ဆယ့်ကိုးလမ်း – တီကျူး

.

မြေပုံထဲမှာ ရှာမရတဲ့
ကမ္ဘာအရပ်​ရပ်​က အမည်​နဲ့မြို့
လမ်းကြားထဲ ဇက်​တဆုံး ​မော့ကြည့်​မိရာ
လ​ရောင်​ကို မမြင်​ရ
မီးပုံးနီနီ​တွေ ရဲရဲနီ​အောင်​ ပွင့်​​နေကြ​ပေါ့။

နှစ်​​ထောင့်​ဆယ့်​ရှစ်​ လည်​ဆွဲနဲ့
ခွေးရုပ်​က​လေးကို​ တွေ့ရသလို
ဘေးခွဲ ခွဲထားတဲ့ အနီ​ရောင်​ ပိုးဝမ်းဆက်​နဲ့
မြန်​မာမ​လေးရဲ့ကံစမ်းမဲ​တွေကိုလည်း​ တွေ့ရတယ်​။

အပြာ​ရောင်​ဂါဝန်​ ယူနီ​ဖောင်းနဲ့  ကျား​မောင်းသူ
မော်​ဒယ်​မ​လေး​တွေလည်း ဖြတ်​​လျှောက်​​သွားကြ
ဥ​ရောပတိုက်​ကြီး တ​တိုက်​လုံး
စီးဆင်း​နေသလို လမ်း​ပေါ်
လက်​ခတ်​သံ တဗြန်းဗြန်းနဲ့ ခိုင်​ထူးရဲ့ ​တေးသွားက
အဆက်​မပြတ်​ လွင့်​ကျလာ
စူးစူးဝါးဝါး ဆဲဆို​ အော်​ဟစ်​​နေသံနဲ့
စိတ်​ရူးသွပ်​သူရဲ့​ဆေးပြင်းလိပ်​​ငွေ့​တွေဟာ
စိတ်​ကိုဖြတ်​တိုက်​သွားခဲ့တယ်​။

တီကျူး