ငါးတကောင်ရဲ့ရီဗော်လူးရှင်း – နိုင်ဝင်းသီ

.

ဏိစန္ဒာလေးကို စတင်တွေ့ရှိခဲ့သော နေရာမှာ သရပါ တံခါးအနီးတွင် မဟုတ်ပါ။ ထိုနေ့က ညသည် ခါတိုင်းနေ့တွေထက် အနည်းငယ်စောပြီး  မြို့ပြထဲသို့ ရောက်ရှိလာခဲ့သော်လည်း  မြို့ပြ၏အရိပ်နှင့်အရောင်များ၊ မြို့ပြထဲမှ ရနံ့များ၊ မြို့ပြ၏ ညဦးပိုင်း အဆင်အပြင်များမှာ ခါတိုင်းရက်များကလိုပင်  ဖြစ်သည်။
      

စ်နေ့တခြား သိပ်သည်းဆ များပြား   လာသော ကလိုရိုဖလူရို ကာဘွန်ဓာတ်ငွေ့လှိုင်းများ၊ ခေတ်ပေါ်ကောင်မလေးများ၏ ဝင်းမွတ်သွယ်လျသော ပေါင်တံများ၊ ရှုပ်ထွေးလှုပ်ခတ်နေသော ပလက်ဖောင်းဈေးသည်များ၊ ဆူးလေလမ်းမပေါ်သို့  ဖြုတ်ကနဲ  ဝေ့ဝဲလွင့်ကြွေလာသော ခရေပွင့်များ၊ လရောင်ထဲသို့  ဝေါကနဲ ပျံတက်သွားသော မြို့ပြခိုများ၊ လိုင်းကားတွေထဲမှ နွမ်းလျအိမ်အပြန် မျက်လုံးများ …
        

ထိုညက သူနှင့် လအတန်ကြာ ကွဲကွာနေခဲ့သော သူငယ်ချင်းတစ်ယောက်နှင့် သွားဆုံမိပြီး မြို့ပြင်ရှိ ဘီယာစတေရှင်တစ်ခုသို့ သူ ရောက်သွားခဲ့သည်။ ထို ဘီယာစတေရှင်မှာပဲ မဏိစန္ဒာလေးကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။
       

ထို မဏိစန္ဒာလေးမှာ မဟူရာပိုးသားမျှင်များလို ရှည်လျားဖားဝေနေသော ဆံနွယ်နက်နက်တွေရှိသည်။ အီရီနာရှေ့ခ်၏ မျက်လုံးတွေလို အရည်လဲ့ပြီး တဖျတ်ဖျတ်တောက်ပနေသော မျက်ဝန်းပြာတစ်စုံရှိသည်။ အသက်ရှူနှုန်းကို ဟန်ချက်ပျက်ပြားသွားစေနိုင်သော  ခန္ဓာကိုယ်အချိုးအဆက်တစ်ခုရှိသည်။ လူတစ်ကိုယ်လုံးကို ကတုန်ကယင်ဖြစ်သွားစေနိုင်သည့် အနမ်းတွေဖူးပွင့်ရာ နှုတ်ခမ်းထူထူအိအိ တစ်စုံရှိသည်။ ဒါ့အပြင် သူငယ်ချင်း နှစ်ချုပ်နှင့်ငှားပေးထားသော အဆင့်မြင့်တိုက်ခန်း တစ်ခန်းလည်းရှိပါသည်။
        

သူ သတိပြုမိသလောက်တော့ သူ့ သူငယ်ချင်းသည် ငွေနံ့ကြေးနံ့နောက်ကို အမြဲတစေ လိုက်ပါနေလေ့ရှိသော ခေတ်သစ်ဘောဂဗေဒ မုဆိုးတစ်ယောက်သာ ဖြစ်သည်။ လူမှုစုဖွဲ့မှုနယ်ပယ်တွင်ပင် သူ၏ အကျိုးစီးပွားနှင့် နွယ်ဆက်သည့် လူမျိုးကိုသာ ရှင်းလင်းပြတ်သားစွာ ရွေးချယ်ပေါင်းသင်းခဲ့သူ ဖြစ်လေသည်။ ကိုယ်ကျိုးစီးပွားနှင့် ပတ်သက်လာလျှင် မည်သူတစ်ဦးတစ်ယောက်ကိုမှ  ငဲ့ညှာထောက်ထားခဲ့ခြင်း မရှိသောကြောင့် ရေထွက်ပစ္စည်း ကုမ္ပဏီတစ်ခုကို ထူထောင်ပြီး နှစ်အနည်းငယ်အကြာမှာပင် ရင်သပ်ရှုမောစရာ ကောင်းလောက်အောင် ချမ်းသာကြွယ်ဝလာခဲ့သူ ဖြစ်လေသည်။
       

ယ်သူငယ်ချင်းတွေကတော့သူနှင့်ပတ်သက်ပြီး ပြောခဲ့ဖူးပါသည်။
” ဒီကောင်က အမြတ်အစွန်းသာ မြိုးမြိုးမြက်မြက်လေးရမယ်ဆိုရင်   သူနဲ့ပေါင်းသင်းနေတဲ့ သူ့မိန်းမကိုတောင် အိပ်စ်ပို့လုပ်မယ့်ကောင်ကွ။ ငွေကြေးသာ သူ့ဘဝမှာ ဘုရားသခင်ဆိုတော့ ငွေကလွဲပြီး ကျန်တာတွေကို ခေါင်းထဲ သိပ်ထည့်တဲ့ကောင် မဟုတ်ပါဘူးကွာ”

“အလကားငတုံးကောင်ပါကွာ။ ငွေရှာဖို့တစ်ခုကလွဲပြီး လူမှုရေး ဘာမှနားမလည်တဲ့ ကောင်ပါ။ သူ့ထက်စာရင် လှည်းဆွဲတဲ့ မြင်းကမှ လူ့ အဖွဲ့အစည်းအတွက် အသုံးဝင်ပါသေးတယ်ကွာ”

“ဟေ့ကောင်တွေရာ … ဒါက မင်းတို့အထင်ကို ပြောနေတာပါကွ။ မင်းကောင်ကို ဒေါ်လာသာပေးကြည့်ပါလား။ အဲဒီမြင်းတောင် လှည်းဆွဲစရာ မလိုတော့ဘူး။ မြင်းနေရာမှာ ဒီကောင်ကိုယ်တိုင်ဝင်ပြီး လှည်းဆွဲပြလိမ့်မယ်”

ငွကြေးအပေါ် တိမ်းမူးလွန်းသော သူငယ်ချင်းကို ဝိုင်းပြီးပြော​နြေ​ကသော စကားလုံးတွေဖြစ်ပါသည်။ သူငယ်ချင်းသာ နားနှင့် ဆတ်ဆတ်ကြားခဲ့လျှင် ခုန်ဆွခုန်ဆွ ဖြစ်သွားနိုင်ပါသည်။ သူကတော့ ဘာတစ်ခွန်းမှ ဝင်မပြောခဲ့ပါ။ သူငယ်ချင်းနှင့် ပတ်သက်ပြီးတော့လည်း ဘယ်လိုအကြောင်းအရာမျိုးကိုမှ သူ စိတ်မဝင်စားလှပါ။

ဝ အခင်းအကျင်း ချင်းလည်း မတူ။ စိတ်ဖြန့်ကျက်ပုံချင်းလည်း မတူ။ လောကကြီးအပေါ် ရှုမြင်သုံးသပ်ပုံချင်းလည်း ကွဲပြားခြားနားနေလေတော့ သူငယ်ချင်းနှင့် သူနှင့် မဆုံဖြစ်တာ အံ့သြစရာ သိပ်မကောင်းလှပါ။ ဘာပဲပြောပြော အချိန်းအချက်လုံးဝမရှိ   ဘဲ သူငယ်ချင်းနှင့် သွားဆုံခဲ့သော ထိုညကတော့ သူ အသေအချာကို မူးသွားခဲ့ပါသည်။ ဘီယာမူးတာပဲလား။ မဏိစန္ဒာမူးတာပဲလား ဆိုတာကိုတော့ သူ့ကိုယ်သူလည်း သိပ်မသဲကွဲလှပါ။

သူ့ အမြင်အာရုံထဲမှာ မဏိစန္ဒာလေးဟာ ကလော်ဒီယာရှာဖာနှင့် တူသွားလိုက်၊ အင်ဂျလီနာဂျိုလီနှင့် တူသွားလိုက်၊ နာအိုမီကင်းဘဲလ်နှင့် တူသွားလိုက်နှင့် ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေသလို သူ့ သူ
ငယ်ချင်းဟာလည်း  ငါးပူတင်းတစ်ကောင်နှင့် တူသွားလိုက်၊ တီလားဗီးယား တစ်ကောင်နှင့် တူသွားလိုက်၊ ငါးရှဥ့်တစ်ကောင်နှင့် တူသွားလိုက်နှင့် သူ့မျက်စိထဲမှာ အတော့်ကို စိတ်ပျက်စရာကောင်းနေလေသည်။ တစ်ခါတစ်ခါ ရယ်မောလိုက်လျှင် လှုပ်စိလှုပ်စိဖြစ်နေသော သူ့မျက်လုံးတွေကြောင့် ကဏန်းတစ်ကောင်
နှင့်ပင် တူသွားလိုက်သေးသည်။

ထို ညက ဟိန်းမြတုန်ဟီးသွားသော ပေါက်ကွဲဂီတသံအောက်တွင် မဏိစန္ဒာလေး၏ ပဉ္စလက်ဆန်သော ကကြိုးကကွက်များကို မိန်းမောပြီး သူ မူးမူးရီရီဖြစ်ခဲ့ရသည်။ ကပွဲအစီအစဉ်များပြီးဆုံး၍ သူတို့ပြန်လာတော့ ကားပေါ်တွင် မဏိစန္ဒာလေး ပါလာသောအခါ သူ ပိုပြီး မူးသွားခဲ့ပါသည်။ ကမ္ဘာကြီးဟာ တစ်
နေရာမဟုတ် တစ်နေရာရာမှာတော့ မူးရီစရာ ကိစ္စတွေဟာ အမြဲတစေ ရှိနေတာပါပဲလား။
        

ပြန်လမ်းတစ်လျှောက်လုံး သူရော၊ သူ့ သူငယ်ချင်းရော၊ မဏိစန္ဒာလေးပါ စကားတစ်ခွန်းတလေပင် မပြောခဲ့ကြ။ သူငယ်ချင်းက မဏိစန္ဒာလေးကို  အဆင့်မြင့်အိမ်ရာတစ်ခုရှေ့တွင် ချပေးခဲ့ပြီး သူ့ကိုတော့ ပန်းဆိုးတန်းထိပ်တွင် ချပေးခဲ့ကာ သူ့မဏိစန္ဒာကြီးရှိရာသို့  ပြန်သွားခဲ့လေသည်။ သည်လိုပုံစံမျိုးနှင့် မဏိစန္ဒာလေးကို ရင်းနှီးခင်မင်ခွင့်ရခဲ့ပြီး ထိုမဏိစန္ဒာလေးဟာလည်း အိမ်ပြန်ရောက်သွားသောအခါမှာ သူ့အာရုံ ဆားကစ်ပြားထဲက မှုန်ဝါးပျောက်ကွယ်သွားခဲ့ပါ သည်။

နောက်တစ်လခန့် ကြာသောအခါ  မြို့လယ်တစ်နေရာ၌ မဏိစန္ဒာလေးနှင့် ဒုတိယအကြိမ် သူသွားတွေ့ပြန်သည်။ သည်တစ်ကြိမ်မှာတော့ မဏိစန္ဒာလေးနှင့် တွဲခုတ်လာသူမှာ သူ့ သူငယ်ချင်းမဟုတ်ဘဲ အသက်ခပ်ကြီးကြီး အဘိုးကြီးတစ်ယောက် ဖြစ်နေခဲ့သည်။

က်ဗ်တူရှင်ကိုကတော့ သူ့ရဲ့ဇီမာလမ်းဆုံထဲမှာလားမသိ။ အသက်ကြီးလာလေလေ  ပိုပြီးရိုးသားလာလေလေဟု ဖွဲ့ဆိုခဲ့ဖူးပါသည်။ သူကတော့ ဂျင်းဘောင်းဘီအတိုနှင့်၊ ဟာဝေယံရှပ်နှင့် လန်းချင်တိုင်းလန်းနေသော အဘိုးကြီးကိုကြည့်ပြီး စိတ်တော်တော်ပျက်သွားပါသည်။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာ နေရာတိုင်းမှာတော့ မကောင်းလှပါဘူး။

နောက်လေးငါးရက်ခန့်အကြာမှာ မဏိစန္ဒာလေးကို စီတီးမတ်တစ်ခုမှာ သူသွားတွေ့ပြန်သည်။ သည်တစ်ကြိမ်မှာတော့ မဏိစန္ဒာလေးနှင့်ပါလာသူမှာ စစ်ကြိုခေတ်ပြဇာတ်မင်းသားပုံပေါက်နေသော အမောက်ထောင်ထောင်နှင့်လူ ဖြစ်လေသည်။ သည်တုန်းက မဏိစန္ဒာလေးကို ကြည့်ရသည်မှာ ပျော်ရွှင်နေပုံရသည်။ အတူပါလာခဲ့သော အမောက်ထောင်ထောင်နှင့်လူဟာလည်း မဏိစန္ဒာလေး လက်ညှိုးထိုးသမျှ ဝယ်ခြမ်းပေးနေရသည်ကို ကြည်နူးနေပုံရသည်။

သူတို့ကိုကြည့်ပြီး ဘုမသိဘမသိနှင့် သူပါပျော်ရွှင်ချင်သလိုလို ဖြစ်သွားလိုက်သေးသည်။ လူဆိုတာမျိုးဟာ သူစီးဆင်းခဲ့ရာ မြစ်ကြောင်းတစ်လျှောက်မှာ ဘယ်လို အဆင်မပြေမှုမျိုးကိုပဲတွေ့တွေ့ ပျော်ရွှင်နေဖို့တော့ လိုအပ်တာပဲမဟုတ်လား။

နာက်နှစ်လလောက်နေတော့ မဂ္ဂဇင်းတိုက်တစ်တိုက်သို့သွားရင်းနှင့်  မြို့လည်တစ်နေရာမှာ မဏိစန္ဒာလေးနှင့် သွားဆုံမိပြန်သည်။ သည်တစ်ကြိမ်မှာတော့ အဖော်ပါမလာသော မဏိစန္ဒာလေးဟာ သူ့ကို အသေအချာမြင်သွားခဲ့ပါသည်။

” ဘယ်လိုလဲရှင့် …မတွေ့တာတောင် တော်တော်ကြာသွားပြီ အောက်မေ့တယ်။ ဒါနဲ့ ရှင့်သူငယ်ချင်းတစ်ယောက်ရော   မမြင်မိပါလား။ သူရော နေမှကောင်းရဲ့လား မသိဘူး။ ခုတလောမှာ လူတွေ တော်တော် နေမကောင်းဖြစ်ကြတယ်ရှင့် ”

သူ တို့ချင်း မတွေ့ကြတာဟာ ဘယ်လောက်တောင် ကြာမြင့်သွားခဲ့ပြီလဲ။  သူ မခန့်မှန်းတတ်ပါ။ သူတို့နှစ်ယောက် တည်ဆောက်ထားခဲ့တဲ့  ဆက်သွယ်ရေးလမ်းကြောင်းဟာလည်း ပေါက်ပြဲစုတ်ပြတ်သွားခဲ့လေပြီလား။ ဒါကိုလည်း သူမခန့်မှန်းတတ်ပါ။ သူ့သူငယ်ချင်းကိုတော့ နေကောင်းနေလိမ့်မည်ဟု သူထင်ပါသည်။ သူက ငါးများများရနေလျှင် နေကောင်းနေတတ်တဲ့ လူစားမျိုးမဟုတ်လား။

” သူလည်း သူ့အလုပ်နဲ့သူ။ ကိုယ်တွေကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ မဆုံဖြစ်ပါဘူးဗျာ။ လူချင်းမဆုံဖြစ်ပေမယ့် သူ နေကောင်းလိမ့်မယ်လို့ထင်ပါတယ်”

မဏိစန္ဒာလေးက သူမရဲ့ခေါင်းကို ဆတ်ကနဲညိတ်လိုက်ပြီး မဲ့ကာရွဲ့ကာနှင့် ပြုံးလိုက်ပါသည်။ တအောင့်နေမှ …
” အင်း …သူကတော့ ငါးတွေရှိနေရင် အမြဲတမ်းနေကောင်းနေမယ့် လူစားမျိုးပါ။ သူ့ဘဝမှာ အရေးကြီးဆုံးက ငါးတွေရှိနေဖို့ပဲ မဟုတ်လား။ ရှင့်စိတ်ထဲမှာတော့ ဘယ်လိုနေတယ် မပြောတတ်ဘူး။ ကျွန်မမျက်စိထဲမှာတော့  သူဟာ တစ်နေ့တခြား ငါးတစ်ကောင် နဲ့ တူတူလာသလိုပဲ။ လူသာ ငါးနဲ့တူလာရုံတင် မကဘူး။ သူ့ရဲ့ကိုယ်ခန္ဓာကထွက်လာတဲ့ အနံ့အသက်ကလည်း ငါးတစ်ကောင်က ထွက်လာတဲ့ အနံ့အသက်အတိုင်းပဲ”

လုံး ဝမျှော်လင့်မထားသော စကားမျိုးဖြစ်သောကြောင့်  သူနည်းနည်းတော့ အံ့သြသွားသည်။ သူ့သူငယ်ချင်းကို လေအေးစက်တပ်ဆင်ထားသော သူ့ရဲ့ရုံးခန်းထဲက ဆွဲထုတ်ပြီး လမ်းမပေါ်သို့ ပစ်တင်လိုက်လျှင် သူငယ်ချင်းဟာ ငါးဖယ်တစ်ကောင်လို တဖျတ်ဖျတ်နှင့်များ ခုန်နေလေမလား။ စမ်းသပ်ဖို့ သင့်တော်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါ။ ရှာရှာဖွေဖွေပြောတတ်သော မဏိစန္ဒာလေး၏  စကားကြောင့် ပြုံးချင်သလိုလိုတော့ ဖြစ်သွားရသည်။ သည်စကားမျိုးကို သူ့သူငယ်ချင်း အသိုင်းအဝိုင်းကြားမှာ မကြာခဏ သူကြားခဲ့ဖူးသော်လည်း မဏိစန္ဒာလေးဆီက ကြားရတာက သူ့အတွက် အထူးအဆန်းတစ်ခုလို ဖြစ်နေခဲ့တယ် မဟုတ်လား။ 

တို က်တိုက်ဆိုင်ဆိုင် ထိုနေ့ညနေပိုင်းမှာပဲ သူ့သူငယ်ချင်းနှင့် သူ သွားဆုံပါသည်။ မိတ်ဆွေအယ်ဒီတာတစ်ဦးနှင့်   ဒိုင်းမွန်းဝှိုက် ကဖေးထဲက အထွက်မှာ တစ်ဖက်လမ်းကြောသို့ ဖြတ်ကူးရန်ပြင်ဆင်နေသော သူ့သူငယ်ချင်းကို အလွန်လှပသော မိန်းကလေးတစ်ယောက်နှင့် တွေ့လိုက်ရခြင်းပင်။ သူတို့နှစ်ယောက်ကို ကြည့်ရတာဟာ တစ်နေရာရာမှာ ခိုအောင်းပြီးတော့ ထွက်လာခဲ့တာဖြစ်နိင်သည်။ ဒါမှမဟုတ် တစ်နေရာရာ
ကိုသွားဖို့ ပြင်ဆင်နေတာလည်း  ဖြစ်ကောင်းဖြစ်နိုင်သည်။ 

သူငယ်ချင်းက သူနှင့်ပါလာသည့် မိန်းကလေးကို သူ့ကားရပ်ထားသည့်နေရာသို့သွားခိုင်းလိုက်ပြီး…
” မင်း တော်တော်ပျောက်ချက်သားကောင်းတဲ့ကောင်ပဲ။ မြို့ထဲရောက်လာရင် ကုမ္ပဏီရုံးခန်းကို ဝင်ခဲ့ပါလို့ ပြောထားရက်သားနဲ့ ။ မွန်းလွဲပိုင်းတွေမှာ ငါရှိတတ်ပါတယ် ကွ ”

သူ ငယ်ချင်းကို ဘာစကားမှ သူပြန်မပြောဖြစ်ပါ။ နှစ်ပေါင်းများစွာ မြင်တွေ့လာခဲ့  သော သူ့ရဲ့ခန္ဓာကိုယ်ကိုသာ ပထမဦးဆုံးအကြိမ်အဖြစ် အနုလုံပဋိလုံ ခြေဆုံးခေါင်းဆုံး စူးစူးစိမ်းစိမ်း သူ ကြည့်နေမိသည်။ သူရဲ့နှာခေါင်းဘေး တစ်ဖက်တစ်ချက်စီမှာ ငါးခူမှာ ပါလာတတ်သော အမွေးမည်းမည်းရှည်ရှည်လေးတွေ သုံးလေးပင်စီလောက် တပ်ကြည့်လိုက်သည်။ ပြီးတော့ ဘေးဘယ်ညာမှာ ဟစိဟစိဖြစ်နေသော ပါးဟက်လေး​တွေပေါ့။ တစ်ကိုယ်လုံးကိုလည်း  ဝိုင်းစက်နေသော အကြေးခွံလေးတွေ အထပ်လိုက် အထပ်လိုက် သပ်သပ်ရပ်ရပ်လေး အုပ်ဖုံးပေးလိုက်သည်။ ခြေထောက်နေရာမှာတော့ တလွန့်လွန့်လှုပ်နေသော အမြီးတစ်ချောင်း တပ်ဆင်ပေးလိုက်သောအခါ သူငယ်ချင်းသည် သူ့မျက်စိအောက်တွင်ပင် ငါးတစ်ကောင်ဖြစ်သွားလေသည်။

ထိုငါးဟာ ငါးခူဖြစ်မလား။ ငါးပနော်ဖြစ်မလာ။ ငါးရံ့ခေါင်းတို ဖြစ်မလားကိုတော့ သူ မခွဲခြားတတ်ပါ။
” မင်း ဘယ်ကလာတာလဲ “
သူငယ်ချင်း၏ အမေးစကားကို သူ မဖြေဘဲ သူ့ကိုသာ ပြန်မေးလိုက်ပါသည်။
” မဏိစန္ဒာလေးနဲ့ တွေ့သေးလားကွ”
သူ့ရဲ့ အမေးစကားကို သူငယ်ချင်း နားလည်ပုံမရပါ။
” နေစမ်းပါဦးကွ။ မဏိစန္ဒာ။ ဟုတ်လား။ ဘယ်က မဏိစန္ဒာလည်းကွ။ တစ်ခါမှလည်း မကြားဘူးပါလား။ ငါ့အသိမိန်းကလေးတွေထဲမှာလည်း မဏိစန္ဒာဆိုတာ တစ်ယောက်မှ မရှိပါလားကွာ”

သူ့ရှေ့မှ ငါးကြီး ခေါင်းတော်တော်စားသွားပုံရသည်။ သူ အစဖော်ပေးလိုက်တော့မှ 
” အော် ….ဒီလိုလား ။သူ့နာမည်လေးက မဏိစန္ဒာလေးတဲ့လား။ ဟား …ငါ့သူငယ်ချင်းဟာ တော်တော်ကဗျာဆန်တဲ့ကောင်ပါလားကွာ”

သူ ငယ်ချင်းဟာ ပြူးကြောင်ဝို်င်းစက်နေသော မျက်လုံးနှစ်လုံးကို ပိတ်လုနီးနီးဖြစ်သွားအောင် အားရပါးရရယ်ပါသည်။ စက္ကန့်အနည်းငယ်ကြာအောင် ရယ်မောပြီးမှ …
” မဏိစန္ဒာတွေ၊ ခင်ဦးတွေကို စိတ်ဝင်စားချိန်မရပါဘူးကွာ။ သူ့ဆီ မရောက်ဖြစ်တာတောင် ဘယ်လောက်ကြာသွားမှန်း ငါ့ကိုယ်ငါတောင် မမှတ်မိတော့ဘူး။ ငါးတွေ အရမ်းအဝယ်လိုက်နေတာကွ သူငယ်ချင်းရ။ အမှာစာအတိုင်းမပို့နိုင်လို့ ငါ့မှာဘယ်လောက်ခေါင်းစားနေရတယ်မှတ်လဲ။ ဒိုင်တွေ ဖွင့်ပြီးဝယ်၊ အင်းတွေထဲ ဆင်းဝယ်တာတောင် လိုချင်တဲ့ အနေအထားမျိုးမရလို့  ကိုယ်တိုင်ငါးကန်တွေဖော်ပြီး မွေးနေရတာကို မင်းမသိသေးဘူးမို့လား။ မင်းဟာလေ ဘယ်လိုကောင်မှန်း မသိဘူး။ အခုချိန်ထိ စိတ်ကူးတွေ ယဉ်နေတုန်းပဲ။ သိလား”

သူ ငယ်ချင်း ရယ်လိုက်ပြန်သည်။ သူကတော့ သိမ့်ကနဲမြည်ဟိန်းသံနှင့်အတူ လိမ္မော်ရောင်မီးလျှံမီးတောက်တွေ အုံကြွလိပ်​တက်သွားသော ကဖေးဆိုင်​ထဲက ရုပ်သံဖန်သားပြင်ကိုသာ လှမ်းကြည့်နေမိသည်။ အဲဒီပေါက်ကွဲသံတွေနဲ့ တုန်ဟီးညိုးညံနေတဲ့ နေရာဒေသဟာ ဘဂ္ဂဒက်လား။ဖော်လူဂျာလား။ မိုဆူးလား။ ပေါက်ကွဲသံကြောင့် တုန်ခါယိမ်းလှုပ်သွားသော လမ်းမများပေါ်တွင် တုန်လှုပ်ချောက်ချားစွာဖြင့် ပြေးလွှားနေကြသော လူများ။ ကိုယ်ဝန်ဆောင်မိန်းမကြီးများ၊ ကလေးငယ်များ။ အလိပ်လိုက်အမြွှာလိုက် ပြန့်ကား ကြွတက်လာသော အနက်ရောင်မီးခိုးလုံးများ။

သူငယ်ချင်း၏ မျက်နှာကို စိတ်မသက်မသာဖြင့် ဖျတ်ကနဲ သူ ကြည့်လိုက်သော်လည်း သူ ဘာမှခံစားသွားရပုံ မပေါ်ပါ။ ကမ္ဘာပေါ်ရှိ အရပ်ဒေသတော်တော်များများမှာ ပီကာဆိုရဲ့ချိုးငှက် ပျောက်ဆုံးနေတာကို သူ့
ရှေ့က ငါးကြီး စိတ်ဝင်စားပုံမရပါ။ ဒီလိုလူမျိုးတွေဟာ သူတို့ရဲ့အကျိုးစီးပွားအတွက်သာဆိုရင်”စစ်တိုက်ခြင်းအနုပညာ” လို့တောင်တင်စားခေါ်ဝေါ်ကြမယ့် လူမျိုးတွေမဟုတ်လား။

ကဲ ..သူငယ်ချင်း ..သွားတော့မယ်။ နောက်မှပဲ အေးဆေးတွေ့ကြမယ်။ ငါ့မှာ အလုပ်တွေ အများကြီးရှိသေးတယ်ကွ။ အလုပ်တွေ များပြားလွန်းလို့ မင်းပြောတဲ့ မဏိစန္ဒာ   လေးဆီ မရောက်ဖြစ်ဘူးဆိုတာလည်း မှန်သောစကားပါကွာ။ လောလောဆယ်ဆယ် အရေးကြီးနေတာက ငါးများများရဖို့ပါပဲ။ ငါးသာ များများရမယ်ဆိုရင် မဏိစန္ဒာလေးမှ မဟုတ်ပါဘူးကွာ။ ဘာကိုမဆို ဝယ်လို့ရပါတယ်။ တစ်ခုတော့ ရှိတာပေါ့ကွာ။ တန်ရာတန်ကြေးတော့ ပေးရတာပေါ့”

သူ ငယ်ချင်းဟာ သူ့ပုခုန်းကို ပုတ်ပြီး အမြီးလေး လူးကာလွန့်ကာနှင့် လမ်းတစ်ဖက်အခြမ်းသို့ ကူးခတ်သွားလသည်။ ဒိုင်းမွန်းဝှိုက်ကဖေးထဲက အအေးလှိုင်းတစ်လုံးက သူ့ခြေထောက်ပေါ်ကို ဖြတ်၍စီးသွားလေသည်။ လွင့်ခတ်လာသော ဝင်းတားလေကြောင့် ဆာကူရာတာဝါထိပ်ဖျားမှာ ငြိကပ်နေသော မြို့ပြတိမ်များမှာ အရှေ့ကောင်းကင်အောက်သို့ မျောလွင့်သွားလေသည်။

သူကတော့  အလွန်လှပသော ရွှေငါးလေးတစ်ကောင်ကို သယ်ဆောင်ပြီး ယာဉ်ကြောထဲသို့ ရောထွေးပျောက်ကွယ်သွားခဲ့သော သူငယ်ချင်း၏ကားသစ်လေးကို ငေးရီကြည့်နေရင်းနှင့် သူ့ကိုယ်သူ ငါးတစ်ကောင် ဖြစ်မလာခဲ့ခြင်းအတွက် သူတည်မှီကျင်လည်နေရသော လူမှုအစုအဖွဲ့သေးသေးလေးကိုပဲ ကျေးဇူးတင်နေမိသည်။
 

နိုင်ဝင်းသီ

(မူရင်းသတ်ပုံအတိုင်းဖော်ပြထားပါသည်)