ပိတ်ထားတဲ့ အခန်းများ – နိုလှိုင်း

.

ကျနော်တို့ကို တချို့ကပြောကြတယ်
“ပညာရေးစနစ်ဆိုးကြီးရဲ့ အစမ်းသပ်ခံတွေပေါ့” တဲ့

ကျနော်ကတော့
အဲဒီလိုကို မထင်ပါဘူး။

အမှန်တော့
ကျနော်တို့အားလုံး
အစမ်းသပ်တောင် မခံခဲ့ရဘဲ
အစတေး ခံခဲ့ကြရတာ။

ကျနော်တို့
ချကျွေးခံလိုက်ရတာပါ။

စနစ်တကျဖျက်ဆီးပစ်ခဲ့တဲ့ ပညာရေးစနစ်ထဲမှာမှ
ပညာသင်တဲ့အရွယ် ရောက်ခဲ့ရတာ မဟုတ်လား။

.

၁။                     

ဘက်ညဘက် အိပ်မပျော်ခင် အိပ်ရာထက်က မျက်နှာကျက်အမိုးပေါ်မှာ  ပိတ်ထားတဲ့အခန်းတခန်းရဲ့ ပုံရိပ်ကို ကျနော်လှမ်းတွေ့နေရတတ်တယ်။ ခင်ဗျားတို့ မျက်လုံးရှေ့မှာလည်း တခါတရံ  အဲဒီအခန်းက ရှိနေ တွေ့နေရလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ တချိန်ချိန်မှာ ကျနော်တို့အားလုံးဟာ အတိတ်ဆိုတဲ့ အခန်းတခန်းကို ရှေ့တည့်တည့်ပြန်ရောက်လာသလို ကိုယ်စီပြန်တွေ့ကြရတတ်တယ် မဟုတ်လား။

ကျ နော်တို့ပြန်တွေ့ရတဲ့ အခန်းတွေဟာ အရွယ်အစားမတူပေမယ့် ခေတ်အလိုက် လက်ရာပုံစံတွေတော့ တူနေတတ်ကြပါတယ်။ ဟုတ်ပါတယ်။ ကျနော်ကတော့ ကျနော်တွေ့နေရတဲ့ အခန်းအကြောင်းကိုပြောမှာပါ။ ဒီလို အခန်းတခန်းရှိတယ်ဆိုတဲ့ ရေးဖွဲ့မှုမျိုးကိုလည်း အရင်က ကျနော်တို့ဟာ တနေရာရာမှာ ကြားဖူးဖတ်ဖူးနိုင်ပေမယ့် ကျနော်အခုတွေ့နေတတ်တဲ့ ကျနော့်အခန်းကတော့ အခုထက်ထိလည်း ခြေရာလက်ရာမပျက်သေးတဲ့ အခန်းတခုလို ဒီအတိုင်းပစ်ထားခဲ့တာလည်း ကြာနေပုံရပါပြီ။

ပြန်ဖွင့်မပြချင်တာနဲ့ အမှောင်အတိုင်း ပိတ်ထားနေရသလိုပဲ တကယ့်ကို တင်းတင်းစေ့စေ့ကြီးကို ပိတ်ထားတာပါ။ အထဲကို ကြည့်ရင် ဘာမှမြင်ရမှာမဟုတ်ပေမယ့် အဲဒီမှာ ဖုန်တက်နေပြီဖြစ်တဲ့ နေ့ရက်တွေ အကောင်းအတိုင်း ရှိနေလိမ့်ဦးမယ်လို့လည်း ယူဆနေမိပါတယ်။

ကောင်းအတိုင်းရှိနေမယ် ဆိုတာကတော့ အရာမယွင်းတဲ့ အသိဉာဏ်မျိုးတွေနဲ့ အသစ်အတိုင်းရှိနေသေးတဲ့ ဦးနှောက်တွေက တဆတ်ဆတ် ခုန်နေတဲ့ သွေးကြောလေးတွေနဲ့ လတ်ဆတ်နေတုန်း ဖြစ်မယ်လို့ ဆိုလိုတာပဲ။ ကျနော်တို့ ကိုယ်စီမှတ်ဉာဏ်ထဲမှာ ဟာလာဟင်းလင်းနဲ့ တခုတ်တရ မှတ်သားမိစရာဆို့လို့ အဲဒီ ဟာလာဟင်းလင်းဖြစ်မှုဆိုတာပဲ ရှိပါလိမ့်မယ်။ ဘဝသင်ခန်းစာများစွာနဲ့ ဝေးရာအရပ်က အဲဒီအတိတ်ဆိုတဲ့ အခန်းတခန်းဟာ ဒီအတိုင်းပဲ ကြာရှည်စွာ ရှိနေခဲ့တာပေါ့။                    

စောပိုင်းပြကွက်တွေထဲမှာတော့ အတိတ်လို့ဆိုတာနဲ့ ချိန်သားကိုက်ရောက်လာတတ်လေ့ရှိတဲ့ ကျနော့်ရဲ့ငယ်ဘဝများပါပဲ။ ဘဝမှာ အချိန်ကိုက် ရောက်လာတတ်တဲ့ ကျနော်တို့ ခေတ်ရဲ့ဖြစ်တည်ခဲ့မှုထဲ ကျနော်တို့ ခပ်ငယ်ငယ်အချိန်တုန်းက ညဘက်ညဘက်ဆို အိမ်ရှွေ့မှာ ဓားတလက်ကို ဘေးမှာချပြီး အဖေ ကင်းစောင့်နေရတဲ့ နေ့တွေရှိခဲ့တယ်ဆိုတာ အခုပြန် အမှတ်ရနေမိတယ်။

က်လက်ကုလားထိုင်တလုံးပေါ် ညလုံးပေါက် အချိန်အတော်ကြာအောင် အဖေထိုင်ခဲ့ရပေမယ့် ကျနော်တို့ကတော့ ကြောက်စရာကောင်းတယ်လို့ ကလေးမှတ်ဉာဏ်မှာ မထင်ခဲ့ဘူး။ အဲဒီလိုနေ့တွေဟာ သိပ်ပြီး စိတ်လှုပ်ရှားစရာကောင်းခဲ့သလို ကျနော်တို့ ကလေးတွေအတွက်တော့ ပျော်စရာကောင်းခဲ့တယ်လို့တောင် ထင်မှတ်နေမိပါသေးတယ်။

ကမ္ဘာကျော်သွားစေတဲ့ အရေးအခင်းကာလများမှာ ကျနော်တို့ဟာ ကျောင်းတောင်မနေရသေးတဲ့ အရွယ် တကယ့် ကလေးအရွယ်တွေပေါ့။ မှတ်ဉာဏ်ထဲ တစွန်းတစ မှတ်မိနေတာတွေက လမ်းမပေါ် အလံတွေကိုင်လို့ ဒို့အရေး ဒို့အရေးအော်သွားတဲ့ လူတွေကို အိမ်ရှေ့ကွပ်ပျစ်ပေါ်ကနေ ထိုင်ကြည့်ရတာကို ကျနော် သဘောကျခဲ့တယ်။ 

ကျာင်းတွေပြန်ဖွင့်လို့ ကျောင်းစတက်ခွင့်လည်းရရော ရှေ့နှစ်က ကျနော့်အကိုနဲ့ တတန်းတည်း ပြန်တက်ရပြီး ကျနော်တို့အခန်းမှာ လူတွေအများကြီး ဖြစ်နေတာပါပဲ။ ကျနော် မှတ်မိ သတိရနေမိပါသေးတယ်။ နောက်နှစ် နောက်နှစ်တွေမှာလည်း ကျနော်တို့အတန်းက ကျန်တဲ့အတန်းတွေထက် ကျောင်းသားနှစ်ဆ ဖြစ်နေတတ်တာကိုလေ။                     

ကျ နော်တို့ နယ်ဘက်မှာက နည်းနည်းတော့ ထူးခြားတယ်။ ကျနော်တို့မြို့နဲ့ နည်းနည်းပဲ ဝေးတဲ့နေရာကို လူကြီးတွေက အညိုရောင်နယ်မြေလို့ ခေါ်ခဲ့ကြတယ်။ ကျနော်တို့ ငယ်ဘဝ တလျောက်လုံး သောင်းကျန်းသူလို့ ကျနော်တို့မှတ်ဉာဏ်မှာ ပေးသိထားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ဒေသဟာ ကျနော်တို့မြို့နဲ့ နီးပြီး တခါတလေဆို ကျနော်တို့မြို့ပေါ်အထိ ရောက်လာတတ်။ မြို့ဟာ လက်နက်ကိုင်တွေ ဝင်လာတတ်တဲ့ နေရာတခုပေါ့။

ခါတရံ မြို့ပေါ်ထိ သူပုန်ဆိုတာတွေ ဝင်လာတတ်ကြတယ် ဆိုပေမယ့် ကြည့်ရတဲ့ ရုပ်ရှင်ထဲကအတိုင်း ကျနော်တို့ကို ကြောက်စရာကောင်းအောင်လည်း လုပ်မပြကြပါဘူး။ ရိက္ခာပြတ်လို့ လာရှာတဲ့ပုံသာရပြီး ဆာလောင်မွတ်သိပ်နေတဲ့ သူတို့မျက်နှာတွေက တခါတလေ ကျနော့်တို့ ကလေးမျက်လုံးထဲမှာ သနားဖို့တောင်ကောင်းနေပါသေးတယ်။ သူတို့နားမကပ်နိုင်အောင် လက်နက်ပြ ခြောက်လှန့်ရုံကလွဲရင် ရုပ်ရှင်တွေထဲကလို စိတ်မထင်ရင်မထင်သလို အလွယ်တကူဖမ်းဆီး သတ်ဖြတ်တယ်ဆိုတာမျိုးတော့ ကျနော်တို့ဆီမှာ မရှိခဲ့ပါဘူး။

၂။                   

ကျ နော်တို့ရဲ့ ဆယ်ကျော်သက်အရွယ်၊ ကိုးဆယ်ကျော် ခုနှစ်တွေတုန်းကဆိုရင် ကျနော်တို့ မျက်လုံးထဲမှာ ဘာမှ မမြင်ရဘူး။ မြူတွေကွယ်နေသလို တိမ်တွေဖုံးအုပ်နေသလို ပိတ်ထားတဲ့ အခန်းတခုလိုပါပဲ။ ငယ်ငယ်တုန်းက စာသင်ခန်းတွေထဲက ပျင်းရိဖွယ် နေ့တွေမှာ လူက သူငယ်ချင်းတွေနဲ့ ရောပြီးထိုင်နေပေမယ့် တယောက်နဲ့တယောက် ဝေးကွာနေသလိုမျိုး စိတ်တွေပျံ့လွင့်နေတတ်ကြသလိုမျိုးပါပဲ။ အဝေးတနေရာစီ ကိုယ်စီကြည့်နေကြပေမယ့် မျက်လုံးတွေထဲ ဘာမှမမြင်နိုင်သလိုမျိုးပေါ့။

လံတိုင်ထိပ်က တလွင့်လွင့်ခါနေတဲ့ အလံဟာ ကျနော်တို့မျက်လုံးတွေကို ပိတ်ကာထားတယ်။ ဖတ်လက်စ ကာတွန်းစာအုပ်ထဲ ယုန်ကလေး မျက်လုံးရှေ့မှာ ဆင်ကိုယ်လုံးကြီး ကွယ်ထားသလိုမျိုး ကျနော်တို့ဟာ ရှေ့ကို ဘာမှမမြင်ရဘူး။ ရှေ့မှာ အရာရာကို ကွယ်နေတဲ့ ပိတ်စကြီးရှိနေတယ်။ အရာရာအားလုံး အတားအဆီးနဲ့ အပိတ်ကြီးဖြစ်နေတယ်။ 

ကျနော်တို့ခေတ်က
ရှေ့ကိုချည်း မမြင်ရတာလားဆိုတော့
ကျနော်တို့ဟာ
နောက်ကိုလည်း မမြင်နိုင်ကြဘူး
နောက်မှာလည်း
ကွယ်ထားတဲ့ အရိပ်ကြီး ရှိနေခဲ့တာပဲ။
အရပ်လေးမျက်နှာ
နေရောင်မှာ
ကျနော်တို့ ဘာမှကို မမြင်ခဲ့ကြရတာ။  

ကျ နော်တို့ခေတ်က ရှေ့ကိုချည်း မမြင်ရတာလားဆိုတော့ ကျနော်တို့ဟာ နောက်ကိုလည်း မမြင်နိုင်ကြဘူး။ နောက်မှာလည်း ကွယ်ထားတဲ့ အရိပ်ကြီးရှိနေခဲ့တာပဲ။ အရပ်လေးမျက်နှာ နေရောင်မှာ ကျနော်တို့ ဘာမှကို မမြင်ခဲ့ကြရတာ။

ကျာင်းစာအုပ်တွေထဲက ကျနော်တို့ နေ့စဉ်သင်နေရတဲ့ သီအိုရီတွေဟာ တဖက်သတ် သိပ်ဆန်ခဲ့ပါတယ်။ စာသင်ခန်း တံခါးကလည်း တဖက်ပိတ်ကြီး ဖြစ်နေသလိုပဲ၊ ကျောင်းဝင်း တံခါးကလည်း တဖက်ပိတ်ကြီး၊ ဖတ်နေရတဲ့ စာအုပ်တွေကလည်း စာမျက်နှာတွေ လွတ်နေတတ်တာပါပဲ။ ကြည့်နေရတဲ့ ရုပ်ရှင်တွေကတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနဲ့ နှလုံးသားရေးရာမှာပဲ တဝဲဝဲလည်နေကြတယ်။ ကျနော်တို့မှာ ဆယ်ကျော်သက်အရွယ်မို့ ရင်ခုန်တာပဲ တတ်နိုင်တော့သလိုပေါ့။

ယ်ငယ်က ဆော့နေကျ ကစားနည်းတွေထဲကလို ရွှေတံခါးကြီး ဖွင့်ပါဦးလို့ ကျနော်တို့ ပြိုင်တူအော်နေပေမယ့် သော့ပါလား ဆိုတဲ့နေရာရောက်လို့ တယောက်ယောက်က လာမေးတဲ့အခါ ကျနော်တို့ ဘာမှပြန်မဖြေတတ်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ခေတ်က လူငယ်တွေ တယောက်ဆီမှာမှ သော့မရှိဘူး။ ကျနော်တို့ အရှေ့ကတံခါးကို မြင်နေရက်နဲ့ မဖွင့်တတ်ကြဘူး။ အသိဉာဏ်အပိတ်ကြီးနဲ့ အဲဒီတံခါးဟာ သိပ်ကျပ်တာပဲလို့ ထင်ခဲ့ပါတယ် ။                    

အဲ ဒီနေ့ရက်တွေဟာ တော်တော်လည်း ဝေဝေဝါးဝါးနိုင်ခဲ့တာပဲ။ အတိတ်ကိုလည်း အမှန်အတိုင်း ကျနော်တို့ မသိခဲ့ရသလို အနာဂတ်ကလည်း ပျောက်နေသလိုပုံမျိုးပါပဲ။ ကျနော်တို့မှာ ကျောင်းသား သဘာဝ သင်ခန်းစာတွေ အလွတ်ကျက်နေကြပေမယ့် ဆယ်တန်းအောင်ပြီးရင် ကိုယ်ဘာလုပ်ရမှန်း တကယ်မသိသလို တကယ်လျှောက်ရမယ့် ဘဝလမ်းမှာ ကိုယ်ဘာလုပ်ချင်မှန်း ကိုယ့်ကိုယ်ကိုယ် မသိဘူး။

ဖြေရမယ့်စာမေးပွဲမှာ
အမှတ်ကောင်းအောင်သာ ကြိုးစားပြီး
စာကို
အလွတ်ရအောင်သာ ကျက်
ကျန်တာ
ငါ့တာဝန်ထားဆိုတဲ့ စနစ်ကြီးထဲ
ကျနော်တို့မှာ
ဘာမှ စဉ်းစားချိန်မရဘူး။ 

ဖြရမယ့်စာမေးပွဲမှာ အမှတ်ကောင်းအောင်သာ ကြိုးစားပြီး စာကို အလွတ်ရအောင်သာကျက် ကျန်တာ ငါ့တာဝန်ထားဆိုတဲ့ စနစ်ကြီးထဲ ကျနော်တို့မှာ ဘာမှ စဉ်းစားချိန်မရဘူး။ အမှတ်ကောင်းဖို့ ဆိုတာကလည်း သူများလုပ်တိုင်း လျှောက်လုပ်နေမိသလို စာတွေကျက်နေတယ်ဆိုတာလည်း တခြား ဘာမှမလုပ်တတ်လို့ လုပ်နေရသလို ဖြစ်နေတာပါ။ စာမေးပွဲမှာ ခပ်လွယ်လွယ်ပဲ စာတွေ ကူးချနေကြတယ်။ အဲဒီတုန်းကတော့ စာမေးပွဲမှာ စာမျက်နှာ ဘယ်လောက်ရေးခဲ့နိုင်တယ် ဆိုတာနဲ့ စာတွေ ဘယ်လောက်ကူးချရဲခဲ့သလဲ ဆိုတာကို ပိုပြောနိုင်တဲ့ကောင်က ဆရာပါပဲ။

ကျာင်းအိမ်သာမှာ စီးကရက်ခိုးသောက်တယ်။ လက်ဖက်ရည်ဆိုင် ထိုင်တတ်လာတယ်။ နေလည်နေ့ခင်း လူကြီးတွေအလစ် ခိုးကြည့်ရတဲ့ ဗီဒီယိုရုံဝင်ပေါက်ကို စိတ်ဝင်စားလာတယ်။ အဲဒီတုန်းက ကာရာအိုကေဆိုင်လေးတွေမှာ ညဘက်ညဘက် တရာဖိုးလေးပုဒ်နဲ့ ကျနော်တို့ ခံစားချက်တွေကို ဆွဲဖွင့်တယ်။ အားလုံး အယောင်ယောင်အမှားမှားနဲ့ ယောင်နနလေးတွေ ဖြစ်လို့နေတယ်။                  

ရာရာကို စိတ်ကူးယဉ်တယ်။ ကျနော်တို့ ဘယ်ရည်ရွယ်ချက်ပေါ် အခိုင်အမာရပ်တည်နေသလဲဆိုတာ မသဲကွဲပေမယ့် ကျနော်တို့ဟာ အကုန် ဖြစ်ချင်နေကြတယ်။ ကျနော်တို့အားလုံးဟာ ဂျိုကာဖဲတွေလို ဆေးစက်ကျရာ အရုပ်ထင်မလား လျှောက်လုပ်ရင်း ဆေးစက်တွေပေလာတယ်။

လူ သိပ်မလာတတ်တဲ့ လက်ဖက်ရည်ဆိုင်ထောင့် စားပွဲမှာ စီးကရက်ခိုးသောက်ရင်း ရေနွေးသုံးလေးအိုး ကုန်တဲ့အထိ ကျနော်တို့ဟာ ဖြစ်ချင်တာတွေ သိပ်များခဲ့တယ်။ တကယ်တမ်းကျတော့ ကျနော်တို့ဟာ ဘာဖြစ်ချင်နေမှန်း မသိကြတာ။ ဘာလုပ်ချင်ခဲ့မှန်း မစဉ်းစားတတ်တာ။ ဘယ်လိုဘဝမျိုးကိုဖြစ်ဖြစ် ကျနော်တို့ စိတ်ကူးယဉ်တတ်လေ့ ရှိတယ်။ အဲဒီတုန်းက အသက်ငယ်ငယ်နဲ့ ပိုက်ဆံရှာသုံးနိုင်တဲ့ကောင်ဆို လူစွမ်းကောင်းလို့ကို ထင်နေတော့တာပဲ။ 

၃။   

ယ်တန်းစာမေးပွဲ ပြီးတဲ့အထိလည်း ကျနော်တို့မှာ ဘာလုပ်ရမှန်း မသိသေးဘူး။ အများယောင်တိုင်း လျှောက်ယောင်သလို သင်တန်းတွေမှန်သမျှ တက်လို့။ သူများက ကောင်းတယ်လို့ပြောသမျှ လိုက်ယုံလို့ အရာရာ စမ်းသပ်နေရတာပဲ။ အကုန်လုံးကလည်း စမ်းသပ်နေကြရတဲ့ စိတ်ကူးထဲက ဓာတ်လုံးတွေလိုပဲ။ တန်ဖိုးကြီးကြီး ပေးခဲ့ပြီးချိန်ရောက်မှ နောက်တဖို ပြန်ထိုးနေရတဲ့ ဓာတ်စာတွေလို ဘဝကို သုညကသာ စရမယ်ပြောတတ်တဲ့ ပစ္စည်းမဲ့ဝါဒကို အားကျ တမင်ဟန်လုပ်ခဲ့ကြတဲ့ ကာလတွေပါပဲ။

ဇာတ်နာပြမှ ဘဝပီသတယ်လို့ပြောပြီး မနက်ရေချမယ့် စက်လှေဝမ်းထဲမှာ တညအိပ်ပြတယ်။ မနက်ရောက်တော့ စက်လှေက ပေးလိုက်တဲ့ ကြက်သားဒံပေါက်ကို အရက်နဲ့မြည်းလိုက်ကြတယ်။ အချိန်ရရင် ကဗျာရေးတယ်။ မိုဃ်းဇော်သေတမ်းစာကို အားကျလို့ ကိုယ့်အမည်နောက်မှာ ဈာပနလို့ ထည့်ရေးလိုက်တော့ သူငယ်ချင်းတွေဆဲတာ ခံရတယ်။

အဲ ဒီတုန်းကတော့ လူငယ်တွေ ဆံပင်ရှည် သိပ်မထားကြတော့ပါဘူး။ ဆူညံပေါက်ကွဲသံတွေကို တခြားနည်းနဲ့ ဖောက်ခွဲကြတယ်။ ဘယ်တော့မှ မလွတ်လပ်အောင် ငြိမ်သက်ခဲ့ရလို့လည်း အဲဒီ မလွတ်လပ်မှုတွေကို တနည်းနည်းနဲ့ တော်လှန်နေကြတယ်။ ဘီယာကို ရေနဲ့ရောသောက်ရမှာလား မေးတဲ့ကောင်ကို ငတုံးဆိုပြီး ဝိုင်းဟားကြတယ်။                  

က္ကသိုလ်အားလုံးကို အစွန်အဖျား တနေရာစီခွဲခြားလိုက်တဲ့ အစောပိုင်းနှစ်တွေမှာ ကျနော်တို့ တက္ကသိုလ် စတက်ခဲ့ရတယ်။ ကြားဖူးတဲ့ ပုံပြင်တွေထဲက အတိုင်းမဟုတ်ပဲ တက္ကသိုလ်ဆိုတာကြီးက ကျနော်တို့အတွက် အိပ်မက်လိုပဲ။ ဘာမှ ဖမ်းဆုပ်လို့ မမိတော့မယ့် မြူတွေလိုပဲ။ တက္ကသိုလ်ကျောင်း ရောက်တော့မှ အားလုံးနဲ့ ဝေးသွားတယ်ဆိုတဲ့ကိစ္စဟာ ကျနော်တို့ကို ဘယ်လိုမှ စိတ်သက်သာရာ မရစေဘူး။

အမြင်ကျယ်စရာ လောကဆိုတာ
ကျောင်းရဲ့ပတ်ဝန်းကျင်က
တောင်တန်းတွေလားလို့ မေးယူရတဲ့အထိ
ကျနော်တို့ တိတ်ဆိတ်နေကြရတယ်။ 
အဆိုးဆုံးကတော့
ပတ်ဝန်းကျင်မှာ
အသိပညာအပြင်
လောကအမြင်ကိုပါ လေ့လာနိုင်စရာ ဘာမှမရှိ
တိတ်ဆိတ်တဲ့ လွင်တီးခေါင်လိုနေရာမျိုးမှာ
ကျနော်တို့အားလုံး
နောက်ဆုံး
တယောက်မကျန် အရက်သမားဖြစ်သွားကြတော့တာပဲ။     

အား လုံးနဲ့ ဝေးသွားတယ်ဆိုတာ မိဘအိမ်နဲ့ ဝေးရာအရပ်ဆိုတာလောက်ကို ပြောတာမဟုတ်ဘူး။ လွတ်လပ်တဲ့ ပတ်ဝန်းကျင်နဲ့ဝေး ကိုယ်ဝါသနာပါရာ နယ်ပယ်နဲ့ ဝေး အမြင်ကျယ်စရာလောကဆိုတာ ကျောင်းရဲ့ပတ်ဝန်းကျင်က တောင်တန်းတွေလားလို့ မေးယူရတဲ့အထိ ကျနော်တို့ တိတ်ဆိတ်နေကြရတယ်။

ဆိုးဆုံးကတော့ ပတ်ဝန်းကျင်မှာ အသိပညာအပြင် လောကအမြင်ကိုပါ လေ့လာနိုင်စရာ ဘာမှမရှိ တိတ်ဆိတ်တဲ့ လွင်တီးခေါင်လိုနေရာမျိုးမှာ ကျနော်တို့အားလုံး နောက်ဆုံး တယောက်မကျန် အရက်သမားဖြစ်သွားကြတော့တာပဲ။                     

ကျ နော်တို့ စိတ်မရှည်ကြတော့ဘူး။ လူငယ်ဆိုတော့ လွင့်နေတဲ့အလံလို တိုင်ထိပ်ကို လွှင့်ထားပေမယ့် လေတိုက်ရာအတိုင်း ချည်ထားတဲ့ ကြိုးမှာ မပျော်ကြတော့ဘူး။ ခန်းနားတဲ့ အိပ်မက်တွေဆိုတာလည်း မသိတော့ဘူး။ အဆိုးဆုံးက ကျောင်းပြီးသွားပေမယ့် ဘာလုပ်ရမှန်းမသိတာပဲ။ ကျနော်တို့ ဒီအတိုင်း အိပ်မက်တွေကို အသေခံ ငြိမ်နေမလား။ ဘဝကို လက်တွေ့ကျကျ ဝင်ရတော့မလားဆိုတာ ကျနော်တို့ စဉ်းစားလာတော့တယ်။

လွ တ်လပ်တဲ့ လောကထဲ သွားဖို့ အတောင်ပံ တစုံဆိုတာ အရင်ခေတ်ကတော့ လုပ်ရဲတဲ့သတ္တိကို ခေါ်တာပဲ။ ကျနော်တို့ခေတ်မှာ ကျနော်တို့ အဲဒီလိုပဲ တွေးနေကြတော့တယ်။ တက္ကသိုလ်ကျောင်း ဆိုတဲ့နေရာမှာ ကျနော်တို့ဟာ စိတ်မပါ လက်မပါနဲ့နေပြီး ဒါတွေဟာ ဘဝအဆက်ဆက် ပြုခဲ့သမျှ အကုသိုလ်တွေအစား ဝဋ်လာခံနေရသလိုပဲ ထင်ရတော့တယ်။

ပျာ်စရာဆိုတာကို အပျက်ဓာတ်ထဲကသာ လိုက်ရှာနေရသလို မကောင်းတာလုပ်နေရမှပဲ နေပျော်တော့တယ်။ တက္ကသိုလ်ကျောင်းတက်ပြီး မပျော်ဘူးဆိုတာပြောရတဲ့ အင်မတန်ရယ်စရာ ကောင်းတဲ့ ခေတ်ပါပဲ။ ကျနော်တို့ ဘာမှ မလုပ်ဖြစ်ခဲ့ကြဘူး။ ကျနော်တို့ အဲဒီအခန်းကို မြန်မြန်ပဲ ကုန်ဆုံးသွားချင်ကြတော့တယ်။                  

ပိ တ်ထားတဲ့တံခါးက တော်တော်နဲ့ကို ပွင့်လာမှာ မဟုတ်တော့ပါဘူး။ ကျနော် ပြန်မြင်မြင်နေရတဲ့ အခန်း ဆိုတာကလည်း အဲဒီ အခန်းမျိုးပါပဲ။ မှောက်မိုက်လို့ ဘဝရဲ့ တန်ဖိုးအရှိဆုံး နေ့ရက်တွေကို ကျနော်တို့ ပျင်းရိစွာ ကျော်ဖြတ်နေခဲ့ရတာပေါ့။ အဲဒီ ပိတ်ထားတဲ့အခန်းကိုပဲ အခုပြန်မြင်နေမိရင်း ကျနော်တို့ အချိန်များစွာ ကုန်လွန်ခဲ့ကြရတာပေါ့။

ကျ နော်တို့ တကယ်မရှိဘူးလို့ ထင်ထားတဲ့ သော့တချောင်းချင်းစီဟာ ကျနော်တို့လက်ထဲမှာပဲ ရောက်နေတယ်ဆိုတာ အဲဒီတုန်းကတော့ ကျနော်တို့ တကယ်မသိဘူးလေ။ ကျနော်တို့ တယောက်ချင်းစီ လက်တွေထဲမှာ သော့တွေရှိနေပြီး ရွှေတံခါးကြီးကတော့ ဘယ်တော့မှ မပွင့်ခဲ့ဘူး။ အခုတော့ ကျနော်တို့ လက်ထဲက သော့တံတွေက သံချေးတွေ တက်နေခဲ့ပါပြီ။

၎။                  

ကယ်တော့ ကျနော် ထင်ယောင်ထင်မှား မြင်နေရတဲ့ ပုံရိပ်တွေဟာ အပြင်မှာ တကယ် ဖြစ်ခဲ့တာတွေချည်းပါပဲ။ ကျနော် ပြောခဲ့ဖူးသလို ညဘက် အိပ်ခါနီးတိုင်း ခြင်ထောင်အမိုးပေါ်မှာ ပိတ်ထားတဲ့အခန်းတွေကို မြင်နေရတယ် ဆိုတာကလည်း တကယ်ပဲလေ။ အဲဒါတွေက ကျနော်တို့ခေတ်ရဲ့ ဘယ်လောက် နောက် ကျခဲ့ပြီလဲဆိုတဲ့ ပြယုဂ်တွေပေါ့။ ကျနော်တို့တွေ ဘယ်လောက် ဝေဝါးနိမ့်ကျခဲ့သလဲဆိုတဲ့ နိမိတ်ပုံတွေ ပဲပေါ့။ ဘယ်လောက် နာကျင်ကြေကွဲစရာ ကောင်းတဲ့ အတိတ်တဲ့လဲဗျာ။

ကျ နော်တို့ အသက်အရွယ်တန်းတွေ၊ ကျနော်တို့ထက် ကြီးတဲ့ အကိုအမ ဦးလေးအရွယ်တွေ၊ ကျနော်တို့ အောက်က ညီလေး ညီမလေးတွေ တခေတ်လုံး ကြုံခဲ့ရတဲ့ လောကဓံ၊ လေးဘက်လေးတန် ပိတ်ထားသလို အတိတ် ကြီး ။ အဲဒီလို သော့ခလောက် တန်းလန်းနဲ့ သံချေးအထပ်ထပ် တက်နေတဲ့ တံခါးကြီး။

နာက်ပြီး ကျနော်တို့အပေါ်မှာ အဝတ်နက်နဲ့ ဖုံးအုပ်ထားတဲ့ အမှောင်ထုကြီး တခုလိုပါပဲ။ အဲဒါတွေလည်းဖြစ်ရော ကျနော်တို့ လမ်းတွေပေါ် ခြေထောက်မပါပဲ ရောက်သွားခဲ့ကြရတယ်။ ရေထဲကို လက်ပြန်ကြိုးတုပ်ပြီး ကန်ချခံခဲ့ရတယ်။

ကျနော်တို့တွေအားလုံး
ကောင်းကင်တက်
ပျံသန်းပြမယ်ဆိုတဲ့
စိတ်ကူးတွေကို
လက်လွှတ်ခဲ့ရပါတယ်။
အခုဆို
တိမ်တွေပေါ် တက်ရောက်နိုင်သူတွေ
ကျနော်တို့ မျိုးဆက်ထဲ
တယောက်မှ မရှိကြတော့ဘူး မဟုတ်လား။

အဲ ဒီကာလတွေမှာ ကျနော်တို့တွေအားလုံး ကောင်းကင်တက် ပျံသန်းပြမယ်ဆိုတဲ့ စိတ်ကူးတွေကို လက် လွှတ်ခဲ့ရပါတယ်။ အခုဆို တိမ်တွေပေါ် တက်ရောက်နိုင်သူတွေ ကျနော်တို့ မျိုးဆက်ထဲ တယောက်မှ မရှိကြတော့ဘူး မဟုတ်လား။

အဲ ဒါဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကို အတောင်အလက်တွေမှ စုံအောင် မတပ်ဆင်ပေးခဲ့တာ။ ကျနော်တို့ကို ပျံသန်းဖို့ အားအင်တွေမှ ထည့်မပေးချင်ခဲ့ကြတာ။ မဟုတ်ဘူးလား။ တကယ်တော့ ကျနော်တို့ကိုယ်တိုင် ပျံသန်းရကောင်းမှန်းတောင် မသိနိုင်တော့သလိုပါပဲ။ ကျနော်တို့ကို လက်ဖျောက်ကလေးတီး ဆက်ဖျောက် ထားခဲ့ကြတယ်။ 

ဟု တ်တယ်လေ။ ကျနော်တို့က အဲဒီ ခေတ်ရဲ့ ဓားစာခံ လူညံ့တွေ။ ခေတ်ကြီးဆီက ဖမ်းခေါ်လာခဲ့တဲ့ အညတရ သုံ့ပန်းတွေ။ ကစားစရာ ပိုက်ကွန်သေးသေးလေးတွေထဲက လိပ်ပြာသေးသေးလေးတွေ။ နောက်ပြီး အဲဒီနှစ်ကာလတွေမှာ ကျနော်တို့က လှောင်ပိတ်ခံထားခံရမှာ သိပ်ကြောက်တတ်တဲ့ ယုန်ကလေးတွေ ပေါ့။

ကျ နော်တို့ကို တချို့က ပြောကြတယ်။ ပညာရေးစနစ်ဆိုးကြီးရဲ့ အစမ်းသပ်ခံတွေပေါ့ တဲ့။ ကျနော်ကတော့ အဲဒီလိုကို မထင်ပါဘူး။ အမှန်တော့ ကျနော်တို့အားလုံး အစမ်းသပ်တောင် မခံခဲ့ရပဲ အစတေး ခံခဲ့ကြရတာ။ ကျနော်တို့ ချကျွေးခံလိုက်ရတာပါ။ စနစ်တကျဖျက်ဆီးပစ်ခဲ့တဲ့ ပညာရေးစနစ်ထဲမှာမှ ပညာသင်တဲ့အရွယ် ရောက်ခဲ့ရတာ မဟုတ်လား။

တို င်းပြည် ပညာမတတ်ရင် အုပ်ချုပ်သူစိတ်ကြိုက် လုပ်လို့ရတယ် ဆိုတဲ့ ဘယ်သူပြောခဲ့မှန်းမသိပေမယ့် ဘယ်တော့မှ မလွဲခဲ့တဲ့အဆိုမှာ ကျနော်တို့ ပြန် မချေနိုင်သလိုပဲ။ ကျနော်တို့ နှုတ်ခမ်းတွေဟာ ဆွံ့အလို့ ပစ်မှတ်ထဲစိုက်နေတဲ့မြားမှာ ကျနော်တို့ ပူးချည်ခံထားခဲ့ရတာပေါ့။ အဲဒီလို တမင်္ဂလာ သိသိကြီးနဲ့ ကြံစည်ခဲ့ကြတာ ပေါ့လေ။ အခု ကျနော်တို့ခေတ်က လူတွေ တဖြေးဖြေးကြီးလာတဲ့အခါ အဲဒီဆိုးမွေတွေကို အခုကလေးတွေ ဆက်ပြီးခံကြရတော့တာပါပဲ။

၅။               

ကျ နော်တို့တွေ အားလုံးဟာ တလျောက်လုံး ကြိုးဆိုင်းခံထားခဲ့ကြရတယ်လို့သာ ဆိုကြပါတော့။ ကျနော်တို့ဘဝကို ရုပ်သေးရုပ်လို ရှုပ်ထွေးသိမ်ငုပ်စွာ ကြိုးတွေ အဆိုင်းခံလို့ ကပြခဲ့ကြတယ်။ ကျနော်တို့ နောက်ကွယ်မှာ လက်မဲကြီးက ရှိနေတယ်။ လက်မဲကြီးက ကျနော်တို့ကို တချိန်လုံး စောင့်ကြည့်နေခဲ့ပါတယ်။

အဲ ဒီတုန်းက မုန်းလောက်အောင် ကြည့်ခဲ့ရဖူးတဲ့ ကာရာအိုကေ ခွေထဲက တကိုယ်ရေ ကိုယ်လက်သန့် ရှင်းရေး ပညာပေးဇာတ်လမ်းတိုလေးလိုပေါ့။ ကျနော်တို့မှာ အိပ်မက်တွေ ကိုယ်စီရှိခဲ့ကြတယ်။ ဒါပေမယ့်  အဲဒီ အိပ်မက်တွေထဲမှာ လက်မဲကြီးက ကြိုရောက်နေခဲ့တာပါပဲ။

ယ်ငယ်ကတည်းက စိတ်ညစ်ညူးခဲ့ရသလို သီချင်းတပုဒ် မစရသေးဘူး လက်မဲကြီးက ရောက်လာတယ်။ နောက်တပုဒ်ကို ကျော်လိုက်တော့လည်း အဲဒီလက်မဲကြီးပဲ ပြန်ရောက်လာပြန်တယ်။ ကျနော်တို့ အဲဒီသီချင်းအပုဒ်ကို အမြန်ကျော်ပစ်လို့မရ၊ စိတ်ညစ်လောက်အောင် မြင်ခဲ့ကြည့်ခဲ့ရတဲ့ လက်မဲကြီး ကျနော်တို့ မျက်လုံးရှေ့ခဏခဏရောက်လာ၊ ရွံလောက်အောင် ကြောက်ခဲ့ကြရတဲ့ လက်မဲကြီး အခုထိ ကျနော်တို့ကလေးတွေကို ဆက်ပြီးခြောက်လှန့် နေတုန်း။

သူတို့ကတော့
ကယ်တင်တယ်လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။
ထားပါတော့ 
သူတို့ပြောသလို ကယ်တင်လို့လည်းပြီးသွားရော
ချောက်ကမ်းပါးဟာ
ချောက်နက်ကြီးပြန်ဖြစ်သွားတဲ့
အထူးပြုလုပ်ချက်တွေအပြည့်နဲ့
ရုပ်ရှင် တခုလိုပေါ့
ကျနော်တို့
တသက်စာ ကြည့်ခဲ့ရတာ။

ည်းတည်းကလေးသာ ကျန်တော့သလို ပင့်ကူကြိုးကိုဖြတ်ချ၊ ကျနော်တို့ကို ချောက်ကမ်းပါးပေါ်ကို အလိုမတူပဲ ဆွဲတင်လိုက်ကြပါတယ်။ သူတို့ကတော့ ကယ်တင်တယ်လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ ထားပါ တော့။ သူတို့ပြောသလို ကယ်တင်လို့လည်းပြီးသွားရော ချောက်ကမ်းပါးဟာ ချောက်နက်ကြီးပြန်ဖြစ်သွားတဲ့ အထူးပြုလုပ်ချက်တွေအပြည့်နဲ့ ရုပ်ရှင် တခုလိုပေါ့။ ကျနော်တို့ တသက်စာ ကြည့်ခဲ့ရတာ။

ကျ နော်တို့ကသာ ကြည့်ရလွန်းလို့ ရိုးနေပြီ၊ သူတို့က စားရသောက်ရလွန်းလို့ကို မဝကြသေးဘူး။ တီဗီမှာလာနေတဲ့ ကြော်ငြာကို မကြည့်ချင်ပဲကြည့်နေကြရသလို ဇာတ်လမ်းတွေက နောက် ဘာဖြစ်တော့မယ် ဆိုတဲ့ ဇာတ်ညွှန်းကိုသိနေပေမယ့်လည်း စင်ပေါ်မှာ ကျနော်တို့အားလုံး ရွှင်ပျော်စွာကပြခဲ့ကြရတယ်။ အဲဒီလို ကျနော်တို့ရဲ့ ကြုံခဲ့ရတဲ့နေ့ရက်တွေပေါ့။

အဲ ဒါ ကျနော်တို့ ညနက်နက် သန်းခေါင်ယံ ဆိတ်သုဉ်းခြင်းတွေပါပဲ။ ကျနော်တို့ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြတယ်။ အပြောင်းအလဲ တခုကိုပေါ့။ ကျနော်တို့ ရင်ခုန်စိတ်လှုပ်ရှား ကြေကွဲဝမ်းနည်းစွာဖြတ်သန်းခဲ့ကြရတယ်။ အဲဒီ အမှောင်ခေတ်ကြီးကို။ နောက်ပြီးတော့လည်း နံနက်ခင်း နေရောင်ဟာ ရောက်မလာခဲ့ပါဘူး။ ကျနော်တို့ မျက်လုံးတွေကို ဖောက်ထုတ်ခဲ့ကြတယ် ဆိုတော့လေ။

၆။                   

ခုကျတော့ ဘာတွေကြားနေရပြီလဲ၊ ကျနော်တို့လည်း မသိနိုင်တော့ပါဘူးဗျာ။ “ပေါင်မုန့်မရှိရင် ကိတ်မုန့် စားပေါ့”ဆိုတဲ့ မေရီအင်တွိုင်းနက်ကြီးကမှ တော်သေးတယ်လို့ ထင်လာတဲ့အထိ ပါးစပ်အဟောင်းသားနဲ့ နေ့ရက်တွေပေါ့။ အခုဆို ရယ်မော ပျော်ရွှင်စရာ ခေတ်ကြီးထဲ အမှန်တကယ် ရောက်နေပါပြီတဲ့။

ခုလို ခေတ်ကြီးရောက်မှ ဖြစ်နေကြတာမို့လည်း အားလုံး တဝါးဝါး တဟားဟား ပေါ့လေ။ ရယ်လိုက်ကြရတာ နာကျင် ကြေကွဲစွာ ဝမ်းနည်းကြပြီးတော့။ အဲဒီလို ကျနော် ရေးခဲ့ဖူးပါလိမ့်မယ်။ ရယ်လို့လည်းဝရော ရယ်စရာလို့ဆိုရင် ခါးတို့ပြီး ကလိထိုးညှစ် ရယ်ဖို့ကိုတောင် စိတ်ကိုက ရယ်လို့မရတော့ဘူး ဖြစ်သွားတယ်။

တကယ်ပဲ ပျော်စေချင်လို့ ရယ်စရာပြောနေတာလား
အတည်ပေါက်နဲ့များ နောက်နေကြတာလားပေါ့။
အရည်အချင်းမပြည့်မီတဲ့ ပညာရေးဝန်ထမ်းကို
နယ်တွေဆီပို့ပစ်မယ်တဲ့။
မူလတန်း အလယ်တန်း အစိုးရစစ် အတွက်
စာမေးပွဲ ကျင်းပစားရိတ်
ကျောင်းသားတဦး ငါးဆယ်ကျပ် ခွဲတမ်းရရှိသတဲ့။

ခါတလေ ကျနော် တွေးနေမိတယ်။ သူတို့တွေ တကယ်ပဲ ပျော်စေချင်လို့ ရယ်စရာပြောနေတာလား၊ အတည်ပေါက်နဲ့များ နောက်နေကြတာလားပေါ့။ အရည်အချင်းမပြည့်မီတဲ့ ပညာရေးဝန်ထမ်းကို နယ်တွေဆီပို့ပစ်မယ်တဲ့။ မူလတန်း အလယ်တန်း အစိုးရစစ်အတွက် စာမေးပွဲကျင်းပစားရိတ် ကျောင်းသားတဦး ငါးဆယ်ကျပ် ခွဲတမ်းရရှိသတဲ့။ ဘာတွေများလဲဗျာ။ ရုတ်တရက် ကြားလိုက်ရင် ပညာရေးကို အရည်အသွေးမြှင့်တင်လိမ့်မယ် ထင်စရာတောင် ကောင်းပါရဲ့လား။

ခြားနည်းနဲ့ စဉ်းစားကြည့်ရအောင် ပေါ့လေ။ နယ်က ပညာသင် ကလေးတွေက အရည်အချင်း မမီတဲ့ ဆရာတွေနဲ့မှ ပညာကိုသင်ရတော့မလို ဖြစ်မနေဘူးလား။ အဲဒီလို အပိုရလမ်း ဖြောင့်ပါတယ်လို့ စွဲနေကြတဲ့ မြို့ကြီးပြကြီးက လွင့်လာတယ်ဆိုတဲ့ ဆရာတွေကရော ဘယ်လိုမျိုးနဲ့ ကိုယ့်စိတ်ကို ပြန်လည်ထူမတ်ပြီး နယ်က ကလေးတွေကို ပညာ ဘယ်လို ဆက်လက် ပြန်ဝေမျှမလဲ။ သတင်းခေါင်းစဉ်မှာ မျက်လုံးပြူးသွားတယ် ဆိုရင် ကျနော်တို့အလွန်လား။ တခါတခါတော့ ကျနော်က တော်တော်လေး အလိုက်ကမ်းဆိုးမသိတဲ့ အဆိုးမြင်တယောက် ဖြစ်နေတတ်တယ်။                      

ကျ နော်တို့ သိကြတာပဲ။ ကျနော်တို့ တွေးဖြစ် ပြောဖြစ် ကြသလိုပါပဲ။ ဘာတွေလုပ်ရင် ကောင်းမလဲ။ ကျနော်တို့ အနာဂတ်ကို ဘယ်လိုထုဆစ် ပုံဖော်ကြမလဲပေါ့ ကျနော်တို့ စဉ်းစားကြည့်ကြတယ်။ တခြားတိုင်းပြည်တွေမှာ တခြားတိုးတက်နေတဲ့နိုင်ငံတွေမှာ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်နေကြသလဲ။ ကလေးတွေ အနာဂတ်ကို ဘယ်လိုတည့်မတ်အောင် လမ်းကြောင်းချပေးနေသလဲဆိုတာကို ကျနော်တို့ လေ့လာကြတယ်။

ရယ်စရာ ခေတ်စကားတခုလိုပေါ့
နောက်
ပြီးတော့ ဘာဆက်ဖြစ်သွားလဲ ဆိုတော့
အဲဒါလည်းပြီးရော
ဘာမှ ဆက်မဖြစ်တော့ဘူးဆိုသလို
“ဘာမှ မဘာတော့ဘူး” ဆိုတဲ့ ခေတ်စကားအတိုင်း
ကျနော်တို့
အကောင်အထည်ဖော်တဲ့ဆီ
ဘယ်လိုမှ မရောက်နိုင်ဘူး။

ကျ နော်တို့ မြင်ကြတယ်။ ရယ်စရာ ခေတ်စကားတခုလိုပေါ့။ နောက် ပြီးတော့ ဘာဆက်ဖြစ်သွားလဲ ဆိုတော့ အဲဒါလည်းပြီးရော ဘာမှ ဆက်မဖြစ်တော့ဘူးဆိုသလို “ဘာမှ မဘာတော့ဘူး” ဆိုတဲ့ ခေတ်စကားအတိုင်း ကျနော်တို့ အကောင်အထည်ဖော်တဲ့ဆီ ဘယ်လိုမှ မရောက်နိုင်ဘူး။ အစကတည်းကမှ နိမ့်ကျနေတဲ့အခြေအနေမှာ ကျနော်တို့ ဘယ်မှလည်း ဆက်မသွား၊ ဘယ်ဆီမှလည်း ဆက်မလျှောက် ကြတော့ဘူး။ ကိုယ်တိုင်ကိုက အဲဒီ ခေတ်ကြီးထဲမှာ နေထိုင်ခဲ့ရလို့ အသိဉာဏ်တွေဝေဝါး ဘာမှ ဆက်မလုပ်တတ်တော့တာလား။ ကျနော် မသိတော့ပါဘူး။ 

၇။                     

အဲ ဒါတွေအားလုံးက ဘာကိုပြောချင်တာလဲဆိုတော့ အခုလို ကျနော်တို့ အရွယ်ရောက်လာတဲ့ အချိန်ရောက်တော့ ကိုယ်တိုင်ကိုက ဝေဝါးစိတ်နဲ့သာ လူဖြစ်လာကြရတာ မဟုတ်လား။ ဘာမှ မသိခြင်းနဲ့သာ အမှားကို အမှန် ထင်ယောင်ကြ၊ ကျနော်တို့ ဘာမှ မသိကြ၊ မတတ်ခဲ့ကြသလိုပါပဲ။ ကျနော်တို့ ကိုယ်တိုင်က ကောင်းမွန်လတ်ဆတ်တဲ့ လေကိုမှ မရှူရှိုက်ခဲ့ရတော့ နောင် အနာဂတ် လူငယ်တွေကို ပြည့်ပြည့်ဝဝ ပြန်မပေးနိုင်ခဲ့ကြဘူး ဖြစ်နေသလို ပေါ့လေ။ 

ကာင်းမွန်ပြည့်စုံတဲ့ ပညာရေးစနစ်ကို အခုအချိန်အထိ ချမပေးနိုင် လက်ဆင့် မကမ်းနိုင်ကြသေးဘူး ဖြစ် နေတော့တယ်။ အရာရာကို သိလွယ် တတ်လွယ်သေးတဲ့ ကလေးတွေဘဝ ဆိုတာကလည်း မှတ်ဉာဏ်ထဲ ဘာအရောင်မှ မဆိုးရသေးတဲ့ ဖြူစင်မှုဟာ ဘယ် အရောင်ကိုမဆို လက်ခံနေမိတတ်မယ် မဟုတ်လား။

ကျ နော်တို့ဆီက ထွက်သွားတတ်တဲ့ အရောင်တွေလည်း လေထုထဲပျံ့နှံ့နေသလို ကလေးတွေအပေါ် အဆိုးခံကြရလိမ့်မယ်။ ဆိုလိုတာကတော့ ကျနော်တို့ဟာ ဘယ်လိုပြောင်းလဲပစ်ရမယ် ဘာလုပ်ရင် ကောင်းမယ်ဆိုတဲ့ စိတ်နဲ့ ကူးနေကြတဲ့ အနာဂတ် ပညာရေးစနစ် စိတ်ကူးမှာ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေအတွက် ရင်ခုန်စွာကြိုဆိုချင်ကြပေမယ့် တကယ်တမ်းကျတော့ ဘာမှဖြစ်မလာသေးပါဘူး။ 

အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ
ကျနော်တို့လက်တွေ
အရာရာ ဖမ်းဆုပ်လို့ မမြဲကြတော့သလို
ကျနော်တို့ နောက်ကျနေပြီဆိုတာကို
နောက်ကျမှသာ သိခွင့်ရခဲ့တာ မဟုတ်လား
ကျနော်တို့ စိတ်တွေကိုတောင်
မနည်းလွတ်လပ်အောင် လုပ်ယူထားကြရတာ မဟုတ်လား
ကျနော်တို့ အိပ်မက်တွေကိုတောင်
မနည်း အရည်စစ်ထုတ် ယူခဲ့ကြရတာလေ။

ကျ နော်တို့ဟာ မီးခိုးလို မှုန်မှိုင်းလွင့်မျောနေရာက တိမ်တွေဖြစ်ချင်ခဲ့ကြ၊ ငွေ့ရည်ဖွဲ့လို့တော့ မရခဲ့ကြပါဘူး။ အဲဒီလိုပါပဲ။ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ကျနော်တို့လက်တွေ အရာရာ ဖမ်းဆုပ်လို့ မမြဲကြတော့သလို ကျနော်တို့ နောက်ကျနေပြီဆိုတာကို နောက်ကျမှသာ သိခွင့်ရခဲ့တာ မဟုတ်လား။ ကျနော်တို့ စိတ်တွေကိုတောင် မနည်းလွတ်လပ်အောင် လုပ်ယူထားကြရတာ မဟုတ်လား။ ကျနော်တို့ အိပ်မက်တွေကိုတောင် မနည်း အရည်စစ်ထုတ် ယူခဲ့ကြရတာလေ။

ဆို တော့ “အခုအချိန်ကစပြီး” ဆိုတာ ဘာကို ပြောတာလဲ။ နောက် မျိုးဆက်တဆက်ကိုလား။ နောက် တခေတ်စာ ပြန်လည် တည်ဆောက်ယူရဦးမယ့် နောင်တချိန်ကိုလား။ ဒါမှမဟုတ် နောင် ဘဝကျမှလား။

ဟု တ်တော့လည်း ဟုတ်ပါတယ်။ ကျနော်တို့ဆီမှာက မီးခိုးတွေဟာ ရေငွေ့မှ မဖြစ်ခဲ့တာ။ မီးခိုးဆိုတာ မိုးလို ဘယ်တော့မှ မရွာချဘူးလေ။ အမှန်တကယ်တော့ ကျနော်တို့တွေအားလုံးက မီးခိုးတွေ။ ငွေ့ရည်ဖွဲ့ရွာတတ်တဲ့ တိမ်တွေ မဟုတ်ခဲ့ကြဘူး။ အဲဒီလိုပေါ့။ အားလုံး လွင့်စင် ပျောက်ကွယ် ကုန်ကြပြီးပြီ။

နိုလှိုင်း
၂၀၁၈၊ ဖေဖော်ဝါရီ ၂၁။

မှတ်ချက်။ အခန်း(၄)မှာ ရေးသားထားတဲ့ ဒီစာကြောင်းလေး (“ကျနော်တို့ကို လက်ဖျောက်ကလေးတီး ဆက်ဖျောက် ထားခဲ့ကြတယ်”) ကို မူရင်းအတိုင်း ဖော်ပြပေးထားပါတယ်။ စာဖတ်သူအနေနဲ့ စာလုံးတချို့ကျကျန်နေရစ်ခဲ့တယ်ဆိုတာကို သတိပြုမိနိုင်မှာဖြစ်ပေမယ့် စာရေးသူရဲ့ဆိုလိုရင်းကို ခံစားနားလည်နိုင်တာမို့ ဆီလျော်အောင်ဖြည့်စွက်တာမျိုးမလုပ်ဘဲ မူရင်းအတိုင်း ဖော်ပြပေးထားပါတယ်။ [လွတ်လပ်လှိုင်းမဂ္ဂဇင်း]