ကမ်လူဝေး – 
လမ်းဆုံ မြင်ကွင်းကျယ်

.

အရှိန်​ပြင်းပြင်း မီးနီကိုဖြတ်
လမ်း​ပြောင်းပြန်​ ​မောင်းလာတဲ့ ကားကြီး​ပေါ်က
ခွေးမသား ​သေချင်​လိုလားတဲ့ ငါ့ကိုဆဲသွား

ယာဉ်​ထိန်းရဲက သူနဲ့မဆိုင်​သလို
ဦးထုပ်​ဆောင်းမလာတဲ့ ဆိုင်​ကယ်​ကို တားဖို့ကြိုးစား
ဆိုင်​ကယ်​ဟာ ရပ်​မလိုနဲ့ ​မောင်း​ပြေးမှ
ယာဉ်​ထိန်းဟာ ရိုင်းရိုင်းစိုင်းစိုင်း ဆဲ​ရေးရင်း သစ်​ပင်​ရိပ်​​အောက်​ဝင်​သွား

မီးပွိုင့်​အသစ်​တပ်​တဲ့အဖွဲ့က ပြီးလို့ပြန်​သွား
မီးလင်း​နေတဲ့ မီးပွုင့်​အသစ်​​ဘေးမှာ
မီးမလင်း​တော့တဲ့မီးပွိုင့်​အ​ဟောင်းဟာ ​ယောင်​နန
မီးပွိုင့်​ကိုကြည့်​မိသူကလည်း​ကြောင်​​တောင်​​တောင်

မီးပွိုင့်​ဟာ မီးလာ​နေသလား မီးပျက်​​နေသလား စဉ်းစား
လမ်းမှန်​​ပေမဲ့ အဆဲခံလိုက်​ရတဲ့ ငါက
လမ်းဆုံ မြင်​ကွင်းကျယ်​ထဲက ဇာတ်​လိုက်​လား။    ။

ကမ်​လူ​ဝေး