အောင်မျိုးမင်း – 
လူ့အခွင့်အရေး ပညာပေးလုပ်ငန်းအတွေ့အကြုံ

Knowledge is power ဆိုရင်
နောက်ထပ်မဖြစ်မနေပြောရမှာကတော့ Facilitation is Art ဆိုတာပါပဲ။

ကျ နော့်အတွက် လူ့အခွင့်အရေးပညာပေးသူဘဝကို ရောက်လာတာ မထင်မှတ်တဲ့ ကံကြမ္မာအချိုးအကွေ့တခုလို့ ပြောရင် ပြောလို့ရတယ်။ ပညာပေးသူဘဝကိုမရောက်ခင် အဝေးရောက်ညွန့်ပေါင်းအစိုးရမှာ လူ့အခွင့်အရေးမှတ်တမ်းတင်ဌာနရဲ့ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ နယ်စပ်တလျောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းပြီး မှတ်တမ်းတင်တယ်၊ နိုင်ငံတကာမှာ တင်ပြခဲ့တယ်။ ကြာလာတော့ မခံနိုင်တော့ဘူး။ နေ့စဉ် ရွာမီးရှို့ခံရတဲ့၊ လူသတ်ခံရတဲ့၊ ပေါ်တာဆွဲခံရတဲ့ သတင်းတွေပဲ ကြားရ၊ ရေးရတော့ … ကြာတော့ လူလည်း ကြောင်တောင်တောင်ဖြစ်လာရော။

ဒီလိုအချိန်မှာ လူ့အခွင့်အရေးအကြောင်းသင်တန်းပေးဖို့ အဖွဲ့တွေကဖိတ်၊ ဒေါက်တာ Naing Aung နဲ့ Khin Ohmar တို့က အားပေးနဲ့ ပညာပေးသူတယောက်ဘဝဘက် ရောက်လာတာပါ။

လု ပ်ရင်းကိုင်ရင်းနဲ့ လူ့အခွင့်အရေးပညာပေးတဲ့သူဘဝကို နှစ်သက်သဘောကျမြတ်နိုးလာပါတယ်။ဘာကြောင့်လဲဆိုတော့ ပထမဦးဆုံးက ပြည်သူတွေရဲ့ တကယ်ကြုံတွေ့နေရတဲ့ ဘဝကို လေ့လာသိရှိခွင့်ရခြင်းပဲ။ ဆရာတယောက်ထဲ သင်ပြဟောပြောတာမျိုးမဟုတ်ဘဲ လေ့လာသူတွေကိုပါ တင်ပြခွင့်ပေးတဲ့အခါမှာ လေ့လာသူတွေဟာ သူတို့ရဲ့ဘဝ၊ သူတို့ရဲ့ဖြတ်သန်းမှု၊ သူတို့ရဲ့တန်ဖိုးထားမှု၊ သူတို့ရဲ့ အတွေးစိတ်ကူးတွေကို တင်ပြလာတတ်ကြတယ်။ အဲဒါဟာ ပညာပေးသူတယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရလဒ်ပဲ။

လူ့ အခွင့်အရေးချိုးဖောက်မှုသတင်းကောက်တဲ့အခါမှာလဲ ပြည်သူတွေရဲ့ အဖြစ်အပျက်အကြောင်းသိရတာပဲ။ ပညာပေးတဲ့အခါမှာသိရတာနဲ့ မတူတာ ဘာလဲဆိုတော့ ပညာပေးတဲ့အခါမှာ မတူညီတဲ့ အယူအဆတွေ နည်းလမ်းတွေကို ပိုသိရတယ်။ သာမာန်ကျေးရွာသားတယောက်လို့မြင်ထားရာကနေ သူ့ရဲ့ စိတ်ထား တန်ဖိုးထားမှုတွေ ဖြတ်သန်းမှုအတွေ့အကြုံတွေဟာ မထင်ထားလောက်အောင် အားကောင်းနေတာတွေ အတုယူစရာကောင်းတာတွေ တွေ့ခဲ့ရတယ်။ ကိုယ့်ဘဝအတွက် အတုယူစရာကောင်းတဲ့လူတွေက ကိုယ်သင်တန်းပို့ချပေးခဲ့တဲ့ ပြည်သူတွေထဲက အတော်များများဖြစ်လာခဲ့ပါတယ်။

ညာပေးအလုပ်ကို နှစ်ခြိုက်ရတဲ့အကြောင်းတခုကတော့ ပညာပေးခြင်းရဲ့ ရေတိုအကျိုးနဲ့ ရေရှည်အကျိုးကို ခံစားသိမြင်ရတဲ့အချက်ပဲ။ သင်တန်းလာတက်တက်ချင်း မပြောရဲမဆိုရဲ ယုံကြည်မှုမရှိတဲ့ သင်တန်းသား/သူ တယောက်က သင်တန်းကာလအတွင်းမှာ ပြောရဲဆိုရဲ မေးခွန်းထုတ်ရဲ တင်ပြရဲလာတာကို တွေ့ရရင် ပီတိဖြစ်ရတယ်။

From Nothing to Something ဆိုတဲ့ ပုံစံမျိုးပေါ့။ နတ်ရေကန်ထဲ ပစ်ချလိုက်သလို fighter ကြီးတယောက်ကို ချက်ချင်းမွေးထုတ်လိုက်တာမျိုးမဟုတ်ဘဲ လူတယောက်ရဲ့ အတွေးအခေါ်၊ အမူအကျင့်လေးတွေက ကောင်းတဲ့ဖက်ကို ပြောင်းလဲလာခြင်းဟာ ကြည်နူးစရာကောင်းတဲ့ အရာလေးပါပဲ။

ဒီ့ထက်ပိုအားကောင်းတဲ့ခံစားချက်မျိုးကိုလဲ ရေရှည်မှာ ရနိုင်ပါသေးတယ်။ သင်ယူသူတယောက်က လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေကို တက်ကြွစွာ ပါဝင်လုပ်ဆောင်လာကို တွေ့ရတဲ့အခါမျိုး၊ အများအသိအမှတ်ပြုတဲ့ အောင်မြင်တဲ့ လူ့အခွင့်အရေးဘက်တော်သားအဖြစ် ကြားရတဲ့အခါမျိုးတွေမှာ “တပည့်မရှား တပြားမရှိ၊ ပီတိကိုစား အားရှိ”ဆိုတဲ့ ကဗျာလေးကို ရွတ်ရင် မျက်ရည်ခိုးကျခဲ့တဲ့ အရသာက ဘာနဲ့မှ နှိုင်းမရဘူး။

ညာပေးသူတယောက်အတွက် စိမ်ခေါ်မှုအဖြစ်ဆုံးနဲ့ စိတ်လှုပ်ရှားစရာအဖြစ်ဆုံးအပိုင်းကတော့ အကြောင်းအရာအပေါ်မှာ အာရုံစူးစိုက်မှုနဲ့ တီထွင်ဖန်တီးမှုလို့ ပြောရင် မမှားနိုင်ပါဘူး။ ပညာပေးသူတယောက်ရဲ့ဘဝကို ကျနော်နှစ်သက်တဲ့အထဲမှာ ဒီအချက်လဲပါပါတယ်။

ကိုယ်သင်ကြားဟောပြောမဲ့အကြောင်းအရာကို လေ့လာထားသည့်တိုင်အောင် (လေ့လာစရာတွေက ဘယ်တော့မှ ပြီးပြည့်စုံမသွားပါဘူး၊ ထပ်မံလေ့လာစရာတွေအမြဲရှိနေပါတယ်..) ပြည်သူတွေကိုအကောင်းဆုံး ပညာပေးလိုသူအတွက်က အကြောင်းအရာပိုင်းကို အများဆုံး စာဖတ်ရပါတယ်။ ဒီလိုစာဖတ်ရင်းနဲ့ ကိုယ့်အတွက် မကုန်ဆုံးနိုင်တဲ့ ဗဟုသုတသမုဒ္ဒရာထဲမှာ ပျော်ပျော်ပါးပါးကူးခတ်နေနိုင်တာပေါ့။

Knowledge is power ဆိုရင်
နောက်ထပ်မဖြစ်မနေပြောရမှာကတော့ Facilitation is Art ဆိုတာပါပဲ။

ဟုသုတဘယ်လောက်ရှိရှိ လေ့လာသူတွေ နားလည်အောင်၊ စိတ်ဝင်စားအောင်၊ အမှန်တကယ်လုပ်ဆောင်ချင်လာအောင်၊ ရပ်တည်ရဲတဲ့စိတ်ဓာတ်တွေပေါ်အောင် မသင်နိုင်ရင် လက်ချာသက်သက်သာဖြစ်နေမှာကို သတိပြုရပါမယ်။

ဒီတော့ ခက်ခဲနက်နဲတဲ့ လူ့အခွင့်အရေးအကြောင်းအရာကို ဘဝနဲ့ယှဉ်ပြီး သုံးသပ်တတ်လာအောင်၊ အများအတွက် လုပ်ဆောင်ချင်လာအောင် သင်ကြားပို့ချမှုနည်းမျိုးစုံကို စနစ်တကျပြင်ဆင်ပြီး ကျွမ်းကျင်စွာ အသုံးပြုဖို့လိုပါတယ်။

ည်းပြကောင်းတယောက်က ဟောပြောပို့ချမှုနဲ့ပတ်သက်တဲ့သင်ကြားမှုနည်းလမ်း (ဥပမာ- ဗီဒီယို၊ ဇာတ်လမ်း၊ရုပ်ပုံ၊ ကာတွန်း၊ ပြဇတ်) တွေကို သင်ကြားမှုနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားရပါတယ်။ ဒါ့အပြင် ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ ကိုက်ညီစွာ လိုအပ်သလို ဖြတ်ထိုးဉာဏ်သုံးပြီး လုပ်ရတာလဲရှိပါတယ်။

ဒါကြောင့်သူ့အတွက် တီထွင်ဖန်တီးမှုဉာဏ်၊ ဇဝနဉာဏ်၊ ဖြတ်ထိုးဉာဏ်တွေဟာ မရှိမဖြစ်လိုအပ်တယ်။ နည်းပြကောင်းတွေမှာလဲ ဒီလိုတီထွင်ဖန်တီးဖို့ အမြဲပြင်ဆင်အဆင်သင့်ဖြစ်နေရတဲ့အတွက် နေ့တိုင်းဟာ သူ့အတွက် ငြီးငွေ့စရာမရှိပါဘူး။ တီထွင်ကြည့်မယ်၊ သုံးသပ်ကြည့်မယ်၊ ပိုကောင်းအောင် ထပ်ကြိုးစားမယ်ဆိုတဲ့ဘဝမျိုးကို ပိုင်ဆိုင်တာ နည်းပြဘဝဖြစ်ပါတယ်။

မိတ်ဆွေတို့ရော ပညာပေးတဲ့လုပ်ငန်းကို ဘာကြောင့် နှစ်သက်ပါသလဲ…။

ကိုအောင်မျိုးမင်း

“လူ့အခွင့်အရေးနဲ့ လူသားဆန်မှု”

ကိုယ့်အခွင့်အရေးအတွက်သာမကဘဲ
လူ့အခွင့်အရေးအတွက်ပါ လုပ်ဆောင်ကြစေချင်ပါတယ်။

လူဆိုတာ အတ္တဆန်ပါတယ်… ကိုယ့်ကိုထိရင် မချိအောင်နာတတ်ကြတယ်.. ကိုယ့်အပေါ် မတရားလုပ်ရင် မနှစ်သက်ကြဘူး… ဒါကလူရဲ့ အတ္တအပေါ် အခြေခံတဲ့စိတ်ပဲ။

ငါ့အတွက်၊ ငါ့ချစ်သူအတွက်၊ ငါ့တိုင်းပြည်အတွက်၊ ငါ့လူမျိုးအတွက်ဆိုတဲ့ ကိုယ့်အတ္တတွေကို ကာကွယ်ပေးချင်လို့ တရားမျှတမှုကို တောင်းဆိုလာတယ်။ ကိုယ့်အတွက်၊ ကိုယ့်နဲ့တူသောသူတွေအတွက် ကိုယ်ချစ်သောသူတွေအပေါ်ထားတဲ့ လူဆန်သော စိတ်ထားပါ။

ဒါပေမဲ့ ကျနော်တို့တွေအားလုံးဟာ လူသားတွေဖြစ်တဲ့အတွက်
လူဆန်သောစိတ်ထားအပြင် လူသားဆန်သော စိတ်ဓာတ်တွေရှိဖို့လိုပါတယ်။

လူသားဆိုတာ လူသားမျိုးနွယ်တခုလုံးရဲ့ မိသားစုဝင်တွေဖြစ်ပါတယ်။ ကိုယ့်နဲ့မတူကွဲပြားတဲ့သူတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းကိုလည်း လက်မခံတဲ့စိတ်ထားတွေရှိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကွဲပြားခြားနားမှုမျိုးစုံရှိတဲ့ ကမ္ဘာကြီးထဲမှာ ကိုယ်နဲ့ မတူညီမှုတွေရှိတဲ့ လူသားတွေရှိမှာ သေချာပါတယ်။ ဘာတွေဘဲ ကွဲပြားကွဲပြား လူသားဆိုတဲ့အရာမှာတော့ အကုန်အတူတူဖြစ်ပါတယ်။

လူသားတွေဖြစ်တဲ့အတွက် ဂုဏ်သိက္ခာရှိရှိနေချင်ကြတယ်။ ကြောက်ရွံ့ခြင်းကနေ ကင်းချင်သလို ဖူလုံဖွံ့ဖြိုးမှုတွေနဲ့လည်း နေချင်ကြတယ်။

လူသားမျိုးနွယ်ဝင်တယောက်အပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းဟာ လူသားမျိုးနွယ်တခုလုံးကို စိမ်ခေါ်ခြင်းဖြစ်ပါတယ်။ ဒါကို လူသားတိုင်းသဘောပေါက်ဖို့လိုအပ်ပါတယ်။

ကိုယ်နဲ့မတူတဲ့လူသားတယောက် ခွဲခြားစော်ကားအကြမ်းဖက်ခံရနေပြီဆိုရင် လူသားဆန်ဆန် တားဆီးကာကွယ်ပေးလိုတဲ့စိတ် ရှိသင့်ပါတယ်။

ကိုယ်နဲ့ ကိုယ့်မျိုးတူတွေအဆင်ပြေနေရင်ပြီးရော၊ ကိုယ်နဲ့မတူတဲ့သူတွေ ဘယ်လိုဒုက္ခရောက်ရောက် ဂရုစိုက်စရာမလိုဘူးဆိုတဲ့စိတ်က လူသားဆန်သော စိတ်လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။

လူသားအားလုံး ငြိမ်းချမ်းဖို့၊ လုံခြုံဖို့၊ ခွဲခြားနှိမ့်ချအကြမ်းဖက်မှုတွေကင်းဖို့ လုပ်ဆောင်လိုမှသာ ဗြဟ္မစိုရ်တရားလက်ကိုင်ထားတဲ့ လူသားဆန်သော လူသားတွေ ဖြစ်လာမှာပါ။

အောင်မျိုးမင်း