အတုများကို ဆင်​ခြင်​မိ​သောအခါ – 
ကျော်ကျော်(မြရည်စမ်း)

.

  (၁)     

တို င်းသူပြည်​သားများကို ကိုယ်​ချင်းစာတတ်​​သော ထိုင်းဘုရင်​ကြီးသည်​ အလွန်​တရာ ပူပြင်းလှ​သော ​နွေရက်​များ၌ မိုးအတုရွာချ​စေပြီး ​အေးချမ်း​စေခဲ့သည်​ဟု ကြားသိခဲ့ရဖူးပါသည်​။ မိုးအတုသည်​ လိုအပ်​​နေ​သောအချိန်​၌ အ​ထောက်​အပံ့​ကောင်းတစ်​ခု ဖြစ်​ခဲ့​ပေလိမ့်​မည်​။ သက်​ကြီးရွယ်​အိုများအပါအ၀င်​ သူ့နိုင်​ငံသားများ ​ပျော်​ရွှင်​​နေကြပုံကို တခုတ်​တရ ​ပြောခဲ့ကြ၏။ မိုးကို​မျှော်​​နေ​သော ​သေအံ့ဆဲဆဲ သစ်​ပင်​ပန်းမာလ်​များသည်​လည်း ထိုမိုးဖြင့်​ အသက်​ဆက်​ခဲ့ကြမည်​မှာ ဘယ်​လိုမှ လွဲနိုင်​မည်​မဟုတ်​ဟု ကျွန်​​တော်​ ယူဆခဲ့ပါသည်​။

(၂)

ကျွ န်​​တော်​ငယ်​ရွယ်​စဉ်​ဘ၀က အ​ခြေခံလူတန်းစားအများစု ​နေထိုင်​သည့်​ ရပ်​ကွက်​အတွင်းရှိ အိမ်​​လေးတွင်​ ​နေထိုင်​ခဲ့ဖူးပါသည်​။ ထိုအိမ်​​လေး၏ ဧည့်​ခန်းတွင်​ အ​နောက်​ဘက်​အရပ်​ကို မျက်​နှာမူထား​သော ပြတင်း​ပေါက်​က​လေး တစ်​​ပေါက်​ရှိသည်​။ ထိုပြတင်း​ပေါက်​​ဘေးရှိ သစ်​သားစားပွဲ အနွမ်း​လေးတွင်​ ကျွန်​​တော်​စာကျက်​​လေ့ရှိ၏။

 ကျွန်​​တော်​တို့ အိမ်​​လေး ပတ်​၀န်းကျင်​တွင်​​ နေထိုင်​ကြ​သော အိမ်​​ထောင်​ဦးစီး အမျိုးသားများမှာ
ဆိုက်​ကားဆရာ၊ ဆီစက်ဆန်​စက်​အလုပ်​သမား၊ ည​နေ​ဈေး ဆန်​ပြုတ်​​ရောင်းသူနှင့်​ ရထားများ သ​င်္ဘောများ​ပေါ်လိုက်​ပါ၍ သွားကိုက်​​ပျောက်​​ဆေး၊ သွားပိုးချ​ဆေး၊ အဆစ်​အမြစ်​လိမ်း​ဆေး ​ရောင်းချသူတို့ ဖြစ်​ကြသည်​။ ထိုသူများထဲတွင်​ ​ဆေး​ရောင်း​သည့်​ ကို​မောင်​ဖြူသည်​ ကျွန်​​တော်​နှင့်​ အိမ်​ချင်းကပ်​လျှက် ​​နေထိုင်​သည်​။ အိမ်​နီးချင်းများ၏ အလုပ်​အကိုင်​ကို အစွဲပြု၍ ဆလိမ်​စုဟု ကျွန်​​တော့်​ဘာသာ ကင်​ပွန်းတပ်​မိသည်​။

လိမ်​စုကို ပို​သေချာ​အောင်​လုပ်​​ပေး​သော ​နေရာဌာနကလည်း အိမ်​နှင့်​မနီးမ​ဝေးတွင်​ ရှိ​နေပြန်​​သေးသည်​။ ည​နေခင်းတွင်​ ပွဲ​တော်​တမျှ စည်​ကား​နေတတ်​​သော နံပါတ်​ဖိုး မူးယစ်​​ဆေး​ရောင်းချသည့်​ (ထိုကာလအ​ခေါ်) ဘိရှိသည်​။ အိမ်​​ရှေ့လမ်းသွယ်​​လေးသည်​ နေဝင်​ရီတ​ရောတွင် ​ဆေးသမားများ၊ ဆိုက်​ကားသမားများ၊ ဆီစက်​ဆန်​စက်​အလုပ်​သမားများဖြင့်​ ​ခြေချင်းလိမ်​ စည်​ကား​နေတတ်​သည်​။ သူတို့၏ တိုးတိုးတစ်​မျိုး၊ ကျယ်​ကျယ်​တစ်​မျိုးစကားသံသည်​ ပြတင်း​ပေါက်​​လေးကို ဖြတ်​သန်းကာ ကျွန်​​တော့်​နားထဲ ၀င်​လာတတ်​စမြဲပင်​။

ခြံချင်းကပ်​​နေကြ​သော ကို​မောင်​ဖြူတို့ အိမ်​​လေးဆီသို့ ​ကျောင်းပိတ်​ရက်​များတွင်​ ကျွန်​​တော်​ အလည်​​သွားတတ်​သည်​။ သူ၏ ပစ္စည်းပစ္စယများထဲ၌ ကျွန်​​တော်​စိတ်​အ၀င်​စားဆုံးမှာ သွားပိုး​လေးများဖြစ်​သည်​။ သွားပိုးချ​ဆေး​၀ယ်​ကြသူများထဲမှ မယုံကြည်​သူများရှိပါက ချက်​ချင်းလက်​ငင်းပင်​ သွားပိုးချ​ပေးသည်​။ ပန်းဝတ်​ဆံ​လေးများကို အ​ခြောက်​လှန်း၍ ပြုလုပ်​ထား​သော သွားပိုးအတု​လေးများသည်​ ဇာစ်​မြစ်​မသိသူများအဖို့
အူယားစဖွယ်​ သွားပိုး​လေးများသာ ဖြစ်​​နေ​တော့သည်​။

ကို​မောင်​ဖြူသည်​ ကျွန်​​တော်​​စပ်​စုသမျှကို​တော့ စိတ်​ရှည်​လက်​ရှည် ​ရှင်းပြရှာသည်​။ ကျွန်​​တော်​ကလည်း  အိမ်​မှာရှိ​သော စား​သောက်​ဖွယ်​ရာ​လေးများကို သူတို့အိမ်​အတွက်​ ယူသွား​ပေးတတ်​ပါသည်​။ သူစိတ်​လိုလက်​ရရှိသည့်​အခါ ပြသတတ်​သည့်​ လက်​လှည့်​မျက်​လှည့်​​လေးများပင်​ ကျွန်​​တော်​ကြည့်​ခွင့်​ရခဲ့ပါ​သေးသည်​။ သူပြုလုပ်​ထား​သော သွားပိုးအတု​လေးများနှင့်​ပတ်​သက်​၍ ‘သွားကိုက်​​ပျောက်​​ဆေးက အစစ်​ပါကွာ၊ လူ​တွေက သွားပိုး​လေး​တွေကို မြင်​လိုက်​ရရင်​ ပိုပြီးသက်​သာတတ်​ကြလို့ လုပ်​ထားရတာ’ဟု ​ပြောဖူးပါသည်​။

နက်​ပိုင်း ​ကျောင်းသို့မသွားမီ ကျွန်​​တော်​စာကျက်​​နေချိန်​၌ ကို​မောင်​ဖြူ တစ်​​ယောက်​ ​ဆေး​ရောင်းထွက်​​တော့သည်​။ ခြံအ၀သို့ လိုက်​ပို့ကြ​သော သူ့ဇနီးဖြစ်​သူနှင့်​၂ နှစ်​သာသာခန့်​ရှိမည့်​ သူ့သမီးငယ်​​လေးကို လက်​ပြသည်​။ ထို့​နောက်​ ကျွန်​​တော်​စာကျက်​​နေရာသို့ လှမ်း၍ လက်​ပြနုတ်​ဆက်​ပြီးမှ တစ်​ပတ်​ရစ်​စက်​ဘီးက​လေးနှင့်​ ထွက်​ခွာသွားတတ်​သည်​။ မသိသူများအဖို့​တော့ အသားဖြူဖြူ၊ ကိုယ်​လုံးကိုယ်​ထည်​​တောင့်​​တောင့်​နှင့်​ ဥပဓိရုပ်​​ကောင်း​ကောင်း ကို​မောင်​ဖြူကို အစိုးရအရာရှိတစ်​​ယောက်​ဟုပင်​ ထင်​စရာရှိသည်​။ လည်​ကတုံး အင်္ကျီဖြူ​လေးမှာ မီး​ကြွေ​ကြောင်းက အထင်းသား။

(၃)
              

လာကတွင် အတုနှင့်​အစစ်​သည်​ တစ်​ခါတရံ၌ ခွဲခြားရခက်​ခဲလှ​ပေသည်ဟု ဆိုကြသည်​။ အစစ်​ဟုထင်​ထားသည်​များက အတုဖြစ်​​နေပြီး အတုဟု သတ်​မှတ်​ထားသည်​များက အစစ်​လည်း ဖြစ်​ချင်​ဖြစ်​​နေနိုင်​​သေးသည်​။ ​ရေအတု၊ ​မြေအတု၊ ​လေအတု၊ ကျွန်းအတု၊ သွားအတု၊ လက်​အတု၊ ​ခြေအတု၊ အချစ်​အတု၊ ​မေတ္တာအတု၊ မင်္ဂလာ​ဆောင်​အတုများမှသည်​ အသုဘအတုအထိ ရှိကြ​လေ​သော ​ခေတ်​ကြီးထဲတွင်​ အတုများကို စာရင်းပြုစု၍ ပြီးနိုင်​မည်​မထင်​။

သမ္မတအတု၊ ၀န်​ကြီးအတု၊ လွှတ်​​တော်​ကိုယ်​စားလှယ်​အတု၊ လွှတ်​​တော်​အတု၊ နိုင်​ငံ​ရေးအတု၊ နိုင်​ငံ​ရေးသမားအတု၊ စနစ်​အတုများ အ​ကြောင်းကိုလည်း ကျွန်​​တော်​ထည့်​မ​ပြောလိုပါ။ လွတ်​လပ်​​ရေးသည်​ပင်​ ​ရွှေရည်​စိမ်​ထား​သော အတုဟူ၍ ရှိခဲ့​သော​လောက၌ ထိုအချင်းအရာများသည်​လည်း ဆန်းကြယ်​လှသည်​​တော့ မဟုတ်​ပြန်​ပါ။           

စ်​​နေ့က အရက်​အတုများဖမ်းမိသည့်​ သတင်းဖတ်​ရသည်​။ ထိုအခါတွင်​ က​လေးဘ၀က ရင်းနှီးခင်​မင်​ခဲ့ရသူ ကို​မောင်​ဖြူကို သတိရမိပြန်​သည်​။ အရက်​အတုလုပ်​သည့်​ ကိစ္စကို ဥပ​ဒေအရ မည်​သို့အပြစ်​​ပေးရမည်​ ဆိုခြင်းကို​တော့ ဥပ​ဒေပညာရှင်​ကြီးများကပင်​ သိကြ​ပေလိမ့်​မည်​။ ကျွန်​​တော်​က​တော့ ကို​မောင်​ဖြူ၏ အဖြစ်​​လေးကိုသာ ပြန်​​အောက်​​မေ့မိ​တော့သည်​။ အ​တွေးများသည်​ ငယ်​စဉ်​က​လေးဘ၀က စာကြည့်​စားပွဲ​လေးသို့ပြန်​​ရောက်​သွားပြီး ပြတင်း​ပေါက်​​လေးမှတစ်​ဆင့်​ ထိုစဉ်​ကာလက မြင်​​တွေ့ခဲ့ရသည်​များကို ပြန်​ကြား၊ ပြန်​မြင်​မိသည်​။

ထိုစဉ်​ရက်​များ၌ မနက်​ခင်းအလုပ်​မသွားမီ နှုတ်​ဆက်​​နေကြဖြစ်​​သော ကို​မောင်​ဖြူတစ်​​ယောက်​ ကျွန်​​တော့်​ကိုနှုတ်​မဆက်​၊ လက်​မပြ။ သူ့ခြံတံခါးဝ၌လည်း အရင်​ကလို သူ့ဇနီးနှင့်​သမီး​ငယ်​​လေးကို မ​တွေ့မိ။ ထိုရက်​များက ​ကျောင်းစာ​မေးပွဲ​ဖြေ​နေရ၍ အိမ်​လည်​မသွားဖြစ်​။ စာ​မေးပွဲပြီးချိန်​တွင်​ အ​မေက​ “နင့်​လူကြီး ​မောင်​ဖြူ  ဘိန်းဖြူ​တွေ သုံး​နေတယ်​ကြားတယ်​” ဟု စိတ်​မ​ကောင်းသည့်​ ပုံစံနှင့်​ ​ပြောလာသည်​။ ကို​မောင်​ဖြူတစ်​​ယောက်​ ​ဆေးထွက်​​ရောင်းတာ မ​တွေ့ရ​တော့သလို၊ သူ့စက်​ဘီး​လေးကိုလည်း ကျွန်​​တော်​မ​တွေ့ရ။

သူ့ အိမ်​ဖက်​သို့ ကျွန်​​တော်​ကူးသွား​သောအခါ ဖြူဖပ်​ဖြူ​လျှော်​မျက်​နှာ​လေးဖြင့်​ နွမ်းလျှ​နေ​သော က​လေးငယ်​​ဘေး၌ သူ့ဇနီးထိုင်​​နေသည်​။ က​လေးက ဖျားလိုက်​​ပျောက်​လိုက်​ ဖြစ်​​နေသည်​မှာ ကြာပြီဖြစ်​​ကြောင်းနှင့်​ ကို​မောင်​ဖြူ အပြင်​သွား​ကြောင်းသာ သူ့ဇနီးက ​ပြောပြသည်​။ မျက်​နှာ​တော့ မ​ကောင်းလှ။ ကျွန်​​တော့်​အထင်​အရ က​လေးငယ်​​လေးမှာ အာဟာရချို့တဲ့​နေပုံ ရ​လေသည်​။ ဤအတိုင်းသာ ဆက်သွားလျှင်​ အသက်​အန္တရာယ်​ပင်​ ထိပါးနိုင်​​လောက်​သည်​။ အ​ခြေခံလူတန်းစားများအတွက်​ မတ်​တတ်​စာကလွဲလျှင်​ တုံးလုံးစာအတွက်​ မလွယ်​ကူလှ။

နောက်​တစ်​ရက် ​ကြားရသည့်​သတင်းမှာ ပို၍ဆိုး၏။ ကို​မောင်​ဖြူတစ်​​ယောက်​ အချုပ်​ထဲ​ရောက်​​နေသည်​ဟု အ​မေက ​ပြောသည်​။ မည်​သည့်​အမှုအမျိုးစားကို ကျူးလွန်​​သော​ကြောင့်​ အချုပ်​ကျသနည်း ဆိုသည်​ကို အ​မေလည်း ​ရေ​ရေရာရာမသိ။

ကို​မောင်​ဖြူတို့ အိမ်​​လေး ပိတ်​ထားသည်​။ လှမ်းကြည့်​လျှင်​ ​သော့ခတ်​ထား​သော ခြံတံခါးယဲ့ယဲ့​နှဲ့နှဲ့လေးကိုမြင်​ရသည်​။ သူ၏ဇနီးသည်​နှင့်​ နာမကျန်း​ဖြစ်​​နေသူ သမီးငယ်​​လေး ဘယ်​သို့​ရောက်​သွားသနည်း ဟု အ​တွေးပိုမိခဲ့သည်။

ကျွန်​​တော်​သူ့ကို ​မေ့​နေ​သောတစ်​​နေ့၌ အိမ်​သို့ သူ​ရောက်​ချလာသည်​။ အချုပ်​ထဲ​နေခဲ့ရသည်​ဆို​သော်​လည်း ဖြူလို့ ၀လို့ပင်​။ သူအချုပ်​ထဲမ​ရောက်​မီအချိန်​က ဘိန်းဖြူသုံးစွဲသည်​ဟု အ​မေ​ပြော​သောစကားကိုပင်​ ကျွန်​​တော်​မယုံချင်​ပါ။ သူ​ပြောပြ၍ အ​ကြောင်းစုံသိရ​လေ​သောအခါ ကျွန်​​တော့်​မှာ အံသြမဆုံး​တော့။

ကယ်​တမ်း​တော့သူသည်​ ဘိန်းဖြူမသုံးခဲ့ရှာပါ။ သူ့ သမီးငယ်​​လေးသည်​ ​ဆေးဝါးဓာတ်​စာ လုံ​လောက်​ပြည့်​ဝစွာ မတတ်​နိုင်​၍ တ​ရှောင်​​ရှောင်​ဖြစ်​နေရသည်​ကို အ​ဖေဖြစ်​သူ ကို​မောင်​ဖြူ  မကြည့်​ရက်​​တော့။ သို့ဖြစ်​၍ သူ့အ​နေဖြင့်​ ဆုံးဖြတ်​ချက်​တစ်​ခုကို ရဲရဲကြီး ချပစ်​လိုက်​သည်​။ သူစီး​နေကြ စက်​ဘီး​လေးကို ​ရောင်းပစ်​လိုက်​ပြီး ​ငွေစ​ကြေးစ​လေးများကိုင်​ကာ ဘိန်းဖြူ​ရောင်းသည့်​ အိမ်​သို့ သွားသည်​။ ထိုအချိန်​က သူ့စက်​ဘီး​လေး​ရောင်းရ​ငွေသည်​ ကျပ်​နှစ်​​ထောင်​ရသည်​။ ပင်​နင်​စလင်​ပုလင်းအဖုံး​လေးဖြင့်​ နံပါတ်​ဖိုးတစ်​ဖုံးကို ​ငွေအစိတ်​သာ​ပေးရသည်​။ ​လေးငါးရက်​ခန့်​ ဘိန်းဖြူမှန်​မှန်​အား​ပေး​သော ကို​မောင်​ဖြူကို ရောင်းချသူမိန်းမကြီးက လူယုံ​ဖောက်​သည် ​စာရင်းထဲသွင်းလိုက်​သည်​။

ထိုအခိုက်​အတန့်​ကို အခွင့်​အ​ရေးအဖြစ်​ ကို​မောင်​ဖြူက အသုံးချလိုက်​သည်​။ သူ့မိတ်​​ဆွေတစ်​​ယောက်​က ဘိန်းဖြူ​ ​ဟောင်​ထုပ်​လိုက်​ ​ရောင်းချင်​ပါသည်​ဟု ​ပြောပြီး ၀ယ်​ယူရန်​ စပ်ဟပ်​သည်​။ ​လောဘကြီး​သော မိန်းမကြီးက နမူနာကြည့်​ချင်​ပါသည်​ဟု ဆို​လေ​သောအခါ ကို​မောင်​ဖြူ  စိတ်​ထဲ​ပျော်​မိ​တော့သည်​။ နမူနာပြ​သော ဘိန်းဖြူမှုန့်​များကို ထိုမိန်းမကြီး နည်းမျိုးစုံဖြင့်​ စမ်းသပ်​သည်​။ အစစ်​ဟု အသိအမှတ်​ပြု​သောအခါရော့ပတ္တမြား၊ ​ရော့နဂါး အ​ရောင်းအ၀ယ်​ကိစ္စ ပြီးကြသည်​။ ​နောက်​တစ်​ခါလာလျှင်​ဖြင့်​ ဤသို့​ဈေးမနှိမ်​ရန်​ ကို​မောင်​ဖြူက ​ပြောခဲ့​သေးသည်​။

ထို့ ​နောက်​အိမ်​သို့အမြန်​ပြန်​ပြီး ဘာမှ မသိရှာ​သေး​သော ဇနီးနှင့်​သမီးငယ်​ကို​ခေါ်ကာ ဘူတာရုံသို့ဆင်းခဲ့သည်​။ ဆိုက်​ဆိုက်​မြိုက်​မြိုက်​​တွေ့ရ​သော အစုန်​ရထား​ပေါ်ဇနီးနှင့်​သမီးကို တင်​​ပေးလိုက်​ပြီး ရှိသမျှ​ငွေအကုန်​ထည့်​​ပေးလိုက်​သည်​။ ဇာတိရပ်​ရွာမှာ သူလာမ​ခေါ်မချင်း​နေပြီး က​လေး​ဆေးကုရန်​ တတွတ်​တွတ်​မှာ​နေစဉ်​ ရထားကြီးထွက်​သွားသည်​။ ဇာတ်​လမ်းက မဆုံး​သေး။ ကျွန်​​တော်​သိချင်​သည်​များ မသိရ​သေး၍ ဆက်​​ပြောရန်​ ​တောင်းဆိုရသည်​။

ဘူတာမှ​နေ၍ အိမ်​သို့မပြန်​ဘဲ ရဲစခန်းသို့တန်းသွားသည်​။ အိမ်​ပြန်​လျှင်​ သူ့အသက်​အန္တရာယ်​ရှိမည်​မှန်း ကို​မောင်​ဖြူသိသည်​။ တာဝန်​ကျရဲအရာရှိအား  သူ့ကိုအချုပ်​ထဲထည့်​​ပေးဖို့​တောင်းဆို​သောအခါ ဘာဖြစ်​လို့လဲဟု အမေးခံရသည်​။ သူက ဘိန်းဖြူအတု​တွေသွား​ရောင်းလာခဲ့ပြီ ဟုဆို​သောအခါ တာဝန်​ကျရဲအရာရှိ စိတ်​ညစ်​ရ​တော့သည်​။ ကို​မောင်​ဖြူကို တာဝန်​ကျရဲအရာရှိက ဖြစ်​ခဲ့သမျှ အစုံအလင်​ ​ပြောပြခိုင်း​နေစဉ်​မှာပင်​ ဘိန်းဖြူ​ရောင်းသည့်​မိန်းမကြီးက ကိုယ်​ရံ​တော်​​တွေနှင့်​ ရဲစခန်းထဲ ဝင်​လာ​တော့သည်​။

ချုပ်​ထဲတွင်​ ရက်​၂၀ ​လောက်​​နေလိုက်​ရသည်​ဟု ​ပြောသည်​။ အသားဖြူဖြူ၊ ဥပဓိရုပ်​​ကောင်း​ကောင်း၊ဗလ​တောင့်​​တောင့်​နှင့်​ ကို​မောင်​ဖြူသည်​ အချုပ်​တန်းစီးပင်​ လုပ်​ရ​သေးသည်​ဆို၏။ သူ့အတွက်​ စား​ပြီး​သောက်​ပြီး ပိုလျှံ၍ပင်​ ​နေ​သေးသည်​ဟု ​ပြောပြီး အားပါးတရ ရယ်​​မော​နေသည်​။

‘နမူနာပြတဲ့ ဘိန်းဖြူမှုန့်​​တွေ ခင်​ဗျား ဘယ်​ကရသလဲ’ ဟု
ကျွန်​​တော်​​မေး​သောအခါ အဲဒီမှာပဲ ဝယ်​ဝယ်​ပြီး စုခဲ့တာ စက်​ဘီးတစ်​စီးဘိုး ဟု ​ပြောပြသည်​။ ဘိန်းဖြူ​ရောင်းချရန်​အတွက်​ နိုင်​ငံ​တော်​အစိုးရမှ တရားဝင်​ခွင့်​ပြုထားခြင်း မရှိပါ။ ဘိန်းဖြူထုတ်​လုပ်​ခွင့်​၊ ကူးသန်း​ရောင်းဝယ်​ သို​လှောင်​​ဖောက်​ကားခွင့်​ကိုလည်း တရားဝင်​ ခွင့်​ပြုထားခြင်း မရှိပါ။ ဘိန်းဖြူအတု​လုပ်​ ​ရောင်းချမှုကို
ခုံမင်း​ရှေ့သို့ ပို့​ဆောင်​ရန်​မဖြစ်​နိုင်​သည့်​​နောက်​ ကို​မောင်​ဖြူ လွတ်​​မြောက်​ခဲ့ပါသည်​။

(၄)

က်​ရှိအချိန်​တွင်​ ကမ္ဘာအနှံ့အပြား၌ အတုများ မှိုထက်​​ပေါ​နေပါသည်​။ အ​တုဖြစ်​​ပေါ်လာရခြင်း၏ အ​ခြေခံအ​ကြောင်းတရားသည်​ အာဏာနှင့်​ ဥစ္စာကို တပ်​မက်​လွန်းသည့်​ ​လောဘ​စိတ်​​ကြောင့်​ဟု ​ယေဘုယျအ​နေဖြင့်​ သုံးသပ်​နိုင်​မည်​ ထင်​ပါသည်​။ စစ်​ပွဲအတုများ၊ ကျည်​ဆန်​အတုများ၊ စစ်​မိန့်အတုများမှသည်​ ဒုက္ခသည်​ကူညီ​ရေးအဖွဲ့အစည်းအတုများအထိ ရှိ​နေကြ​သေး​သော ​လောကဓာတ်​တစ်​ခွင်​သည်​ အဓမ္မဝါဒီများ​ကြောင့်​ မှိုင်းမှုန်​ရီ​နေသည်​။ သူ့လူ ကိုယ့်​လူပင်​ မသဲကွဲနိုင်​​တော့။

ငယ်​စဉ်​ဘ၀ သင်​ခဲ့ရ​သော စာသား​လေးကို သတိရမိသည်​။ အ​ခြေခံဥပ​ဒေသည်​ ​သွေး၊ လွတ်​လပ်​​ရေးသည်​ အသက်​ ဟု ဆိုထားသည်​။ အ​ခြေခံဥပ​ဒေ ​သွေးအတု ထည့်​သွင်း​စီး​မျော​စေမှု​ကြောင့်​ လွတ်​လပ်​​ရေးအသက်​သည်​ ယဲ့ယဲ့​လေးဖြင့်​ ဖုတ်​လှိုက်​ဖုတ်​လှိုက်​ အသက်​ရှူ​နေရသည်​။ ရီ​ဝေ​သော မျက်​လုံးများ​ကြောင့်​ ​ခေါင်း​ဆောင်​တု၊ ​ခေါင်း​ဆောင်​စစ်​ပင်​ မကွဲပြား၊ မခွဲခြားနိုင်​​တော့​ပေ။ အတုမှန်းမသိ၊ အစစ်​မှန်းမသိ အာဂုံ​ဆောင်​ခဲ့ရ​သော သမိုင်းဖတ်​စာများကလည်း ဦး​နှောက်​အကန့်​များကြား၌ ညှပ်​​နေပြန်​​သေးသည်​။

လွ န်​ခဲ့​သောနှစ်​က ကို​မောင်​ဖြူတို့ သားအဖကို ​မြေလတ်​ပိုင်းမြို့​လေးတစ်​မြို့တွင်​ ​တွေ့ခဲ့ရသည်​။ သူ၏ဇနီး​တော့ ဆုံးရှာပါပြီ။ တစ်​ချိန်​​သောအခါက ​ဇီဝဓာတ်​မျှင်းမျှင်းက​လေးဖြင့်​ ကျွန်​​တော်​မြင်​ခဲ့ရ​သော သူ့သမီး​လေးသည်​ ​ကျောင်းဆရာမ​လေး ဖြစ်​​နေ​ပေပြီ။ အလယ်​တန်းပြဆရာမ​လေးဖြစ်​​နေ​သော သမီးက​လေးဖြင့်​ ​အေးချမ်းစွာ ​နေထိုင်​​နေပါသည်​။

(၅)

ရက်​အတု လုပ်​​ရောင်းသူများကို တရားဥပ​ဒေအရ ထိုက်​သင့်​​သောပြစ်​ဒဏ်​ ချမှတ်​လိမ့်​မည်​ဟု ကျွန်​​တော်​ယူဆပါသည်​။ အရက်​ဆိုင်​များကို တရားဝင်​မှတ်​ပုံတင်​ပြီး တွင်​တွင်​ကျယ်​ကျယ်​ဖွင့်​လှစ်​ခွင့်ပြုထား​ကြောင်း လူတိုင်းနီးပါးသိကြပါသည်​။ ထိုနည်းတူစွာပင်​ တံဆိပ်​မျိုးစုံနှင့်ပြည်​တွင်းဖြစ်​အရက်​များကိုလည်း တရားဝင်​ထုတ်​လုပ်​ခွင့်​ပြုထား​ပြီး နိုင်​ငံခြားဖြစ်​ ​ဈေးနှုန်းမြင့်​ အရက်​များကိုလည်း ​ခေါင်းစဉ်​ခွဲ အမျိုးမျိုး​အောက်​တွင်​ တင်​သွင်းခွင့်​ပြုထား​ကြောင်း လူတစ်​ချို့က သိကြ​ပေလိမ့်​မည်​။

တရားဥပ​ဒေသည်​ ဥပ​ဒေဖြင့်​​လျှော်​ညီစွာ အရက်​တင်​သွင်းသူများ၊ ထုတ်​လုပ်​သူများကို အကာအကွယ်​​ပေး​ပေလိမ့်​မည်​။ တရားဥပ​ဒေသည် ​ကျောသားရင်​သား မခွဲခြားပါဟု ကျမ်းသစ္စာများကြားတွင်​ ရဲဝံ့စွာ ဆိုထားသည်​ မဟုတ်​ပါ​လော။ ကို​မောင်​ဖြူသည်​သာ ဘိန်းဖြူထုတ်​လုပ်​ဖြန့်​ဖြူးခွင့်​ကို ဥပ​ဒေအရ တားမြစ်​ပိတ်​ပင်​ထားသဖြင့်​ သက်​သာရာ ရခဲ့ခြင်း ဖြစ်​​ပေလိမ့်​မည်​ဟု ထင်​မိပါသည်​။

(၆)

ကျွ န်​​တော် ​ငယ်​ဘ၀က ​နေထိုင်​ခဲ့ရာ ဆလိမ်​စု ရပ်​ကွက်​​လေးသို့ စိတ်​ကူးဖြင့်​ အခါခါ​ရောက်​မိ​နေတတ်​သည်​။ ပြတင်းတံခါး​လေးကို ညင်​သာစွာတွန်းဖွင့်​၍ စာကြည့်​စားပွဲ အနွမ်း​လေး၌ ထိုင်​ကြည့်​သည်​။ မျက်​စိဖွင့်​၍ နားစွင့်​မိ​လေ​သောအခါ မြင်​ကွင်းသည်​ လုံးဝမ​ပြောင်းလဲ​သေး​ကြောင်း သိရ​လေပြန်​သည်​။ နေ၀င်​ရီတ​ရောအချိန်​၌ အိမ်​​ရှေ့လမ်းသွယ်​​လေး​ပေါ်တွင်​ အ​ခြေခံလူတန်းစားများ၊ ​ဆေးသမား လူငယ်​များဖြင့်​ ​ခြေချင်းလိမ်​​နေကြဆဲ။ မ​ပြောင်းလဲ​သေးပါဟု ကျွန်​​တော်​ဆို​သောစကားကို ​စောဒကတက်​ချင်​သူများက လိမ်​​နေ​သော​ခြေ​ထောက်​များ ပို၍များပြားလာခြင်းသည်​  ​ပြောင်းလဲခြင်းဟု ပြောခဲ့လျှင်​​တော့ ဆိတ်​ဆိတ်​​လေးသာ ငြိမ်​​နေလိုက်​ရ​တော့မည်​။

ကို​မောင်​ဖြူ၏ အိမ်​​လေးသို့ လှမ်းကြည့်​ရင်း အသစ်​​ဆောက်​ထား​သော တိုက်​အတုကြီး​နေရာ၌ သူ့အိမ်​​သေး​သေး အစစ်​က​လေးကို မြင်​​တွေ့​နေရ​လေသည်​။ ချုပ်​ညရီသို့ ကူးခတ်​​နေဆဲဖြစ်​​သော အ​မှောင်​နှင့်​အတူ အမြင်​သည်​လည်း မသဲကွဲ​တော့​ချေ။

ကျော်​​​ကျော်​(မြရည်​စမ်း)