ပရဟိတဆရာတော်(သို့မဟုတ်) ရွာကလေးရဲ့လရောင် – ထက်ဝေး 

.

ကိုယ်လည်း ဘေးလွတ်ရာရှောင် သူတပါလည်းဘေးလွတ်ရာဆောင် …ဆိုတဲ့ စကားကို ကျွန်တော်ရင်ထဲစွဲမိပါတယ်။ ဘယ်လိုလူဟာ အလှဆုံးလဲဆိုရင် အများအကျိုးထမ်းရွက်သူမှ တကယ် လှတယ်လို့ ဆိုချင်ပါတယ်။ ကျွန်တ်ာက အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ကျွန်တော့် ရဲ့ အလယ် တန်းပညာသင်မှုဟာ ကြို့ကုန်းကျောင်းမှာပြီးဆုံးပြီး အထက်တန်းကိုတော့ အ.ထ.က အိမ်မဲမြို့မှာ ဆက်လက် သင်ယူခဲ့ပါတယ်။

ဆိုတော် ခင်မောင်တိုးရဲ့ ‘ ခွန်အားဖြည့်မိငယ် ‘သီချင်းထဲက စာသား အများအကျိုး အတွက် တာဝန်ထမ်းရွက်တဲ့အခါ တကယ်ကိုယ်ကျိုးစွန့် နိုင်မှ ဆိုသလို ပရဟိတလုပ်သူတွေဟာ ကိုယ်ကျိုးစွန့်သူတွေ ဖြစ်ပါတယ်။ ပရဟိတဆိုတာ တခြားသူရဲ့အကျိုးလို့နားလည်မိပါတယ်။ Social Welfare( ၀ဲလ် ဖဲယား)ဆိုတာ တိုးတက်နေတဲ့ လူ့ဘောင်ကြီးမှာ ခေတ်စားလာတဲ့ စကားလုံးဖြစ်သလို တကယ်လည်းလုပ်လာကြ တာ တွေ့ရပါတယ်။

ကျးလက်သားတွေဟာ တနေ့ကုန်တနေခန်း အလုပ်လုပ်ရသူတွေဖြစ်ပါတယ်။ လယ်ထဲ ကိုင်းထဲဆင်းပြီး မိုးအုပ်ချုပ်မှ အိမ်ပြန်လာရသလို နွေရာသီ ကျောင်းပိတ်ရက်တွေမှာ မြို့ပေါ်က ကလေးတွေလို သုံးလပြတ်ကျူရှင်တွေလည်း မတက်နိုင်ပါဘူး။ မိဘကူရပါတယ်။ ကျောင်းဖွင့်ချိန်ဆို ကျောင်းတက်ရတဲ့အခါ အ၀တ်အပိုတွေယူပြီး သွားရပါတယ်။ လမ်းကမကောင်းတော့ ရွှံ့ထဲဗွက်ထဲ သူတို့ သွားရတာတွေကြည့်ပြီး စိတ်ဆင်းရဲခဲ့ဖူးပါတယ်။

တခါတုန်းက ကျွန်တော်ဟာ အိမ်မဲမြို့ကအပြန် မြက်နီကွင်းကျေးရွာကနေ ကျွန်တော့် ရွာကို သရက်ပင်ကွင်းကျေးရွာကို ဖြတ်သန်းပြန်ဖူးပါတယ်။ မိုးတွေတအားရွာနေတဲ့ အချိန်မှာ ရွှံထဲဗွက်ထဲ ခြေချော်ကျ၊ ချော်လဲခဲ့ ရဖူးပါတယ်။ ဒီလိုဆိုးဝါးလှတဲ့လမ်းကြောင့် လယ်သမားတွေကလည်း သီးနှံ ပေါ်ချိန်ဆို သီးနှံကို ဈေးစောင့်လို့ မရပါဘူး။ မိုးမကျမီ ရောင်းရပါတယ်။ မိုးတွင်းဆို သယ်ယူလို့ မကောင်းတော့ဘူး။ နွေအခါပဲ ထော်လာဂျီနဲ့တင်လို့ မြို့က ဆန်စက်တွေဆီ စပါးရောင်းရသလို ပွဲရုံ တွေဆီ ရောင်းချရပါတယ်။

ထက်မှာ ကျွန်တော်ပြောသလို လူတယောက်ရဲ့ အလှဟာ ရိုးသားဖြူစင်ခြင်း၊ သစ္စာရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း အများအကျိုးကို ထမ်းရွက်လိုခြင်း စတာတွေနဲ့ပြည့်စုံမှ လှမယ်လို့ ဆိုချင်ပါ တယ်။ လွန်ခဲ့တဲ့ နှစ်တွေက ဂျပန်သံရုံးအကူအညီနဲ့ လမ်းဖေါက်မယ်လို့ ကြားသိရပါတယ်။ ဆရာတော် ဦးသောဘိတ ဦးဆောင်တယ်လို့လည်း ပြောသံကြား ပါ တယ်။ စိတ်ထဲမှာ အော် ..လမ်းကလေး ကောင်းရင် ပျော်စရာပေါ့ ဆက်သွယ်ရေး လည်း ကောင်းမယ်ပေါ့။

ရာတော် ဦးသောဘိတဆိုတာ ကျွန်တော် မသိပါ။ မမြင်ဖူးပါ။ ကျွန်တော်နဲ့ တနယ်တည်းသားပေမယ့် ကျွန်တော်က အထက်တန်း ကျောင်းသားဘ၀ကတည်းက မြို့ကို ပြောင်းသွားသူဆိုတော့ မဆုံဖြစ်သလို ဆရာတော်ကလည်း ထိုင်းမှာ ဗုဒ္ဓတက္ကသိုလ်တက်ရာက်နေပါတယ်။ ကျွန်တော်နဲ့ ဆရာတော်ဆုံတွေ့ဖို့ကတော့ အိမ်မဲ သား စာရေးဆရာ၊ ဒါရိုက်တာ ဆရာအောင်စိုးဦးက ဆက်သွယ် သိကျွမ်းစေခဲ့ ပါတယ်။

ရွာသစ်တိုက်နယ်ဘက်မှာ ကားတိုက်ခံရလို့ ခြေကျိုးသွားတဲ့ လူတစ်ယောက်ကို ကားသမားက စာနာမှုမဲ့မဲ့ မောင်းပြေးခဲ့လို့ ဆရာတော်ကတွေ့ပြီး သူနဲ့မသိပေမယ့် ဆေးရုံပို့ ပေးခဲ့ တယ်။ နောက်တော့ တာဝန်မယူနိုင်ဘူးလိုလို မခံချင်စရာ စကားတွေပြောတော့ ဆရာတော် က အမှန်တရားကို ဖေါ်ဆောင်လာတယ်။ ဒီလူနာအတွက် ဆေးဖိုးတွေလည်း စာပေဟောပြောပွဲ အခမ်း အနားလေးတစ်ခုလုပ်လို့ တက်ရောက်လာတဲ့ ဆရာတော့် ဒကာ ဒကာမတွေစုပေါင်း လှူဒါန်းလာပါတယ်။ ဒီကစလို့ သိကျွမ်းခဲ့ရပါတယ်။ (ဆရာတော့်ကျေးဇူးနဲ့ လူနာလည်းဆေးဖိုးရသလို ကားသမားကလည်း လာရောက် တာဝန်ယူခဲ့ တယ်လို့ သိရပါတယ်)

ရာတော်ဟာ ရပ်ရွာဖွံ့ဖြိုးရေးတွေကို ဆောင်ရွက်သူမို့ ဆရာတော့် ကျေးရွာမှာ စာရေးဆရာ ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်းတို့ကို ဖိတ်ခေါ်ပြီး စာပေဟောပြောပွဲကို အိမ်မဲမြို့နယ်စာရေး ဆရာ အသင်းက ဆရာတင်အောင်မိုး(အိမ်မဲ)နဲ့ ကျွန်တော်တို့ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ စာဖတ်ချင်စိတ်ဖြစ်အောင်လည်း အရင်ကတည်းက မှုခင်းကျဆင်းရေး ၊ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲတွေ ဆရာတော်က စီစဉ်ခဲ့ပါတယ်။ မြို့နဲ့ဝေးတဲ့နေရာလေးမှာ စာဖတ်သူတွေပေါများ လာခဲ့တယ်။ လူမှုဖွံ့ဖြိုးမှု အကျိုးဆောင်လူငယ်တွေ ပေါ်ပေါက်လာခဲ့တယ်။ ပရဟိတ္တလုပ်ဆောင်ဖို့ လူငယ်အဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ရဟိတလုပ်တဲ့ လူတွေဟာ အများစုက လှူဒါန်းတာလုပ်တယ်။ တံတားဆောက်တယ် ၊ လမ်းဖေါက်တယ် ဆိုတာလည်း နည်းနည်းရှား ပါတယ်။ လှူဒါန်းတာတွေကို အားစိုက်ကြပါတယ်။ အရေးကြီးတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကို ဆောင်ရွက်ကြတာ နည်းပါတယ်။ ဆရာတော်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဟောပြောပွဲကျင်းပပြီး သစ်ပင်စိုက်တာလည်း လုပ် ပါတယ်။

၀၁၆ ခုနှစ် ဇွန်လ(၅)ရက်နေ့က ဆရာတော် ဦးသောဘိတ ဦးဆောင်တဲ့ “အနာဂတ် ဘဝ လမ်းညွှန်ပရဟိတအဖွဲ့” က ကြီးမှူးလို့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနား ဟောပြောပွဲတရပ် ကျင်းပကြတယ်။ တက်ရောက်လာသူတိုင်း သစ်ပင်တွေ ယူလာကြပြီး အင်အား ၅၀၀ လောက်ကဟောပြောပွဲအပြီး သစ်ပင်တွေစိုက်ကြပါတယ်။ မကြာခဏဆိုသလို ရွာမှာ အသိဥာဏ်ပညာ ဖွံ့ဖြိုးဖို့ စာပေဟောပြောတွေကိုလည်း နှစ်စဉ် ကျင်းပပါတယ်။ ကျွန်တော်လည်း (၃)ကြိမ်လောက် သွားရောက်ဟောပြောဖူးပါတယ်။ စာပေဟောပြော ပွဲနေ့ဘက်လုပ်တဲ့ အခါတိုင်း ညအခါ နိဗ္ဗာန် ရောက်ကြောင်း တရားပွဲတွေကိုကျင်းပတာလည်း သတိထား မိပါ တယ်။

ကျန်းမာရေးဘက်မှာလည်း နာမကျန်းသူတွေရှိတဲ့အခါ သူ့ကားနဲ့ အချိန်မရွေးပို့ပေးသလို အနာဂတ်ဘ၀လမ်းညွှန်အဖွဲ့ကလည်း လိုသလို လိုက်ပါကူညီကြပါတယ်။ ဆိုတော့ကာ ကျန်းမာရေး ၊ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးတွေ အရင်ကတည်းက လုပ်ဆောင်နေခဲ့ပါတယ် ။ စာပေအနေနဲ့ ဖွံ့ဖြိုးဖို့ စာကြည့်တိုက်တွေမှာ စာဖတ်သူများလာဖို့လည်း ဆောင်ရွက် တာတွေရှိပါတယ်။ ကရင်စာပေတွေ သင်ကြားတာတွေ လည်းရှိပါတယ်။

ရဟိတဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံရေး လည်းပါတယ်လို့ ကျွန်တော်ခံယူထားပါတယ်။ နိုင်ငံရေးဆိုတာက ဆန္ဒပြတာ ၊ အမျိုးသားလှုပ်ရှားမှုတွေကို ဆိုလိုတာမဟုတ်ပါဘူး။ မြေယာဥပဒေတွေကို အသိပညာ ပေးဖြန့်ဝေတာ အထက်မှာတင်ပြသလို မတရားမှုတစ်ခုကို မှန်ကန်တဲ့ဘက်က ရပ်တည်ဖေါ်ထုတ်တာ နိုင်ငံသားအခွင့်အရေးတွေ လူ့အခွင့်အရေးတွေ အသိပညာပေးတာ တွေကို ဆိုလိုပါတယ်။

လောက ရန်ကုန်မှာရှိတဲ့ Social Alliance အဖွဲ့က ပရဟိတလူမှုအကျိုးဆောင် ဆုရွေးချယ် တော့ အကဲဖြတ်ဒိုင်အဖြစ် ကျွန်တော့်ကို ဖိတ်ကြားပါတယ်။ အဲ့ဒီမှာ ကျွန်တော့်ရဲ့ အကဲဖြတ် စံကတော့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ စံတွေနဲ့ တိုင်းတာခဲ့ပါတယ်။

ဆရာတော့်ရဲ့ စေတနာနဲ့ ကြို့ကုန်း သပြေကွင်း သရက်ပင်ကွင်း မြက်နီကွင်း ထန်းတပင်လမ်းထိ ဆက်သွယ်ရေးလမ်းတွေဟာ ချောမွေ့ခဲ့ပြီ။ ဒီလမ်းဖြစ်ဖို့ ဆရာတော်နဲ့အဖွဲ့ဟာ အခက်အခဲတွေကြားက အားစိုက်ကြိုးပမ်းခဲ့ရတာတွေကိုလည်း သိရသလို ရွာသားတွေ ညီညွတ်ကြတာကိုလည်းမြင်ရပါတယ်။

၀၁၅ခုနှစ် ဂျပန်နိုင်ငံ GG P အသေး စားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ် ဂျပန်အစိုးရနဲ့ ပြည်သူတို့ရဲ့ ထောက်ပံ့လှူဒါန်းမှုတွေ ပေါင်းပြီး ဆောက်လုပ်တဲ့ သရက်ပင်ကွင်း၊ သပြေကွင်း၊ အင်း တမိ၊ ကြို့ကုန်း ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲ အခမ်းအနားကို မေလ (၁၇)ရက် နေ့ က သရက်ပင်ကွင်း (အ.လ.က-ခွဲ)ကျောင်းရှေ့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီလမ်းဟာ အရှည်(၃)မိုင်ခွဲရှိပြီး အမေရိကန်ဒေါ်လာ တစ်သိန်းကျော်။ ကုမ္မဏီရဲ့စိုက်ငွေအပါအ၀င် မြန်မာငွေသိန်း(၁၅၀၀)ကျော် ကုန်ကျပြီး ဂျပန်သံရုံး GGP အသေးစားစီမံကိန်းများထောက်ပံ့ရေး အစီအစဉ်ကို လျှောက်ထားရာ (၂)နှစ်တိတိ အချိန်ယူရကြောင်း နဲ့ FUKKEN CO. LTD က ဆောက် လုပ် ပေးတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ဒီလမ်းမရှိတဲ့အခါတုန်းက ကိုယ်ဝန်ဆောင်မိခင်တွေ ၊ ပိုးထိတဲ့သူတွေ အချိန်မီဆေးရုံမရောက်လို့ အသက်ဆုံးရှုံးရသူတွေရှိသလို ကျန်းမာရေးနစ်နာခဲ့ရတာတွေ၊ ဒူးလောက်ရှိတဲ့ ဗွက်ထဲရုန်းပြီး ကျောင်း တက်ရတာ တွေ၊ လမ်းမှာ ဗွက်ထဲချော်လဲလို့ ကျောင်းပျက်ရ တာတွေ သီးနှံတွေကိုလဲ မိုးမ ကျမီ လုရောင်းရတာတွေ၊ သာရေးနာရေးကိစ္စတွေမှာလဲ ရပ်ဝေးကမိတ်ဆွေတွေကို ဒီဗွက်တောထဲမဖိတ်ရဲပါဘူး”လို့ ဆရာတော်က လမ်းဖွင့်ပွဲနေ့က မိန့်ကြားတာ ပြန်သတိရပါတယ်။

ရာတော်ဟာ ရွာမှာ ကျန်းမာရေးဟောပြောပွဲတွေလည်း မြို့နယ်ဆရာဝန်ကြီးအဖွဲ့နဲ့ ဆောင်ရွက်ခဲ့ပါ တယ်။ မီးဘေးနဲ့ သဘာဝဘေး အန္တရာယ် အကြောင်းသိစေဖို့လည်း မီးသတ်ဦးစီးမှူးနဲ့ ဟော ပြောပွဲ ၊ အစားအသောက်နဲ့ပတ်သက်လို့ စားသုံးသူရေး ရာဦးစီဌာနက ဦးစီးမှူးတို့နဲ့ ဟောပြောပွဲ တွေ ၊ ပညာရေးတွေပါတဲ့ စာပေဟောပြော ပွဲတွေ ဆောင်ရွက်ခဲ့ပါတယ်။ ထူးခြားတာက ပရိသတ်တွေ ဓမ္မာရုံမှာ လူပြည့်နေပြီး ပွဲမပြီးခင်ထပြန်တယ်ဆိုတာ မတွေ့ရပါဘူး။ ဆရာချစ်ဦးညိုတို့ ဆရာ မောင်စိန်ဝင်း တို့နဲ့ ညအချိန်ဟောပြောပွဲလုပ်တော့ လူတစ်ထောင်ကျော်လာခဲ့တာကို တွေ့ရပါတယ်။ ကျွန်တော် အံ့သြ၀မ်းသာမိပါတယ်။

ခါက ကြို့ကုန်းရွာနဲ့ ဆက်စပ်နေတဲ့ ကျွန်းတောစုရွာကနေ ရှမ်းကွင်းဘက်ထွက်တဲ့ ကျောင်း သွားလမ်းရွှံ့တွေဗွက်တွေထနေတာ၊ ကျောင်းသားတွေ ကျောင်းလာရတာ အခက် အခဲဖြစ် နေတာကို ဆရာတော်မြင်ပြီး စိတ်နှလုံးမချမ်းမြေ့နေတာ မြင်ဖူးပါတယ်။ သက်ဆိုင်ရာတွေကို ဒီလမ်းဖြစ်မြောက်ဖို့ ဆရာတော် လိုက်လံပြောဆိုတော့လည်း ကျွန်တော် ပါဝင်ဖူးပါတယ်။ တကယ်တော့ ဆရာတော်ဟာ သရက်ပင်ကွင်းမှာအမြဲနေရသူမဟုတ်ပါဘူး။ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှာ ပညာ သင်နေတာဖြစ်ပါတယ်။ သူ့စိတ်က ရပ်ရွာဖွံ့ဖြိုးရေးတွေအပေါ်မှာ ကျန်နေခဲ့မယ်လို့လည်း ကျွန်တော် ထင် မိပါတယ်။ တဖက်ကလည်း ပရိယတ္တိ၊ ပရိပတ္တိတွေ ကျင့်ဆောင်နေရသူလည်းဖြစ်နေပြန်ပါတယ်။

၀၁၈ မှာတော့ ဆရာတော်ဟာ ပညာရေးဖွံ့ဖြိုးစေဖို့ အင်္ဂလိပ်စာ၊ သင်္ချာ၊ကွန်ပျူတာ၊ ခေါင်းဆောင် မှုစွမ်းရည်၊ စကားပြောစွမ်းရည် ၊ အရေးအသားစွမ်းရည်တွေကို သင်တန်း ဖွင့် လှစ်လိုက်ပါတယ်။ ကျေးလက်က ကလေးတွေ ကွန်ပျူတာသင်တန်း မြို့ပြသွားတက်စရာ မလိုတော့ဘူး။ တက္ကသိုလ် ၀င်တန်းအတွက် သင်္ချာ၊ အင်္ဂလိပ်စာ လပြတ်တွေ မရှိတဲ့ရွာကနေ မြို့တက်ပြီး ရှာစရာမလိုတော့ဘူး။ သင်ကြားတဲ့ဆရာ၊ ဆရာမတွေကလည်း အထက်တန်းပြတွေ၊ မူလတန်းပြတွေ ၊ ကျောင်းအုပ်ဆရာကြီး /ဆရာမကြီးတွေ ဘယ်လောက်အဆင်ပြေလိုက်ပါသလဲ။

င်တန်းသားတွေအတွက် ခေါင်းဆောင် မှုစွမ်းရည်၊ စကားပြောစွမ်းရည်၊ အရေးအသားစွမ်းရည်တွေပါ သင်မှာဆိုတော့ ဒီသင်တန်းကနေ ခေါင်းဆောင်တွေ ၊ စာပေသမားတွေ ထွက်ပေါ်လာနိုင်တယ်လို့ မျှော်လင့်လို့ ရနိုင်ပါပြီ။ အမိုးမလိုဘူး အကာမလိုဘူး အခင်းမလိုဘူး ဖြစ်ချင်တဲ့စိတ် လုပ်ချင်တဲ့စေတနာပဲလိုတာပါ.. ဆိုတဲ့ ဆရာတော်ရဲ့မိန့်ကြားချက်ကို သဘောကျနှစ်ခြိုက်စွာပဲ နာယူမိပါတယ်။

ရာတော့်ရဲ့ပရဟိတလုပ်ငန်းတွေကို အများစုက အင်တိုက်အားတိုက် ဝန်းရံကြတာကိုလည်း မြင်မိပါတယ်။ ဒီလိုပရဟိတလုပ်ငန်းကို ဆရာတော်ဦးဆောင်တဲ့အဖွဲ့ဟာ အရင်ကတည်းက အခြေစိုက်လုပ်ကိုင်လာကြတာဖြစ်တယ်။ ဒီလိုသင်တန်းတွေ နွေရာသီမှာ နေရာတော်တော်များများဖွင့်လှစ်နိုင်မယ်ဆိုရင် လူ့စွမ်းအား အရင်းအမြစ်တွေ တိုးတက်လာမှာမလွဲပါဘူး။ နိုင်ငံတော်အတွက် အားတရပ်ရရှိလာမှာအမှန်ပဲလို့ ဆိုချင်ပါတယ်။

ကျွန်တော့်စကားကိုပြန်ဆက်ရရင် ကိုယ်လည်းဘေးလွတ်ရာရှောင် သူတပါးလည်းဘေး လွတ်ရာဆောင်တဲ့ ပရဟိတလုပ်ငန်းတွေ မြန်မာပြည်မှာ ဖွံ့ထွားစေချင်ပါတယ်။ အသိဥာဏ်ပညာ ဖွံ့ဖြိုးစေမယ့် သင်တန်းတွေ ၊ ဟောပြောပွဲတွေ များများလုပ်စေချင်ပါတယ်။ သရက်ပင်ကွင်းကျေးရွာ နဲ့အ နီးတ၀ိုက်ရွာတွေမှာ လမင်းထိန်ထိန်သာနေပါတယ်။ လရောင်ရဲ့ အရသာကို သိသူတွေရှိသလို မခံစားတတ်သူတွေလည်း ရှိကောင်းရှိနိုင်ပါမယ်။ မည်သို့ပင်ဖြစ်စေ လရောင်ကတော့ အေးမြမှုနဲ့ ရွာကလေးကို ဆလိုက်ထိုးလို့ ဖြန့်ကျက်လွှမ်းခြုံ နေပါတော့တယ်။ ဆရာတော် အနာရောဂါကင်းပါစေ ၊ သက်ရှည်ကျန်းမာပါစေ။

ထက်ဝေး

(မူရင်းသတ်ပုံအတိုင်းဖော်ပြထားပါသည်)