများသို့ ပြောင်းလာကြသည်။ စံပြအားဖြင့် အမေရိကန် ပြည်ထောင်စု ဖြစ်ပါသည်။ နှစ်ပေါင်း နှစ်ဆယ်ခန့် အကြာတွင် အချို့နိုင်ငံများ၏ ဖက်ဒရေးရှင်း တည်ဆောက်မှု (အမေရိက အလယ်ပိုင်း ဖက်ဒရယ်ရီဘတ်ဘလစ် မတည်တံ့ခဲ့ပါ။) အာဂျင်တီးနား၊  မက္ကစီကို တို့သည် နောက်ဆုံးတွင် ဖက်ဒရေးရှင်း စနစ်ဖြင့် ရပ်တည်ခဲ့သည်။

ဘရာဇီလ်သည် သက်ဦးဆံပိုင် ဘုရင် အုပ်စိုးခြင်းစနစ် အဆုံးသတ်သွားပြီးနောက်  ဖက်ဒရေးရှင်စနစ်ဖြင့် ရပ်တည်ခဲ့သည်။ ဗင်နီဇွဲလား၊ သြစတေးလျ၊ ကနေဒါတို့သည်လည်း  ဖက်ဒရေဒရှင်းများ ဖြစ်လာခဲ့သည်။ ဂျာမနီသည် အဆင့်ဆင့် ပြောင်းလဲပြီးနောက် နောက်ဆုံး ဖက်ဒရေးရှင်းအဖြစ် ရပ်တည်ခဲ့သည်။ ရုရှားနိုင်ငံသည် ဖက်ဒရေးရှင်း အဖြစ် အမွေ ဆက်ခံထားပါသည်။

နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ အိန္ဒိယ၊ မလေးရှားတို့သည် ဗြိတိသျှ ကိုလိုနီ အဖြစ်မှ လွတ်မြောက်ပြီးသည်နှင့် မရှေးမနှောင်းပင်  ဖက်ဒရေးရှင်းများ ဖြစ်လာကြသည်။ ဘော့စနီးယား၊ ဟာဇာဂိုးနီးယား၊ အီရတ်တို့သည် ၂၀၀၅ ကတည်းက လူမျိုးစုဆိုင်ရာ တိုက်ခိုက် တွန်းလှန်သည့် ရန်ပွဲများ ဖြစ်ခဲ့ကြသည်။

နီပေါလ်သည် [ ၂၀၁၅၊ စက်တင်ဘာ ၂၀ ရက် ] နေ့တွင် ဖက်ဒရေးရှင်း ပြည်ထောင်စုနိုင်ငံ ဖြစ်လာပါသည်။

ချို့သော ဖက်ဒရေးရှင်းများသည် လွတ်လပ်သော ပြည်ထောင်စုများချည်း မဟုတ်မူ၍  အချို့က ဗဟိုအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေကြပြီး အချို့က အချုပ်အခြာ အာဏာ သုံးစွဲသည့် အလေ့အထ ရှိနေသေးသည်။ အချို့ ဖက်ဒရေးရှင်းများသည် အချိုးအစား မညီမျှသော အဖွဲ့အစည်းများ ဖြစ်သည်။ အချို့ ပြည်နယ်များမှာ  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိနေသည်။ ( ဥပမာ – ပင်နီဇူးလား၊ မလေးရှား ပြည်နယ်များ )

ယူနစ်ထရီ ( Unitary ) အခြေအနေရှိသော ပြည်နယ်၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိသည်။

ယနေ့ နိုင်ငံရေး အသုံးအနှုန်းအရ ကွန်ဖက်ဒရေးရှင်း ဆိုသည်မှာ အမြဲတမ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရှိသော ပြည်နယ်များဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။

ဖက်ဒရေစီ ဆိုသည်မှာ အလွန်အမင်း အချုပ်အခြာ အာဏာသုံးစွဲသည့် အချိုးအစား မညီမျှ သော အဖွဲ့အစည်းဖြစ်သည်။ တင်းကျပ်သော ဖွဲ့စည်းမှုအောက်တွင် ရှိသော အဖွဲ့ အစည်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံဖြစ်သော တရုတ်ပြည်မကြီးသည်  တရုတ်ရီဘတ်ဗလစ်၌ တရုတ် အကျင့်စရိုက် ပေါ်လွင်စေသော စနစ်ဖြစ်သည်။

ဖက်ဒရယ်အစိုးရများဆိုသည်မှာ ပြည်ထောင်စု အစိုးရဖြစ်ပြီး  တိုင်းပြည် လုံခြုံ စိတ်ချရသော ကာကွယ်မှု ပေးသည့်အပြင် နိုင်ငံတကာ ဆက်ဆံမှု အပိုင်းတွင်လည်း ပါဝင်သည်။

လတ်တလော ဖတ်ရှု တွေ့ရှိရသော စာအုပ်များအနက် .. ..

၁။ ဒေါက်တာကျော်ဝင်း၊ သမိုင်းပါမောက္ခ(ငြိမ်း)၏ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ဆောက်ခြင်း။

၂။ ဒေါက်တာတိုးမြင့် ( မြန်မာပြည်တွင် ဖက်ဒရယ်မူ ထူထောင်စို့ )

သူတို့ ရေးသားတင်ပြခြင်းများအရ …

ဒါက်တာကျော်ဝင်း၏ အမှာတွင် – ပြည်ထောင်စု စနစ်ဆိုသည်မှာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံများ တန်းတူရည်တူ ဆန္ဒအလျှောက် ပူးပေါင်းဖွဲ့စည်းကာ ဗဟိုပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာနှင့် အခွင့်အရေးများ ခွဲဝေပေးထားသော  စနစ်ဖြစ်သည်။

၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ပြင်ဆင်စရာ ပေါ်လာသဖြင့် ၀န်ကြီးချုပ်ဦးနုက တိုင်းရင်းသား ခေါင်းဆောင်တို့အား  ၎င်းတို့ ပြင်ဆင်စရာများကို တင်ပြရန် ခွင့်ပြုခဲ့သည်။ ထိုအခါ ရှမ်းခေါင်းဆောင်များက ဦးဆောင်၍ ဖက်ဒရယ်မူကို တောင်းဆိုလာခဲ့သည်။ ဆွေးနွေးဆဲမှာပင် တပ်မတော်၏ အာဏာသိမ်းခြင်းကို ခံလိုက်ရသည်။  ဖက်ဒရယ်မူကြောင့် ပြည်ထောင်စု ပြိုကွဲတော့မည်ဟူသော အကြောင်းပြချက်ဖြင့်  အာဏာ သိမ်းခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။ ဖက်ဒရယ် ဝါဒသည် ကြောက်စရာကောင်းသော ဝေါဟာရ ဖြစ်ခဲ့ရပြီး လေသံမျှပင် မဟရဲကြ၊ မဆွေးနွေးရဲကြပါ။

ဒါက်တာတိုးမြင့်၏ အမှာ သို့မဟုတ် ကိုအောင်ထိုက် ( စိတ်တိုင်းကျ ) သို့ ဦးညွှတ်ခြင်း ဆိုရာ၌ [ ၉ – ၆- ၁၉၇၅ ] နံနက် ဆေးတက္ကသိုလ် – ၂ မှ ကျောင်းသားငယ်တစု ဦးဆောင်ပြီး အတန်းပေါင်းစုံ ကျောင်းသူ၊ကျောင်းသားများက ရန်ကုန် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာမှ အဖမ်းခံကြရပြီး ( ၁၇ ) ဦး ထောင်ကျခဲ့သည်။

ကိုအောင်ထိုက်သည် ထောင်အကြိမ်ကြိမ် ကျခဲ့ပြီး အများကောင်းကျိုးအတွက် ပြင်းထန်သော ယုံကြည်ချက်တို့ဖြင့် တရားမ၀င်သော အစိုးရ၏ တရားသေ ဥပဒေများကို  ငြိမ်းချမ်းစွာ ဆန့် ကျင်ခဲ့သည်။ အချိန်စောစွာ သေဆုံးရသော်လည်း စေတနာ ကုသိုလ်ကံသည် ကမ္ဘာတည်သရွေ့ မြဲမြဲခိုင်ခံ့ နေပါလိမ့်မည်။ ဖိနှိပ်ခံ ပြည်သူများ လွတ်မြောက်ရေးအတွက် သူငယ်ချင်းတို့၏ လုပ်ဆောင်ချက်များကို – ဆိုသောအမှာစာ .. ..

သူက မြန်မာနိုင်ငံအတွက်  သင့်လျော်သော ဖက်ဒရယ်မူဝါဒဟု တင်ပြထားရာတွင်  ဖက်ဒရယ်လစ်ဇင်သည် အစိုးရတခု၏  အုပ်ချုပ်မှု ပုံစံ တခုဖြစ်ပြီး အရပ်ဒေသ တခု သို့မဟုတ် တိုင်းပြည်တခုအား အုပ်ချုပ်မှု အဖွဲ့နှစ်ခု သို့မဟုတ် နှစ်ခုထက် ပိုမို  ခွင့်ပြု အုပ်ချုပ်ခြင်း ဖြစ်ပါသည်။ 

က်ဒရယ်ဝါဒ ဆိုသည်မှာ  အစိုးရနှင့် ပြည်သူ ပိုမို နီးကပ်စေခြင်း ဖြစ်ပါသည်။ လူထုက မိမိတို့၏ အခွန်ငွေ ပါဝင်လျှက် မိမိတို့အတွက် ကျောင်း၊ ဆေးရုံ၊ လမ်း၊ ရေ၊ အညစ်အကြေးစွန့်စီမံခြင်း တို့ကို ကိုယ်တိုင် လုပ်ကိုင်ကြပါလိမ့်မည်။ အစိုးရသည် လူထု၏ ဆန္ဒကို နာခံသူ၊ လူထု၏ ဆန္ဒသည် အစိုးရ၏အထက် နေရာယူရမည်ကို သိရှိ သဘောပေါက် ကျင့်သုံးလာနိုင်စေပါသည်။

ဖက်ဒရယ်မူဝါဒသည် အယူအဆတရပ် ဖြစ်ပါသည်။ ခေတ်အလိုက် နိုင်ငံအလိုက် အမျိုးမျိုး အသွင်ပြောင်းနေပါသည်။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်သည် အချိန်၊ ခေတ်၊ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေး အမျိုးမျိုးတို့ နှင့် အံဝင်ခွင်ကျအောင် ပြောင်းလာခဲ့ပါသည်။

ဖက်ဒရယ် ဒီမိုကရေစီသည် ဗဟိုချုပ်ကိုင်မှု မရှိသော  အစိုးရဖြစ်ပြီး လူထုထံတွင် အာဏာတည်ပါသည်။ လူထုသာလျှင် အမြင့်ဆုံး ဆုံးဖြတ်ခွင့် အာဏာရှင်ဖြစ်သည်။

မြနှောင်းညို