လက်များ – 
ကျော်ကျော်(မြရည်စမ်း)
.
(၁)
ကျွ န်​​တော်​အခု​နေတဲ့ မြို့​လေးနားမှာ အလျား တစ်​ဆယ့်​နှစ်​မိုင်​၊ အနံ ​ခြောက်​မိုင်​​လောက်​ရှိတဲ့ အင်းကြီးတ​ခုရှိပါတယ်​။ ကမ္ဘာ​ပေါ်မှာ တတိယအကြီးဆုံးလို့ ​ပြောကြတယ်​။ အဲဒီ အင်းကြီးထဲမှာ ဘုရားတ​ဆူရှိတယ်။ဘုရားပွဲကို တ​ပေါင်းလမှာ ပြုလုပ်​ကြတယ်​။ မကြာ​သေးခင်​ရက်​ကပဲ ဘုရားပွဲပြီးသွားပါတယ်​။
 ဒီနှစ်​ဘုရားပွဲမှာ​တော့ စိတ်​မ​ကောင်းစရာ အဖြစ်​အပျက်​တစ်​ခုနဲ့လည်း ကြုံခဲ့ကြရ​သေးတယ်​။
ကျွန်​​တော်​​ရောက်​သွားချိန်​မှာ နယ်​ခံ​တွေဟာ အဲဒီအ​ကြောင်းကိုပဲ ​ပြောဆို​နေကြတယ်​။ ​ကြေကွဲခြင်း​တွေ၊ ချီးကျူးဂုဏ်​ယူခြင်း​တွေ ​ရောယှက်​​နေတဲ့ စကား​တွေ​ပေါ့။ 
ဘုရားပွဲက ဒီနှစ်​နည်းနည်း​စောတယ်​။ အရင်​နှစ်​​တွေဆိုရင်​ အလယ်​တန်း​ကျောင်းသား​တွေ စာ​မေးပွဲ ပြီးကြပြီ။ ဒီနှစ်​​တော့ ​ဖြေကာနီးကြီး​ပေါ့။ ဘုရားပွဲစပြီး တစ်​ရက်​၊ နှစ်​ရက်​​နေ​တော့ အနီးအနားရွာက ​ကျောင်းသား​ကျောင်းသူ​လေး​တွေရယ်​ သူတို့​ကျောင်းဆရာမ​လေးရယ်​ဟာ ည​နေခင်းကြီးမှာ ဘုရားဖူးဖို့လာကြတယ်​။ အင်းကြီးရဲ့ပတ်​ဝန်းကျင်​က ရွာ​တွေဆို​တော့ ​အင်း​ရေ​ပြင်​တ​ဖွေး​ဖွေးကို ပဲ့​ထောင်​​စက်​​လှေနဲ့ဖြတ်​ပြီး လာကြတယ်​။
အဲ ဒီအချိန်​​လေးမှာ ရာသီဥတုအ​နေအထားအရ တံငါလုပ်​ငန်း ခဏနားပြီး အင်းအစပ်​မှာ 
စက်​​လှေ​လေးရပ်​နားလို့ ရေလုပ်​သား သားအဖ စကား​ပြောနေကြတယ်​။ ည​နေက ​စောင်းလုပြီ။ ​လေက​လေးကလည်း တစ်​ချက်​ တစ်​ချက်​ ​သော့လာတယ်​။ သားအဖနှစ်​​ယောက်​စလုံးဟာ ဒီအင်း၊ ဒီ​ရေ၊ ဒီလို​လေမျိုး​တွေထဲမှာ ဒီလို​လှေက​လေး​တွေနဲ့ အ​တွေ့အကြုံများခဲ့ကြ​တော့ ​ရေပြင်​ကျယ်​ကြီးကို စိတ်​ပူပူနဲ့ ​ငေး​နေမိကြတယ်​။ သူတို့အ​တွေ့အကြုံအရ ဒီလိုအချိန်​မျိုးမှာ ဘုရားဖူးခရီးသည်​​တွေ သွားလာတတ်​ကြမှန်း သိထားကြသလို တိုက်​လာတဲ့​လေက ​ပဲ့​ထောင်​​လှေ​လေး​တွေကို ဒုက္ခ​ပေးတတ်​​ကြောင်းကိုလည်း သိကြပါတယ်​။
ဖေဖြစ်​သူက အ​ဝေးတစ်​​နေရာမှာ ပဲ့​ထောင်​စက်​​လှေက​လေးတ​စင်းကို လှမ်းမြင်​လိုက်​တယ်​ဆိုရင်​ပဲ သားဖြစ်​သူကို သူတို့ တံငါပဲ့​ထောင်​​လေးကို ကမ်းက တွန်း​ချစေပြီး ဦးလှည့်​လို့ စက်​နိုးခိုင်းလိုက်​တယ်​။ ပြီး​တော့ အ​ဝေးမှာ မြင်​​နေရတဲ့ ခရီးသည်​တင်​ ပဲ့​ထောင်​​လေးဆီ
 သတိကြီးကြီးထားပြီး စက်​ကုန်​နှင်​​စေတယ်​။
သူတို့သားအဖ ​တွေးဆမိသလိုပဲ သူတို့​ရောက်​ကာနီး​လေးမှာ ​လေပြင်းပြင်းတစ်​ချက်​ ထပ်​​ဝေ့​တော့ ခရီးသည်​တင်​ ပဲ့​ထောင်​​လေး ​မှောက်​သွားပြီ။ လှိုင်းနဲ့ ​လေနဲ့ ကြားမှာ ​ရေထဲ​ရောက်​​နေကြတဲ့သူ​တွေကို တတ်​နိုင်​သမျှ ကယ်​တင်​လိုက်​နိုင်​တယ်​။ သူတို့ ထမ်းနိုင်​သမျှဝန်​ကို ထမ်းခဲ့​ပေမယ့်​ တ​ချို့ကို​တော့ မကယ်​တင်​လိုက်​နိုင်​ကြဘူး။
အဲ ဒီအ​ကြောင်း​လေးကို ဘုရားရင်​ပြင်​​တော်​​ပေါ်မှာ 
ကျွန်​​တော်​ထိုင်​​နေတဲ့ အချိန်​​လေးမှာပဲ အ​မေအိုတစ်​​ယောက်​က ​ပြောပြ​နေပါတယ်​။ သူ့စကား​တွေကြားမှာပဲ ပူပူ​နွေး​နွေး ရှိ​သေးကာစ အင်း​ရေပြင်​ဆီ
 ကျွန်​​တော်​ကြည့်​​ငေးမိတယ်​။ ​ရေပြင်​​ပေါ်မှာ စင်​​ရော်​​လေး​တွေ ဝဲ​နေကြတယ်​။ ဘုရားဖူးတ​ချို့က အစာ​လေး​တွေ ပစ်​ကျွေး​နေကြတယ်​။စင်​​ရော်​စာ​ရောင်းတဲ့​နေရာကို  ဖျတ်​ခနဲဆို ကြည့်​လိုက်​မိတယ်​။ရောင်းသူနဲ့ဝယ်​သူ လက်​နှစ်​စုံဟာ အသိတစ်​ခုက​နေ​အ​တွေးအများကြီးဆီကို ​ခေါ်​ဆောင်​သွားခဲ့ပါတယ်​။
(၂)
သီချင်း​လေးက​တော့ ကြာခဲ့ပါပြီ။ သ​င်္ဘောတ​စီး​မှောက်​​တော့ လူ​တွေဟာ ကူသူကယ်​သူ မဲ့​နေကြချိန်​။ အဲဒီအချိန်​မှာ ​လှေ​တွေနဲ့ လူ​တွေ​ရောက်​လာကြတယ်​။ ​ကောက်​ရိုး​လေးတစ်​မျှင်​ကို ဖမ်းဆွဲမိဖို့​ မျှော်​လင့်​​ကြိုးစားနေကြတဲ့ ​ရေ​ထဲမိုးထဲက ဒုက္ခသည်​​တွေဟာ ဝမ်းသာကြရပြီ။ ဝမ်းသာမှုဟာ
 ဘယ်​​လောက်​မှ မကြာလိုက်​ဘူး။ ​ရောက်​လာသူ​တွေဟာ ​ရေနစ်​​နေသူ​တွေကို ပထမ​တော့ ​လှေ​ပေါ်ဆွဲတင်​လိုက်​တယ်​။ ပြီး​တော့ ဝတ်​ဆင်​ထားသမျှ အဖိုးတန်​ပစ္စည်းမှန်​သမျှ လုယက်​ပြီး ရက်​စက်​လိုက်​ကြတယ်​။
မြွေပူရာကင်း​မှောင့်​လို့ပဲ ဆိုဆို၊ နူရာဝဲစွဲ လဲရာသူခိုး​ထောင်းလို့ပဲ ​ပြော​ပြော တစ်​ပူ​ပေါ်နှစ်​ပူဆင့်​ပြီး ဒုက္ခ​ရောက်​​နေရသူ​တွေဟာ ထပ်​ပြီး​တော့ ဒုက္ခပင်​လယ်​​ဝေကြတဲ့ အဖြစ်​သနစ်​​ပေါ့။
 အဲဒီအဖြစ်​သနစ်​​တွေကို အဆို​တော်​လွှမ်းမိုးက သီဆို​တော့ တ​ချို့က “ဟုတ်​တာပဲ။ မှန်​တာပဲ။ ဒါမျိုး​တော့ဖြင့်​ မလုပ်​သင့်​​ဘူး” ​ပြောကြတယ်​။ တ​ချို့တ​လေက​တော့ “သူများ​တွေကြားရင်​ သိက္ခာကျပါတယ်​ကွာ။ ​ရေးတဲ့သူလည်း မ​ရေးသင့်​ဘူး။ဆိုတဲ့သူလည်း မဆိုသင့်​ဘူး”​ပြောကြတယ်​။ ​ကောင်းတယ်​။ ဆိုးတယ်​။ ဘာတစ်​ခွန်းမှ မဟပဲ ငြိမ်​ကုပ်​​နေကြသူ​တွေလည်း ရှိခဲ့ကြပါတယ်​။
အဲ ဒီသီချင်းထွက်​ခဲ့တာ ကြာပြီ​ပေါ့။ နှစ်​ကာလနဲ့ တိုင်းတာရင်​သာ ကြာရင်​ကြာမယ်​ ရင်​ထဲမှာ အနာရှိ​နေသူ​တွေအတွက်​က​တော့ တိုက်​ဆိုင်​မှုတစ်​ခုခုနဲ့ကြုံတိုင်း “​သြော်​…ဟိုသီချင်းထဲကလိုပါလား” လို့ ​တွေးမိကြပြီး ​ဝေဒနာအသစ်​က သီချင်းကိုလည်း ပြန်​သစ်​​စေမယ်​ ထင်​ပါရဲ့​လေ။ အနိုင်​ကျင့်​သူနဲ့ အနိုင်​ကျင့်​ခံရသူ ဘက်​နှစ်​ဘက်​မှာ အနိုင်​ကျင့်​ခံခဲ့ရသူ​တွေဟာ လွယ်​လွယ်​နဲ့ မ​မေ့တတ်​​ကြောင်းကိုလည်း ကျွန်​​တော်​သိခဲ့ရပါတယ်​။
ကျွန်​​တော်​တို့ ​မွေးဖွားကြီးပြင်းရာ နိုင်ငံ​တော်​ရဲ့ သမိုင်းစာမျက်​နှာ​တွေ​ပေါ်မှာဆိုရင်​လည်း ထပ်​တူကျ သမိုင်း​တွေ ထုနဲ့​ဒေးဆို​တော့ ​ဝေဒနာအသစ်​​တွေဟာ သမိုင်းကို ပြန်​ပြန်​သစ်​​စေမယ်​ ထင်​ပါတယ်​။
(၃)
ခု​နေတဲ့မြို့​လေးက တစ်​ဖက်​နိုင်​ငံနယ်​စပ်​နဲ့ သိပ်​မ​ဝေးလှဘူး။ ကားနဲ့သွားရင်​ ခဏ​လေးနဲ့​ရောက်​နိုင်​တယ်​။ မြို့​လေးက လူ​တွေအဖို့​တော့ နယ်​စပ်​ကိုဖြတ်​ပြီး ဟိုဖက်​နိုင်​ငံထဲ ဝင်​တဲ့ကိစ္စဆိုတာ ထမင်းစား​ရေ​သောက်​သလို လွယ်​ကူကြတယ်​။ တရားဝင်​အ​နေနဲ့ စာရွက်​စာတမ်းလုပ်​ပြီးလည်း ဝင်​ကြတယ်​။ မလွယ်​​ပေါက်​ဆိုတဲ့ လွယ်​လွယ်​ကူကူ ဝင်​ထွက်​နိုင်​ဖို့ ​ဖောက်​ထားတဲ့ အ​ပေါက်​​တွေက​နေလည်း ဝင်​ထွက်​ကြတယ်​။သစ်​၊ ​ကျောက်​စိမ်း၊ မီး​သွေး၊ ကျွဲနွားလိုမျိုး မြင်​နိုင်​တဲ့အရာ​တွေ ထွက်​သွားကြတာ မြင်​​နေရသလို မမြင်​နိုင်​တဲ့ အရာ​တွေလည်း
 ဝင်​ထွက်​​နေကြမှာပဲလို့ ​တွေးမိတယ်​။
“ကိုယ့်​နိုင်​ငံက သယံဇာတ​တွေကို သူများနိုင်​ငံက ​အခွန်​မ​ဆောင်​ပဲ ​သွေး​အေး​အေးနဲ့ သိမ်းပိုက်​ယူငင်​​နေတဲ့ကိစ္စဟာ ခံပြင်းစရာ​ကောင်းလှတယ်​။ ခွင့်​လည်း မလွတ်​သင့်​တဲ့ကိစ္စဖြစ်​တယ်​” ဆိုပြီး​တော့
 တ​ချို့ဝတ္ထု​တွေ၊ ​ဆောင်းပါး​တွေမှာ ​ရေးထားတာကို
 ဖတ်​ဖူးခဲ့တာ ကြာပါပြီ။ ဒါ​ပေမယ့်​ အဲဒီကိစ္စ​တွေအတွက်​ ကျွန်​​တော့်​ရင်​ထဲမှာ ထူးပြီး မခံစားရပါဘူး။ 
တိတိကျကျ​ပြောရရင်​​တော့ “သိပ်​လည်း ထူးပြီး မခံစားရ​တော့ပါဘူး”​ပေါ့။
မီး​သွေး​ဈေးတက်​သွားတာ၊ အသား​ဈေး​တွေကြီးလာတာက ကျွန်​​တော့်​ မီးဖို​ချောင်​​လေးအတွက်​ ထိခိုက်​​ပေမယ့်​ ​ကျောက်​စိမ်းအပါအဝင်​ တစ်​ခြားသယံဇာတ​တွေအတွက်​​တော့
 ဘယ်​လိုပုံနဲ့ ထွက်​​နေ​နေ၊ ဝင်​​နေ​နေ မထူးကို မထူးတာပါ။ အလှမ်း​ဝေးလွန်းတဲ့ကိစ္စကို ​ခေါင်းပူခံပြီး
 ကျွန်​​တော်​ မစဉ်းစားသလို၊ ရင်​ထဲကလည်း ခံစားမ​နေချင်​​တော့ပါဘူး။ ဥပက္ခာပြုထားလို့ရတဲ့ ကိစ္စမျိုး​ပေါ့။
ဒါ ​ပေမယ့်​လည်း ကျွန်​​တော်​ချစ်​တဲ့ အရာ​တွေအတွက်​ကျပြန်​​တော့ ​လေး​လေးနက်​နက်​ ​တွေးမိပြန်​ပါတယ်​။
မကြာခင်​ရက်​​လေးမှာ ရပ်​ကွက်​​လေးထဲက လမ်း​ဘေး​ခွေး​လေး​တွေနဲ့​ မြို့မ​ဈေးကြီးထဲက ​ခွေး​လေး​တွေကို ကယ်​တင်​​စောင့်​​ရှောက်​ချင်​လို့ပါဆိုပြီး
လူတစ်​စု လာ​ခေါ်ငင်​ကြတယ်​။ သူတို့ကို ​ကျွေး​ထားသူ​တွေကလည်း မပိုင်​ဝက်​​မွေးဆိုသလို ဖြစ်​​နေကြတာ​လေ။ အိမ်​လည်း ​ခေါ်ထားလို့မရ​တော့ လမ်းကြုံမှာပဲ အဆင်​​ပြေသလို ​ကျွေး​နေကြရတာပါ။ ​နွေရာသီဝင်​လာပြီဆို​တော့ ဘယ်​အချိန်​မှာများ စည်​ပင်​သာယာက အပြတ်​ရှင်းလိုက်​မလဲ ဆိုပြီး​တော့ 
စိုးရိမ်​တာကလည်း တစ်​​ကြောင်း​ပေါ့။
န်​ကုန်​လို မြို့ကြီးပြကြီးမှာ​တောင်​ ​ခွေး​လေး​တွေက ရက်​ရက်​စက်​စက်​ အဆိပ်​​ကျွေးပြီး အသတ်​ခံ​နေကြရတာဆို​တော့ ပူပင်​ကြတယ်​။ ဒါနဲ့ပဲ ​ခွေး​လေး​တွေ အ​တော်​များများ အဲဒီလူစု လက်​ထဲပါသွားတယ်​။ ​နောက်​နှစ်​ရက်​၊ သုံးရက်​​နေ​တော့ သတင်းဆိုး ကြားရပါ​လေ​ရော။ အဲဒီလူ​တွေက ကယ်​ချင်​​ယောင်​​ဆောင်​ပြီး 
ခွေး​လေး​တွေကို တစ်​ဖက်​နိုင်​ငံမှာ သွား​ရောင်းစားကြတာတဲ့။ လူအမျိုးမျိုး စိတ်​အ​ထွေ​ထွေရှိကြ​လေ​တော့ သာမန်​လူ​တွေက​ ​ခွေး​လေး​တွေအတွက်​ မခံစားကြရ​ပေမယ့်​ ​ခွေးချစ်​သူ​တွေက​တော့ ငိုကြတယ်​။ ​ဒေါသထွက်​ကြတယ်​။ ကျွန်​​တော်​လည်း ​ခွေး​လေး​တွေကို ချစ်​တတ်​​တော့ သတင်းကြားရပြီး စိတ်​မချမ်းသာပါဘူး။ အဲဒီ​နောက်​​တော့
ခွေး​လေး​တွေကို သတ်​မယ့်​ဖြတ်​မယ့်​ဆီကို ပို့​ဆောင်​​ရောင်းစားတဲ့ လူတစ်​စုက​နေ အ​တွေးဆက်​သွားလိုက်​တာ အများကြီး။
(၄)
၀၀၀ ခုနှစ် ​ကျော်​တဲ့ကာလ​တွေမှာ စစ်​ကိုင်းတိုင်းထဲက ​ကောလင်း၊ ဝန်းသို၊ ဗန်း​မောက်​၊ နမ်းခမ်းနဲ့ပင်​လည်​ဘူးနယ်​ တစ်​ဝိုက်​မှာ ကျွန်​​တော်​ ​နေထိုင်​ခဲ့ဖူးတယ်​။ အဲဒီ ​ဒေသတစ်​ဝိုက်​မှာ ​ရွှေရှာတဲ့ လုပ်​ငန်းကို ​ဒေသခံ တ​နိုင်​တ​ပိုင်​ သမား​လေး​တွေ လုပ်​ကြကိုင်​ကြတယ်​။ ကိုယ့်​အစု၊ သူ့အစု​လေး​တွေနဲ့​ပေါ့။ အဲဒီလို လုပ်​ငန်း လုပ်​ကိုင်​​နေကြတဲ့ ​တောထဲ​တောင်​ထဲကို ရန်​ကုန်​က ရုပ်​ရှင်​မင်းသားတစ်​​ယောက်​လည်း ​ရောက်​လာတတ်​တယ်​။ သူ့မှာပါလာတဲ့ အမှတ်​တရ လက်​​ဆောင်​​လေး​တွေကို ​ပေး​တော့ ​ဒေသခံ​တွေ ​ပျော်​ရွှင်​ကြတယ်​။ ​ဒေသခံ​တွေက ရုပ်​ရှင်​မင်းသားဆို​တော့ ချစ်​ကြခင်​ကြပါတယ်​။ မင်းသား​ပေးတဲ့ ပို့စကဒ်​​လေး​တွေကိုလည်း အဖိုးမတန်​​ပေမယ့်​ တန်​ဖိုးထားကြပါတယ်​။
တုန့်​ပြန်​တဲ့အ​နေနဲ့ မင်းသား​မေးတဲ့ ရွှေလုပ်​ငန်းအ​ကြောင်းလည်း သိသ​လောက်​​ပြောပြကြတယ်​။ ဗဟုသုတ လိုလားတဲ့ မင်းသားကို ​စေတနာထားကြပါတယ်​။ ဘယ်​​နေရာက ​မြေကဖြင့်​ အလားအလာ​ကောင်းတယ်​။ ဘယ်​သူ ဘယ်​ဝါရဲ့ လုပ်​ကွက်​​လေးက​တော့ ​ရွှေ​ကြော ဖမ်းမိ​နေပြီ စသဖြင့်​ပေါ့။ ​နောက်​​တော့ မင်းသားလည်း ​အောက်​ပြည် ​ပြန်​သွားပါတယ်​။ ​ဒေသခံ​တွေက​တော့ ​ရွှေဆက်​တူးကြတာ​ပေါ့။
သိပ်​မကြာလိုက်​ပါဘူး ကုမ္ပဏီလုပ်​ကွက်​ဆိုပြီး​တော့ အလားအလာ​ကောင်းတဲ့ ​မြေ​တွေကို သိမ်းခံလိုက်​ရပါ​တော့တယ်​။ ​နောက်​ပိုင်း​တွေမှာလည်း ​ရွှေ​အောင်​ပြီဆိုတဲ့ ​မြေမှန်​သမျှဟာ အသိမ်းခံကြရ​တော့မယ်​။ ​ဒေသခံ​တွေဟာ မင်းသားကို မူလနာမည်​ မ​ခေါ်ကြ​တော့ပဲ
 “​အောင်​သိမ်း”လို့ ​ပြောင်း​ခေါ်ကြ​တော့တယ်​။ ညတိုင်​ကျရင်​ နယ်​မြို့​လေးကဗီဒီယို​ဈေးတန်း​လေးမှာ ​ကြော်​ငြာထားတာ ဖတ်​မိပြီး ကျွန်​​တော်ပြုံးခဲ့ဖူးတယ်​။ ဇာတ်​ကားနာမည်​​အောက်​မှာ ‘​အောင်​သိမ်းနဲ့ ထက်​ထက်​မိုးဦး’ တဲ့။
(၅)
စို က်​ပျိုး​ရေးကို အ​ခြေခံ​သော…တို့၊ ​ကျေးဇူးရှင်​ ​တောင်​သူဦးကြီးများ…တို့၊ ဆိုတဲ့ စကား​တွေကို ငယ်​ငယ်​တုန်းထဲက နားနဲ့မဆန့်​​အောင်​ ကြားခဲ့ရတယ်​။ အဲဒီ စကား​တွေဟာ ​တွေးကြည့်​​တော့လည်း ဟုတ်​​နေတာပါပဲ။ဟုတ်​​နေတာက ပြည်​သူ​တွေအတွက်​ မဟုတ်​ပဲ အာဏာရှင်​နဲ့ အ​ပေါင်းအပါတစုအတွက်
 ဟုတ်​​နေပြန်​​တော့ ​အော့နှလုံးနာစရာ ဖြစ်​ရပါတယ်​။ ကျွန်ေ​တာ်​​နေခဲ့ဖူးတဲ့ အထက်​​ကျောင်း​လေးက ပန်းချီခန်းထဲမှာ “ဆီကို ​ရေချိုး၊ ​ဆေးရိုး မီးလှုံ၊ စပါး​တောင်​လိုပုံ” ပန်းချီကား၊ ”​ရွှေဝါ​မြေ” ပန်းချီကား၊​”တောင်​သူဦးကြီး​တွေကို ဂုဏ်​ပြု​နေတဲ့ အရပ်​မြင့်​မြင့်​လူကြီးပါတဲ့ ပန်းချီကား” (နာမည်​မမှတ်​မိ​တော့)၊ ​တွေ ချိတ်​ဆွဲထားတာ ​တွေ့ဖူးခဲ့တယ်​။
အဲဒီ ပန်းချီကား​တွေကို ​ရေးဆွဲခဲ့ကြတုန်းက ပန်းချီဆရာ​တွေစိတ်​ထဲ ဘယ်​လို​နေမလဲရယ်​လို့ တခါတ​ခါ​တွေးမိခဲ့ဖူးတယ်​။ တာဝန်​​ကျေစ ပါးမသွင်းနိုင်​လို့ ​ဘော်​လုံးကွင်းထဲ ​နေပူလှန်းခံခဲ့ကြရတဲ့ လယ်​သမား​တွေကို သူတို့မမြင်​ဖူးခဲ့ကြလို့ ပန်းချီကားတ​ချပ်​ဖြစ်​မလာတာလို့ပဲ
 ဖွဖွ​လေး ဆက်​​တွေးမိပါတယ်​။ အသားညိုညို၊​ ပိန်​လှီလှီ လယ်​သမားတစ်​​ယောက်​ရဲ့ပါးပြင်​​ပေါ် ဂျပန်​ပါးရိုက်​နည်းနဲ့ ကျွမ်းကျွမ်းကျင်​ကျင်​ကြီး ရိုက်​ချလိုက်​တဲ့ နဝရတ်​ကိုးပါး လက်​စွပ်​ဝတ်​ထားတဲ့ လက်​တစ်​ဖက်​ကို သူတို့ ပန်းချီ​ရေးခွင့်​ မရခဲ့ကြပါဘူး။
(၇)
ကျွ န်​​တော့်​အ​တွေး​တွေ အ​ဝေးကြီး ​ပြေးသွားရာက​နေ ထူးဆန်း တဲ့မြင်​ကွင်းတ​ခု​ကြောင့်​ စင်​​ရော်​စာ ​ရောင်းတဲ့ဆိုင်​​လေးဆီ ပြန်​​ရောက်​ခဲ့ရပြန်​ပါတယ်​။ ဘုရားဖူး အဘွားအိုတ​​ယောက်​ဟာ စင်​​ရော်​စာ ​ရောင်းတဲ့ အမျိုးသမီးကို ​ငွေတ​ချို့​ပေးပြီး စင်​​ရော်​စာ ဝယ်​ပါတယ်​။ အဘွားအို​ပေးတဲ့​ငွေက မ​လောက်​ငှဘူး ထင်​ပါရဲ့။ ​ဈေးသည်​ အမျိုးသမီးက ပြုံး​ပြီး ​ဈေးနှုန်း​ပြောပြ​နေတယ်​။ ကျွန်​​တော်​ထသွားပြီး ဝယ်​​ပေးမလို့ စဉ်းစား​နေတုန်းမှာ ဈေးသည်​အမျိုးသမီးက စင်​​ရော်​စာ​တွေ အများကြီး ​ပေးလိုက်​တဲ့အပြင်​ တစ်​​ထောင်​တန်​​လေးငါးရွက်​​လောက်​လည်း အဘွားအိုလက်​ထဲ ထည့်​​ပေးလိုက်​​သေးတယ်​။ လက်​နှစ်​ဖက်​ကို ကြည့်​​နေရတာ ကြည်​နူးစရာပါ။ ရင်​ပြင်​​တော်​​ပေါ်မှာ ​နေပူ​နေ​ပေမယ့်​ ရင်​ထဲမှာ ​အေးမြသွားတယ်​။
ဒီလပြီး ​နောက်​လက မတ်​လဆို​တော့ အပူချိန်​ ပိုတိုးလာမယ်​။ အပူချိန်​​တွေ တိုးလာတဲ့ကြားမှာ ​အေးမြမှု​ပေးစွမ်းတဲ့ မြင်​ကွင်း​လေး​တွေကို လူတိုင်း ​တောင့်​တကြမှာပဲလို့ ​တွေးမိပါတယ်​။ ကျွန်​​တော် ​ကျောင်းသားဘဝကကြုံခဲ့ရတဲ့ မတ်​လက​တော့ အပူ​ပေါ်အပူဆင့်​ခဲ့တာ​ပေါ့။
က်​​တွေ…၊ အဲဒီလက်​​တွေဟာ သိပ်​ကိုရက်​စက်​ခဲ့တာ​ပေါ့။
 အဲဒီနှစ်​ မတ်​လ(၁၃)ရက်​​နေ့မှာ ကိုဖုန်း​မော်​ကျဆုံးခဲ့တယ်​။
 မတ်​လ(၁၄)ရက်​​နေ့မှာ စက်​မှုတက္ကသိုလ်​ ​ကျောင်းသား​တွေက​နေပြီး​တော့ တခြားတက္ကသိုလ်​​တွေကို လက်​ကမ်းစာ​စောင်​​တွေ ဖြန့်​​ဝေခဲ့တယ်​။ လက်​ကမ်းစာ​စောင်​​တွေထဲမှာ လုံထိန်း​တွေက ​ကျောင်းသား​တွေအ​ပေါ်ရက်​စက်​စွာသတ်​ဖြတ်​တဲ့ကိစ္စ​တွေ၊ ​ငွေစက္ကူ​တွေကို ဖျက်​သိမ်းလိုက်​တဲ့ကိစ္စ​တွေကို ရှုတ်​ချတဲ့အ​ကြောင်း ​ရေးထားပါတယ်​။
မတ်​လ (၁၅)ရက်​​နေ့မှာ စစ်​တပ်​က ရန်​ကုန်​စက်​မှုတက္ကသိုလ်​ ​ကျောင်းဝင်းကို ဝင်​စီးလို​က်​တယ်​။
 မတ်​လ (၁၆)ရက်​​နေ့ အင်းလျား​ရေပြင်တစ်​ဝိုက်​ ​သွေး​ချောင်းစီးခဲ့ရတယ်​။
 အဲဒီနှစ်​ပဲ​ပေါ့…၊ မတ်​လ (၁၈)ရက်​​နေ့ ။ ​သွေးစွန်းတဲ့ ​သောကြာ​နေ့ ။ သားသတ်​သမားဟာ ​ကြောက်​စရာ​ကောင်းလှတယ်​လို့ မယူဆခဲ့ပါဘူး။ အော့နှလုံးနာဖွယ်​၊ စက်​ဆုပ်​ရွံရှာဖွယ်​ အတိ​ပေါ့။ ကြမ်းကြုတ်​ရက်​စက်​လွန်းလှပါတယ်​။ ​ထောင်​တံခါး​တွေ ပွင့်​​စေဖို့ ​ကျောင်းတံခါး​တွေ ပိတ်​ပစ်​လိုက်​တဲ့ လက်​​တွေ။
ကျွန်​​တော်​တို့တိုင်းပြည်​က  မတ်​လဟာ အ​တွေး​တွေအများကြီးကို ​ပေါ်​ပေါက်​​စေပါတယ်​။ ဘိုး​တွေ၊ ဘွား​တွေ လက်​ထက်​က ​တော်​လှန်​​ရေးနဲ့ ထုဆစ်​ခဲ့တဲ့ မတ်​လဟာ အာဏာရူး​တွေလက်​ထက်​မှာ ​သွေးစွန်းတဲ့လက်​​တွေနဲ့ အာဏာစွက်​ပြီး ရက်​ရက်​စက်​စက်​ ပုံဖျက်​ခံခဲ့ရပါတယ်​။ အဲဒါဟာ လွန်​ခဲ့​သောနှစ်​​ပေါင်းများစွာ ကတည်းက​ပေါ့။ ​ချောက်​ထဲ ကျ​တော့မယ်​ဆိုပြီး အဝီစိထိ ပို့ပစ်​ခဲ့ကြတယ်​။ တစ်​​ယောက်အ​လောင်းအ​ပေါ် တစ်​​ယောက်​နင်းလို့ တစ်​ဆင့်​ပြီးတစ်​ဆင့်​ ပြန်​တက်​​နေရတုန်း​ပေါ့။
(၈)
ဘုရားဖူး မလာခင်​​လေးမှာ မိုး​လေဝသ ​ကြေညာချက်​ကို ဖတ်​ခဲ့ရ​သေးတယ်​။ ဒီနှစ်​မှာ ခရမ်းလွန်​​ရောင်​ခြည်​အညွှန်းကိန်းမြင့်​လို့ ပိုပူမယ်​တဲ့။ တစ်​ချိန်​တုန်းက အ​တွေးလို ခ​မောက်​​ဆောင်းရုံနဲ့ လုံမယ်​လို့​တော့ မယူဆ​တော့ပါဘူး။ အပြင်​က အပူ​တွေကို အန်​တုနိုင်​ဖို့
 ကျွန်​​တော့်​ လက်​​တွေကိုလည်း ပက်​လက်​ကြီးပဲ မဖြစ်​​နေချင်​လို့ တတ်​နိုင်​သ​လောက်​ စာ​ရေးဖို့ပဲ ကြိုးစား​နေမိ​ပါတယ်​။
ကျော်​​ကျော်​(မြရည်​စမ်း)
၁၂.မတ်​.၂၀၁၈
ည ၉ နာရီ