အောင်မိုးဇော် – ကရင်အမျိုးသားနေ့

အင်းစိန်​မှာလုပ်​တဲ့ ကရင်​အမျိုးသား​နေ့အခန်းအနား တက်​ဖြစ်​တယ်​။ မ​တွေ့ရတာ အ​တော်​ကြာပြီဖြစ်​တဲ့ ဗိုလ်​မှူးစိုးစိုးနဲ့​တွေ့ရတယ်​။

ဖဒိုမန်းရှာ

ကျ​နော်​တို့ မာနယ်​ပ​လော​ရောက်​ပြီး ဘန်​​ကောက်​မှာ သတင်းစာရှင်းလင်းပွဲ သွားလုပ်​​တော့ ဆရာမန်းရှာရယ်​ ဦးဝင်းခက်​ရယ်​ ကိုမြင့်​​ဇော်​ရယ်​ ကျ​နော်​ရယ်​ ဗိုလ်မှူးတို့အိမ်​ မဲ့​ဆောက်​မှာ တည်းပြီး ဗိုလ်​မှူးစိုးစိုးကိုယ်​တိုင်​ ကား​မောင်းပြီး လိုက်​ပို့ခဲ့တာ။ ကြာ​တော့ကြာပြီ ၁၉ ၉ ၁ ခုနှစ် က… ။ ခု ဆရာမန်းရှာ​ရော၊ ဦးဝင်းခက်​​ရော၊ ကိုမြင့်​​ဇော်​​ရော မရှိကြ​တော့။

“ ကရင်​ပြည်​ … ချက်​ချင်း​ပေး ”

“ ဗမာတကျပ်​ ကရင်​တကျပ်​ … ချက်​ချင်းပြ ”

“ လူမျိုး​ရေးအဓိကရုဏ်း … အလိုမရှိ ”

“ ပြည်​တွင်းစစ်​ … အလိုမရှိ ”

ကြွေး​ကြော်​သံနဲ့ ကရင်​အမျိုးသားအလံတော်က​တော့ တလွင့်​လွင့်​ရှိဆဲ၊ ရုန်းကန်​ဆဲ…။

အောင်မိုးဇော်
ဥက္ကဌ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

https://www.facebook.com/aung.mzaw.50

https://www.facebook.com/Democratic-Party-for-a-New-Society-DPNS-179471808731351/