အောင်ကျော်ဆန်း – 
ဒေါ်ခင်မျိုးညွန့်နဲ့ တွေ့ဆုံမေးမြန်းခြင်း

.

ကမ္ဘာပေါ်မှာအလှဆုံးနှင်းဆီ (သို့)
ဒေါ်ခင်မျိုးညွန့်နဲ့တွေ့ဆုံမေးမြန်းခြင်း
အောင်ကျော်ဆန်း

.

ကိုချစ်ကောင်းကို လွှတ်ပေးလိုက်တဲ့ အခါကျတော့
ဦးနေဝင်းကလေ ဝမ်းသာလွန်းလို့တဲ့။
ကန်တော့ချင်တယ်တဲ့။
တကယ်တန်း ဝမ်းသာတာ
ဟုတ်သလား မဟုတ်သလားတော့ မသိဘူး။
သူက လာတော့ ကန်တော့တယ်။
ကွန်မြူနစ်ဆန့်ကျင်ရေး လုပ်တဲ့နေရာမှာတော့
သခင်သာခင်တို့ ကိုကျော်ငြိမ်းတို့ထက်
ဗိုလ်နေဝင်းက အများကြီး သာတယ်။

.

အဖွားက နိုင်ငံရေးနယ်ထဲကို ဘယ်ကနေစပြီး ရောက်ခဲ့တာလဲ။

ဖွားရဲ့ဇာတိက မင်းလှမြို့နယ်ထဲက စစ်ကွင်းကျေးရွာပေါ့။ အဖွားက ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကတည်းက အုတ်တွင်းမှာ ရောက်နေတယ်။ အဲဒီမှာ အစ်ကို တစ်ယောက်ရှိတယ်။ အဲဒီ အစ်ကိုဆီနေရင်းနဲ့ စစ်ဖြစ်ပြီး ဂျပန်တွေဝင်လာတော့ အာရှလူငယ်တွေဘာတွေ ထောင်ကြတယ်။ ဒါနဲ့ အဖွားက အုတ်တွင်းအာရှလူငယ်မှာ ဝင်လှုပ်ရှားတယ်။ နောက်တော့ အဖွားရဲ့ဇာတိ စစ်ကွင်းကို ရောက်သွားတယ်။ စစ်ကွင်းက သာယာဝတီခရိုင် မင်းလှမြို့နယ်ဆိုတော့ အဖွားလည်း သာယာဝတီခရိုင်ကနေ ဝင်လှုပ်ရှားရတာပေါ့။

သာ ယာဝတီခရိုင်မှာ အဖွားတို့နိုင်ငံရေးလုပ်တော့ ခေါင်းဆောင်က သခင်စောကြီးတဲ့။ သခင်စောကြီးတို့က တာဝန်ပေးတာနဲ့ အဖွားက ထိန်တော မိုးညိုဘက်သွားပြီး တရားဟောရတယ်။ နယ်ချဲ့ဆန့်ကျင်ရေးပေါ့။ အင်္ဂလိပ်ကို လက်နက်ကိုင်ပြီး ပြန်ချရမယ်ဆိုပြီး အဖွားက ဟောထည့်လိုက်တာ။ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ မြည်ဟိန်းထွက်သွားတာပဲ။ လူထုက သဘောကျလိုက်တာ။ ကျွန်ဘဝကို မုန်းလှပြီကိုး။ ပြောကောင်းကောင်းနဲ့ပြော ဟောကောင်းကောင်းနဲ့ ဟောချလိုက်တာ။ ဘာဖြစ်သလဲဆိုတော့ သာယာဝတီအရေးပိုင်ရုံးကနေ ဖမ်းဝရမ်းထုတ်တော့တာပဲ။ ဟာ သွားတော့ အဖမ်းမခံဘူး။ ဖြစ်ချင်ရာဖြစ်ပေါ့။ အဖွားကတော့ ဆက်ဟောတာပဲ။ ထိန်တော မိုးညို အုတ်ဖို မင်းလှ ကြို့ပင်ကောက် နတ္တလင်း အကုန်လှည့်ပတ်ပြီး ဟောတာပဲ။ ချကြ ချကြပေါ့။

နဦး။ ရယ်စရာပြောရဦးမယ်။ အဖွားနာမည်က ဒေါ်ခင်မျိုးညွန့်။ သာယာဝတီအရေးပိုင်က ဖမ်းဝရမ်းထုတ်တော့ ယောက်ျားလေးထင်ပြီး မောင်မျိုးညွန့်ကို ဖမ်းစေဆိုပြီး အဲသလို ဝရမ်းထုတ်တယ်။ ဒါနဲ့ သခင်စောကြီးက ဦးသိန်းဖေမြင့်ဆီ အစီရင်ခံစာ တင်တယ်။ အဲဒီတော့ ဦးသိန်ဖေမြင့်တို့ဆီကနေ ကိုထွန်းရောက်လာတယ်။ နောင်မှာ ပေါ်လစ်ဗျူရိုဖြစ်လာတဲ့ ရဲဘော်ထွန်းပေါ့။ ကိုထွန်းနဲ့ အခြေအနေကိုတိုင်ပင်တော့ မခင်မျိုးညွန့် ခင်ဗျား အဖမ်းမခံနဲ့ပေါ့။ ဒါပေမယ့် ဒီမှာဆက်နေရင် တစ်နေ့မဟုတ်တစ်နေ့ အဖမ်းခံရတော့မယ်။ ဌာနချုပ်ကို လိုက်ခဲ့ပါပေါ့။ ဌာနချုပ်မှာလည်း လူကလိုအပ်တယ်ပေါ့။ ဒီလိုနဲ့ ဘုံရိပ်သာကို ရောက်လာတယ်။ ဗားကရာ ဌာနချုပ်ပေါ့။

မြင်းခြံက ဆရာကြီးနဲ့လည်း အဲဒီမှာဆုံခဲ့တယ်

ဗား ကရာဌာနချုပ်မှာ အဖွားတို့ အမျိုးသမီး ရဲဘော်တွေအတွက် တစ်ခန်းပေးထားတယ်။ အဲဒီမှာ ပါတီအလုပ်တွေ လုပ်ကြရတယ်။ ပြည်သူ့အာဏာတို့ ကွန်မြူနစ်နေ့စဉ်တို့ပေါ့။ ဟုတ်တယ် ပြည်သူ့အာဏာက ဂျာနယ်။ ကွန်မြူနစ်နေ့စဉ်ကတော့ သတင်းစာပေါ့။ ခုနှစ်သက္ကရာဇ်ကတော့ ၁၉၄၅-၄၆ ကနေ ၁၉၄၈ ခုနှစ် မတ်လအတွင်းထိပေါ့။ အဲဒီ ဘုံရိပ်သာမှာနေတုန်းက လုပ်ခဲ့ကြရတယ်။

ဖွားရဲ့ တကယ့်တာဝန်က ပါတီရဲ့ အမျိုးသမီးဌာနမှာ အတွင်းရေးမှူး။ ဥက္ကဌက ကိုထွန်းစိန်မိန်းမ မခင်တင့်။ နောင်မှာ သခင်ဇင်ဇနီး ဒေါ်ကြည်ကြည်လည်း ဥက္ကဌလုပ်ဖူးသေးတယ်။ အဲ လုပ်ရတာက အစုံပဲ။ ဘုံရိပ်သာမှာ နေကြတယ်ဆိုတဲ့ အခါကျတော့ ပါတီလုပ်ငန်းအားလုံး အောက်ခြေသိမ်း အကုန်လုပ်ကြရတာပေါ့။ သတင်းစာတွေ ထုပ်ကြပိုးကြ၊ ဂျာနယ်တွေ ထုပ်ရပိုးရတာတို့။ ထမင်းချက် ဟင်းချက်ကအစ ဟာ အကုန်လုပ်ရတာပဲ။ အဲဒီတော့ မိန်းကလေးတွေလည်းပဲ သူ့ဟာနဲ့သူ အလုပ်ခွဲထားတာရှိတယ်။ ဒါပေမယ့် မပြီးရင် အကုန်ဝိုင်း လုပ်ကြရတာပဲ။ ဟုတ်တယ် ဟုတ်တယ်။

မြင်းခြံက ဆရာကြီးနဲ့လည်း အဲဒီမှာ စတွေ့ဖူးခဲ့တယ်။ ကိုချစ်ကောင်းက အနုပဋိလောမတို့ဘာတို့ လာပြီးတော့ သင်တန်းပေးတယ်။ သူ့ကို အဲဒီမှာတွေ့ဖူးတာ။ သခင်ဗဟိန်းကိုလည်း အဲဒီမှာ စတွေ့ဖူးတာပဲ။ ခင်တယ် သိပ်ခင်တာ။ နောင် ဘုံရိပ်သာမှာ လူတွေများလာတော့ သခင်ဗဟိန်းတို့ မခင်ကြီးတို့နေတဲ့ မြေနုလမ်းအိမ်မှာ လိုက်နေတယ်။ အလုပ်လုပ်တော့ ဗားကရာ ဌာနချုပ်ကို လာလုပ်တာပေါ့။

ဖွားက ပြည်သူ့အာဏာတို့ ကွန်မြူနစ်နေ့စဉ်တို့မှာ လုပ်ရတယ်။ လုပ်ရတယ်ဆိုတာ အစုံပဲ။ စာမူတွေခွဲတာ ဖိုင်တွဲတာ ပယ်တာ ရွေးတာ အကုန်လုပ်ရတယ်။ အကြမ်းရွေးပေးထား တာပေါ့။ နောက်ဆုံးဖိုင်နယ်ရွေးတာက သခင်သန်းမြိုင်တို့ သခင်မြသွင်တို့ပေါ့။ အလုပ်အရေးကြီးနေရင် အဖွားတို့ အကြမ်းရွေးပြီးသားထဲကပဲ သူတို့ အချောထပ်ရွေးလိုက်ကြတယ်။ သူတို့ အလုပ်နိုင်တဲ့ အခါကျတော့ အဖွားတို့ပယ်ထားတဲ့ အပုံကို ပြန်ကိုင်ကြတယ်။ အစအဆုံး သူတို့တာဝန်ယူတာပေါ့။ ဒါပေမယ့် တကယ်အများဆုံး လုပ်ရတာက အဖွားတို့လုပ်ရတာပဲ။

.

နေဦး နေဦး အဲဒီမှာ ဖြတ်ပြောလိုက်ဦးမယ်။
ပြည်တွင်းစစ်ကို တို့က စတိုက်တာဆိုရင် တောထဲကို ဘယ်ထွက်သွားမလဲ။ 
အစိုးရရုံးသိမ်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ စစ်ဗိုလ်တွေ အကုန်ဖမ်းပစ်လိုက်မှာပေါ့။ 
အခုဟာက သူတို့ကစပြီးလုပ်တာ။ 
စစ်ကို စတဲ့လူရဲ့လက်ထဲမှာ အာဏာက ရှိနေခဲ့တာ ကျန်နေခဲ့တာပဲ။ 
ဒါကို ပြန်ရှင်းပြစရာ မရှိပါဘူး။ 
အကုန်သိကြပြီးသား ကိစ္စပဲ။ 
လိမ်တာ ညာတာတွေ ထပ်ထပ်လာတော့ သိသိကြီးနဲ့ ပြန်ရှင်းနေကြရတာပေါ့။

.

ဖောင်ကိုင်အယ်ဒီတာ ကိုဘရင်ကလေး

ပြည်သူ့အာဏာတို့ ကွန်မြူနစ်နေ့စဉ်တို့မှာလုပ်နေရင်း ဆရာကြီး ဦးဘရင်ကလေးနဲ့ရော ဆုံခဲ့ဖူးသလား။

ကို ဘရင်ကလေးနဲ့က စစ်ပြီးမှသိတယ်။ ဟုတ်တယ် အဲဒီဂျာနယ်တွေ သတင်းစာတွေ လုပ်ရင်းနဲ့သိတာပဲ။ အဖွားက မေ့နေတယ်။ ငါ့သားမေးလိုက်မှ သတိရသွားတယ်။ ကိုဘရင်ကလေးက အတော်ကို အားကိုးရတဲ့လူ။ အဲဒီမှာ ပြောစရာရှိတယ်။ ဒီလိုကွဲ့။ ကိုဘရင်ကလေးလိုလူက မဖြစ်မနေလိုတယ်။ ဟာ သူက အကုန်တတ်တာ။ သခင်ဗဟိန်းတို့ ကိုချစ်ကောင်းတို့ သခင်သန်းမြိုင်တို့ဆိုတဲ့ ပုဂ္ဂိုလ်တွေ တော်ပါတယ်။ တတ်ပါတယ်။ သဘောတရားရေးလည်း ကျေညက်တယ်။ နိုင်ငံရေးလက်တွေ့လည်းရှိတယ်။ ခံယူချက် ယုံကြည်ချက်တွေလည်း ခိုင်မာတယ်။ ရေကုန်ရေခန်း ကြိုးပမ်းလုပ်ကိုင်ကြတာပဲ။

ဒါ ပေမယ့် ဒီလိုလူတွေနဲ့တင် သတင်းစာတို့ ဂျာနယ်တို့ထုတ်လို့ မဖြစ်သေးဘူး။ အယ်ဒီတာပညာ တတ်တာတစ်ခုတည်းနဲ့ စာအုပ်က မဖြစ်သေးဘူး။ စာအုပ်ကို တည်းဖြတ် ပြုပြင်တတ်တာတင်မကဘူး။ ဆင်ယင်ထုံးဖွဲ့တဲ့ အတတ်ပညာက လိုသေးတယ်။ အဲဒီတော့ ဖောင်ကိုင်အယ်ဒီတာ ခေါ်တာပေါ့။ ကိုဘရင်ကလေးက အဲဒီ ဖောင်ကိုင်အယ်ဒီတာ ရာထူးနဲ့ အင်မတန်သင့်တော်တယ်။ အဲဒီတော့ ခုနင်ကပြောတဲ့ ကိုဘရင်ကလေးက အကုန်လုပ်တတ်တယ်ဆိုတာ သူ့ကိုလူတွေက ပန်းချီဆရာလို့သာ သိတာ။ ပန်းချီနဲ့မဆိုင်တာတွေလည်း သူကသိတယ်။ ဥပမာ ဘလောက်လုပ်တာမျိုး။

ဟိုခေတ်က လက်ထိုးဘလောက်ခေါ်တယ်။ အခုလို အက်ဆစ်တွေဘာတွေနဲ့စားတာ မဟုတ်ဘူး။ လက်နဲ့ထိုးရတာ။ အဲဒါ ကိုဘရင်ကလေးက ကိုယ်တိုင်ကိုယ်ကျလုပ်တတ်တယ်။ နောက် ပန်းချီဆရာဆိုတော့ ကိုယ်တိုင်ပုံဆွဲတတ်ရုံတင်မက ဒီစာမူကဖြင့် ဘယ်သူ့ပုံနဲ့ သင့်တော်တယ်ဆိုတာမျိုးလည်း သူပဲရွေးတယ်။ စာဖောင်ဖွဲ့တာ ဒမ်မီချတာ အင်တင်းတာတွေ အကုန်သူပဲလုပ်တယ်။ ဟာ အကုန်လုပ်တတ်တာပဲ။

.နိုင်ငံရေးအမြင်ရှိတဲ့ ပန်းချီဆရာ ကိုဘရင်ကလေး

ဖာင်ကိုင်အယ်ဒီတာဟာ ပန်းချီကိုသိရတယ်။ ပုံနှိပ်ကို သိရတယ်။ စာစီ စာပြင် ဒမ်မီ လေးအောက် အကုန်သိရတယ်။ ပြီးတော့ စာကို သိရတယ်။ ဒါက အရေးအကြီးဆုံးပဲ။ တခါ ပါတီအာဘော် စာနယ်ဇင်းဆိုတော့ နိုင်ငံရေးသိရမယ်။ ဒါကို မသိလို့ မဖြစ်ဘူး။ အဲဒီလိုပန်းချီဆရာက အများကြီးမရှိပါဘူး။ နိုင်ငံရေးသိတယ်။ စာသိတယ်။ ပန်းချီတတ်တယ်ဆိုတာ ဆရာဦးအုန်းလွင်တို့ရှိတယ်။ ဒါပေမယ့် ကိုဘရင်ကလေးလို ဘလောက်တွေ ခဲစာလုံးတွေတော့ ဆရာဦးအုန်းလွင်တို့က မသိပြန်ဘူး။

ခဲ စာလုံးက စီတတ်ဖို့နေနေသာ။ ဘယ်စာလုံး ဘယ်မှာရှိတယ်ဆိုတာ သိဖို့ကို မလွယ်ဘူး။ ခဲစာလုံး ထားသိုတဲ့ အတတ်ပညာ အဲဒါကိုက အတတ်ပညာတစ်ခုပဲ။ ကိုဘရင်ကလေးက အဲသလိုတွေ အကုန်သိတယ်။ သိတော့ ဘာဖြစ်သလဲဆိုရင် တော်တော်များများ သူပဲ ဒိုင်ခံလုပ်ရတယ်။ စာမူတွေရွေးချယ်တည်းဖြတ်ပြီးပြီဆိုရင် ဖိုင်တွဲပြီး အထပ်လိုက် ကိုဘရင်ကလေးလက်ထဲကို အပ်လိုက်ရုံပဲ။ အဖွားတို့က ကူညီပြီးတော့ လုပ်ပေးရတာပေါ့။ သူပဲ အကုန်စီစဉ် လုပ်ကိုင်သွားတာပဲ။ စာအုပ်ဖြစ်ဖို့ဟာက သူ့တာဝန်ပဲ။ အကုန်သူပဲနားလည် သူပဲလုပ်တတ်တော့ သူပဲတာဝန်ယူရတယ်။

ဟာ … ဘယ်ကလာ ပိုက်ဆံတစ်ပြားမှ မရပါဘူး။ ကိုဘရင်ကလေးက နိုင်ငံရေးအမြင်ရှိတဲ့ ပန်းချီဆရာပါ။ ယုံကြည်ချက်နဲ့ လုပ်တာ။ ကိုဘရင်ကလေးက ငွေမက်တဲ့အစားထဲက မဟုတ်ဘူး။ သူ့ဇနီးက မအေးတဲ့။ သိပ်တော်တာပဲ။ ပါရမီဖြည့်ဖက်ဆိုတာ အစစ်ပါပဲ။ ကိုဘရင်ကလေးရဲ့ ယုံကြည်ချက်ကို ဖြည့်ဆည်းလုပ်ကိုင်ပေးရှာတယ်။ လာသမျှရဲဘော်တွေကို ဒိုင်ခံပြီး ချက်ပြုတ်ကျွေးမွေးတယ်။ ဆင်းရဲတာကို စိတ်မပျက်ဘူး။ ဒီလိုမိန်းမမျိုးကတော့ အတော်ကိုရှားပါတယ်။ ဘုံရိပ်သာကနေ ဆန်တို့ဆီတို့ စားသောက်စရာတွေ ပို့ပေးတာတော့ရှိတယ်။

ဟာ … ဟေ့ကောင်တွေ ကိုဘရင်ကလေးအိမ်မှာ စားစရာရှိမှာ မဟုတ်ဘူး။ သွားပို့လိုက်ကြဦး။ ဒီလို သခင်သန်းထွန်းတို့က ပို့ခိုင်းတယ်။ အင်း ကိုဘရင်ကလေးက သခင်သန်းထွန်းနဲ့ ခင်တာပေါ့။သူက သခင်သန်းထွန်းနဲ့ပတ်သက်ပြီး ပါတီကိုရောက်လာတာပဲ။ ကိုဘရင်ကလေးက မန္တလေးသား။ ကြီးပွားရေးတို့ လူထုတို့မှာ ပုံဆွဲတယ်။ ဦးလှက လူထုဦးလှမဖြစ်ခင်ကတည်းက သခင်သန်းထွန်းနဲ့ တအိမ်တည်း အတူနေလာတာ။ ပါတီမှာ ကွန်မြူနစ်နေ့စဉ်တို့ ပြည်သူ့အာဏာတို့ ထုတ်တော့ လုပ်မယ့်ကိုင်မယ့်လူမရှိလို့ ဦးလှက ကိုဘရင်ကလေးကို ရန်ကုန်လွှတ်လိုက်တာထင်တယ်။ သခင်သန်းထွန်းနဲ့ ချိတ်ဆက်ပြီးရောက်လာတာ။

လူ ထုဒေါ်အမာကို မေးကြည့်ပေါ့။ သူသိမယ့်ကိစ္စပဲ။ တစ်ခါကျတော့ အဖွားက သခင်ဗဟိန်းကို မေးကြည့်တယ်။ ကိုဘရင်ကလေးသာမရှိရင် ကျွန်မတို့ ကွန်မြူနစ်နေ့စဉ်ကို ဘယ်လိုထုတ်ကြမလဲပေါ့။ အဲဒီတော့ ဘာပြန်ပြောတယ်မှတ်သလဲ။ သိလား။ သင်ထားတဲ့။ သင်ထား သင်ထား အဲသလိုပြန်ပြောတာ။ သခင်ဗဟိန်းကလည်း ပိုင်တယ်။

.

ဘုရား ဘုရား …
ပြန်စဉ်းစားကြည့်တော့ သိပ်ကြောက်ဖို့ ကောင်းတာပဲ။ 
လူတွေ လူတွေ။ 
နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးတုန်းက
သေဖော်သေဖက် ရဲဘော်ရဲဘက်ဆိုတဲ့ လူတွေ။ 
အာဏာလည်း ရလာရော 
တိုင်းပြည်အတွက် တကယ်လုပ်ခဲ့တဲ့ လူတွေကို 
လည်ပင်းဓားနဲ့လှီးဖို့ ကြံတော့တာပဲ။

.

အဆုံးမသတ်နိုင်တဲ့ပြည်တွင်းစစ်

အဖွားက သခင်ဗဟိန်းနဲ့ရော ရင်းနှီးသလား။ 

င်းနှီးတယ်။ အတော်ကို ရင်းနှီးပါတယ်။ ပါတီမှာ အဲဒီတုန်းက အဖွားရဲ့ အရင်းနှီးဆုံး လူရင်းကိုပြောပါဆိုရင် သခင်ဗဟိန်းတို့ မခင်ကြီးတို့ပါပဲ။ ဘုံရိပ်သာကနေ သူတို့အိမ် ပြောင်းသွားတာပဲ ကြည့်တော့။ အစ်ကိုတွေ အစ်မတွေလိုပါပဲ။ ကိုချစ်ကောင်းနဲ့ အဖွား အကြောင်းပါတဲ့ကိစ္စမှာ သူတို့လင်မယားက ပါလိုက်သေးတယ်။ အောင်သွယ်တော့ မဟုတ်ပါဘူး။ ပြောပြတာ။

ခင်ကြီးက ပြောပြတယ်။ ကိုချစ်ကောင်းက ကိုဗဟိန်းကို တိုင်ပင်တာ။ ဘုံရိပ်သာက မခင်မျိုးညွန့်ကို သူလက်ထပ်ချင်တယ်ပေါ့။ အဲဒီတော့ သခင်ဗဟိန်းက မင်းဥစ္စာ လက်ထပ်ချင်တာတော့ ဟုတ်ပြီ။ ချစ်ရေးဆိုပြီးပြီလားပေါ့။ မဆိုရသေးပါဘူး။ အဲဒါ သခင်ဗဟိန်းကို အကူအညီတောင်းတာပေါ့။ ဟာ ဟေ့ ငါက ဒီမှာ လူကြီးဖြစ်နေပြီ။ ဝင်ပြောလို့ ကောင်းမလား။ အဲဒီလိုနဲ့ အဲဒီအကြောင်းကို သခင်ဗဟိန်းက မပြောဘူး။ မခင်ကြီးက ပြောတယ်ပေါ့။ နောက်တော့ သခင်ဗဟိန်းကလည်း ဆုံးသွားတယ်။ နိုင်ငံရေးလှုပ်ရှားမှုကလည်း အရှိန်အဟုန်မြင့်လာတယ်။

ကိုချစ်ကောင်းလည်း အဖွားကို ဘာမှ လာမပြောဘူး။ အဖွားကလည်း မခင်ကြီးပြောလို့ သိတော့နေတယ်။ ဒီလိုပေါ့။ ဆန်လုပွဲတွေ ဘာတွေဖြစ်တယ်။ စက္ကူဖြူ အထွေထွေသပိတ် ဝန်ထမ်းပေါင်းစုံသပိတ်ကြီးဖြစ်တယ်။ ကွန်မြူနစ်ပါတီကို ဖဆပလကနေ ထုတ်ပစ်လိုက်တယ်။ သခင်ဗဟိန်းဆုံးတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ အသတ်ခံရတယ်။ လွတ်လပ်ရေးရတယ်။ မကြာလိုက်ဘူး။ ဘာမှ မကြာလိုက်ဘူး။ ပြည်တွင်းစစ်ကြီးဖြစ်တော့တာပဲ။

ဘုရား ဘုရား ပြန်စဉ်းစားကြည့်တော့ သိပ်ကြောက်ဖို့ ကောင်းတာပဲ။ လူတွေ လူတွေ။ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးတုန်းက သေဖော်သေဖက် ရဲဘော်ရဲဘက်ဆိုတဲ့ လူတွေ။ အာဏာလည်း ရလာရော။ တိုင်းပြည်အတွက် တကယ်လုပ်ခဲ့တဲ့ လူတွေကို လည်ပင်းဓားနဲ့လှီးဖို့ ကြံတော့တာပဲ။ ပြည်တွင်းစစ်ကြီး ဖြစ်တော့တာပဲ။ ဒီနေ့ထက်တိုင် မပြီးနိုင် မငြိမ်းနိုင်သေးတဲ့ စစ်ကြီးပေါ့။ နှစ်ပေါင်း ၅၀ ကျော်ပြီ။ အဖွားတို့လည်း သေကာနီးပြီ။ စစ်က မပြီးသေးဘူး။

ပြည်တွင်းစစ် အစ

ပြည်တွင်းစစ်စဖြစ်တဲ့ မတ်လ (၂၈) ရက်နေ့တုန်းက အဖွားက ပါတီဌာနချုပ်မှာရှိသလား။

မရှိဘူး။ သံလျင်မှာ။

အဲဒီတုန်းက အဖြစ်အပျက်တွေ ပြန်ပြောပြပါဦး အဖွား။

ဖွားဆီကို ပါတီက လူနှစ်ယောက် လွှတ်လိုက်တယ်။ အခေါ်လွှတ်တာပေါ့။ အဖွားကလည်း စဉ်းစားမနေပါဘူး။ လိုက်မယ်ပေါ့။ ပါတီနဲ့တော်လှန်ရေးက အဖွားတို့ ဘဝပဲ။ ဒါကိုဖယ်လိုက်ရင် အဖွားတို့ဘဝမှာ ဘာမှမရှိဘူး။ ဒါပဲလုပ်စရာရှိတော့ လုပ်ရုံပဲ။ လုပ်မယ်ပေါ့။ အဲဒီတော့ အဖွားကိုလာတွေ့တဲ့ ရဲဘော်ကလေးနှစ်ယောက်ကပြောတာ ပါတီကအခေါ်လွှတ်တယ်။ အစ်မ လိုက်မှာလားပေါ့။

နဦး … နေဦး … အဲဒီမှာ ဖြတ်ပြောလိုက်ဦးမယ်။ ပြည်တွင်းစစ်ကို တို့က စတိုက်တာဆိုရင် တောထဲကို ဘယ်ထွက်သွားမလဲ။ အစိုးရရုံးသိမ်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ စစ်ဗိုလ်တွေ အကုန်ဖမ်းပစ်လိုက်မှာပေါ့။ အခုဟာက သူတို့ကစပြီးလုပ်တာ။ စစ်ကို စတဲ့လူရဲ့လက်ထဲမှာ အာဏာက ရှိနေခဲ့တာ ကျန်နေခဲ့တာပဲ။ ဒါကို ပြန်ရှင်းပြစရာ မရှိပါဘူး။ အကုန်သိကြပြီးသားကိစ္စပဲ။ လိမ်တာ ညာတာတွေ ထပ်ထပ်လာတော့ သိသိကြီးနဲ့ ပြန်ရှင်းနေကြရတာပေါ့။

အဲ ဒီတော့ ရဲဘော်ကလေး နှစ်ယောက်က ရထားလက်မှတ်ကို သူတို့ ခံထားလိုက်မယ်။ သူတို့နဲ့ မျက်စောင်းထိုးခုံမှာထိုင်။ လမ်းမှာလည်း နှုတ်မဆက်နဲ့။ မသိသလိုနေ။ သူတို့ အဖမ်းခံရင်လည်း ကိုယ့်ခရီး ကိုယ်ဆက်သွား။ ဟိုကလူ ကြိုနေမယ်။ စိတ်မပူနဲ့။ ဒီလို ပြောတာ။ ရထားပေါ်မှာကျတော့ သူတို့လည်း အဖွားကို စောင့်ရှောက်ရင်း ပါလာကြတယ်။ လမ်းမှာလည်း ဘာမှမဖြစ်ပါဘူး။ အဆင်ပြေနေတာပဲ။ လမ်းမှာ စကားပြောဖော်ကလည်း မရှိ။ အိပ်လို့လည်း မပျော်ဘူး။ သင်္ကြန်မကျသေးဘူး။ သင်္ကြန်နား နီးနေပြီ။ တောထဲရောက်ရင်လည်း ဘယ်လို နေရထိုင်ရမလဲ။ ဒီလိုဟာတွေ စဉ်းစားနေတာပေါ့။ ဟိုမှာ ကိုချစ်ကောင်းလည်း ရှိနေမှာဆိုတော့ အားရှိတယ်။

ကာနယ်ချစ်ကောင်းနဲ့ လက်ထပ်ခြင်း

ပျဉ်းမနားမှာ ဆင်းတယ်။ ပျဉ်းမနားကနေ မြင်းလှည်းနဲ့။ နောက် နွားလှည်းနဲ့ ဆက်သွားရတယ်။ ရဲဘော်လေး နှစ်ယောက်က အဖွားကို ဒီအထုပ်ကိုင်လာခဲ့ဆိုပြီးပေးတယ်။ ဆေးလိပ်ထုပ်ပါ။ အမှတ်အသားပေါ့။ လမ်းမှာ သူတို့တခုခုဖြစ်ခဲ့ရင် ပါတီကလာကြိုတဲ့သူက အဖွားကိုကယ်သွားနိုင်အောင် လုပ်ထားတဲ့အမှတ်အသား။ ဒါနဲ့ နောက်ဆုံးတော့ ပါတီဗဟိုကို ရောက်သွားတယ်။ ဟိုမှာ ဆရာနတ်တို့ ဘာတို့ရှိနေတာပဲ။ ဗဟို ကင်းစခန်းမှာက ကိုချစ်ကောင်းရှိတယ်ဆိုတော့ ပါလာတဲ့ရဲဘော်လေးတွေက မိန်းကလေးသံနဲ့ လှမ်းခေါ်ခိုင်းတာ။

အဲ ဒီမှာ ရယ်စရာ ပြောရဦးမယ်။ အဖွားက ကိုချစ်ကောင်းကို အသံပြုလိုက်တယ်။ ‘ကိုချစ်ကောင်းရေ ကျွန်မတို့ ကျွန်မတို့’ပေါ့။ စခန်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တာပဲ။ သူတို့က ‘ကိုချစ်ကောင်းရေ ကျားဗျို့ ကျားဗျို့’ လို့ကြားတယ် ဆိုတာကိုး။ အဲသလိုနဲ့ အဖွားလည်း တောထဲကိုရောက်သွားတယ်။ တောထဲကိုရောက်သွားတော့ ပါတီအမျိုးသမီးဌာနမှာပဲ တာဝန်ယူရတယ်။ ရွာနားနီးရင် ရွာထဲမှာနေတယ်။ ရွာနဲ့ဝေးရင် လင့်စင်ထိုးပြီးအိပ်ရတယ်။ သစ်ပင်ခွဆုံ အထိုင်ကောင်းကောင်းမှာ တဲထိုးနေတာပေါ့။ မြွေလည်း ကြောက်ရတာပဲ။ ကျားတွေ ဆင်တွေ ခြင်္သေ့တွေ တောကောင်တွေလည်း အဲဒီတုန်းက ပဲခူးရိုးမမှာ အများကြီးရှိသေးတယ်။

ယ်လှည့် စည်းရုံးရေး ဆင်းရတာတွေ ရှိတယ်။ အမျိုးသမီးသမဂ္ဂတွေ လယ်သမားသမဂ္ဂတွေ ဖွဲ့ကြ ပြုကြပေါ့။ စပါးမပေးရေး တိုက်ပွဲတွေ အစိုးရကို မဆက်ဆံဖို့ ဆိုတာမျိုးတွေ ဟောရပြောရတာတွေ ရှိတယ်။ ဒီလိုနဲ့ ရွှေ့လိုက်ပြောင်းလိုက် လှုပ်ရှားလိုက်နဲ့ အချိန်က ဘာမှ မကြာလိုက်ဘူး။ အချိန်က တစ်နှစ်လောက်ရှိလာတော့ အဖွားနဲ့ ကိုချစ်ကောင်းနဲ့ အဲဒီမှာ လက်ထပ်လိုက်ကြတယ်။ သခင်သန်းထွန်းတို့ ဆရာနတ်တို့ ရဲဘော်ဂိုရှယ်တို့ ကိုယ်တိုင် ဟိုဘက်ဒီဘက် မိဘတွေလုပ်ပြီး လက်ထပ်ပေးကြတာပေါ့။

ဗဟိုစခန်းမှနေ့ရက်များ

ဖွားတို့ အဲဒီစခန်းမှာ အတော်ကြာတယ်။ အဖွားတို့ လက်ထပ်ပြီး နောက်တစ်နေ့ကျတော့ မှတ်မှတ်ရရပဲ ကိုချစ်ကောင်းက တိုက်ပွဲရှိတော့ ထွက်သွားရတယ်။ ကိုယ့်ခွင်ထဲမှာ ရန်သူ့လှုပ်ရှားမှု ရှိတယ်ပေါ့။ ဗဟိုစခန်းကုန်းကို ထိစပ်ဖို့လုပ်တာ။ အဖွားတို့အိမ်ထောင်ကျတယ်ဆိုတာ သူ ဗဟိုစခန်းပြန်ရောက်တော့ အတူနေရတာပေါ့။ အများအားဖြင့် သူကလည်း တိုက်ပွဲထွက်ရတာနဲ့ စည်းရုံးရေးသွားရတာနဲ့ သင်တန်းကျောင်းတွေ လှည့်ပတ်ပို့ချရတာနဲ့ ကရင်တို့ ဘာတို့နဲ့ ဆွေးနွေးပွဲတွေလုပ်ရတာ အဆက်ပြတ်နေတဲ့ ပါတီအဖွဲ့အစည်းတွေ မြစ်ဝကျွန်းပေါ်တို့ ရခိုင်တို့ ဒီလိုသွားလာနေရတာနဲ့ အချိန်ကုန်နေတာပဲ။ အဖွားကလည်း ပါတီတာဝန်ရှိတယ်။

နာက် သားအကြီးနဲ့ သမီးအကြီးကို အဲဒီမှာမွေးတော့ ကလေးတွေရဲ့တာဝန်ကလည်း ရှိလာတယ်။ မေထွန်းကိုတော့ မြို့ပေါ်ရောက်မှမွေးတာပေါ့။ အဲဒီတော့ ကလေးတွေကတဖက်နဲ့ စခန်းကလည်း ရွှေ့ရတယ်။ ဗဟိုစခန်းဆိုတော့ ခဏခဏရွှေ့ရတာတော့ မဟုတ်ဘူး။ နောက်ပြီး ကင်းအထပ်ထပ်ချထားတော့ လုံခြုံမှု ရှိတန်သလောက်ရှိတယ်။ ဒါပေမယ့် ရန်သူက ကိုယ့်နေရာသိသွားရင် ပြောင်းတာပဲ။ ရန်သူလာတိုက်နိုင်ဖို့ ဗဟိုအထိတက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဒါ ပေမယ့် ပြောက်ကျားစစ်ဆင်နွှဲနေတာဆိုတော့ အဲဒီလို အသေမနေဘူး။ ပြောင်းတာပဲ။ လင့်စင်ပေါ်မှာ အိပ်ရတာပဲ။ ကလေးနှစ်ယောက်နဲ့ပေါ့။ သွားလေရာ ဒီကလေးနှစ်ယောက် လက်ကဆွဲပြီးခေါ်သွားတယ်။ စည်းရုံးရေး သွားရတာတွေ ရှိတယ်။ သမဂ္ဂဖွဲ့စည်းရေး ဆိုတာမျိုးတွေရှိတယ်။ တခါတလေ ဥက္ကဌတို့ ဘာတို့ ခရီးထွက်တဲ့အခါ ကိုယ်ကပဲ အကုန်လုပ်တတ်ကိုင်တတ်တာဆိုတော့ ခေါ်ရင် ပါသွားရတယ်။ ကလေးတွေပါ ခေါ်ရတာပါပဲ။

စ္စတိုတစ်လက်ပေးထားတယ်။ သက်စောင့်သဘောပါပဲ။ တခါမှ ရန်သူကို မပစ်ခဲ့ရဘူး။ အဲဒီတုန်းက ပစ္စတိုက ရှားသေးတယ်။ လူကြီးတွေနဲ့နေရတာရော ကလေးနှစ်ယောက်နဲ့ရောဆိုတော့ သေနတ်အရှည်ကိုင်ဖို့ မလွယ်တာကြောင့် အဖွားကို ပစ္စတိုပေးထားတယ်။ ကိုချစ်ကောင်းနဲ့ အဖွားနဲ့ သေနတ်ပစ်ပြိုင်တော့ အဖွားက လက်တည့်တယ်။ ပစ်မှတ်ကို တစ်ချက်တည်းနဲ့ ထိတာပဲ။ သူက တစ်ပေလောက်လွဲတယ်။ ပစ်တိုင်းပဲ တစ်ပေလောက် တစ်ပေလောက်လွဲနေတော့ အတော်ကြာမှ အဖွားကရိပ်မိတယ်။ အဖွားကို အားရှိအောင် သူက ဘေးလွှဲပြီး ပစ်နေတာကိုး။ အဲသလို လေ့ကျင့်တဲ့သဘောနဲ့ ပစ်ဖူးခတ်ဖူးတာတော့ ရှိတာပေါ့။

ပဲခူးရိုးမပေါ်က သူရဲကောင်းနှစ်များ

ခါကျတော့ ကိုချစ်ကောင်း ဒဏ်ရာရလာတယ်။ အဖွားတို့လက်ထပ်ပြီး သိပ်မကြာလိုက်ဘူး။ ရဲဘော်တွေက တွဲပြီး ခေါ်လာတယ်။ သေနတ်ဒဏ်ရာက မြင်မကောင်းအောင် သွေးတွေ ညစ်ပေပြီး စီးကျနေတယ်။ မျက်လုံးထဲမှာ အဲဒီမြင်ကွင်းကို အခုထိ မထွက်ဘူး။ သူ့မျက်နှာကို ကိုယ်ကကြည့်လိုက်တော့ ရယ်လို့ပြုံးလို့။ သေကောင်ပေါင်းလဲ ဒဏ်ရာနဲ့ သူက ဟာသ လုပ်နိုင်သေးတယ်။ ငါ မသေပါဘူးကွာ။ မခင်မျိုးညွန့် မုဆိုးမဖြစ်မှာစိုးလို့ဆိုပြီး သူက ပြောတယ်။

သေနတ်ဒဏ်ရာက နောက်ကျောမှာ ဒီလို အရှည်ကြီး အသားထဲကို အလျားလိုက် ဖြတ်ဝင်သွားတယ်။ ကုပ်ပိုးကနေထိတာ မြီးညှောင့်ရိုးလောက်အထိ ရောက်တယ်။

‘ဟာ ရှေ့ကို နည်းနည်းလောက်ရောက်ရင် သေပြီပေါ့’
ရဲဘော် ဂိုရှယ်က အဲသလို ပြောတယ်။ သူက အိပ်ရာထဲကနေ မျက်လုံးကလေး လှန်ကြည့်ပြီး

‘မသေပါဘူး။ မခင်မျိုးညွန့် မုဆိုးမဖြစ်မှာစိုးလို့ ကော့ပေးလိုက်တယ်’
ကျောကို ကော့ပေးလိုက်တယ်ပေါ့။သူက အဲသလို နောက်ပြီးပြောတော့ ဟို လူမမာမေးလာတဲ့လူက ‘ကိုစိုးမောင်တို့ မြင်းခြံသားတွေ တယ်ပေသကိုး’လို့ ပြောသွားတယ်။ ကိုချစ်ကောင်းရဲ့ ငယ်နာမည်က ကိုစိုးမောင်တဲ့လေ။ လူက မလှုပ်နိုင်တော့ဘူး။ ယဲ့ယဲ့ပဲကျန်တာ။ တောထဲမှာ ဘာဆေးဝါးမှ မရှိဘူး။ နောက်တော့လည်း သူပြောတဲ့အတိုင်း တေတေပေပေနဲ့ပဲ လူကောင်းပကတိ ပြန်ဖြစ်လာခဲ့တယ်။

ခါတရံတိုက်ပွဲတွေဘာတွေဖြစ်ရင် တွေ့ရာကြုံရာ နေကြအိပ်ကြရတယ်။ ကလေးကို ရင်ခွင်ပေါ်တင် လက်တဖက်က သေနတ်ကိုဆုပ်ထား ကျန်တဖက်က သစ်မြစ်ကို ဟောသလို နောက်ပြန်ကိုင်ထားရင်းနဲ့ အိပ်ကြရတယ်။ တောင်စောင်းမြေကြီးပေါ်ကနေ လျှောကျမှာစိုးလို့ သစ်မြစ်ကို ကိုင်ထားရတယ်။ မိုးတွေဘာတွေ ရွာနေတာကိုး။ သစ်မြစ်ကို အဲဒီလိုဆွဲထားမှ လျှောမကျမှာ။ အောက်ကမြေက ရေစိုပြီး အိကျသွားပြီး လူပါတောင်အောက်ကို ဗြောကနဲ ကျသွားတတ်တယ်။ တခါတရံ ကိုယ်အိပ်တဲ့နေရာက တောင်ပေါ်ရေစီးမြောင်းထဲရောက်နေရင် ညောင်းလို့ခါးဆန့်လိုက်မှ ရေက ကိုယ့်ကျောအောက်ကနေ ဝေါကနဲစီးသွားတယ်။

ဖွားက ကိုယ့်သားသမီးတွေကို ချစ်တယ်ဆိုတာ အဲဒီလို ဒုက္ခထဲ အတူနေလာတဲ့ ကလေးတွေကိုး။ သူတို့မှာ မြို့ပေါ်က ကလေးတွေလို နေခဲ့ကြရရှာတာ မဟုတ်ဘူး။ ဒါပေမယ့် အဖွားတို့ စိတ်မညစ်ကြဘူး။ ပျော်ကြတယ်။ ကိုယ့်ယုံကြည်ချက်နဲ့ အသက်ရှင်နေတာပဲ။ တိုင်းပြည်နဲ့ လူမျိုးအတွက် အနစ်နာခံလုံးပမ်းတိုက်ခိုက်ခဲ့ကြတာမို့ ဂုဏ်ယူတယ်။ စိတ်ထဲမှာ ကြည်နူးတယ်။

ဒုက္ခကို သရော်ရယ်သွမ်းတတ်သူ ဗိုလ်မှူးချစ်ကောင်း

ကို ချစ်ကောင်းက အင်မတန်ကို စိတ်လက်ကြည်ကြည်လင်လင် နေတတ်သူပဲ။ မိုးရွာထဲ တောင်စောင်းမှာ ကလေးတဖက်နဲ့ စစ်လက်နက်ပစ္စည်းတွေ တဖက်နဲ့ မြေပုံတွေဘာတွေ ရေစိုထဲမှာ ပလပ်စတစ်နဲ့ဖုံးပြီးဖိပြီး မိုးမထိအောင် မမြင်မျက်ကန်း ကြည့်နေရတဲ့အခါ လူတိုင်းစိတ်ရှုပ်နေချိန်မှာ သူက လေကလေးချွန်နေလိုက်သေးတယ်။ ခြေကုန်လက်ပန်းကျပြီး အားလုံးမောလို့ ခဏနားနေရတဲ့အချိန်မျိုးမှာ သူက ဒူးကလေးနှံ့ပြီး ရယ်စရာမောစရာတွေ ရှာကြံပြောတတ်သေးတယ်။ သူ့မှာ ပင်ပန်းတယ်ဆိုတာ မရှိတဲ့ပုံမျိုး နေတတ်တယ်။ စိတ်ညစ်တာတွေ စိတ်ရှုပ်တာတွေ ဝန်ထုပ်ဝန်ပိုးဖြစ်တာ ညည်းညူတာမျိုး မကြုံရဖူးဘူး။

“အနှစ် နှစ်ဆယ်လောက် တိုင်းပြည်အတွက်လုပ်လာပြီးတဲ့နောက် မိမိကိုယ်ကို ပြန်ကြည့်လိုက်တဲ့အခါ ကြိုးတိုက်ထဲရောက်နေသည်” တို့ ဘာတို့ရေးတာ။ လူတွေက သူ နာနာကျည်းကျည်းနဲ့ အတည်ပေါက်ပြောနေတယ် အောက်မေ့တာ။ မဟုတ်ဘူး။ သူက အဲဒီစကားမျိုး ရင်ထဲကမပါဘဲ ခပ်ပေါ့ပေါ့အသံနဲ့ ပြောင်ပြောတာ။ ကြိုးတိုက်ထဲ ရောက်နေတာတောင် နောက်နေနိုင်သေးတဲ့ လူစားမျိုးပဲ။

တ္တိကောင်းတာ မိုက်တာလည်း ပါတာပေါ့။ မြင်းခြံသားဆိုတော့ ဒီလိုပါပဲ။ ဒါပေမယ့် ကိုချစ်ကောင်းက ဟာသလုပ်တာက ဝသီကို ပါတာ။ သူက အင်မတန် တည်တည်ကြည်ကြည် နေတဲ့သူကိုး။ အဲဒီတော့ နောက်မယ် မထင်ရဘူး။ မျက်နှာထိ မျက်နှာထားနဲ့ စကားအတည်ပြောသလို ပြောပြီးနောက်တာ။ အဲဒီတော့ လူတိုင်း အတော်များများ အငိုက်မိကြတယ်။

.

သူဆုံးတော့ 
ရင်ဘတ်က ဒဏ်ရာက ထွက်တဲ့ သွေးနဲ့ စာရေးခဲ့တယ်။
Ever Sharp ဆိုတဲ့ ဖောင်တိန်နစ်အတုံးနဲ့ စာရေးခဲ့တာတဲ့။ 
ဘာလဲဆိုတော့
‘ပါတီ တာဝန်တော့ ကျေပါတယ်။ 
မခင်မျိုးညွန့် တာဝန်တော့ မကျေပါ’ ဆိုပြီး အဲဒီလို စာရေးခဲ့တယ်။ 

.

ရန်သူ့သုံ့ပန်းဘဝ အကျဉ်းစံနေ့များ

အဖွားက တောထဲမှာ ဘယ်နှနှစ်လောက် ကြာသလဲ။

ဝ နှစ်။ ၁၀ နှစ်လောက် ကြာတယ်။ မြို့ပေါ် ဘယ်လိုရောက်လာသလဲဆိုတော့ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့ကိစ္စက ပြောရင်တော့ Message လာတယ်။ အဲဒီ Message ပို့တဲ့ ရဲဘော်က ကချင်လာတယ်လို့ရိုက်တာ။ KC လာတယ်ပေါ့။ အဲဒီလို ရိုက်ရမှာ။ အဲဒါကို CK လာတယ်ဆိုတော့ ရန်သူလာတာကို ကိုချစ်ကောင်းတို့လာတယ်ထင်ပြီး အဲဒီလိုနဲ့ စခန်းကို အစီးခံရတယ်။ ရှေ့ကင်းတွေက အကုန်လွှတ်ပေးလိုက်တယ်။

န်သူက စခန်းကုန်းကို သိမ်းတော့ အဖွားက လင့်စင်ပေါ်မှာပဲ ရှိသေးတယ်။ ကလေးနှစ်ယောက် စိုးချစ်ထွန်းနဲ့ မအေးက ဘယ်ရောက်နေလဲမသိဘူး။ ဆော့နေတာပေါ့။ အဖွားသိလို့ ပစ္စတိုတွေ ဘာတွေနဲ့ပေါ့။ ဒီတခါတော့ ပစ်ရပြီဆိုပြီး လုပ်တဲ့အချိန်မှာ ကလေးနှစ်ယောက်လည်း ရန်သူ့လက်ထဲ ရောက်နေပြီ။ ကိုယ်တိုင်လည်း အဖမ်းခံရတယ်။

ဒါနဲ့ လက်နက်ချပါ ပြောတယ်။ ဒီကလည်း ကိုချစ်ကောင်းမိန်းမပဲ။ အဲဒါနဲ့ လက်နက်မချဘူးပြောတော့ မန္တလေးထောင်ကို ရောက်သွားတယ်။ မင်းတို့ခေတ်လို မဟုတ်ဘူး။ ငါတို့တုန်းက တစ်နေ့ကို ခုနှစ်ကျပ်ရတယ်။ ဘီကလပ်နဲ့ နေရတယ်။ ကလေးနှစ်ယောက်ရောပေါ့။ အဲဒီမှာ ဘယ်သူတွေရှိသလဲဆိုတော့ တက္ကသိုလ်က ဆရာမတွေရှိတယ်။ သခင်စိုးဇနီး မနှင်းမေ ရှိတယ်။ အလံနီက မအမာဆိုတာ ထောင်ထဲမှာ အတူနေရတယ်။ ဘယ်တော့ လွတ်သလဲဆိုတော့ ကိုချစ်ကောင်းကိုမိတော့ လွှတ်ပေးတယ်။

သေရွာစခန်းနဲ့ လက်တကမ်း အလို

အဲ ဒီတော့ ကိုချစ်ကောင်းက ခုနင်က အဖွားပြောသလိုပေါ့။ ဘာပဲလုပ်လုပ် သူမဟုတ်သလိုပဲ။ ခပ်တည်တည် နေတတ်တယ်။ အကြောက်အလန့် မရှိဘူး။ သူက ဗဟိုကော်မတီဖြစ်နေပြီ။ အဲဒီတုန်းက ရန်ကုန်မှာ ယူဂျီထိုင်တာ။ သခင်မြသွင်လား ကိုညွန့်အောင်လား မသိဘူး။ ဒေးဒရဲ သခင်မြသွင်။ ဟိုရေစကြိုကိုညွန့်အောင်။ အဲဒါ သူက ဗဟိုမှာ ယူဂျီကိုင်တယ်။ ရန်ကုန်အထိ ဆင်းတွေ့တယ်။ ပြည်ထဲရေးဝန်ကြီး သခင်သာခင်က သူ့ကို ကားပေါ်ကနေပြီး ဂွတ္တလစ်မှာ လမ်းကိုဖြတ်ကူးလိုက်တာ တွေ့တယ်။ မဖမ်းရဲဘူး။ သူကလည်း ကိုချစ်ကောင်းအကြောင်းသိတယ်။ မဖမ်းရဲဘူး။

င်းပေါ့။ ကိုချစ်ကောင်းက သွားလေရာ သေနတ်ပါတဲ့လူပဲ။ အဲဒါနဲ့ ညကျတော့ ရန်ကုန်တစ်မြို့လုံး ပိုက်စိပ်တိုက်တယ်။ ကိုချစ်ကောင်း ရှိနိုင်တဲ့နေရာမှန်သမျှ အကုန်ရှာတာပဲ။ ဒါနဲ့ မြင်းခြံက သူ့သူငယ်ချင်း ပမညတအမတ် ကိုမောင်ကိုအိမ်မှာ မိတယ်။ မီးရထားဘက်မှာ အဖွားရဲ့အစ်ကိုရှိတယ်။ ပြည်လမ်းက အိမ်နံပါတ် ၃၆မှာနေတယ်။ အဖွားက အဲဒီကနေပြီး ကိုချစ်ကောင်းကို သွားတွေ့တယ်။ အဲဒီတော့ ရုံးတင်စစ်တဲ့အခါကျတော့ ဗဟိုအဆင့် လူကြီးလည်းဖြစ်တယ်။ လက်နက်ကလည်း မချဘူး။ ယူဂျီတာဝန်နဲ့ ပါလီမန်အမတ်အိမ်မှာမိတာ။ အမှုက ကြီးချင်တိုင်းကြီးပြီး သေဒဏ်ချတယ်။ ဟိုဒင်း တရားလွှတ်တော်ချုပ်အထိတက်တယ်။ သေဒဏ်ပဲ။

တ်လုံက အခမဲ့လိုက်ပေးတာ။ ဦးအေးမောင်။ ဝန်ကြီးချုပ်နဲ့ရော သမ္မတနဲ့ရော သူက လူရင်းပဲ။ ကိုချစ်ကောင်းနဲ့လည်း သိပ်ရင်းတာ။ သူက ဦးအေးမောင်က မခင်မျိုးညွန့် ကျွန်တော်လည်း အစွမ်းကုန်လိုက်တာပဲ။ သေဒဏ်ဆိုတော့ မခင်မျိုးညွန့်လိုက်မှရမယ်။ ဒီလို ပြောတယ်။သူက သမ္မတကို သွားပြောပါ။ ကိုချစ်ကောင်းမှာ အပြစ်ရှိသည်ဖြစ်စေ အပြစ်မရှိသည်ဖြစ်စေ။ ဥပဒေအရ သမ္မတက လွှတ်ပေးနိုင်တယ်။ ဒီလို ပြောတယ်။ ဒါနဲ့ အဲဒီသမ္မတနဲ့က အဖွားနဲ့ အိမ်မဲမှာဆုံဖူးတယ်။ မန်းဝင်းမောင်။ ဒီပုံပေါ့။ ကိုချစ်ကောင်းနဲ့ လေထီးဆင်းဘက်တွေ။

န်းဝင်းမောင်က အိမ်မဲမှာ ကရင်ဗမာညီညွတ်ရေးလုပ်တော့ အဖွားကို သူ့နှမလို့ပြောတယ်။ ဟို ကရင်မတွေက အဖွားကို ကရင်မထင်ပြီး ကရင်လိုလာပြောတော့ အဖွားက ပြန်မပြောတတ်ဘူး။ အဲ အဲဒီဟာ ငယ်ငယ်ကတည်းက ဗမာကိုပေးပစ်လိုက်လို့ ကရင်စကားမပြောတတ်တာလို့ သူကပြောတယ်။ နောက်တာပေါ့။ မန်းဝင်းမောင်က ပျော်တတ်တယ်။ မန်းဝင်းမောင်က သေတဲ့အထိ အဖွားကို ကရင်မလို့ ခေါ်တယ်။ ရှစ်လေးလုံးပြီးမှ ဆုံးတာ။ ကိုအေးမောင်ကလည်း ပမညတပဲ။ ပမညတကိုအေးမောင်ခေါ်တာပေါ့။ အဲဒီတော့ မန်းဝင်းမောင်ကို သွားတွေ့ခိုင်းတယ်။

ဦး အေးမောင်က မခင်မျိုးညွန့် သမ္မတကိုသိတယ်ဆို။ ဘယ်တုန်းက သိသလဲဆိုတော့ သမ္မတမဖြစ်ခင်ကတည်းက သိတာပေါ့။ အဲဒီတော့ သမ္မတကို သွားတွေ့ပါ။ ကျွန်တော်လွှတ်တယ်ပြောရင် သူက ကျွန်တော့်ကို ခေါ်တွေ့လိမ့်မယ်လို့မှာတယ်။ ဒါနဲ့ ဗိုလ်ရှုသဘင်မှာ သမ္မတကို သွားတွေ့တယ်။ စာတင်ရတယ်။ ကျွန်မ ဘယ်သူပါ။ သမ္မတကို တွေ့ချင်တယ်။ ဟိုကလည်း မှတ်မိတော့။ အဲ သမ္မတအိမ်တော်စောင့်က စာကိုဖတ်ကြည့်ပြီး ဒီလိုတွေ့လို့ မရဘူးပြောတယ်။ ဒါနဲ့ အဖွားက မခင်မျိုးညွန့်လာတယ်လို့ သွားပြောပါဆိုတာနဲ့ သူက သွားပြောပေးတယ်။ ဟိုက မှတ်မိတော့ တွေ့ခွင့်ပေးတယ်။

တွ့ခွင့်ရတဲ့အခါကျတော့ အဖွားက ဘာကစပြောသလဲဆိုတော့ သီဟာသနပလ္လင်ကြည့်ချင်တယ်ပေါ့။ အဲဒီတော့ သမ္မတကြီးက ကိုယ့်ကိစ္စအရင်ပြော ပလ္လင်နောက်မှကြည့်ဆိုပြီး ငေါက်ဆတ်ဆတ်နဲ့ ပြန်ပြောတယ်။ အဲဒီတုန်းက သီဟာသနပလ္လင်က ဗမာပြည်ပြန်ရောက်စပေါ့။ ဒါနဲ့ အဖွားက ကိုချစ်ကောင်းကို လွှတ်ပေးဖို့ ပြောတယ်။ သူက ဘာပြောသလဲဆိုတော့ ကျွန်တော် လွှတ်ပေးလို့ရသလားလို့ ပြန်မေးတယ်။ သမ္မတအမိန့်နဲ့ လွှတ်ရင်ရတယ်လို့ပြောတယ်လို့ အဖွားကပြန်ဖြေတယ်။ ဘယ်သူပြောသလဲပေါ့။ ကိုအေးမောင်ပြောတယ်။ ဒါဆိုလည်းပြီးပြီ။ ကိုအေးမောင်ကို ကျွန်တော်ခေါ်မေးပါ့မယ်ပြောတယ်။သူက လွှတ်မယ် မလွှတ်ဘူး မပြောဘူး။

ပြီးတော့ သီဟာသနပလ္လင်ကို လိုက်ပြတယ်။ ကိုချစ်ကောင်းကိစ္စ ဘယ်လိုတုန်းလို့ အဖွားကမေးတော့ သီဟာသနပလ္လင်လောက် စိတ်ဝင်စားစရာ မကောင်းပါဘူးလို့ သမ္မတကြီးကပြန်ဖြေတယ်။ သူက စိတ်ဆိုးသွားတာ။ အသတ်ခံရမယ့်လူကိစ္စ တန်းမပြောဘဲ ပလ္လင်ကို စမေးနေလို့ သူက စိတ်ဆိုးတယ်။ အဲဒါ ကိုချစ်ကောင်းလွတ်လာတော့ သမ္မတကြီးက ထမင်းဖိတ်ကျွေးတယ်။ အဲဒီတော့ သမ္မတကြီးက ကိုချစ်ကောင်းကိုပြောတယ်။ ကရင်မက ခင်ဗျားကို သီဟာသနပလ္လင်လောက် မချစ်ဘူးပေါ့။ ဒီလိုပြောတယ်။ ကိုချစ်ကောင်းက အစတော့ နားမလည်ဘူး။ နောက်ကျတော့ ရယ်တယ်။ အဲဒီမှာ သမ္မတကြီးနဲ့လည်း သူငယ်ချင်းတွေလို ပြန်ဖြစ်သွားပြီး လေထီးဆင်းတုန်းကလို ရင်းရင်းနှီးနှီးပြောဆိုကြတယ်။

အဲ ဒီတော့ ရယ်စရာ ပြောရဦးမယ်။ ကိုချစ်ကောင်းကိုဖမ်းမိတော့ သခင်သာခင်က ပြောတယ်။
‘ဘယ့်နှယ်လဲ ကိုမောင်ကို ခင်ဗျားတို့ပြောတော့ ကွန်မြူနစ်တွေနဲ့ မဆက်ပါဘူးဆို ဟဲဟဲ’ဆိုပြီးပြောတယ်။ အဲဒါကို ကိုမောင်ကိုက မှတ်ထားတယ်။ ကိုချစ်ကောင်းပြန်လွတ်လာပြီးတော့ ကိုမောင်ကိုက သခင်သာခင်ကို သွားတွေ့တယ်။
‘ဘယ်နှယ့်လဲ သခင်သာခင်။ ခင်ဗျားတို့ပြောတော့ ကွန်မြူနစ်တွေကို အရှင်မိမိ အသေမိမိဆို။ အရှင်မိတော့လည်း လွှတ်ပစ်တာကိုးဗျ ဟဲဟဲ’ဆိုပြီး သွားပြောတယ်။ သခင်သာခင်က ဆေးလိပ်ခွက်ကို ကြမ်းပေါ် ပစ်ပေါက်ပြီး ခွဲပစ်တယ်။ အဲသလိုပဲ။ သူတို့က အခုပြန်ပြောရင် ကလေးတွေလိုပဲ။

သူရဲကောင်း ဗိုလ်မှူးချစ်ကောင်း ကျဆုံးခြင်း

ဗိုလ်မှူးချစ်ကောင်းက မြို့ပ်ါမှာ ဘယ်နှနှစ်လောက် ကြာအောင် နေသွားသလဲ။

မှတ်မိဘူး။နိုင်ငံရေးအဘိဓာန်တို့ လူ၏မူလအစတို့ အနှစ်နှစ်ဆယ်တို့ ရေးခဲ့တယ်။ အဲဒီ အနှစ်နှစ်ဆယ်မှာ ဒီအကြောင်းတွေ အကုန်လုံးပါတယ်။ သူက စာရေးဖို့စိတ်ပါတယ်။ မြင်းခြံစိုးမောင်နာမည်နဲ့ ရေးခဲ့တာတွေလည်း ရှိသေးတယ်။ အဲဒီတော့ မတ်လ ၂၇ ရက်နေ့မှာ လေထီးရဲဘော်တွေ အကုန်လုံးဆုံတယ်။ ကိုရဲထွန်းက အခုထိ ဦးစီးပြီးလုပ်တယ်။ ဇီဝိတဒါန သံဃာ့ဆေးရုံမှာ လုပ်တယ်။ အဲဒီလေထီး ထမင်းစားပွဲကလည်း အပြောခံရသေးတယ် သိလား။

လထီး ထမင်းစားပွဲက လုပ်နေပြီ။ ဖိတ်စာက ဘယ်သူ့ဆီမှန်း မသိဘူး။ ကိုရဲထွန်းကလည်း ပြောမနာဆိုမနာ။ သူကပြောတယ်။ မခင်မျိုးညွန့် ခင်ဗျားက ကိုယ့်ယောက်ျားပွဲတောင် မလာဘူး။ ဒီလိုပြောတယ်။ ရှင်တို့က ဘယ်တုန်းက ဖိတ်သလဲ။ ကျုပ်မှာ ကားမရှိဘူး။ ဒီလိုပြောတော့ သူက မဖိတ်လည်း လာရမယ်။ နှစ်တိုင်း သူက ကားလွှတ်ပေးတယ်။ မီးပုံးပွဲတွေ ဘာတွေ လိုက်ပြသေးတယ်။ မုတ္တမ ကိုဗတင်မိသားစု သမ္မတ မန်းဝင်းမောင်မိသားစု ဗိုလ်အုန်းမောင်မိသားစု ဗိုလ်မှူးရဲထွဋ်မိသားစုတွေ လာကြတယ်။

အဲဒါ ကိုချစ်ကောင်းကို လွှတ်ပေးလိုက်တဲ့အခါကျတော့ ဦးနေဝင်းကလေ ဝမ်းသာလွန်းလို့တဲ့။ ကန်တော့ချင်တယ်တဲ့။ တကယ်တန်း ဝမ်းသာတာ ဟုတ်သလား မဟုတ်သလားတော့ မသိဘူး။ သူက လာတော့ ကန်တော့တယ်။ ကွန်မြူနစ်ဆန့်ကျင်ရေး လုပ်တဲ့နေရာမှာတော့ သခင်သာခင်တို့ ကိုကျော်ငြိမ်းတို့ထက် ဗိုလ်နေဝင်းက အများကြီး သာတယ်။

ဒီ လိုနဲ့ ကိုချစ်ကောင်း ထောင်ကလွတ်လာတော့ ပြည်လမ်းအိမ်မှာ မိသားစုနဲ့ အတူနေတယ်။ အိမ်ကြီးက အကျယ်ကြီးပဲ။ အငယ်ဆုံးကလေး မေထွန်းကို ပြည်လမ်းအိမ်မှာပဲ မွေးတာပေါ့။ ဘယ်သူက လက်သည်မှတ်လို့လဲ။ ဗန်းမော်တင်အောင်ရဲ့မိန်းမပေါ့။ အဖွားက တောထဲမှာတောင် ကလေးကိုဖြစ်သလိုရအောင် မွေးလာခဲ့တာပဲ။ မကြောက်ပါဘူး။ ဒါပေမယ့် မြို့ပေါ်မှာဆိုတော့ နောက်ပြီး ဗန်းမော်တင်အောင်ဇနီးက ဝမ်းဆွဲဆရာမလုပ်ဖူးတာပဲဆိုပြီး သွားပြောတော့ မခင်မျိုးညွန့်ကို မွေးပေးဖို့တော့ ခွင့်ပြုပါတယ်ဆိုပြီး ဗန်းမော်တင်အောင်ကပြောတယ်။ သူတတ်နိုင်တာ အကုန်ကူညီတာပဲ။

န်းမော်တင်အောင်က စိတ်ရင်းကောင်းတယ်။ သူ့စိတ်ဓာတ် မြင့်မြတ်တယ်ဆိုပြီးတော့ လူတိုင်းပြောရတယ်။ သူတို့က စမ်းချောင်းမှာနေတယ်။ အိမ်ကို ခေါက်ဆွဲတွေဘာတွေ အမြဲလာပို့တယ်။ ဗန်းမော်တင်အောင်က ကိုချစ်ကောင်းကို သိပ်ခင်တာ။ အဲဒါ မေထွန်း ၂နှစ်သမီးရှိတော့ ကိုချစ်ကောင်း တောထဲပြန်သွားတာပဲ။

ကိုချစ်ကောင်းထွက်သွားပြီး အစိုးရက တပ်နဲ့လာဝိုင်းတယ်။ ဒေါ်ခင်မျိုးညွန့် ဒီမှာဖိနပ်ရှိတယ်။ ဖွင့်ပေးပါပေါ့။ ဖိနပ်ပဲရှိတာ။ လူက မရှိတော့ဘူး။ ဒီဖိနပ်က မန္တလေးကိုသွားပြီး သူ့ အမေကို ကန်တော့တုန်းက သူ့အမေက သူ့သားဖို့ဝယ်ပေးလိုက်တာလို့ ပြန်ပြောတယ်။ အဲဒီတော့ ဖွင့်ပေးလိုက်တယ်ပေါ့လေ။ သူတို့လည်း ကိုချစ်ကောင်းကို မမိတော့ ပြန်သွားကြရတာပေါ့။ အဲဒီတုန်းက မေထွန်း ၂နှစ်။ အခု ၄၂နှစ်ရှိပြီဆိုတော့ ကိုချစ်ကောင်းဆုံးတာ နှစ်ပေါင်းလေးဆယ် ကြာခဲ့ပြီပေါ့။ တောထဲရောက်ပြီး ၆ လလောက်နေတော့ ဆုံးတာပါပဲ။

အဲ ဒီ ကိုချစ်ကောင်းဆုံးတာနဲ့ ပတ်သက်ပြီးတော့ သခင်ဘယ်သူဆိုလားမသိဘူး။ အိမ်လာပြီးပြောတယ်။ သူဆုံးတဲ့သတင်းက တောတွင်းတိုက်ပွဲတစ်နေရာတွင် အသေဖမ်းမိခြင်းဆိုပြီး သတင်းစာတွေမှာ ဟိုးလေးတကြော်ပါတာ။ ခုနင်က သူ့ရဲဘော်လင်မယားက ထမင်းဖိတ်ကျွေးပြီး ကိုချစ်ကောင်းဆုံးတုန်းက ဖြစ်ပုံပျက်ပုံတွေကို လာပြောတာ။ သူတို့က မိသားစုသိသင့်တယ်ဆိုပြီး ဒေါ်ခင်မျိုးညွန့်ကို လာပြောတာပါပေါ့လေ။

သူဆုံးတော့ ရင်ဘတ်က ဒဏ်ရာက ထွက်တဲ့ သွေးနဲ့ စာရေးခဲ့တယ်။
Ever Sharp ဆိုတဲ့ ဖောင်တိန်နစ်အတုံးနဲ့ စာရေးခဲ့တာတဲ့။
ဘာလဲဆိုတော့
‘ပါတီ တာဝန်တော့ ကျေပါတယ်။
မခင်မျိုးညွန့် တာဝန်တော့ မကျေပါ’ဆိုပြီး အဲဒီလို စာရေးခဲ့တယ်။ ဆိုတော့ စိတ်ထဲမှာ မကောင်းဘူး။

သူ့မှာ သေတာကလည်း ဥပစ္ဆေဒကံနဲ့ သေရတယ်။ မခင်မျိုးညွန့်အပေါ် တာဝန်မကျေဘူးဆိုတဲ့ ဥပါဒါန်စိတ်ကြီးကလည်း ပါသွားတယ်ဆိုတော့ အဲဒါ ကောင်းမှုကုသိုလ်လုပ်တိုင်း ကိုချစ်ကောင်းရေ အမျှ အမျှဆိုပြီးတော့ အမျှဝေတယ်။ ဒါက သူ့အတွက် အဖွားတတ်နိုင်တယ်ထင်တာ လုပ်တာပေါ့။

အောင်ကျော်ဆန်း
(ဆက်လက်ဖော်ပြသွားပါမည်)

https://www.facebook.com/aung.kyawsan.963