ရင်ဘတ်ထဲကနှင်းဆီဖြူ –
အောင်သာငယ်

.

ပန်းလေးတပွင့်ကို xxx မခူးရက်လို့ ငေးမောမိသူ xxx
ကျနော့်အဖြစ်ဟာ xxx တကယ်နောက်ဆုံးတော့ ကြေကွဲစရာ xxx
ဝေးဝေးသို့သာ xxx အသည်းနင့်နင့် ကျောခိုင်းထွက်ခွာ xxx
ဘ၀တလျှောက်မှာ xxx ဘယ်လိုနည်းမှ မဖြေသိမ့်သာ xxx
ရောက်လေရာ xxx အမြဲ မျက်ရည်ဝဲဖို့ အကြောင်းဖန်လာ xxx
အဖော်မစုံသော ခရီးဟာ xxx နွေပူကျဲတဲ့ နွေကန္တာ xxx

.

ကြိုးကြာသံ အယ်လ်ဘမ်ထဲမှ ခင်မောင်တိုး၏ သီချင်းတပုဒ်က သူ့အခန်းထဲမှာ တီးတိုးလွင့်ပျံနေလေသည်။ ကုတင်ပေါ်မှာ လဲလျောင်းရင်း တဖက်နံရံပေါ်မှာ ချိတ်ထားသော မှန်ဘောင်သွင်း ဓာတ်ပုံထဲက နှင်းဆီပန်း အဖြူတပွင့်ကို သူ ငေးစိုက်ကြည့်နေမိသည်။ အခန်းထဲမှာ ပျံ့လွင့်နေသော သီချင်းသံနှင့်အတူ သူ့အတွေးများကလည်း ဆပ်ပြာပူဖောင်းတွေ လေထဲမှာ ဝေ့ဝဲပျံ့လွင့်သွားကြသလိုမျိုး သူ မေ့လျော့ထားခဲ့သော … သို့မဟုတ် .. မေ့လျော့ထားချင်ခဲ့သော အတိတ်ဆိုသည့် အချိန်ကာလတခုဆီ ဝေ့ဝဲလွင့်ပျံသွားကြလေတော့သည်။

နက်စောစော အမေ ကြော်ပေးသော ထမင်းကြော်ကို ပဲပြုတ်တချို့နှင့်အတူ ထမင်းဘူးထဲ ဖြည့်ထည့်လိုက်ပြီးနောက် လွယ်အိတ်ဆွဲကာ ကားဂိတ်ဆီသို့ သူထွက်လာခဲ့သည်။ သည်နေ့တော့ နည်းနည်း သူ နောက်ကျနေသည်။ ဓာတု ပရက်တစ်ကယ်က ၇ နာရီ စမှာဆိုတော့ ကားစောင့်ရမှာနဲ့ဆို ၇ နာရီ ၁၅ လောက်မှ ကျောင်းကို သူရောက်တော့မည်မှာ သေချာနေသည်။ ရွာလယ်လမ်းလေး အတိုင်း ခပ်သုတ်သုတ်လျှောက်ရင်း ပိုက်ဆံအိတ်ထဲမှ အကြွေတချို့ကို ကားခပေးဖို့ နှိုက်ထုတ်လိုက်သည်။ သည်အခိုက်မှာပဲ သူ့နံဘေးအနားမှာ အနီရောင် အရိပ်တခုက ထိုးဆိုက်ကျလာသည်။ သူ အလန့်တကြားလှည့်ကြည့်လိုက်တော့ အနီရောင် တိုယိုတာကားလေးတစီး….

ကျော်စွာ… ကားပေါ်တက်လေ… နင် ကျောင်းနောက်ကျနေပြီ…”
ကားထဲမှ ထွက်လာသော အသံနောက်ကို လိုက်ကြည့်လိုက်တော့ သူနဲ့ တတန်းထဲ တရပ်ကွက်ထဲက သူငယ်ချင်း နှင်းအေးဖြူ …
သူ ကြောင်ပြီးရပ်နေမိသည်။ ဘာမှလည်း ပြန်မပြောဖြစ်။

“ဟဲ့ … ဘာဖြစ်နေတာလဲ… ကားပေါ်တက်ပါဆို… ”
ပောရင်း နောက်ခန်းတံခါးကို တွန်းဖွင့်လိုက်သည့် သူငယ်ချင်းကို အယောင်ယောင် အမှားမှား ပြုံးပြရင်း ကားနောက်ခန်းထဲ ၀င်ထိုင်လိုက်မိသည်။ ကားတံခါးကိုလည်း ဖြည်းဖြည်းချင်း ဆွဲပိတ်လိုက်သည်။ သည်မှာ ကားမောင်းသမားထိုင်ခုံမှာ ထိုင်နေသော ဦးလေးကြီးက….

ကောင်လေး… တံခါး မစေ့သေးဘူး… ပြန်ဖွင့်ပြီး သေချာအားနဲ့ ဆွဲပိတ်လိုက်….” လို့ ပြောမှ ကားတံခါးကို ပြန်တွန်းဖွင့်ပြီး “ဂျိုင်း”ကနဲ မြည်အောင် သူ ဆောင့်ပိတ်လိုက်သည်။ ဆောင့်ပိတ်ရင်းလည်း စိတ်ထဲက အားနာနေမိသေးသည်။ ကားတံခါးများ တခုခု ဖြစ်သွားမလားလို့…။ ဘာလို့ဆို သူ့ဘ၀ တလျှောက်လုံးမှာ သည်တခါပဲ ကိုယ်ပိုင်ကားတစီးရဲ့ တံခါးတခုကို ဆောင့်ဆွဲပိတ်ဖူးတာလေ။

“နင်… ဘာလို့ သည်နေ့ နောက်ကျနေတာလဲ…”
မေးလာသော နှင်းအေးဖြူကို ပြန်ကြည့်ရင်း ကားနောက်ခန်းမှာ အတူတူ တွဲထိုင်နေမိတာကို သူ သတိထားမိသွားသည်။ စိတ်ထဲမတော့ ကြည်နူးမိသလိုလို အားနာမိသလိုလို …

အင်း… ကျနော် သည်နေ့ အိပ်ရာထတာ နောက်ကျသွားတယ်… 
ညက အဖေနေမကောင်းလို့ နင်းနှိပ် ပြုစုပေးနေရတာနဲ့ ညဥ့်နက်သွားတယ်လေ… 
အမေလည်း အိပ်ရာထ နောက်ကျသွားတော့… 
အမေ ကြော်ပေးတဲ့ ထမင်းကြော်ကိုလည်း စောင့်နေရသေးတာကိုး” သူပြောတော့ …

“နင်ဟာလေ… ခုထိ ငါ့ကို… ကျနော်… ကျနော်နဲ့… ပြောနေတုန်းပဲ… 
အဲဒါ အရမ်း သူစိမ်းဆန်တယ်ဟဲ့… သိရဲ့လား…”လို့ သူ့ကို ပြောလေသည်။

သူကလည်း အူကြောင်ကျား အကြည့်နဲ့ ပြန်ကြည့်မိရင်း 
“ဟုတ်ကဲ့…” ဟု ပြောမိလေသည်။

“အာ… လာပြန်ပြီ… ဟုတ်ကဲ့…နင်က… ငါ့ကို မခင်လို့လား…” မေးတော့

“သြော်… မဟုတ်ပါဘူး… လေးစားသမှုနဲ့ပါ…” လို့ သူပြန်ပြောမိလေသည်။

ကျနော့် စိတ်ထဲမှာ နှင်းကို… နင်နဲ့ ငါနဲ့ မပြောချင်ဘူး… နှင်းကို ကျနော်ခင်ပါတယ်… နှင်းနဲ့ ကျနော်လို့ပဲ ပြောပါရစေ… နင်နဲ့ ငါနဲ့တော့ မပြောပါရစေနဲ့…” တဆက်ထဲ ပြောမိရင်း “ကျနော့်ကိုတော့ နှင်း ကြိုက်သလို ခေါ်ဝေါ် ပြောဆိုနိုင်ပါတယ်…” လို့ သူပြောနေဆဲ…

“နင်ကလေ… ရီရတယ်… အရင်တုန်းကတော့ ငါ့ကို (မ…) တပ်ခေါ်တာ… ခုတော့ နှင်းတဲ့… ဟင်း…ဟင်း…” 
ထိုသို့ နှင်းပြောမှ သူ့ဘာသာ အလန့်တကြား ပြန်စဉ်းစားခဲ့မိသည်။ ဟုတ်ပါသကော။ ကျောင်းစတက်ကတည်းက လက်တွေ့ခန်းမှာ အတူတူ တလျှောက်လုံးမှာ မနှင်းအေးဖြူလို့ပဲ သူ ခေါ်ခဲ့ဖူးသည်။ ခုမှ ဘယ်လိုက ဘယ်လို နှင်းဖြစ်သွားသလဲ သူလည်း မသိတော့။ သူ့လျှာတွေ သည်နေ့ စလစ်ဖြစ်သွားတာ ဖြစ်မည်။

ဘာပဲဖြစ်ဖြစ် နင် ငါ့ကို အဲလို ခေါ်တာ ငါ ကြိုက်ပါတယ်…”
“ဒါနဲ့… ငါပြောဦးမယ်… တို့တွေက တကျောင်းထဲ တက်နေတာပဲ… ရပ်ကွက်လည်း တခုထဲ… လမ်းလည်း တခုထဲ… နောက်နေ့ကစပြီး… နင် ဘတ်စ်ကား မစီးနဲ့တော့… ငါတို့ကားကိုပဲ… အတူတူ စီးကြမယ်… ဟုတ်ပြီလား… ခု ရွာလယ်လမ်းဆုံလေးမှာပဲ မနက်ကျရင်စောင့်နေတော့… ဟုတ်လား…”

“ဟုတ်ကဲ့…”
“ဟယ်… လုပ်ပြန်ပြီ… ဟုတ်ကဲ့… တဲ့… အေးပါ…လို့ နင် မပြောတတ်ဘူးလား…”

“အေး… အေး… အေးပါ…” ထစ်ထစ် ငေါ့ငေါ့ သူပြောမိတော့ နှင်းက ချစ်စရာကောင်းအောင် ရီနေပြန်သေးသည်။

ည်လိုနဲ့ ကျောင်းဖွင့်သော ရက်တွေအားလုံးမှာ ရွာလယ်လမ်းဆုံလေးမှာ နှင်းရဲ့ ကားကို စောင့်ရင်း သူ ကဗျာတွေ စပ်ခဲ့ဖူးသည်။
သည်လိုနဲ့ ကားနောက်ခန်းမှာ နှင်းနှင့် အတူထိုင်ရင်း စာတွေအတူ ဆွေးနွေးခဲ့ဖူးသည်။
သည်လိုနဲ့ နှင်းအပေါ်မှာ သူ့ သံယောဇဉ်တွေ ထူထပ်ခဲ့ဖူးသည်။
သည်လိုနဲ့ မတူခြားနားသော ဘဝနှစ်ခုအကြောင်းကို သူ ကောင်းကောင်း စဉ်းစားခဲ့ဖူးသည်။
သည်လိုနဲ့ ချစ်ခြင်းမေတ္တာကို နှလုံးသားတခုပေါ်မှာ တင်ပစ်လိုက်ဖို့ သူစဉ်းစားရ ခက်ခဲခဲ့ဖူးသည်။
သည်လိုနဲ့ ဘဝနှစ်ခု ပေါင်းစပ်ချိန်မှာ မိသားစုနှစ်ခု ပေါင်းစပ်ကြရမည်ဆိုတာကို သူတွေးခဲ့ဖူးသည်။
သည်လိုနဲ့ မတူညီသော ဘဝနှစ်ခု မတူညီသော မိသားစုနှစ်စု ပေါင်းစပ်ကြလျှင် ဘာတွေ ဖြစ်လာလိမ့်မည်လဲလို့ သူအတွေးတွေ ရှည်လျားခဲ့ဖူးသည်။

ရက်မတော့ ဘာအကြောင်းကြောင့် မသိ ဗိုလ်တထောင် ဘုရားကို သူငယ်ချင်းတွေ အားလုံး စုပြီး သွားဖြစ်ကြသည်။ ဘုရားရောက်တော့ ရှိခိုးသူကရှိခိုး၊ ဆုတောင်းသူက ဆုတောင်း၊ ပြတိုက်ကိုကြည့်သူကကြည့်၊ သူနဲ့ နှင်းကတော့ နှစ်ယောက်အတူ လျှောက်ဖြစ်နေသည်။ လိပ်တွေ အစာကျွေးရာနေရာရောက်တော့

“နင်ဘာဆုတောင်းသလဲ”တဲ့ နှင်းက မေးလာသည်။
“ကျနော်က ဘာကိုဆုတောင်းရမလဲ…” သူပြန်မေးမိသည်။

“ငါ… နင့်ကို ချစ်ပါစေလို့.. နင် ဆုမတောင်းဖူးဘူးလား…”
တကယ်တော့ နှင်းက အလွန်ပွင့်လင်း လွတ်လပ်လေသည်။

“ကျနော် ဆုတောင်းခဲ့ဖူးတာပေါ့.. အကြိမ်ကြိမ် အခါခါ…”

နင့်ကို ငါချစ်တယ်.. ကျော်စွာ…” နှင်းက ပြောနေလေသည်။
သူ သိပါသည်။ မိန်းကလေးတယောက်က ယောက်ျားလေးတယောက်ကို ချစ်သည်ဟု ပြောဆိုခြင်းမှာ နှလုံးသားတွေ မည်မျှရင်းနှီးခဲ့ရမှန်း သူသိနေသည်။

“နှင်းကိုလည်း ကျနော့် နှလုံးသားတွေနဲ့အမျှ ချစ်ခဲ့တာပါ…” 
သည်လို သူပြောမိတော့ နှင်းက နှုတ်ဆိတ်သွားပြန်လေသည်။

“ဒါမယ့် ကျနော်နဲ့ နှင်းက ဘ၀မတူပါဘူး…” သူ ဆက်ပြောမိသည်။
“ကျနော် စိတ်ကူး မယဉ်ချင်ဘူး…”သည်လိုပဲ သူ ပြောခဲ့သည်။

နှင်းကတော့ သူ့ကို မုန်းပါမည် …
သူကတော့ နှင်းကို ချစ်ပါသည် …

ထိုနေ့က ပြောခဲ့သောစကားများသည် နောက်ဆုံးစကားများဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ကျနော့် နှလုံးသားထဲက နှင်းသည် “နှင်းအေးဖြူ”ဖြစ်ပါသည်
နှင်းအေးဖြူသည် ကျနော့် နှင်းဆီ အဖြူတပွင့်ဖြစ်ပါသည်…

အောင်သာငယ်

Credit @

https://aungthange.blogspot.com