ပြည်သစ်ဟန် – မိုးသောက်

.

မိုး ​သောက်​ဆို​ပေမဲ့ ​နေ​ရဲ့အလင်း​ရောင်​မလာ​သေးတဲ့ အချိန်​။ လမ်းမီး​တွေက လင်းတဲ့​နေရာမှာလင်း။ ​မှောင်​တဲ့​နေရာ​မှာမှောင်​။ ကမ္ဘာ့မျက်​နှာပြင်​က အစက်​​အ​ပျောက်​​တွေလိုလိုနဲ့။ လူသံတချို့က တိုးတိုးတိုးတိုးနဲ့။ပလက်​​ဖောင်း​ဘေးတ​​နေရာ​လေးက ထွက်​လာသလိုလို။ လမ်းမ​ပေါ်က ထွက်​လာသလိုလို။ အရှိန်​ပြင်းပြင်း ​မောင်းသွားတဲ့ ကားတ​စီး​ပေါ်က ထွက်​လာသလိုလို။ တ​​နေရာဆီသွားဖို့ မှတ်​တိုင်​ဆီ ​ခြေကုန်​သုတ်​​နေရ။မှောင်​တဲ့​နေရာ​ရောက်​ရင်​ ကိုယ့်​ခန္ဓာကိုယ်​ ​ပျောက်​သွားသလိုထင်​လိုက်​ရတယ်​။ လင်းတဲ့​နေရာ​ရောက်​​တော့မှ ကိုယ့်​အသက်​ရှုသံနဲ့ ကိုယ့်​အရိပ်​ကို ပြန်​မြင်​ရတဲ့ အ​ခြေအ​နေမျိုးနဲ့ မှတ်​တိုင်​ဆီ​လျှောက်​​နေခဲ့တယ်​။

မ်းတ​​နေရာ​ရောက်​​တော့ မှတ်​တိုင်​နီးပြီလားလို့ အမျိုးသမီးတ​စုကို ​တွေ့တာနဲ့ ​မေးလိုက်​မိတယ်​။ ထိုအမျိုးသမီးထဲမှတ​ယောက်​က
“မှတ်​တိုင်​ကလို​သေးတယ်​​မောင်​​လေး။ ဆိုင်​ကယ်​ကယ်​ရီလိုက်​ငှါး​ပေးမယ်​​လေ။ လာပါ။ လိုက်​ခဲ့ပါ။ ဒါမှမဟုတ်​ အစ်​မတို့နဲ့ အ​ပေါ်လိုက်​ခဲ့ပါလား”ဟူ၍ ဆို​တော့တယ်​။ သို့​ပေမယ့်​ ရန်​ကုန်​ဟာအ​မှောင်​ထဲကတိုးထွက်​ဖို့ ရုန်းကန်​​နေရဆဲ။ ကျွန်​​တော်​လည်းမှတ်​တိုင်​ဆီ​ရောက်​ဖို့ ဆက်​လက်​ရုန်းကန်​​နေရ​တော့တယ်​။ လမ်း​လျှောက်​ရင်းနဲ့။

ယ့်​ငါးမိနစ်​ခန့်​​လောက်​ ​လျှောက်​ရပြီးမှတ်​တိုင်​ဆီ​ရောက်​​တော့ ခပ်​ကျဲကျဲလာ​နေတဲ့ ဘတ်​စ်​ကား​တွေကို လက်​နဲ့လှမ်းတားလိုက်​ လမ်း​လျှောက်​လိုက်​နဲ့ တ​​ယောက်​တည်း လမ်းမီးတိုင်​​တွေရဲ့​အောက်​မှာ။ ဘတ်​စ်ကား​တွေက တ​စီးပြီးတ​စီးသာ ​ကျော်​သွားခဲ့တယ်​ ဘတ်​စ်​ကား​ပေါ်​တော်​​တော်​နဲ့မ​ရောက်​ခဲ့။ လှမ်းတားလိုက်​ ​ကျော်​သွားလိုက်​နဲ့ ​တော်​​တော်​ကြာမှ ဘတ်​စ်​ကားတ​စီးက ထိုးရပ်​​ပေးတယ်​။ ကား​ပေါ်မှာ စာအုပ်​​တွေကို လွယ်​ပိုးဆွဲကိုင်​ရင်း ​တ​စုံတစ်​​ယောက်​စီ​အမြန်​​ရောက်​ချင်​​ဇောက ပြင်းပြ​နေခဲ့တယ်​။ ဖုန်းဆက်​​တော့လည်း ဖုန်းကပိတ်​​နေခဲ့တယ်​။ ခဏကြာမှ ဖုန်းဝင်​လာခဲ့တယ်​။ သူမရဲ့အသံလှိုင်း​တွေကဆင့်​ ကျွန်​​တော့်​ရဲ့ အ​တွေး​တွေဟာ ကားရဲ့အလျင်​ထက်​ပိုမြန်​​နေခဲ့တယ်​။ ပိုလှုပ်​​နေခဲ့တယ်​။ ပိုယိမ်းထိုး​နေခဲ့တယ်​။ လမ်းမီး​ရောင်​​တွေက တဖြည်းဖြည်းအလင်း​ဖျော့လာခဲ့တယ်​။

သူ မဆီမ​ရောက်​ခင်​ အ​တွေး​တွေထဲမှာ အဆက်​မပြတ်​စီးဆင်း​နေတဲ့ သူမရဲ့အ​ကြောင်း။ ရန်​ကုန်​ရဲ့အလျင်။ သူမဇာတိနဲ့ သူမရန်​ကုန်​အကြားက ပြဋ္ဌာန်းချက်​​တွေ၊ တာဝန်​​တွေ၊ ​ရွေ့​နေရတဲ့အဟုန်​​တွေကို​ပေါ့။ ဆီးနှင်းမ​ပျော်​ခင်​ တိုးဝင်​​နေရတဲ့ သူမရဲ့​ခြေလှမ်း​တွေ။ ဟန်​ပန်​​တွေ။ အသက်​ရှုသံ​တွေကို​ပေါ့။ ​ရေခြား​မြေခြားတဲ့ အရပ်​ဆီမှာ ဘဝတိုက်​ပွဲတ​ခုဟာ မိုးမ​သောက်​မီ သူမ​ရှေ့ကို ​ရောက်​​နေခဲ့တယ်​။ ဆိုင်​ခန်း​တွေရှိရာဆီ ဘတ်​စ်​ကား​ပေါ်မှာဖြစ်​ဖြစ်​၊​ခြေလှမ်း​တွေထဲမှာဖြစ်​ဖြစ်​ သူမအနာဂတ်​​တွေထဲကိုထည့်​လှမ်း​နေရတယ်​။ထည့်​​ရေတွက်​​နေရတယ်​။ တာဝန်​ဟာနုပျိုတဲ့ သူမရဲ့ လက်​​ချောင်း​လေး​တွေ၊ကြွက်​သား​တွေ၊ အ​ရေပြား​တွေကို အမြဲစိန်​​ခေါ်​နေခဲ့တယ်​။ မြို့ပြ​ကျေးလက်​ ကူးလူးဆက်​စပ်​​နေတဲ့ က​နေ့ လူမှုစီးပွားအတွက်​ အသက်​ရှူသံ​တွေတိုင်းရဲ့ ထံပါးမှာ ကိန်း​အောင်း​နေ​တဲ့ အရာ​တွေဟာ ဘာ​တွေများဖြစ်​နိုင်​မလဲ။

ကျဉ်း ​မြောင်းလာတဲ့ မြို့ပြ​နဲ့​ကျေးလက်​ အဆက်​အဟပ်​။ တ​​နေရာနဲ့တ​​နေရာ ကူးလူးဆက်​စပ်​​နေတဲ့ ဘဝဖြစ်​တည်​မှု ​ရေချိန်​​တွေ၊ ဝမ်းစာ​ရေး​တွေ၊ ရှင်​သန်​ခြင်းတရား​တွေရဲ့ နိမိတ်​ပုံ​တွေဟာ ဘာ​တွေများ ဖြစ်​​နေမလဲလို့ သူမနဲ့ဆက်​စပ်​ကြည့်​ရင်း ကျွန်​​တော်​​တွေး​တောလာခဲ့တယ်​။ ကားဘီး​တွေ၊(ငှက်​)သဗ္ဗာန်​​တွေ၊ မီးခိုး​တွေ၊ ဓာတ်​ဆီနံ့​တွေနဲ့ အားလုံးဟာ ကူးလူးဆက်​စပ်​​နေခဲ့တယ်​။ ထိုအရာ​တွေဟာ သူမရဲ့​သွေးသားထဲမှာ ဖြစ်​တည်​​နေခဲ့တယ်​။ သူမရဲ့ ဇာတိက “သက်​လုံ​”တွေကို မြို့ကြီးထဲမှာ မြုပ်​နှံထားခဲ့တယ်​။

အိမ်​”ဆိုတဲ့အရာဟာ ဘယ်​လိုဘာသာစကား၊ ဘယ်​လို​ပျော်​ရွှင်​ဖွယ်​၊ ဘယ်​လိုအဝန်းအဝိုင်းဆိုတာ ​တကယ်​​တွေးရင်​ ​မေးခွန်း​တွေ အထပ်​လိုက်​ ပြုတ်​ကျလာနိုင်​တဲ့ ​ဝေါဟာရတ​ခုဖြစ်​​နေ​လေမလား။ မိသားစုဆိုတဲ့ ​ဝေါဟာရဟာလည်း သူမအတွက်​ ခက်​ခဲတဲ့ ​ဝေါဟာရတ​ခုဖြစ်​​နေခဲ့မှာပါ။ တကယ်​​တော့ သူမလို ဇာတိနဲ့ရန်​ကုန်​ ကူးလူး​နေရတဲ့ ရှင်​သန်​ခြင်း​တွေဆိုတာ အခု​နေအခါမှာ သူမလိုပဲ အများအပြားရှိ​နေခဲ့ပြီ။ ထိုမြင်​ကွင်း​တွေကို ဖန်​သားပြင်​​ပေါ်မှာ သူမပြန်​ကြည့်​​နေခဲ့ရင်​ သူမကိုသူမ ပြန်​လည်​​တွေ့ရှိနိုင်​ပါတယ်​။ သူမရဲ့အသက်​ရှုသံကိုသူမ ပြန်​ကြားရနိုင်​ပါတယ်​။ သူမရဲ့အ​ရွေ့​တွေကို သူမ ပြန်​မှန်းဆနိုင်​ပါတယ်​။ သူမလို သူမ​တွေရဲ့ ဇာတိနယ်​နဲ့ ရန်​ကုန်​အကြားက ဘဝမြင်​ကွင်း​တွေကို​ပေါ့။

တ်​စ်​ကား​ပေါ်မှာ ကျွန်​​တော့အ​တွေး​တွေဟာ ဘာကိုမှ သတိမပြုနိုင်​​လောက်​​အောင်​ ဒီ​ရေလိုတရိပ်​ရိပ်​တက်​​နေခဲ့တယ်​။ သူမရဲ့နယ်​မှာ​နေတဲ့ မိသားစုအ​ပေါ် ထည့်​ဝင်​​နေမှု​လေး​တွေအ​ကြောင်း ကျွန်​​တော့အ​တွေးထဲမှာ တန်းစီဝင်​​ရောက်​လာ​နေ​တော့တယ်​။ တ​လပြည့်​ရင်​ အိမ်​ကိုမည်​မျှ ​ထောက်​ပံ့​ပေးရတယ်​။ ဆန်​ဖိုးက ဘယ်​​လောက်​ ဆပ်​ရတယ်​။ အခန်းငှါးခ ဘယ်​​လောက်​ ​ပေးရတယ်​။ စသဖြင့်​ ဘယ်​​လောက်​ ဘယ်​​လောက်​​တွေက ကျွန်​​တော့အ​တွေးအိမ်​ ဘယ်​​လောက်​ကျယ်​လာလာ လိုက်​လံပြည့်​သိပ်​လာ​တော့တယ်​။ သူမ​ပြောတဲ့ စကားတ​ခွန်းက”နယ်​ကို ကျွန်​မ မပြန်​ချင်​​တော့ဘူးအစ်​ကို။ နယ်​မှာ​နေရင်​ မိသားစုကိုကျွန်​မအခုလို ​ထောက်​ပံ့နိုင်​ပါ့မလားဆိုတာ မ​သေချာဘူး”ဟူ၍ ရန်​ကုန်​ရဲ့ ဝတ်​ရုံထဲမှာ သူမဘယ်​လိုပဲဖြစ်​ဖြစ်​ ခိုလှုံ​နေရတယ်​ဆိုတာကို ဖွင့်​ဟခဲ့ဖူးတယ်​။

ထိုဖွင့်​ဟအသံနဲ့အတူ ကဗျာ​လေးတ​ပုဒ်​ဟာ ကျွန်​​တော့်​ရင်​ဘတ်​ထဲက​နေ ပွင့်​အန်​ကျလာ​တော့တယ်​။

“မိုး​သောက်​”

စိတ်​ပူတယ်
သက်​ပြင်းချလိုက်​တာကအစ
ခြေလှမ်း​တွေကို ဂျီပီအက်​စ်​နဲ့​စောင့်​ကြည့်​​ချင်​တယ်​။

လက်​နက်​ကိုင်​ပြီး သတ္တိပြတတ်​တဲ့သူ​တွေလိုမဟုတ်
မိသားစုရဲ့
မနက်​စာ​လေး​တွေကို ပူ​နွေး​စေတဲ့
ရန်​ကုန်​ရဲ့
မီး​ရောင်​​တွေကို ရင်​သားနဲ့ပို​တောက်​ပ​စေတဲ့

မိုး​သောက်​ (လ​လေးကိုပို​ကွေး​စေလိုတဲ့မိန်းက​လေး)
မင်းဟာ 
ငါတို့ရဲ့ငြိမ်းချမ်း​ရေးပါ
ငါတို့ရဲ့အသီးအပွင့်​ပါ
ငါတို့ရဲ့သင်​ယူစရာပါ။

ပျံ​နေတဲ့ငှက်​ကို မင်းအနမ်းနဲ့ညှို့ယူ
ကောင်းကင်​က သံတမန်​ဆန်​ဆန်​ခွင့်​ပြုမှာပါ။

ဘတ်​စ်​ကားကကျပ်​တယ်
ယင်​နားစာက ငါတို့​ခေတ်​ရဲ့ အဓိကစား​သောက်​ကုန်
စတိုးဆိုင်​​ရှေ့က ​သွေးသားမရှိတဲ့ မိန်းမရုပ်​​တွေ​ရှေ့မှာ
မင်းဘယ်​လိုဖြတ်​ခဲ့သလဲ (ငါစိတ်​ပူတယ်​)။

မင်းဟာ 
ရက်​ဒီကယ်​လည်းမဟုတ်​ဘူး
လစ်​ဘရယ်​လည်းမဟုတ်​ဘူး
ဓား​ပေါ်မှာပွင့်​​နေတဲ့ ပန်းတ​ပွင့်
နှင်းဆီဆိုရင်
မညှိုးတဲ့အ​သွေးအသားနဲ့ ဆက်​လက်​ရှင်​သန်​ပါ။

တိုက်​ပွဲတ​ပွဲကို ငါအကျအရှုံးခံနိုင်​တယ်
မင်းနိုင်​မဲ့ပွဲဆိုရင်​​ပေါ့။

မိုး​သောက်​…
ကမ္ဘာဦးက ​လေနဲ့ ပြုစုထားတဲ့
သမိုင်းရဲ့ ​အောက်​စီဂျင်​မ​လေး။

ဏအကြာမှာ သူမဆီက ဖုန်းဝင်​လာခဲ့တယ်​။ ဘယ်​​နေရာ​ရောက်​​နေပြီလဲ ဆိုတာကို​ပေါ့။ ကျွန်​​တော်​လည်း ထိုအခါမှ ဒရိုင်​ဘာကို ကျွန်​​တော်​ဆင်းရမယ့်​မှတ်​တိုင်​ ​ရောက်​ပြီလားလို့ ​မေးဖို့သတိရသွား​တော့တယ်​။ သို့​ပေမယ့်​ ကျွန်​​တော်​ဆင်းရမယ့်​မှတ်​တိုင်​က​ကျော်​သွားခဲ့ပြီ။ မှတ်​တိုင်​​ပြောင်းဆင်းရမယ့်​အ​ကြောင်း သူမထံ တိတ်​တဆိတ်​ ကျွန်​​တော်​လှမ်း​ပြောလိုက်​ရတယ်​။ တကယ်​​တော့ ​ပြောင်းဆင်းရတဲ့ ည​ဈေးမှတ်​တိုင်​ဟာ ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့ အလည်​ဗဟိုချက်​မ​နေရာလို့ ကျွန်​​တော်​ထင်​ပါတယ်​။ သူမရဲ့ဂျူတီချိန်​ ရှစ်​နာရီနဲ့ ကျွန်​​တော့်​ရဲ့ နယ်​အပြန်​ကားစီးချိန်​ဟာ ကျွန်​​တော်​ဆုံမယ့်​​နေရာလိုပဲ ဗဟိုချက်​မဖြစ်​​နေခဲ့လို့ပါပဲ။

ကျွန် ​တော်​နဲ့သူမရဲ့ အရိပ်​​တွေ​ကြောင့်​လားမသိလမ်းမီး​ရောင်​​တွေက အထိတ်​တလန့်​နဲ့ အ​တော်​​လေးအလင်း​ဖျော့လာခဲ့ပြီ။ ကားသံ​တွေကလည်း အထိတ်​တလန့်​နဲ့ အ​တော်​​လေးဆူညံ့လာခဲ့ပြီ။ လူ​တွေလည်းအထိတ်​တလန့်​​ပြေးလွှား​နေကြပြီ။ ​နေ​ရောင်​ကလည်း ရန်​ကုန်​ထဲကို အထိတ်​တလန့်​ဝင်​​ရောက်​ဖို့ ကြိုးစား​နေပြီ။သူမလည်း အထိတ်​တလန့်​ အလုပ်​ဆီသွားဖို့ စိတ်​အာရုံ​တွေက လှုံ့​ဆော်​လာခဲ့ပြီဆိုတာကို ကျွန်​​တော်​ရိပ်​မိလိုက်​ပါတယ်​။ တကယ်​​တော့ ကျွန်​​တော်​လည်း နယ်​ကိုပြန်​မယ့်​ကား​ပေါ်မှာ အထိတ်​တလန့်​နဲ့ ​ရောက်​​နေခဲ့ပါပြီ။ ဒါပေမယ့်​ ကားမှန်​ပြတွင်းက​နေ ကျွန်​​တော်​လှမ်းကြည့်​မိလိုက်​တဲ့ အကြည့်​​တွေ။ နယ်​နဲ့ရန်​ကုန်​အကြား ကူးလူး​နေရတဲ့ သူမရဲ့ လက်​ပြနှုတ်​ဆက်​​နေတဲ့ ဟန်​ပန်​​လေး​တွေကို

အထိတ်​တလန့်​ မဖြစ်​​စေဖို့ရာ ကျွန်​​တော်​ဆု​တောင်း​နေမိ​တယ်​။

ပြည်​သစ်​ဟန်