ခင်မင်းဇော် – 
သစ်ခွပင်တွေရဲ့နောက်ကွယ်မှာ

.

စ်ခွပန်းတွေကို ပြုစုပျိုးထောင်တာ ကျနော်ဝါသနာအပါဆုံး အလုပ်တခုပေါ့။
ရာသီအလိုက်လှလှပပ ပွင့်နိုင်ဖို့အတွက် နေရောင်ရရှိရေးကနေ သူတို့အတွက် အားဆေးတွေ သုံးတတ်ဖို့ အထိ ကျနော် လေ့လာမဆုံးတော့။ အသက် ၁၈ ဝန်းကျင် ကျနော့်အတွက် သစ်ခွပန်းပင်တွေက တကမ္ဘာဖြစ်နေခဲ့ပါတယ်။

သစ်ခွတွေအများကြီး စိုက်ပျိုးထားတဲ့ ဆိတ်ငြိမ်ရပ်ကွက်က ခြံတခြံကို ကျနော် စပြီးရောက်ခါစက သိပ်သဘောကျသွားခဲ့တယ်။ ဒီလို တခြံလုံးနီးပါး လှပသပ်ရပ်နေအောင် စင်တွေထိုး ချိတ်ဆွဲထားပုံက တကယ့် ဝါသနာရှင်တွေမှ အပင်ပန်းခံပြုစုနိုင်တာကိုး။ မကြာခဏရောက်အောင်သွားပြီး ကိုယ့်ဆီမှာ မရှိတဲ့ သစ်ခွမျိုးတွေကို အားကျငေးမော။ တချို့မသိတာတွေ သူတို့မေး ကျနော်တော်တော့်ကို ဝမ်းသာပျော်ရွှင်ခဲ့ရတဲ့အချိန်တွေပါပဲ။

အဲဒီခြံမှာ လူပျိုကြီးတယောက်လဲရှိတယ်။ သူကလဲ ကျနော်သွားမေးရင် အသေးစိတ်ရှင်းပြ ဂရုတစိုက်နဲ့ သစ်ခွတွေလက်ဆောင်ပေး ဆိုတော့ သစ်ခွချစ်သူကျနော်လူငယ်လေး ကျေးဇူးတွေ တင် ၊ ဝမ်းလဲ သာပေါ့ဗျာ။

နေ့ကျနော့်ကို အဲဒီအန်ကယ်က ဖုန်းဆက်တယ်။ မင်း ကြည့်ချင်တဲ့ သစ်ခွမျိုးသစ်တွေ ရောက်တယ်တဲ့။ လာကြည့်မလားတဲ့။ ဒီကောင်ကလဲ သစ်ခွပင်အသစ်တွေ သစ်ခွမျိုးအသစ်တွေ ရူးသွပ်သူဆိုတော့ ဘာပြောကောင်းမလဲ အခုပဲ လာခဲ့ပါ့မယ်ပေါ့။

ခြံထဲကနေ ကားထုတ်ပြီး အမြန်ဆုံးနည်းနဲ့ မောင်းသွားခဲ့တာပါပဲ။
သူတို့ခြံထိပ်မှာ တံခါးဖွင့်ထားတာတွေ့လို့ ခါတိုင်းလိုတောင် ဟွန်းတီးပြီး ခြံတခါးဖွင့်ချိန်ထိ စောင့်စရာ မလိုဘူးလေ။ ခြံထဲမှာ ဘယ်သူမှ မတွေ့လို့ အိမ်ထဲထိ တခါတည်း တန်းဝင်လိုက်တယ်။ ဧည့်ခန်းထဲမှာလဲ ဘယ်သူမှ မရှိတော့ ကျနော် ခဏထိုင်ရင်း စောင့်နေချိန်မှာပဲ လှေခါးကနေ အန်ကယ် ဆင်းလာပြီး
အိမ်ပေါ်ထပ်လိုက်ခဲ့ပါလား။ အိမ်ပေါ်ထပ်ကနေ ခြံထဲကို ပြမလို့တဲ့။ ခါတိုင်းလဲ ဒီအိမ်က ဝင်ထွက်သွားလာနေကျဆိုတော့ လိုက်သွားမိတာပါပဲ။

ပေါ်ထပ်ရောက်တော့လဲ အပေါ်ထပ်ဧည့်ခန်းကို အန်ကယ်ခေါ်တဲ့နောက်လိုက်သွားလိုက်မိတယ်။ အပေါ်ထပ်ဧည့်ခန်းဆောင်ကနေ ကြည့်ရင် အောက်ထပ်က သစ်ခွပင်တွေ သစ်ခွစင်တွေကို မြင်ရတယ်။ အဆုပ်လိုက်ပွင့်နေတဲ့ သစ်ခွတွေ၊ ရိုးတံရှည်ပေါ်တပွင့်ချင်းသီထားသလို ပွင့်နေတဲ့ ဖယောင်းသစ်ခွလို အပင်တွေ နဲ့ အင်မတန်လှပနေတာကို မြင်ရတဲ့အချိန်မှာ စိတ်ထဲ အေးချမ်းသွားမိတယ်။

အဲ့အချိန်မှာပဲ ကျနော့်ကို နောက်က သိုင်းဖက်လိုက်သလို ခံစားရတယ်။ ကျနော်အမြန်လှည့်လိုက်တော့ ကျနော့် ကို သိုင်းဖက်လိုက်တာက အန်ကယ် ဖြစ်နေတယ်။ 
ကျနော့်ကို ဒီလိုမလုပ်ပါနဲ့လို့ပြောတော့ ခဏလေးပါကွာ တဲ့။
ကျနော် အော်လိုက်မှာနော်လို့ပြောတဲ့အခါမှာတော့ ဒီအိမ်ထဲမှာ ဘယ်သူမှ မရှိဘူး။ မင်းကြိုက်သလောက် အော်ပါတဲ့။

ပြီး ကျနော့်ကို ဆိုဖာပေါ် အတင်းဖိထိုင်ချပစ်တယ်။ ခွန်အားကြီးတဲ့ အန်ကယ်ကြီးလက်မှာ ကျနော်ဟာ ရုန်းထွက်မရဖြစ်နေတယ်။ အဲဒီအချိန်မှာ ကျနော်ပူထူနေပြီး အတင်း ရုန်းကန်ထွက်မိတယ်။ ကျနော့်ကို တတွတ်တွတ်ချော့ပြောနေတဲ့ အန်ကယ်ကြီးရဲ့ အသံတွေကို ဗလုံးဗထွေးကြားနေပေမယ့် ကျနော် ဒီနေရာ က အမြန်ဆုံး ပြေးနိုင်မှ လွတ်မယ်ဆိုတာကိုတော့ မသိစိတ်က သိနေတယ်။ အောက်ထပ်တံခါးကိုလဲ သော့ခတ်ထားတယ်လို့ သူကပြောနေတယ်။ ဒါပေမယ့် ကျနော်လဲ ပြန်ပြောဖြစ်တယ်။ ခင်ဗျားဒီလို လုပ်လို့ မရဘူး မရဘူးလို့ပြောရင်း အတင်းရုန်းကန်ပြီး လှေခါးထစ်တွေကနေ ပြေးဆင်းနေမိတယ်။

ကယ်တမ်းကျတော့ အောက်ထပ်မှာ တံခါးပိတ်ထားတာ မတွေ့ဘူး။ ဝင်လာတဲ့တံခါးမကြီးကနေပဲ ကျနော်အိမ်ထဲက ပြေးထွက်လာမိတယ်။ ရပ်ထားတဲ့ ကားစီကို အမြန်သွား ကားစက်ကိုနှိုးပြီး ခြံထဲက မောင်းထွက်လာလိုက်တာ အိမ်ကို ဘယ်လိုပြန်ရောက်တယ်တောင် မသိခဲ့ပါဘူး။

အိမ်ပြန်ရောက်ပြီး မိဘတွေကို ပြန်ပြောပြနေတဲ့အချိန်မှာ ကျနော့် တကိုယ်လုံးတုန်ရင်နေတုန်းပဲ။
ဒါပေမယ့် ကျနော် အန္တရာယ်ကြားက လွတ်မြောက်ခဲ့ပြီလို့ သိလိုက်ပါတယ်။ 

ကယ်တော့ ယောက်ျားလေး ဆိုပေမယ့်လဲ ယောက်ျားချင်း ဖျက်ဆီးနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်ဆိုတာကို ကျနော်ပြောပြချင်တာပါ။ ကျနော်အလွတ်ရုန်းနိုင်ပေမယ့် အဲလိုအခြေအနေမျိုးနဲ့ ခပ်ဆင်ဆင် တွေဖြစ်ခဲ့ပြီး ရေတိမ်နစ်ခဲ့ရတဲ့ အမျိုးသားကောင်းတွေ ဘယ်လောက်ရှိနိုင်မလဲ ဆိုတာ မသိနိုင်ပါဘူး။ မိဘတွေအနေနဲ့ရော ကိုယ်တိုင်ကပါ ဆင်ခြင်ပြီး အသိတရားနဲ့ နေနိုင်ဖို့ လိုတယ်ဆိုတာ ကျနော့် အဖြစ်အပျက်က သက်သေပါပဲ။

သစ်ခွပန်းပင်တွေရဲ့ နောက်ကွယ်ကနေ ကျနော်ကတော့ ပြေးထွက်နိုင်ခဲ့ပါတယ်။ လွတ်မြောက်ခဲ့ပါတယ်။ ဘယ်တော့မှလဲ အဲဒီသစ်ခွခြံကို မသွားဖြစ်တော့ပါဘူးလေ။

ခင်မင်းဇော်
ဝ၂ ဒီဇင်ဘာ ၂ဝ၁၇

http://khinminzaw.blogspot.com