ငါတို့ဖန်တီးမှု

ငါတို့ဖန်တီးမှု ကဏ္ဍအတွက်
စာမူများပေးပို့ရန် တောင်းခံခြင်း

လွတ်လပ်လှိုင်းရဲ့ 
ငါတို့ဖန်တီးမှုကဏ္ဍမှာ

(၁) ဓာတ်ပုံ

(၂) ပန်းချီ

(၃) ဂီတ

(၄) ဗွီဒီယို/ရုပ်ရှင်

(၅) သံချပ်/သဘင်

(၆) ကဗျာစကားဝိုင်းများ/ကဗျာရွတ်ပွဲများ

(၇) စာပေစကားဝိုင်းများ/စာပေဟောပြောပွဲများ

(၈) တီထွင်ဖန်တီးမှု (စက်မှု/လက်မှုဆိုင်ရာ)

(၉ ) စာအုပ်စင် (ထုတ်ဝေပြီးစာအုပ်များထားရှိရန်)
အစရှိတဲ့ ကဏ္ဍခွဲတွေကို ထည့်သွင်းထားပါတယ်။

ဝါသနာအလျောက် အပျော်တမ်းရိုက်ထားတဲ့ ဓာတ်ပုံကလေးတွေ၊ ပန်းချီကလေးတွေ၊ ဗွီဒီယို/ရုပ်သံဇာတ်လမ်းတိုလေးတွေ၊ ထုဆစ်ထားတဲ့ ပန်းပုလက်ရာကလေးတွေ၊ တီထွင်ဖန်တီးထားတဲ့ လက်မှုဆိုင်ရာ/စက်မှုဆိုင်ရာ လက်ရာကလေးတွေကိုလည်း ပေးပို့ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ကဗျာဝိုင်းတွေမှာ ကဗျာရွတ်ကြသံတွေ၊ စာဖတ်ဝိုင်းတွေမှာ ငြင်းခုံဆွေးနွေးကြတာတွေကိုလည်း လွတ်လပ်လှိုင်းရဲ့  ဥပစာမှာ တတပ်တအား ပါဝင်ကြဖို့ ဖိတ်မန္တက ပြုအပ်ပါတယ်။

ဓာတ်ပုံတွေ၊ ပန်းချီတွေပေးပို့ကြတဲ့အခါ အဲဒါနဲ့သက်ဆိုင်တဲ့ (ပုံစာ-caption)ကလေးတွေပါ ရေးသားပေးပို့ကြစေလိုပါတယ်။

ဗီဒီယို/ရုပ်သံဖန်တီးမှု၊ သံချပ်ဖန်တီးမှု စသဖြင့်ပေးပို့ရာမှာတော့ File Size ကို 128 MB ထက်မကျော်စေဘဲ ပေးပို့ကြစေလိုပါတယ်။ Youtube မှာ တင်ထားတယ်ဆိုရင်လည်း သက်ဆိုင်ရာ Link/Embed Code ကို ပေးပို့နိုင်ပါတယ်။

အနုပညာအသင်းအဖွဲ့တွေရဲ့  အနုပညာလှုပ်ရှားမှုမှတ်တမ်းတွေ၊ အခြားရေးသားဖော်ပြချက်တွေနဲ့ ရုပ်သံမှတ်တမ်းဖိုင်တွေကို ပေးပို့ဖို့နဲ့ လက်လှမ်းမီရာနေရာတွေကနေ ကူးယူဖော်ပြခွင့်ပြုဖို့ကိုလည်း တပါတည်း မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။ ဒီ ပန်ကြားချက်နဲ့အတူ အထက်က အချက်အလက်တွေကို ပေးပို့တဲ့အခါ Microsoft Word ပေါ်မှာ ဇော်ဂျီဖောင့်အမျိုးအစားနဲ့ စာရိုက်ပြီး ပေးပို့ဖို့ကိုလည်း ထည့်သွင်းပြောကြားလိုပါတယ်။

အထက်က အချက်အလက်တွေကို
အောက်ပါ အီးမေးတခုခုကို လိပ်မူပြီး ပေးပို့နိုင်ပါတယ်။

ခင်လွန်း (အယ်ဒီတာ)

khinlunn@thefreedomwave.com

မောင်စိုးသစ် (အယ်ဒီတာ) 

mgsoethit@thefreedomwave.com

အယ်ဒီတာအဖွဲ့ –

editor@thefreedomwave.com

တခုခု သိချင်လို့ မေးမြန်းစုံစမ်းလိုတဲ့အခါ –

info@thefreedomwave.com

အယ်ဒီတာအဖွဲ့

လွတ်လပ်လှိုင်းမဂ္ဂဇင်း