မို​နေးသစ်​ – ငါး (၅)

အပိုင်း(၅)

*******

မျက်​နှာသစ်​လိုက်​​တော့
မျက်​နှာ​ပေါ်က အ​ကြေးခွံ​တွေကွာကျလာ
တစ်​​နေ့လုံး တလက်​လက်​​တောက်​​နေတဲ့
အ​ကြေးခွံ​တွေ​ကြောင့်​ပဲ
အသက်​ရှုကြပ်​လာ။

လောင်​စာကို မီးထည့်
တဆိတ်​ကို တစ်​အိတ်
ခြံစည်းရိုးခွစား​နေတဲ့ ငါး​တွေ

မျက်​မမြင်​ ငါး​တွေက
နား​တွေ လျင်​ကြတယ်
ကော်​ ​ကောင်း​ကောင်းနဲ့
တံခါးကို ကပ်​ထားတယ်
အိတ်​ကပ်​ သပ်​သပ်​ရှိတယ်

ဖောင်းမယ့်​ ငါးက​တော့
ဖောင်း ​နေမှာပါပဲ။
စကားလုံး အရိပ်​က
စားပွဲကို ကွယ်​​နေတယ်

စာအုပ်​ ​ရောက်​ပါပြီ
ကူး​ရေးရမယ့်​ သင်​ခန်းစာက
ငွေ ဆိုလား။

တစ်​ဖက်​ကို တစ်​ဖက်​က
စိတ်​မချရ​တော့ဘူး
ငါးရံ့​တွေကြားထဲ
ငါးပူတင်း​တွေ ​ရောက်​လာသလို
ငါးကမ္ဘာ။

မို​နေးသစ်

Credit @ https://www.facebook.com/profile.php?id=100006940083214