အ​ရောင်​တူ ဆန္ဒများ – 

ခင်ဇော်မိုး

.

သုံးတတ်​လျှင်​​ဆေး မသုံးတတ်​လျှင်​​ဘေး”ဟူ​သော ဆိုရိုးစကားရှိသည့်​အ​လျှောက်​ ယ​နေ့ကမ္ဘာတဝန်းတွင်​ အင်​တာနက်​အသုံးပြုမှုသည်​ တွင်​ကျယ်​လာခဲ့သည်​။ မြို့ကြီးပြကြီးများသာမကဘဲ ​တောရွာများတွင်​လည်း လက်​​ရည်​တပြင်​တည်း သုံးစွဲ​နေကြ​လေပြီ။ ထို့​ကြောင့်​လည်း အသုံးမတတ်​၍ အင်​တာနက်​မှသည်​ လူမှုဘဝထဲသို့ ထိုးဆင်းလာခဲ့ပြီး ဘဝနာကျရ၊ ပျက်​ကြရသူများသည်​လည်း ဒုနှင့်​​ဒေးပင်​။

အသုံးတတ်​သူများအတွက်​ အင်​တာနက်​မှ လူမှုဘဝကို ​အကျိုးပြု​စေပြီး စီးပွားရေးလုပ်ငန်းများ ​ဆောင်​ရွက်​ကြ၊ ချစ်​သူခင်​သူ အ​ဝေး​ရောက်​ မိတ်​​ဆွေများ၊ မိသားစုများနှင့်​ ဆက်​သွယ်​ထိ​တွေ့ခွင့်​ရကာ ​စိတ်​​ပျော်​ရွှင်​မှု ရကြသူများ စသည်​ဖြင့်​ ​သုံးတတ်​သူအတွက်​ ​ဆေးဝါးသဖွယ်​ အားအင်​ဖြစ်​​​စေသည်​။ ကျန်းမာ​ပျော်​ရွှင်​​စေသည်​။

င်​တာနက်​မှ ကမ္ဘာ့သတင်းများစွာ၊ နိုင်​ငံ့သတင်းများစွာကိုလည်း သိမြင်​နိုင်​ကြသည်​။ ဘယ်​​နေ့ဘယ်​ရက်​က ဘယ်​နိုင်​ငံမှာဖြင့်​ ဘယ်​မျှရစ်​ချက်​စတာစ​ကေး ရှိ​သော ငလျင်​လှုပ်​ခဲ့​ကြောင်း၊ ဘယ်​​ဒေသမှာဖြင့်​ ရာသီဥတုမျှတသင့်​တင့်​မှုမရှိသဖြင့်​ ​ဒေသခံ​တွေအတွက်​ လိုအပ်​မှု​တွေရှိ​ကြောင်း၊ ​နောက်​ဆုံး လကြတ်​မည့်​ ကြိုတင်​သတင်းများကအစ အင်​တာနက်​မှ ​စောစီးလျင်​မြန်​စွာ သိကြရသည်​။

ခုလည်း ရင်​နင့်​စရာ သတင်းတ​ရပ်​ ​တွေ့ရပြန်​သည်​။ ထိုသတင်းများသည်​ ၂ဝ၁၇ ခုနှစ်​ထဲတွင်​ အကြားရ အများဆုံးဖြစ်​ခဲ့ပြီး ယခု၂ဝ၁၈ အတွက်​မူ ဦးစွာသတင်းတပုဒ်​ဖြစ်​ခဲ့ပြန်​သည်​။ ထိုသတင်းဆိုသည်​မှာ အခြားမဟုတ်​၊ နားမခံသာဖြစ်​ရပြီး ရင်​ကိုနင့်​​စေ​သော သက်​ငယ်​မုဒိမ်း။ နောက်​ ထိုက​လေးငယ်​သည်​ ​သေဆုံးသွား​လေ​ကြောင်း သတင်းဓာတ်​ပုံများက ကြားရမြင်​ရသူတို့ နှလုံးသားများကို ဖျစ်​ညှစ်​လှုပ်​ကိုင်​ခဲ့သည်​။ မိခင်​ဖြစ်​သူ၏ပျော့​ခွေနှုံးချိ​နေ​သော ကိုယ်​ခန္ဓာနှင့်​ မှိတ်​ယှက်​ထားရ​သော မျက်ခွံစင်းစင်းများ၊ မျက်​ရည်​​​ကြွေရာများ စသည့်​ပုံရိပ်​အသွင်​များသည်​ ရင်​တ​ခုလုံးကို လစ်​ဟာသွား​စေခဲ့သည်​။ နှလုံးသား​တွေ ထုတ်​ယူခံလိုက်​ရသလိုလို ခံစားမှုများသည်​ အားလုံးရင်​ထဲတိုးဝင်​ခံခဲ့ကြရသည်​။

ည်​​နေရာမှာ ကျွန်​မတို့ သမီးငယ်​​လေးများ၊ တူမငယ်​​လေးများ၊​ ဆွေရင်းမျိုးချာများဖြစ်​ခဲ့လျှင်​ဟု ​တွေးဆလိုက်​ရုံမျှပင်​ ကမ္ဘာပျက်​သ​ယောင်​​ယောင်​၊ ရူး​တော့ မ​ယောင်​​ယောင်​၊ အ​တွေးအသားများ ဖျား​စေခဲ့သည်​။ နာကျင်​​ဒေါသဖြစ်​ကြရကာ မြည်​တွန်​​တောက်​တီးကြရင်း ​သေဒဏ်​​ပေးဖို့ ​တောင်းဆိုကြသည်​။ ညှဉ်းပန်း နှိပ်​စက်​ဖို့ ​သွေးဆာကြကုန်​သည်​။ ထူးချွန်​သူတို့အား၊ ​လေးစားကြရသူတို့အား ဂုဏ်​ထူးအ​ဆောင်​အ​ယောင်​ အခွင့်​အ​ရေး​ပေးကြသကဲ့သို့ မသမာသူတို့အား၊ ရုန့်ရင်းကြမ်းတမ်းမှုပြုသူတို့အား ထိုက်​သင့် သည့်​ ပြစ်​ဒဏ်​၊ ရာဇသံချမှတ်​ကြရသည်​။

ထို့ ​ကြောင့်​ ကျွန်​မတို့အ​နေဖြင့်​ လုပ်​သင့်​လုပ်​ထိုက်​သည့်​ ဥပ​ဒေပြု​ရေးအာဏာကို ချမှတ်​ကြရမည်​။ တုံ့ဆိုင်း​ငေး​မောခြင်း မရှိထိုက်​သည့်​ အ​ကြောင်းအရာ၌ တုံ့ဆိုင်း​ငေး​မော​နေပါမူ အချည်းအနှီးသာဖြစ်​မည်​။သက်​ငယ်​မုဒိမ်း​တွေ ခဏခဏဖြစ်​ပွား၊ ပြည်​သူအများကလည်း ​သေဒဏ်​​ပေးဖို့​တောင်းဆို​နေကြသည့်​ အဖြစ်​ထဲ၌  7 Day News ဂျာနယ်​မှ ဆရာ​မောင်​သာချို၏ “မပြီး​သေးဘူးလားသြဇာသီးခိုးမှု”ဆိုသည့်​ ​ဆောင်းပါးက​လေးကို သတိရမိသည်​။ ထို​ဆောင်းပါးက​လေး​တွင်​ ဆရာ​ဇေယျသည်​ သူဖတ်​ရ​သော စာအုပ်​က​လေးမှ ပြန်​လည်​​ပြောပြထားချက်​ကို ဆရာ​မောင်​သာချိုက ပြန်​လည်​​ဖောက်​သည်​ချပြခြင်း ဖြစ်​ပါသည်​။ ထို​ဆောင်းပါးက​လေး၏ အကြမ်းသ​ဘောကို ပြန်​လည်​​ပြောပြချင်​ပါသည်​။

ညာင်​ရမ်း​ခေတ်​ သာလွန်​မင်းလက်​ထက်​​တွင်​ ​ဗညားကျန်း​တော အမည်​ရှိ​ အမတ်​တဦးရှိခဲ့သည်​။ တ​နေ့ အမှုတခုသည်​ နန်း​တော်​အထိ ​ရောက်​လာခဲ့သည်​။ အ​ကြောင်းမှာ သြဇာသီးခိုးမှုပင်​ဖြစ်​သည်​။ ရွာတရွာသည်​ ထိုအမှုက​လေးကိုပင်​ ပြီးပြတ်​​အောင်​မ​ဆောင်​ရွက်​နိုင်​ဘဲ ​အမှုချိန်းရက်​များ ​နေ့​ရွှေ့၊ ည​ရွှေ့ဖြင့် နှစ်​ချီကြာမြင့်​ကာ ​နောက်​ဆုံး နန်း​တော်​သို့​ရောက်​လာခြင်း ဖြစ်​၏။

ထိုအမှုကို ​ဗညားကျန်း​တောကို ​ဆောင်​ရွက်​ခိုင်းရာ ” အမှုနှင့်​ပတ်​သက်​သူအားလုံး​သေဒဏ်​” ဟု ​ဗညားကျန်း​တောက ဆိုလိုက်​သည်​။ ထိုအခါ ဘုရင်​လည်း အံ့အားသင့်​ကာ ​ဗညားကျန်း​တောကို ထိုမျှ စီရင်​ရန်​လိုအပ်​ပါလားဟု မေးရာ ဤမျှသြဇာသီးခိုးမှုက​လေးကို တာဝန်​ရှိသည့်​ ရွာ့ ရပ်​မိရပ်​ဖများ မတုံ့ဆိုင်းမကျန့်​ကြာသင့်​ဘဲ နှစ်​ချီကြာ​စေခဲ့ခြင်းကို ကြည့်မရ၍ ​​ပြောလိုက်​ခြင်းဖြစ်​​ကြောင်း ​ဗညားကျန်း​တောက ပြန်​လည်​​လျှောက်​တင်​ခဲ့သည်​။  

ဗညားကျန်း​တော၏ ဆုံးဖြတ်​စီရင်​​ပေးလိုက်​ခြင်း၌ ရွာသူရွာသားများမှာလည်း အင်​မတန်​ လန့်​ထိတ်​သွားကြသည်​။ သ​ဘောမှာ ​နောက်​​နောင်​ ဤသို့ မဖြစ်​ခံ​စေဘဲ ပြီးသင့်​ပြတ်​သင့်​သည့်​ အမှုတို့ကို ဥ​ပဒေ အရ ပြုမူတတ်​​စေရန်​နှင့်​ တရားစီရင်​​ဖြေရှင်းတတ်​​စေရန်​ နည်းနာ​ပေးလိုက်​ချင်​ပုံ ရပါသည်​။

ခု၌လည်း မဖြစ်​ဖွယ်​ မဖြစ်​ထိုက်​သည့်​ ရင်​နင့်​စရာအမှုအခင်းများ အဆက်​မပြတ်​ထွက်​​ပေါ်​နေရာ ထိထိ​ရောက်​​ရောက်​ အ​ရေးယူသင့်ပါသည်​။ ထို့အပြင်​ ထိတ်​လန့်​​​နေမိကြရ​သော၊ စက်​ဆုပ်​နာကျင်​​ကြရ​သော ပြည်​သူအများ၏ ဖြစ်​တည်​မှုတို့ကို ဖယ်​ရှား​ပေးကြရမည်​ပင်​။ မ​နှေး​ကွေးသင့်​ မကြန့်​ကြာသင့်​​သည့်​အရာကို ​နှေး​ကွေး​နေခြင်းသည်​ ပ​ယောဂများကိုထူ​ပြော​စေမည်​ဖြစ်​သလို ​နှေး​ကွေးကြန့်​ကြာခြင်း​ရောဂါဆိုးသည်​ သစ်​ရွက်​မှသည်​ သစ်​မြစ်​သို့တိုင်​ အပျက်​သ​ဘော​ဆောင်​နိုင်​စွမ်းရှိတတ်​သည်​။

ထို့​ကြောင့်​ ပြည်​သူတို့၏နှလုံးသည်းပွတ်​များကို နာကျင်​​ကြေမွ​စေသည့်​ အ​ကြောင်းအရာများ၊ မမြင်​ရက်​မရှုရက်​​ဖြစ်​​စေသည့်​ မြင်​ကွင်းများကို နိုင်​ငံတခုတွင်​ တာဝန်​ရှိကြသည့်​ ဥပ​ဒေပြု​ရေးအာဏာ၊ တရားစီရင်​​ရေးအာဏာတို့မှ လျစ်​လျူရှုထားမည်​ဆိုပါက ဆရာ​မောင်​သာချိုဆိုသကဲသို့ ကျွန်​မသည်​လည်းပဲ ​ဗညားကျန်း​တောကိုသာ သက်​ရှိထင်​ရှားရှိ​စေချင်​လှပါ​တော့သည်​။

ခင်​​ဇော်​မိုး