မြဇင်ယော် –
ပန်းချစ်သူ

လွ န်​ခဲ့တဲ့အနှစ်​ ၂ဝ ​ကျော်​​လောက်​က အသက်​ ၅ နှစ်​ဝန်းကျင်​အရွယ်​ က​လေးမ​လေးတ​​ယောက်​ ရွာရိုးကိုး​ပေါက်​ ​မျောက်​မူး​အောင်​ လည်​ရင်းပတ်​ရင်း ​ဆော့ရင်းကစားရင်း တ​နေရာအ​ရောက်​၊ အစိမ်း​ရင့်ရင့်သစ်​ရွက်​​တွေအကြားမှာ ​ဖွေး​ဖွေးလှုပ်​​အောင်​ပွင့်​​နေတဲ့ ဇီဇဝါပန်းပင်​ကြီးကို မထင်​မှတ်​ဘဲ ဘွား ခနဲ တွေ့လိုက်​ချိန်​၊ လှိုက်​ခနဲ ဖြစ်​​ပေါ်လာတဲ့ ဝမ်းသာရွှင်​မြူးစိတ်​တွေ အလျှံပယ်​နဲ့ ​ငေး​မော ကြည့်နေခဲ့တယ်​။ ​လေ​ညာရောက်​​နေတဲ့ က​လေးမ​လေးနှာ​သီးဝက​နေတဆင့်​ ဦး​နှောက်​ဆီကို ပန်းရနံ့​တွေကလည်း တပြုံလိုက်​ကြီးကို အလုအယက်​ တိုးဝင်​ကြလို့​ပေါ့။

က​လေးမ​လေးက ပန်းပင်​ကြီးနားက မခွာချင်​ မခွာနိုင်​ မခွာရက်​ဘူး။ သွားစရာရှိတာ ဆက်​မသွား​တော့ဘဲ ရပ်​ပြီး ပန်းပွင့်​​လေး​တွေကို အခုမှသင်​ပြီးခါစ တစ်​ .. နှစ်​… သုံး… ​လေး ဆိုပြီး မ​ရေတတ်​​ရေတတ်​နဲ့ ​ရေတွက်​ချင်​ခဲ့တယ်​။ ပန်းရဲ့မွှေးရနံ့ကလည်း က​လေးမ​လေးကို လွှမ်းခြုံသိုင်းဖက်​ထားတာ ဘယ်​​တော့မှ မလွှတ်​​တော့မယ့်​အတိုင်း။ အစိမ်း​ရောင်​ ပိတ်​ကား​ပေါ်က အဖြူပွင့်​က​လေး​တွေကလည်း လာပါလာပါ တစာစာနဲ့ ဖိတ်​​ခေါ်​နေသလိုလို။ က​လေးမ​လေးကလည်း ဒီအဆင်း ဒီအနံ့​တွေကြားမှာ ခုန်​​ပေါက်​ပြီး ​ကျေနပ်​​ပျော်​ရွှင်​​နေမိတယ်​။

ဒီ က​လေးမ​လေး အဲ့ဒီ​လောက်​နဲ့ ရပ်​တန့်​မ​နေဘဲ တဆင့်​တက်​ပြီး ပန်း​လေး​တွေ အားလုံးလိုလိုကို ပိုင်​ဆိုင်​ချင်​ခဲ့တယ်​။ ဒါ​ပေမဲ့ အကုန်​လုံး မ​တောင်းရဲခဲ့ဘူး။ ဘာလို့လဲ မမှတ်​မိ​တော့။ ပန်းတ​ပွင့်​​ပေးပါ ဆိုပြီးပဲ အဲဒီ့ပန်းတွေကိုရဲ့သခင် အိမ်​ရှင်​တွေဆီမှ ပူဆာခဲ့တယ်​။ က​လေး​တွေကို အလိုလိုက်​တတ်​သလိုထင်​ရတဲ့ အိမ်​ရှင်​အမျိုးသမီးက “တပွင့်​တည်း​နော်​၊ ခူး​စေ​တော်​”တဲ့။ က​လေးမ​လေးက ​ခြေ​ထောက်​​မြေကြီးမထိ၊ စိတ်​ဆန္ဒရှိတဲ့အရပ်​ ​လေအဟုန်​နဲ့ ​ရောက်​သွားနိုင်​သူလို ပန်းပင်​နား ဘယ်​လို​ရောက်​သွားမှန်း​တောင်​ မသိလိုက်​ဘဲ အခက်​​လေးတခက်​(ပန်းပွင့်​ ၁ ပွင့်​ရယ်​ အငုံ​လေး​တွေရှိတဲ့ အညွန့်​​လေး ၂ ခုရယ်​ပါ) ချိုးလိုက်​တယ်​။

ရုတ်​တရက်​ မ​မျှော်လင့်​ပဲ “အမယ်​​လေး​တော်​!” ဆိုပြီး​အော်​သံကြားလိုက်​ရလို့ က​လေးမ​လေး ဆတ်​ခနဲတုန်​သွားတယ်​။ ​အသံလာရာလှည့်​ကြည့်​​တော့ ​စော​စောက ပန်းခူးခွင့်​​ပေးခဲ့တဲ့သူ။ ပြူးကျယ်​ဝိုင်း စက်​​နေ​လောက်​တဲ့ မျက်​လုံး​တွေနဲ့ က​လေးမ​လေး​မော့ကြည့်​လိုက်​​တော့ အမျိုးသမီးက က​လေးမ​လေး ​ကြောက်​သွားမလား စိုးရိမ်​တယ်​ထင့်​။ ​ထိန်းချုပ်​ထားတဲ့လေသံနဲ့
“ဒီမှာ​တွေ့လား အညွန့်​က​လေး​တွေရယ်​ အငုံက​လေး​တွေ ထွက်​​နေတာ ပန်း​လေး​တွေ ထပ်​ပွင့်​ဦးမှာ အခု ချိုးပစ်​လိုက်​​တော့ မပွင့်​နိုင်​​တော့ဘူး။ ​နောက်​ဆို အပွင့်​​လေးတင်​ ခူးရတယ်​​နော်​သမီး” တဲ့။
ဖြစ်​နိုင်​မယ်​ဆိုရင်​ လက်​ထဲက ပန်းခက်​​လေးကို အပင်​မှာ ပြန်​တပ်​​ပေးလိုက်​ချင်​စိတ်​ ​ပေါက်​သွားတာ မှတ်​မိ​နေ​သေးတယ်​။ ​နောက်​ထပ်​ပန်း​လေး​တွေ ထပ်​ပွင့်​ဦးမှာ ဆိုလို့​လေ။

ခု​နေ ပြန်​​တွေးကြည့်​​တော့ ဒီစကား​လေးတ​ခွန်းဟာ ပန်းရရင်​ ပြီး​ရော ပန်းခူးခဲ့တဲ့ က​လေးမ​လေး အတွက်​ ​ခြောက်​အိပ်​မက်​​တွေ ဖြစ်​ခဲ့တယ်​။ ပန်းဆို ဇီဇဝါပန်းမှမဟုတ်​ ဘယ်​ပန်းကိုမှ မခူးရဲ​တော့ဘဲ ​နောင်​ကြဉ်​သွားခဲ့တယ်​။ ပန်းခူးခွင့်​​ပေးသူရဲ့ မျက်​နှာနဲ့ရုပ်​ရည်​ကို မမှတ်​မိ​တော့​ပေမယ့်​ အသံကို​တော့ ပြတ်​ပြတ်​သားသား ကြား​နေရဆဲပါ။ ပန်းခူးတယ်​ပဲ မြင်​ပြီး၊ ခူးပြီးရင်​ ပန်းရမယ်​၊ ​ခေါင်းမှာပန်​မယ်​၊ ပန်းအဆင်းနဲ့ ရနံ့​လေးကို ခံစားမယ်​၊ ဒါပဲသိတဲ့က​လေးမ​လေးခမျာ ပန်းတ​ပွင့်​ခူးလိုက်​ခြင်းဟာ ကိုယ်​ခူးလိုက်​တဲ့ ပန်းတင်​မက၊ တခြားပန်း​တွေ မပွင့်​နိုင်​​တော့​အောင်​ ဖျက်​ဆီးတားမြစ်​လိုက်​ခြင်း၊ ​နောက်​ထပ်​ ​နောက်​ထပ်​ ကမ္ဘာ​မြေကြီးကို အလှဆင်​​ပေးမယ့်​ပန်း​လေး​တွေ ဖျက်​ဆီးလိုက်​တာဟာ သဘာဝ အလှအပကို အန္တရာယ်​ပြုလိုက်​ခြင်းလို့ မမြင်​မသိ မ​တွေးတတ်​ခဲ့ဘူး​လေ။

သူ့ စကားကြားလိုက်​ရမှ ဖြစ်​​ပေါ်လာတဲ့ စိုးရွံ့စိတ်​​တွေက ရင်​နှင့်​အမျှပဲ။ နှစ်​​ပေါင်းများစွာ ကြာပြီးလည်း စိုးမိုးထားဆဲ။ အဲ့​နောက်​ကို က​လေးမ​လေးရဲ့ သိစိတ်​​ထဲမှာ မသိစိတ်​​ထဲမှာ ဦး​နှောက်​​ထဲမှာ နှလုံးသား​ထဲမှာ စွဲမြဲသွားတာက ပန်းဆိုတာ ခူးဆွတ်​ပြီး ပန်​လိုက်​မှ လှတာ၊ အလှအပကို ခံစားလို့ရတာ မဟုတ်​တဲ့အပြင်​ ခူးဆွတ်​ခြင်းဟာ ​နောင်​လာလတ္တံ့သော အလှအပ​လေး​တွေကိုပါ ပျက်​စီး​သွားစေတယ်​ဆို တာပဲ။ ဒီ​တော့ ​နောက်​ပိုင်းမှာ က​လေးမ​လေးဟာ ပန်း​တွေအ​ပေါ် လိုချင်​တပ်​မက်​စိတ်​မရှိ​တော့ဘူး ထင်​ရ​အောင်​ကို နည်းပါးသွားခဲ့တယ်​။ ပန်းမပန်​တတ်​ဘူး၊ ပန်းမြင်​လည်း အရင်​လို လိုချင်​​ယူချင်​စိတ်​ မရှိဘူး။ အဲ ရယူပိုင်​ဆိုလိုစိတ်​မရှိ​တော့​ပေမယ့်​ ပန်း​တွေ​တွေ့ရရင်​ ကြည်​နူးတဲ့စိတ်​​လေး​ တင်​ကျန်​ရစ်​ခဲ့တာ​တော့ ​ကျေးဇူးတင်​ရမယ်​။

ချိန်​ကာလ​တွေ ​ရွေ့လျားပြောင်းလဲသွားတဲ့တချိန်မှာတော့ ကံဇာတ်​ဆရာက က​လေးမ​လေးကို စာသင်​တဲ့​နေရာမှာ သရုပ်​​ဆောင်​ခိုင်းခဲ့တယ်​။ က​လေးမ​လေးတဖြစ်​လဲ သူမ စာသင်​​ပေး​နေရတဲ့က​လေး​တွေက သူမကို ပန်း​ပေးကြသတဲ့။ ​ပေးတိုင်းလည်း ​ပျော်​ခဲ့သလို၊ ​ပျော်​​ပေမယ့်​ မယူဘဲ ငြင်းပယ်​ခဲ့တာ များခဲ့တယ်​။ လှိုက်​ခနဲ ​ပျော်​ခဲ့ရတာက​တော့ ပထမဆုံး ပန်း​ပေးခံရတုန်းက။ ​ဈေးထဲ မုန့်သွား စားကြတဲ့ ​ကျောင်းသူ​လေး​တွေ ဆရာမဖို့ သမီးတို့ပန်းဝယ်​လာတာဆိုပြီး ခ​ရေပန်းကုံး​လေး​တွေ အလုအယက်​ ​ပေးကြစဉ်​က​ပေါ့။ က​လေးမ​လေးဘဝမှ ကြီးပြင်းလာခဲ့တဲ့သူမက ငြင်းပယ်​ခဲ့တယ်​။ က​လေး​တွေက မျက်​နှာငယ်​​လေး​တွေနဲ့ မဝံမရဲ ဆက်​​ပေးမြဲ​ပေးကြပြန်​တယ်​။

က​လေး​တွေဘက်​က သူတို့မုန့်​ဖိုး​လေး​တွေသုံးပြီး တည်​​ဆောက်​လာခဲ့တဲ့ ​မေတ္တာ​ပေါင်းကူးတံတားကြီး ကို သူမက ဆီးဖြိုလိုက်​သလို ဖြစ်​သွားမှာ ​တွေး​ကြောက်​ပြီး မျက်​စိစုံမှိတ်​ယူခဲ့တယ်​။ ဒါ​တောင်​ အကုန်​မယူဝံ့ဘဲ “တကုံးပဲယူမယ်​​နော်​ ကျန်​တာ​တွေ ဘုရားလှုလိုက်​​နော့” လို့ က​လေး​တွေကို​ချော့ခဲ့ရတယ်​။ သူမယူခဲ့တဲ့ ပန်းကုံး​လေးက​တော့ အိပ်​ရာ​ခေါင်းရင်းမှာ ​ခြောက်​​သွေ့သွားတဲ့အထိ ​နေရာယူခဲ့တယ်​။ ညစဉ်​ အိပ်​ရာဝင်​ရင်​ ပန်းက​နေတဆင့်​ သူတို့သူတို့​လေး​တွေရဲ့ ​မေတ္တာတရားကို ခံယူ​သောက်​သုံးရင်း နှစ်​ခြိုက်​စွာ အိပ်​​မောကျခဲ့ရဖူးတယ်​။

ဒီနှစ်​​တော့ သူမဟာ က​လေး​တွေဘက်​က မြင်​တတ်​​အောင်​၊ က​လေး​တွေနဲ့ တသားတည်းကျ​အောင်​ ကြိုးစား​ဖြစ်​တဲ့နှစ်​၊ က​လေး​တွေရဲ့​မေတ္တာကို အများဆုံးခံယူရတဲ့နှစ်​၊ အများဆုံး သတိပြုမိပြီး လက်​လည်းလက်​ခံခဲ့တဲ့နှစ်​ ဖြစ်​ခဲ့တယ်​။ က​လေး​လေး​တွေက သူတို့ကို စာသင်​​ပေး​နေတဲ့ သူမ ပန်းကြိုက်​လိမ့်​မယ်​လို့ ​တွေးကြတယ်​ထင်​။ ပန်းမျိုးစုံ ​ပေးကြတာပဲ။ သူမလည်း သူတို့​တွေ ​ဖော်​ပြလာတဲ့ ချစ်​ခြင်း​မေတ္တာကို မငြင်းပယ်​​တော့ဘဲ ဝမ်း​မြောက်​ဝမ်းသာ ခံယူခဲ့တယ်​။ သူတို့​ကျေးဇူးနဲ့ နဂိုက မိန်းမ မဆန်​​သော ကြမ်းတမ်း​သော စရိုက်​မျိုးပိုင်​ထားတဲ့ သူမဟာ ပန်း​လေး​တွေ​မြင်​ရချိန်​၊ မွှေးကြူ​နေရချိန်​မှာ​ တဒင်္ဂ​လေးပဲဖြစ်​ဖြစ်​ စိတ်​နူးညံ့မှုရခဲ့တယ်​ဆိုတာ​တော့ ဝန်​ခံရပါမယ်​။

န်း​လေးရပါပြီ ဆိုကတည်းက စာသင်​ချိန်​တ​လျှောက်​လုံး ဘယ်​လက်​​က ပန်းကို မချတမ်းကိုင်​ထားပြီး ညာလက်​က ​မြေဖြူကိုင်​ခဲ့တယ်​။ ပုစ္ဆာတပုဒ်​သင်​​ပေးပြီး က​လေး​တွေ ပြန်​တွက်​​နေကြချိန်​မှာ ပန်းက​လေးကို နမ်းရှိုက်​​နေတတ်​တယ်​။ သင်​ပုန်းကစာ ဖျက်​ချိန်​မှာ တလိမ့်​လိမ့်​ ပြိုအိကျဆင်းလာတဲ့ ​မြေဖြူမှုန့်​​တွေ ပန်း​လေး​ပေါ်တင်​မှာစိုးလို့ သူမ ဗာဟီရအလုပ်​များခဲ့ရတယ်​။ အဲ့​လောက်​ကို တန်​ဖိုးထားခဲ့ပါတယ်​။

သူ​တွေ့ဖူးတဲ့ စာအုပ်​နာမည်​က “ပန်းပွင့်​တလှည့်​ ကျည်​ဆံတလှည့်​”တဲ့။ သူမက​တော့ က​လေး​တွေ​မေတ္တာ​ကြောင့်​ ပန်းပွင့်​တလှည့်​ ​မြေဖြူတလှည့်​ ဖြစ်​ခဲ့ရတယ်​။ ပန်းအစစ်​​တွေ ​ပေးကြတဲ့အပြင်​ တချို့ က​လေး​လေး​တွေက စာရွက်​ကို နှင်းဆီပွင့်​ပုံ၊ ကြာပန်းပုံ၊ ငှက်​ရုပ်​၊ မီးပုံး​လေး​တွေ အမျိုးမျိုးလုပ်​​ပေးကြတယ်​။ အချိန်​​တော့ ​တော်​​တော်​ယူရမှာပဲလို့ ​တွေးမိတာ​ကြောင့်​ သူတို့​လေး​တွေကို ပန်းပွင့်​​လေး​တွေ ​ခေါက်​​ပေးတာ ​ကျေးဇူးတင်​တဲ့အ​ကြောင်း၊ ​ပျော်​ရွှင်​ရမိကြောင်း၊ ချစ်​မြတ်​နိုးတဲ့စိတ်​ကို ခံစားရမိ​ကြောင်း၊ ဒီလိုလှလှပပ​လေး​တွေ ​ခေါက်​နိုင်​တာ ချီးကျူးမိ​ကြောင်း ​သေချာ​လေး​ပြောပြပြီး စာ​လေ့လာချိန်​ ထိခိုက်​မှာစိုးလို့ မလုပ်​​ပေးဖို့ ​ဖျောင်းဖျရပါတယ်​။ ပန်း​ပေးတာ မကြိုက်​လို့ မဟုတ်​ဘဲ သူတို့ရဲ့ အကျိုးရှိတဲ့ အချိန်​​တွေကို သူတို့ဘဝအတွက်​ သည့်​ထက်​အကျိုးရှိနိုင်​မယ့်​​နေရာ​တွေမှာ သုံး​စေချင်​တာဟာ သူတို့ကို တန်​ဖိုးထားချစ်​မြတ်​နိုးလို့ဆိုတာ သိ​စေချင်​လိုက်​တာ။

န်းလာ​ပေးရင်​ မယူ​တော့ဘူးကွယ်​လို့ ငြင်းပယ်​ခဲ့ဖူးတာလည်း ပန်းကို မကြိုက်​လို့၊ ပန်းလာ​ပေးသူကို မနှစ်​မြို့လို့မဟုတ်​ဘဲ ပန်းပွင့်​​လေး​တွေအ​ပေါ်မှာ ထားတဲ့ သူမ သ​ဘောထားအ​ကြောင်းကို သိ​စေချင်​လိုက်​တာ။ ဒါ​ပေမယ့်​ သူမအ​နေနဲ့က သူမ အ​တွေ့အကြုံ​တွေ သူမ သ​ဘောထား​တွေကို ​ပြောပြလိုက်​ရင်​ “ငါက​တော့ ဒီလိုကြုံဖူးလို့ ဒီလို​တွေးတယ်​၊ မင်းတို့လည်း ငါ့လို​တွေးပါ၊ မဟုတ်​ဘူးလား”လို့ သွယ်​ဝိုက်​ပြီး ပုံစံရိုက်​သွင်းသလို ဖြစ်​မှာလည်း အလွန်​အမင်း စိုးရိမ်​မိတယ်​။

က​လေး​တ​​ယောက်​က​တော့ ပန်းကဖြင့်​ အချိန်​တန်​ရင်​ သူ့ဘာသာသူ ညှိုး​ခြောက်​​ကြွေကျသွားတာပဲ၊ ကိုယ်​မဆွတ်ဘဲထား​လည်း ​ကြွေတာပဲ၊ ကိုယ်​ဆွတ်​လိုက်​​တော့လည်း ကိုယ်​ပန်​ရတာ​ပေါ့၊ လူမပန်​ချင်​လည်း ဘုရားလှုတာမျိုး၊ ဧည့်​ခန်းတို့ အခမ်းအနားတို့မှာ အလှဆင်​တာမျိုး လုပ်​လို့ရတာ​ပေါ့တဲ့။ သူမက… က​လေး​ပြောတာလည်း ဆီ​လျော်​ပါတယ်​လို့။ လူ​တွေ​တောင်​ ကြာရင်​​သေကြတာပဲ၊ ပန်း​ကြွေတာလည်း မဆန်းဘူး​ပေါ့လို့။ ဒါ​ပေမယ့်​ လူ​တွေ သက်​တမ်း​စေ့​အောင်​နေပြီး ​နောက်​ဆုံး မြတ်​စွာဘုရားရှင် ကိုယ်​​တော်​မြတ်​ကြီး​တောင်​ မ​ရှောင်​လွှဲနိုင်​တဲ့ သခါင်္ရသ​ဘော​ကြောင့်​​သေတာနဲ့၊ ရုတ်​တရက်​ မ​တော်​တဆဖြစ်​ပြီး ​သေသလို ကွာတယ်​လို့ ​ပြောရမလားပဲဆိုပြီး ပြန်​​ဆွေး​နွေးမိ​သေးတယ်​။ သူမစကား​ကြောင့်​ က​လေးစိတ်​ဘယ်​လို​နေလဲ မသိ​ပေမယ့်​ က​လေးစကား​က​တော့ သူမစိတ်​ကို မ​ပြောင်းလဲနိုင်​ခဲ့ပါဘူး။

ခုဆို ​နေ့စဉ်​​နေတိုင်းလိုလို ပန်း​လေး​တွေ ရတယ်​။ ဝမ်းသာဝမ်းနည်း နှစ်​မျိုးခံစားရတယ်​။ သူတို့​လေး​တွေ​ပေးတဲ့ပန်းက ဇီဇဝါပန်းဆိုရင်​ စိတ်​က ပိုပြီးထိရှတယ်​။ အပြစ်​ပိုကြီးသလို ခံစားရတယ်​။ အဲ … က​လေး​တွေကလည်း ဇီဇဝါပန်းပွင့်​တဲ့​နေ့ဆို ၄-၅ ပွင့်​​လောက်​အထိ ယူယူလာတတ်​ကြတယ်​။ ​ယူလာသူက တ​ယောက်​တည်း မဟုတ်​။ ပြီးရင်​ သူမ အတန်းထဲ ဝင်​သွားတာနဲ့ အလုအယက်​​ပေးကြတာပဲ။ ကြည့်​လိုက်​ရင်​ ထိပ်​မှာ အငုံရှိတဲ့ အညွန့်​က​လေး​တွေ ပါရက်​သား။ သူမစိတ်​က ​နောက်​ပွင့်​မယ့်​​အငုံက​လေး​တွေဟာ သူမကို အ​ကြောင်းပြုပြီး အပွင့်​ဘဝ ပန်းလားမ​မြောက်​ပဲ ​ကြွေပျက်​သွားရတာပါလားလို့ ​တွေးရင်​ ​ကြေကွဲရပြန်​တယ်​။

န်းမ​ပေးပါနဲ့ မယူလိုဘူး လို့​ပြောရင်​ က​လေး​တွေ စိတ်​ထိခိုက်​မယ်​။ ဒီအတိုင်း ​ပေးတိုင်းယူ​နေပြန်​ရင်​လည်း သဘာဝအလှ​တွေ ထိခိုက်​မယ်​။ အဲ့​တော့ က​လေး​လေး​တွေကို ​​နောက်​တခါ ပန်းမခူး​ပေးဖို့ ပြော​တော့​ပြောရမယ်​။ သူတို့ လက်​ခံလာ​အောင်​ ဘယ်​လိုပြောရင်​ ​ကောင်းမလဲ။ သူတို့ကို စိတ်​မထိခိုက်​​စေတဲ့ စကားလုံး​လေး​တွေ ​သေချာ​ရွေးချယ်​စဉ်းစားပြီး သူမဟာ ပန်းက​လေး​တွေကိုလည်း ချစ်​​တယ်​၊ သူတို့​လေး​တွေကိုလည်း ချစ်​တယ်​၊ သူတို့​လေး​တွေက သူမကို ချစ်​တယ်​ဆိုတာလည်း အကြွင်းမရှိ ယုံကြည်​တယ်​၊ ပန်းက​လေး​တွေ ​ပေးမှ ချစ်​တယ်​​ခေါ်တာမဟုတ်​ဘူး…. လို့​ပြောရင်​​ကောင်းမလား။ ​ခေါင်း​အေး​အေးထား ​သေချာစဉ်းစားပြီး၊ စကားလုံးကျစ်​ကျစ်​လျစ်​လျစ်နဲ့ ပန်းမခူးဖို့၊ သစ်​ပင်​ပန်းပင်​​တွေကို တန်​ဖိုးထား ချစ်​မြတ်​နိုးဖို့၊​ မ​ပြောမဖြစ်​ မတီးမမြည်​ ပြော​တော့​ပြောရပါဦးမယ်​။

မြဇင်​​ယော်