အလွမ်း​ဝေရီ – နိုင်​ဝင်းသီ

.

သူ့ရဲ့ ​နောက်​ခံကားချပ်​ကို ကျွန်​​တော်​တို့ မသိကြဘူး။ သူဟာ  ​တောင်​တန်း​တွေ ရှိရာ အရပ်​က ဆင်းသက်လာခဲ့တာလား။ ပင်​လယ်​ဘက်​က ဆန်​တက်​လာခဲ့တာလား။ ​မြေပြန့်​လွင်​ပြင်​ အရပ်​​ဒေသဘက်​ကလား။ ဘယ်​သူ တစ်​ဦးတစ်​​ယောက်​ကမှ ​သေ​သေချာချာ မသိကြဘူး။
    
သူ့ ဘဝမှာ ဘယ်​လို လူမျိုး​တွေဟာ သူ့ရဲ့အိုင်​ကွန်​ ဖြစ်​​လေမလဲ။ ကပ်​စ်ထရိုလား။ ​နော်​မန်​ဘက်​သွန်းလား။ ကတ်​ကိုဘိန်းလား။ ​မောင်​​ချောနွယ်​လား။ ​ချေ​ဂွေဗားရားလား။ ကျွန်​​တော်​တို့ထဲက ဘယ်​သူကမှ မသိခဲ့ကြဘူး။ သူဟာ ကဗျာဆရာတစ်​​ယောက်​ အ​နေနဲ့ပဲ ကျွန်​​တော်​တို့လက်​ထဲက ​ဆေး​ပေါ့လိပ်​တိုကို ​ကောက်​ဖွာလိုက်​တာပဲ။ သူဟာ ကဗျာဆရာတစ်​​ယောက်​ အ​နေနဲ့ပဲ ကျွန်​​တော့်​​ရှေ့က အရက်​ခွက်​ကို ​မော့ချလိုက်​တာပဲ။

သူ တို့လင်​မယားဟာ  ကျွန်​​တော်​တို့မြို့ ​လေးရဲ့ တစ်​ခု​သော​တောင်​ကုန်း​လေး​ပေါ်မှာ လုံးချင်းအိမ်​​လေး ငှားပြီး လာ​နေလိုက်​​သေးတယ်​။ သူတို့ လာ​နေသွားတဲ့ ကုန်းထိပ်​​လေးဟာ​ကျေးလက်​ဆန်​သလိုလို မြို့ပြဆန်​သလိုလိုနဲ့။ ကျွန်​​တော့်​မျက်​စိထဲမှာ​တော့ အဲဒီ​နေရာ​​လေး​ဟာ ဘီဗာလီ​တောင်​ကုန်းထက်​​တောင်​ လှ​နေ​သေးတယ်​။ ခရိုးခရိုင်​အိမ်​စု​လေး​တွေဟာ  ဟို​နေရာတစ်​စု ဒီ​နေရာတစ်​စု   သူ့အုပ်​စုနဲ့သူ ဆူညံပွက်​​လောထလို့။

 ဈး​သေး​သေး​လေးတစ်​ခု၊ အ​ပေါင်​ဆိုင်​​လေး တစ်​ဆိုင်​နဲ့ ညိုညစ်​ညစ်​ လက်​ဘက်​ရည်​ဆိုင်​​လေး နှစ်​ဆိုင်​၊အရက်​ပုန်းဆိုင်​​လေး သုံး​လေးဆိုင်​နဲ့ အ​ခြေခံလူတန်းစား​လေး​တွေရဲ့ အကြမ်းထည်​ဘဝ​လေး​တွေကို ခင်းကျင်းထားတဲ့ ​နေရာ​လေးပါပဲ။အဲဒီ ကုန်းထိပ်​က ​သေတင်းကုပ်​​လေး​တွေဆိုတာ ညဦးပိုင်း​ရောက်​တာနဲ့ မီး​ရောင်​မှုန်​မှုန်​​အောက်​မှာ က​လေးငိုသံ၊ ရန်​ဖြစ်​သံ၊ သီချင်းဆိုသံ၊ ​ခွေး​ဟောင်​သံ၊ ငြင်းခုန်​သံများနဲ့ အမြဲတမ်း စီ​ဝေလှုပ်​ခတ်​​နေတဲ့ ​နေရာ​လေး​တွေ​ပေါ့။
       
မြို့ပြနဲ့ ကူးချည်​သန်းချည်​ လုပ်​​နေတဲ့ ဒိုင်​နာ​တွေကလည်း ညဉ့်​နက်​တဲ့အထိ ​ပြေးလွှားခုန်​​ပေါက်​လို့။ ကြယ်​​ပြာ​တွေကလည်း မီးပွား​တွေ လွင့်​ကျလာသလို တဖျပ်​ဖျပ်​နဲ့​တောက်​ပ။ တဖျစ်​ဖျစ်​နဲ့ ​လောင်​ကျွမ်း။ ကြယ်​စုံညမျိုးဆိုရင်​ အုံခဲသီးထ​နေတဲ့ ကြယ်​ပွင့်​​တွေကို ​ငေးရီလွမ်း​မောပြီး တစ်​ခွက်​ပြီးတစ်​ခွက်​ ထိုင်​​သောက်​​ဖို့ သိပ်​​ကောင်းတဲ့ ​နေရာ​လေး​ပေါ့။

အဲ ဒီ​တောင်​ကုန်း​လေးမှာ သူ လာ​နေစဉ်​အတွင်း ​ပျောက်​ဆုံး​နေတဲ့ သူ့ကိုယ်​သူ ရှာ​ဖွေ​တွေ့ရှိသွားခဲ့ပါတယ်​။ အနုပညာမှာသာ ရင့်​ကျက်​လာခဲ့​ပေမယ့်​မိသားစုဘဝကျ​တော့ သူဟာ အနည်းငယ်​မျှ​လောက်​​တောင်​ မရင့်​ကျက်​ခဲ့​​လေဘူး။ အဲဒီ ကုန်းထိပ်​​လေးမှာ  အိမ်​ငှား​နေလာခဲ့တဲ့ ကာလတစ်​​လျှောက်​လုံး သူတို့လင်​မယားရဲ့ ပဋိပက္ခဟာ ကျွန်​​တော်​ အမြဲတ​စေ ကြား​နေခဲ့ရတဲ့ စစ်​ပွဲပဲ။

       
လူ့ဘဝကို လက်​ခံထားပြီဆိုရင်​ အလုပ်​တစ်​ခုခု​တော့ ရှိ​နေရမှာ​ပေါ့ ။ က​လေးနီတာရဲ​လေးတိုးပွားလာတဲ့ သူတို့ရဲ့မိသားစုအတွက်​ အိမ်​​ထောင်​ဦးစီးဖြစ်​တဲ့ သူဟာ အလုပ်​တစ်​ခုခု​တော့ လုပ်​​နေရမှာ​ပေါ့။ သူဟာ အလုပ်​​တော့ လုပ်​ပါတယ်​။ စာ​ပေ​လောကထဲက လူတစ်​​ယောက်​ဖြစ်​​နေခဲ့တဲ့အတွက်​ သူ လုပ်​ခဲ့တဲ့ အလုပ်​တိုင်းဟာ မဂ္ဂဇင်း သို့မဟုတ်​ ဂျာနယ်​တစ်​ခုခုနဲ့ ဆက်​နွယ်​ပတ်​သက်​ခဲ့တဲ့ အလုပ်​​တွေချည်းပါပဲ။

ပြာစရာရှိတာက သူဟာ ဘယ်​တိုက်​မှာမှ မမြဲခဲ့ဘူး။ ဘယ်​​လောက်​​ပဲ​ ​ကောင်းတဲ့ တိုက်​မျိုးမှာပဲဖြစ်​ဖြစ်​ သူဟာ ကာလ မရှည်​လျားခဲ့ဘူး။ ​နောက်​ဆုံးလုပ်​ကိုင်​ခဲ့တဲ့ ဂျာနယ်​တိုက်​မှာလည်း စိမ်းကားပြတ်​​တောက်သွား
ခဲ့ပြီ။ သူ  ဘယ်​လိုအရပ်​​ဒေသမျိုးကို ရောက်​ရှိ​နေသလဲ။ ဘယ်​သူကမှ အ​သေအချာ မသိကြဘူး။
        
လွန်​ခဲ့တဲ့ တစ်​ပတ်​​ကျော်​​လောက်​က ရပ်​ကွက်​​ဈေး​လေးထဲမှာ ​တွေ့လိုက်​ရပါ​သေးတယ်​ဆိုတဲ့ စကားတစ်​ခွန်းက လွဲလို့ သူ့ရဲ့အ​ကြောင်းကို ဘယ်​သူကမှ မ​ပြောနိုင်​​တော့ဘူး။ သူဟာ ဆက်​သွယ်​မှုဧရိယာထဲမှာလား။ ဆက်​သွယ်​မှု ဧရိယာပြင်​ပကို ​ရောက်​​နေ​လေသလား။  ဘယ်​သူ တစ်​ဦးတစ်​​ယောက်​ကမှ တိတိကျကျ မ​ပြောပြနိုင်​​တော့ဘူး။

သူ  ​ပျောက်​ဆုံးသွားခဲ့တဲ့ ပထမ​နေ့ရက်​​တွေတုန်းက သူ့အ​ကြောင်းကို ​လေထန်​ကုန်းထဲမှာ ထင်​မြင်​ယူဆချက်​ ကိုယ်​စီနဲ့ ကျွန်​​တော်​တို့ ​ပြောခဲ့ကြ​သေးတယ်​။ ဒါ​ပေမယ့်​ ​နောက်​ရက်​​တွေမှာ အခြား အခြား​သော လူ​တွေ၊ ဘဝ​တွေ၊အဖြစ်​အပျက်​​တွေ စီးဝင်​လာခဲ့​တော့လည်း သူ့ရဲ့အ​ကြောင်းဟာ မှုန်​မှုန်​ရီရီ….​ဝေ​ဝေဝါးဝါးနဲ့ တဖြည်းဖြည်း ပါးလျသွားခဲ့။
      
ကျွန်​​တော်​က​တော့ အနက်​​ရောင်​ ​ကျောပိုးအိတ်​​လေးလွယ်​ပြီး အ​ရောင်​လွင့်​ ဂျင်း​ဘောင်းဘီ အမြဲဝတ်​ဆင်​​လေ့ရှိတဲ့ သူ့ကို မကြာမကြာ သတိရတတ်​ပါတယ်​။ အာရုံခံစားမှု ပြင်းထန်​တဲ့ သူ့ရဲ့ အ​ရေးအသားတချို့၊
ပြီး​တော့ သူ့ဘဝထဲမှာ အ​သေအချာရှိခဲ့ဖူးတဲ့ မက်​တယ်​လ်​တချို့။

စွန်းသိပ်​​ရောက်​လွန်းတာ မဟုတ်​​ပေမယ့်​ အစွန်းတစ်​ဖက်​ဖက်​​​အ​​ပေါ်   တည်​မှီနေသလိုမျိုး။ နာကျင်​မှုတွေဟာ နှစ်​လိုဖွယ်​မဟုတ်​​သော်​လည်းပဲ သူကိုယ်​တိုင် နာကျင်​မှု​တွေထဲကို  တ​ရွေ့​ရွေ့နဲ့ တိုးဝင်​နေသလိုမျိုး။ အခုဆိုရင်​ လ​ရောင်​​အောက်​မှာ သူရဲ့အရိပ်​ဟာ  ရှည်​လျားဆန့်​ထွက်​​နေ​​လေမလား။ ပြတ်​​တောက်​ကျုံ့ဝင်​​နေ​လေမလား။ သူ့ရဲ့ အ​နောက်​ကို တ​ကောက်​​ကောက်​နဲ့ အ​ပြေးအလွှား လိုက်​​ပါ​နေတဲ့ သူ့ရဲ့အရိပ်​ကို​ရော   သူ မြင်​မှ မြင်​ရပါ့မလား။
      
သြဂုတ်​လထုတ်​ မဂ္ဂဇင်းတစ်​ခုထဲမှာ သူ​ပေးထားခဲ့တဲ့ ကဗျာ​လေးတစ်​ပုဒ်​ ပါလာတာကို သူ သိမှသိပါ​လေစ။ ဂျာနယ်​တစ်​​စောင်​မှာ သူ့ရဲ့စာမူ​လေးပါလာ​​တော့ စာမူခလူကြုံယူလာခဲ့တဲ့ ကိုထွန်း​ဝေမြင့်​ဟာ ​လေထန်ကုန်းရဲ့ည​နေခင်း​တွေထဲမှာ ရှာလို့ …​ဖွေလို့။ သူ့ကို။

အိ မ်​ချင်းနီးလို့  လူကြုံယူသွား​ပေးတဲ့ မိုဃ်း​ဇော်​ရဲ့ မျက်​လုံး​တွေထဲမှာလည်း မှိုင်းလို့ ..မှုန်​လို့ ။ မ​သေချာ မ​ရေရာမှု​တွေနဲ့။ မင်းနွယ်​စိုးက​တော့ ​ဆေးလိပ်​မီးခိုး​ငွေ့​တွေကြားက ၃၃လမ်းတို​လေးကို ​ငေး​ငေးရီရီကြည့်​​နေရင်းနဲ့  ပင့်​သက်​​တွေ တစ်​ချက်​ပြီးတစ်​ချက်​ ရှိုက်​လို့။
        
၃၃ လမ်းတို​လေးက​တော့ မိုးစက်​ မှုန်​မှုန်​ဖွဲဖွဲ​အောက်​မှာ ​အေးစက်​ငြိမ်​သက်​လို့။ အ​ရေးအသားဟာ ဒီ​နေရာမှာတင်​ အဆုံးသတ်​သွားခဲ့တယ်​။ ကျွန်​​တော်​တို့ မြို့က​လေးကို ​ရောက်​ရှိလာခဲ့ဖူးတဲ့ ညီငယ်​တစ်​​ယောက်​အ​ကြောင်းကို ရိုးရှင်း​သော စကားလုံး​တွေနဲ့ ​ရေးဖွဲ့ထားခဲ့တဲ့ memoir ​လေး​ပေါ့။
      
ဖြစ်​ချင်​​တော့ ဒီအ​ရေးအသားဟာ ကျွန်​​တော်​ ​ပေးလိုက်​တဲ့မဂ္ဂဇင်းမှာ ပါမလာခဲ့ဘူး။ တစ်​ပုဒ်​လုံးဖြုတ်​လိုက်​ရတယ်​လို့ အယ်​ဒီတာ​လေးက ​ပြောပါ​တယ်​။ အဲဒီကာလ​တွေတုန်းက ကျွန်​​တော်​တို့ရဲ့ အ​ရေးအသားမှန်​သမျှဟာ  “ဂီလိုတင်း” ဓားစက်​နဲ့တူတဲ့ စာ​ပေစိစစ်​​ရေး​အောက်​မှာ မလူးသာ မလွန့်​သာ ဖြတ်​သန်းလာခဲ့ရတာပါ။ ​အလုံးစုံ​သော အနုပညာမှန်​သမျှဟာ စာ​ပေစိစစ်​​ရေးရဲ့ ရက်​စက်​ကြမ်းကြုတ်​မှု​အောက်​မှာ သူတို့ပြုသမျှ နု​ခဲ့ကြရတဲ့ ရက်​စွဲ​တွေပါပဲ။

အဲ ဒီ တစ်​ပုဒ်​လုံး  ဖြုတ်​​ပေးလိုက်​ရတယ်​ဆိုတဲ့ စာမူ​လေးကိုပဲ ဂျာနယ်​တစ်​​စောင်​က အယ်​ဒီတာ​လေးတစ်​​ယောက်​က သူ့ဂျာနယ်​မှာ ထည့်​မယ်​ဆိုပြီး ယူသွားခဲ့ပြန်​တယ်​။ ဖြစ်​ချင်​​တော့ ​တော်​လှန်​ပုန်​ကန်​တဲ့ အသုံးအနှုန်း တစ်​လုံးတစ်​ပါဒ​တောင်​ ပါမလာတဲ့ အဲဒီစာမူ​လေးဟာ အဲဒီဂျာနယ်​မှာလည်း တစ်​ပုဒ်​လုံး အဖြုတ်​ခံရပြန်​ပါတယ်​။

       
ပြောမယ်​ဆိုရင်​​တော့ အဲဒီ​ခေတ်​ကာလအပိုင်းအခြားဟာ စာ​ရေးဆရာ၊ ကဗျာဆရာ​တွေအတွက်​ ​ကြောက်​မက်​ဖွယ်​ အ​ရိပ်​​တွေထိုးကျ​နေခဲ့တဲ့ အ​မှောင်​​ခေတ်​ တစ်​​ခေတ်​ပါပဲ။ အနုပညာ၊ လူ၊ အ​တွေးအ​ခေါ်၊ ယုံကြည်​မှု၊ စိတ်​ကူးစိတ်​သမ်း။ အားလုံးဟာ မည်း​မှောင်​​အေးစက်​​နေတဲ့ အ​မှောင်​​နေ့ရက်​​တွေထဲမှာ တ​ငွေ့​ငွေ့နဲ့ ​လောင်​ကျွမ်းလို့။

အဲ ဒီကာလအပိုင်းအခြားထဲမှာပဲ ညီ​လေးကဗျာဆရာဟာ ဘိုဟီးမီးယား တစ်​​ယောက်​လို ​လွင့်​ချင်​တိုင်း လွင့်​​နေခဲ့ပြန်​တယ်​။ လွင့်​ရမယ့်​ လမ်းမ​တွေ သူ့​ရှေ့မှာ ပြတ်​​တောက်​သွား​တော့မှ သူဟာ ပထမမြို့​တော်​ကို ​ခြေကုန်​လက်​ပန်းကျပြီး နွမ်းလျစွာ ပြန်​​ရောက်​လာခဲ့တယ်​။ ဝမ်းနည်းစရာတစ်​ခုက သူ ချစ်​လို့ အတည်​ယူထားခဲ့တဲ့ သူ့ရဲ့ ​ကောင်​မ​လေးဟာ  သူနဲ့ ပြန်​ပါမလာ​တော့ဘူး။ ကျွန်​​တော်​တို့ မြို့မှာ ​မွေးဖွားခဲ့တဲ့ သမီးငယ်​​လေးဟာလည်း ​ကောင်​မ​လေးဘက်​ကို ပါသွားခဲ့တယ်​လို့ သိရပါတယ်​။ မယုံကြည်​စရာ​ကောင်း​လောက်​​အောင်​ စိမ်းကားပြတ်​​တောက်​သွားခဲ့တဲ့ သူတို့နှစ်​​ယောက်​အ​ကြောင်းဟာ ကျွန်​​တော်​တို့အတွက်​​တော့ စိတ်​​မောစရာ .. စိတ်​ပျက်​စရာ သတင်းအရင်းအမြစ်​​များ။
      
အဲဒီကာလ အပိုင်းအခြားထဲမှာပဲ မင်းနွယ်​စိုးဟာလည်း သံသရာခရီးရှည်​ကြီးထဲကို ကသုတ်​ကရက်​နဲ့ ထွက်​ခွာသွားခဲ့ပြန်​​လေတယ်​။ သူ့ရဲ့​နောက်​ဆုံးခရီးကို အ​ဝေး​ရောက်​​နေတဲ့ ကျွန်​​တော်​ဟာ လို​က်​မပို့ဖြစ်​ပါဘူး။ စကား​ပြောရင်​ ညင်​ညင်​ဖွဖွ​လေး ​ပြော​လေ့ရှိတဲ့ မင်းနွယ်​စိုးဟာ ​ဆေး​ပေါ့လိပ်​တို​လေးကိုလက်​ကြားညှပ်​ပြီး မနက်​​စော​စော​တွေမှာအိမ်​ကို ​ရောက်​လာတတ်​ပါတယ်​။ သူ့ရဲ့မျက်​လုံးညိုညို​တွေဟာ အမြဲတမ်းလိုလို မှုန်​မှိုင်းရီ​ဝေလို့။ ထန်းပင်​ကုန်းမှာ ကျွန်​​တော်​​နေတုန်းကလည်း ထန်းပင်​ကုန်းအိမ်​ကို သူအမြဲ ​ပဲ ​ရောက်​ရောက်​လာတတ်​တယ်​။

န်းပင်​ကုန်းက​နေ ​ညောင်​သုံးပင်​ကို သူ ပြန်​​တော့မယ်​ဆိုရင်​ ပဲခူးစုကားဂိတ်​က တင့်​လွင်​တို့ဆိုင်​​လေးမှာ သူ တစ်​​ထောက်​ နားတတ်​ပါတယ်​။ ထန်းပင်​ကုန်းက​နေပြီး ​အောင်​ချမ်းသာကို ကျွန်​​တော်​​ပြောင်းလာ​တော့ သူ​နေတဲ့ ​ညောင်​သုံးပင်​နဲ့ နီးကပ်​သွားပြီမဟုတ်​လား။ နံနက်​တိုင်းလိုလို ကျွန်​​တော်​တို့ရဲ့​မြေဝါလမ်း​လေးထဲမှာ သူ့ရဲ့ ​ခြေသံဟာ တရှပ်​ရှပ်​နဲ့။ 
      
ဆာမူရိုင်းနိုင်​ငံ​တော်​ ထူ​ထောင်​ခဲ့တဲ့မိုဃ်း​ဇော်​တစ်​​ယောက်​လည်းပဲ  ​ကျေးလက်​ဆန်​တဲ့ ကျွန်​​တော်​တို့ရဲ့ မြို့က​လေးမှာ မရှိ​တော့ပါဘူး။ ယုဇနဘက်​ကို ပြန်​​ပြောင်းသွားခဲ့တာ ကြာမြင့်​သွားခဲ့ပြီ။ သူ ကျွန်​​တော်​တို့ဆီ
မှာ ​နေခဲ့တုန်းကလည်း အမှတ်​ရစရာ​လေး​တွေ အ​တော်​များများ ရှိခဲ့ပါတယ်​။ နာဂစ်​ ဝင်​​မွှေသွားပြီး တစ်​မြို့လုံးနီးပါး ဗုံးဗုံးလဲပြိုသွားတဲ့အချိန်​။ တချို့အိမ်​​တွေဟာ အမိုးအကာ​တွေ ပွင့်​ထွက်​ကုန်​တယ်​။ တချို့အိမ်​​တွေက​တော့ ပြားပြားဝပ်​ဆင်းသွားတယ်​။ သစ်​ပင်​ သစ်​ကိုင်း​တွေနဲ့ ဓာတ်​တိုင်​​တွေ ဓာတ်​ကြိုး​တွေဆိုတာက​တော့ လမ်းတိုင်းမှာလိုလိုလဲပြိုရှုပ်​​ထွေးပြီး မွစာကြဲထွက်​​နေ​လေတယ်။

မြို့ပျက်​ကြီးဟာ သက်​ပြင်း​တွေ တစ်​ချက်​ပြီးတစ်​ချက်​ရှိုက်​ပြီး အ​မှောင်​ထုထဲမှာ တိတ်​ဆိတ်​​အေးစက်​လို့။အဲဒီညက  သူရယ်​၊ ကျွန်​​တော်​ရယ်​၊ ကိုရန်​ပိုင်​ရယ်​ ..။ ငါး​ခြောက်​​တွေ တစ်​​မြှောင်းပြီး တစ်​​မြှောင်းဖုတ်​၊ ဂရင်း ရွိုင်​ရယ်​ကို တစ်​​ပြားပြီးတစ်​ပြားမှာ..။ တိတ်​ဆိတ်​​လေးနက်​စွာနဲ့  ​မူးရစ်​​ရီဝေခဲ့ကြပေါ့။

မိုးရိပ်​ တိုး​ကြောင်​က​လေး ရထားဟာ တုန်​တုန်​ချည့်​ချည့်​နဲ့ ​နှေး​ကွေးလေးလံစွာ ​ရွေ့လျား​နေတဲ့ ကင်းမလက်​မည်းတစ်​​ကောင်​​ပေါ့။ တစ်​​နေ့ကို အနည်းဆုံး နှစ်​ကြိမ်​​လောက်​​တော့  သူ့အိမ်​န​ဘေးက ဖြတ်​ ဖြတ်​သွားတတ်​တာ​ပေါ့။ တုန်​တုန်​ရီရီနဲ့ ဖြတ်​သွားတတ်​တဲ့ အဲဒီရထားတွဲ​လေး​တွေကို ​ငေးမောပင့်​သက်​ရှိုက်​ရင်းနဲ့ သူလည်းပဲ ကဗျာ​တွေတစ်​ပုဒ်​ပြီးတစ်​ပုဒ်​ ​ရေးဖြစ်​သွားခဲ့တာပဲ မဟုတ်​လား။

       
ထူးခြားတာတစ်​ခုက  ညီ​လေးကဗျာဆရာနဲ့၊ မင်းနွယ်​စိုးနဲ့၊ မိုဃ်း​ဇော်​နဲ့ ကျွန်​​တော်​ဟာ မြို့​သေး​သေး​ထဲမှာ နှစ်​ကာလတစ်​ခုကြာမြင့်​သွား​အောင်​ အတူတကွ ​နေခဲ့ကြ​ပေမယ့်​  ​လေး​ယောက်​သားဟာ တစ်​ခါမှ  မဆုံ
စည်းခဲ့ကြပါဘူး။ ဘာသာစကား​ရော၊ ဘဝ​တွေပါ တစ်​​ယောက်​နဲ့တစ်​​ယောက်​ နီးကပ်​စွာတည်​ရှိ​နေပါလျက်​နဲ့ဘာဖြစ်​လို့များ ကျွန်​ ​တော်​တို့ဟာ အတူတကွ မဆုံစည်းဖြစ်​တာလည်း မသိဘူး။

စ်​ခါတစ်​ခါ​တော့လည်း တစ်​​ယောက်​​ယောက်​ကို ဖျတ်​ကနဲ အမှတ်​ရသွားရင်​ အာရုံဟာ ​နောက်​တစ်​​ယောက်​ဆီကို  ခုန်​ ခုန်​ကူးသွားခဲ့။ကျွန်​​တော်​တို့​ လေး​ယောက်​ကြားမှာ ဘယ်​လို နံရံမျိုးမှ ကာဆီးထားတာ မရှိပါဘဲနဲ့ ဘာဖြစ်​လို့များ ကျွန်​​တော်​တို့ဟာ မဆုံစည်းခဲ့ကြပါလိမ့်​။
      
ရာသီဥတုက ပူပြင်း​နေ​ပေမယ့်​ အတိတ်​ထဲက လူ​တွေ၊ ရက်​စွဲ​တွေ၊ဘဝ​တွေဟာ စိမ်းမြ​နေတယ်​။ အဲဒီ​လေး​ယောက်​ထဲမှာ မင်းနွယ်​စိုးတစ်​​ယောက်​ကလွဲပြီး ကျန်​တဲ့နှစ်​​ယောက်​ဟာ ကျွန်​​တော်​နဲ့ ​ရေခြား​မြေခြားသွားခဲ့ပြီ။
      
နီးလျက်​နဲ့ ​ဝေးကွာခဲ့ကြတဲ့ သူငယ်​ချင်း ညီအစ်​ကို​တွေကို ဒီတစ်​ခါ​တော့  ဆုံဖြစ်​​အောင်ဆုံကြမယ်​ကွာလို့များ ကျွန်​​တော်​​ပြောလိုက်​ရင်​ မင်းနွယ်​စိုးဟာ သူ့ရဲ့ပင်​ကိုယ်​ဟန်​ပန်​အတိုင်း ​ငွေ့​ငွေ့​က​လေး ပြုံး​နေလေ
မလား မသိဘူး။

 နိုင်​ဝင်းသီ

ည ၈း ၄၀ နာရီ
၁၁ ၊ ၃ ၊ ၂၀၁၈
သန်​  လျင်​   မြို့