မိုကျော်ဌေး – အရေးပေါ်လူငယ်

.

အရွယ်​မတိုင်​ခင်
အာ​ခေါင်​ခြစ်​ ပွင့်​ခဲ့ရတဲ့ ပန်း​တေလေတွေပါ…
ကြွေချိန်​မတန်​လဲ 
မောင်းတ​ချက်​မဖြုတ်​ခင်
အလိုက်​သင့်​​ကြွေ​ပေးခဲ့ကြရ ၊

အာဏာရှင်​ဆိုတာ
တသား​မွေးရင်​ ​တ​သွေးလှရတယ်​​မဟုတ်​လား…

ဒါဟာ…
ဦးတည်​ချက်​ကြီး အရပ်​ရပ်​တို့ရဲ့
အနှစ်​ချုပ်​လည်းဖြစ်​တယ်
မဟာဗျူဟာ​မြောက်​တဲ့
မဟုတ်​ဗျူဟာလည်း ဖြစ်​တယ်​ ၊

ငါတို့ဟာ
ကိုယ့်​ကိုကိုယ်​ `လူငယ်​´လို့​ရေးပြီး
အကြိမ်​ကြိမ်​ပြန်​ပြန်​ဖတ်​ရင်း​ ပျော်​ကြရ
ဘုရားစူး လူငယ်​…
မြေကြီးလက်​ခတ်​မလွဲ လူငယ်​…
မွေးရာပါ လူငယ်
ဘယ်​​တော့မှ ကြီးခွင့်​မရ​တော့တဲ့ လူငယ်​…

ဘ၀ကို အလွတ်​ကျက်​ဘို့ အားထုတ်​တိုင်း
အက်​​ကြောင်းထလာတဲ့ ဦး​နှောက်​ပိုင်​ရှင်​ လူငယ်​…

`အိမ်​​မြှောင်​​ရေ ဥ ဥ
ပိဿာ​လေးနဲ့ ထု´ ဆိုတဲ့
က​လေး​တွေ ပါးစပ်​ထဲက လူငယ်​…

ဆင်းရဲခြင်းဟာ
သေဒဏ်​ထိုက်​​ကြောင်း သိလာတဲ့လူငယ်​…

စင်းစင်း​သေ​နေတဲ့ မသာဆိုတာ
ကူးတို့ခ​တောင်​ မပါရှာတဲ့
စနစ်​ရဲ့အပုပ်​​ကောင်​​တွေ ဖြစ်တဲ့ အ​ကြောင်း
သိလာတဲ့လူငယ်​…

လှည်းနေ ​လှေ​အောင်း မြင်း​ဇောင်းမကျန်
သွေးသွင်းရမဲ့ လူနာစာရင်းမှာ 
မင်​နီတို့ခံထားရတဲ့
အ​ရေးမဟုတ်​တဲ့
အ​ရေး​ပေါ်လူနာ​တွေဖြစ်​လာရတဲ့အ​ကြောင်း
ကောင်း​ကောင်းသိလာကြတဲ့ လူငယ်​…

ငါတို့ဟာ
စနစ်​နဲ့ ကိုင်​အ​ဆောင့်​ခံထားရတဲ့
အတွင်း​ကြေ အနာဂတ်​​တွေပါ…

တ​ခေတ်​လုံး နာခဲ့ရတဲ့
မျိုးသုဉ်းလုဆဲဆဲ တိုင်းပြည်​ရဲ့
ကြယ်​စင်​မွဲမွဲ​တွေပါ…

စစ်​ခရာသံ​တွေရဲ့ ဗျာဒိတ်​​တော်​အရ
တိုင်းပြည်​ကို ၀လုံးလို ဝိုင်း​အောင်
ပြန်​​ရေးခွင့်​ရတာကိုပဲ
ရောင့်​ရဲ​နေကြရတဲ့ လူငယ်​​တွေပါဗျာ။

မိုး​ကျော်​​ဌေး