မင်းသုညနှင့် ဝီရသူပြဿနာ –
ဦးအေးဆောင်

.

ရားဟောခွင့် ပိတ်ပင်ထားတဲ့ ကာလမပြည့်မီ ဝီရသူက သူဟောနေကျ အမုန်းပွားစေမယ့် တရားတွေဟောတယ်။ ဒါကို အရေးယူပေးဖို့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ မင်းသုည ပြင်တယ်။ ရှင်းလင်းပွဲလုပ်မယ့် နေရာမှာ မဘသလို့ ယူဆရတဲ့ ဘုန်းကြီးတွေက အင်အားနဲ့ နေရာလာယူထားတယ်။ အကြမ်းဖက်မယ့် ပုံလည်းရှိတယ်။ ဒီတော့ မင်းသုညတို့ဘက်က တဘက်ငါးယောက်စီနဲ့ သတင်းထောက်တွေပဲ တက်ကြဖို့ ညှိတယ်။ မရဘူး။ ဒီတော့ သတင်းစာရှင်းလင်းပွဲ မလုပ်ဖြစ်ဘဲ ဆိုင်းလိုက်ရတယ်။ ဒါနဲ့ ပတ်သက်ပြီး တဘက်နဲ့ တဘက် အပြန်အလှန် အပြစ်တင်နေကြတဲ့ ကိစ္စပါ။

ဒီဖြစ်စဉ်ကို စိတ်ဝင်တစားလေ့လာတဲ့သူမှသာ သိနိုင်ပါတယ်။ ကျွန်တော်က ယူကျုမှာ ဆက်စပ်ကြည့်မိလို့ သိရတာ။ သာမန်လူတွေအနေနဲ့ အလုပ်ကရှုပ် အချိန်ကမရှိနဲ့ ဆိုတော့ ဆက်စပ်ကြည့်မိဖို့၊ ဆက်စပ်တွေးဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်မြင်သလောက် ရှင်းပြလိုက်ပါတယ်။

ဝီ ရသူကတော့ နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပြီး ဘယ်သူကမှ မထိရဲ မတို့ရဲတဲ့ သူလိုဖြစ်နေတော့ သိပ်ရှင်းပြစရာမလိုပါဘူး။ နောက်ဆုံးပေါ် သူ့စကားက သူဟာ “ ကြည်လင်း(ဦးကိုနီကိုသတ်သူ) ရဲ့ ဆရာ” ဆိုတာပါဘဲ။

မင်းသုညက – ဝီရသူဟာ မဟန တားမြစ်ထားတဲ့ ရက်ကို မလိုက်နာတာ၊ ဟောပြောချက်တွေက သာသနာနဲ့ မကိုက်ညီတာတွေကိုထောက်ပြ ရှင်းလင်းချင်တဲ့ ဘုန်းကြီး ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်ချင်တာ – မဖြစ်ခဲ့။ အခုတော့ ဝီရသူ ဘက်သားတွေက အင်နဲ့အားနဲ့ မင်းသုညရဲ့ ပွဲကို ဖျက်တာသာဖြစ်ပါတယ်။

ဒါဟာ မြန်မာပြည် သံဃာအဖွဲအစည်း ပြိုကွဲတာကို ပြတာဖြစ်လို့ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဝီရသူရဲ့ ဂိုဏ်းဟာ သာသနာအဖွဲ့အစည်းထက် အမျိုးသားအစွန်းရောက် နိုင်ငံဂိုဏ်းတခုသာ ဖြစ်နေပါတယ်။ ဗိုလ်မင်းအောင်လှိုင်ကို အားပေးပြီး၊ ဒေါ်စုဆန့်ကျင်ရေး အင်အားစု ဖြစ်ပါတယ်။

ဝီ ရသူဟာ နိုင်ငံရေးကို သင်္ကန်းခြုံ လုပ်နေတဲ့အတွက် သာသနာရေးကို ပွန်းပဲ့ထိခိုက် နေပြီး နိုင်ငံရေးမှာ လူထုကို ဝေဝါးရှုပ်ထွေးစေပါတယ်။ သူတို့ဟာ အာဏာပိုင်ဆိုသူတွေရဲ့ အထောက်အပံ့နဲ့ သြဇာအရှိန်အဝါကို အကာအကွယ်ယူနေ၊ ရနေတယ် ဆိုတာလည်း အချက်အလက်တွေအရ လူတွေသိရှိပြီးသားပါ။အခုကိစ္စက ဝီရသူဂိုဏ်းသားတွေ လုပ်ရပ်ကို သိသာအောင်မြင်နိုင်ဖို့ပါ။ သူတို့ အနေနဲ့ အင်အားသုံးဆန့်ကျင်တဲ့ ပုံကို မင်းသုည သတင်းစာရှင်းလင်းပွဲပျက်ရပုံမှာ တွေ့နိုင်ပါတယ်။ ဒီလိုလုပ်နိုင်အောင်လည်း သူတို့မှာ သတင်းအချက်အလက်၊ အာဏာသြဇာနဲ့ အကုန်အကျခံနိုင်တဲ့ ဘဏ္ဍာရေးလည်းရှိလို့ပါ။

ဒီတော့ ရှင်းပွဲတွေကို အထူးသဖြင့် ဝီရသူ (မဘသ)၊ စစ်အာဏာရှင်၊ ကြံ့ဖွတ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဗြောင်လုပ်လို့ မရတော့ပါ။ သူတို့ ကြိုတင် နှောက်ယှက် တားမြစ်ပါလိမ့်မယ်။ ဒီတော့ လျှို့ဝှက် လုပ်ပြီး ဖြန့်ကြရတော့မှာပါ။ လျှို့ဝှက် လူထုကွန်ယက်ကို ဖန်တီး ဖြန့်ထုတ်ရပါတော့မယ်။

ရားဥပဒေစိုးမိုးမှု မရှိတဲ့ ဒီလိုကာလမှာ အရပ်သား သာမန်လူတွေအတွက် ရှင်သန်နိုင်ဖို့ ဘဝ အာမခံချက် မရှိ ဖြစ်နေရတယ်။ ဘယ်တော့ ဘာအမှုနဲ့ စွပ်စွဲပြီး အဖမ်းခံရမလဲ ပူနေရတာက အများစုတွေပါ။ ဒါတွေကို ကာကွယ်တားဆီးနိုင်ဖို့ အနိမ့်ဆုံး လူမှုကွန်ယက်တွေ ဖွဲ့ပြီး ကိုယ်နေထိုင်ရာရပ်ကွက်မှာ မတရားမှု ဖြစ်တိုင်း သတင်းတွေကို ဖြန့်နိုင်သလောက် ဖြန့်ရပါလိမ်မယ်။ အကူအညီတွေကို တောင်းခံတန် တောင်းရမယ်။ လူထုကို ဖိနှိပ်တဲ့ သူတွေရဲ့ နာမည်နဲ့ လိပ်စာတွေကိုဖော်ပြီး လူထုကိုသတိပေးရမယ်။ ထိုဖိနှိပ်မှုကို ဆန့်ကျင်ကြောင်း ပြသရမယ်။

အခု မြန်မာပြည်မှာ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံတွေဘဲ ရှိတယ်။ ဖိနှိပ်သူတွေမှာ သူ့လက်ပါးစေနဲ့ ဒေါက်တိုင်တွေရှိတယ်။ အဲဒီလက်ပါးစေ ဒေါက်တိုင်တွေကို ဆန့်ကျင်ဖို့၊ ရှုံ့ချဖို့ ၊ တိုက်ခိုက်ဖို့ လူထုနည်းနဲ့ ဆန့်ကျင်တဲ့ နည်းတွေ ရှာကြံကြရတော့ မယ်။ တရားဥပဒေဆိုတာ မစိုးမိုးတဲ့ အခါ လူထုက လူ့အဖွဲ့အစည်းကို ကိုယ့်နည်းနဲ့ကိုယ် ဖန်တီးစောင့်ရှောက်ရလိမ့်မယ်။

င်းသုညရဲ့ ဗွီဒီယိုဖိုင်မှာ သူ့ဘဝလုံခြုံရေးအတွက် ကံကိုသာ အားကိုးစရာရှိကြောင်း သနားစဖွယ် ပြောဆိုတာလည်း ကြားရတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ အဖိနှိပ်ခံလူတန်းစားတွေ အများအပြားရှိပါလျှက်နဲ့ ဒီလိုမျိုး အမှန်တရားလိုလားပြီး သာသနာအတွက် ကြိုးပမ်းသူတွေကို မကာကွယ်ရင် ဘာအလုပ်တွေကို လုပ်ကြမှာတုန်း။

စစ်အာဏာရဲ့ဒေါက်တိုင်တွေ၊ လက်ပါးစေတွေကို လူထုနည်းနဲ့ ဆန့်ကျင်ကန့်ကွက်တဲ့နည်း၊ ဝိုင်းပယ်တဲ့နည်း၊ သပိတ်မှောက်တဲ့နည်း၊ တိုက်ခိုက်နည်းတွေကို လူထုကြီးက လုပ်ရတော့မှာဖြစ်တယ်။ အာမခံချက် မရှိတဲ့ ဘဝကို အာမခံချက်ရှိတဲ့ ဘဝတွေဖြစ်အောင် ဝိုင်းဝန်းတည်ဆောက်ကြရမယ်။ ဖောက်ပြန်တဲ့ ဖိနှိပ်သူဘက်သား လက်ပါးစေဒေါက်တိုင်တွေကို ဖြစ်တဲ့နည်းနဲ့ ဝိုင်းပယ် ဆန့်ကျင် သပိတ်မှောက်၊ ရှုံ့ချကြရမယ်။

ဝီရသူ လှုပ်ရှားမှု ကျဆုံးပါစေ။
မင်းသုည လှုပ်ရှားမှု အောင်မြင်ပါစေ။

ဦးအေးဆောင်
မတ်လ ၁၂၊၂ဝ၁၈။