ဗိုလ်ချုပ်အောင်ဆန်း – 
ညီဆောင်းဦး

.

သက္ကရာဇ် ၁၉၁၅ ခုနှစ်ထဲ
နတ်မောက်ကို လှုပ်ချလိုက်ရင်
ထိန်လင်းဆိုတဲ့နာမည် ထွက်ကျလာမယ်။

အိုးဝေမဂ္ဂဇင်းကို လှန်လိုက်ရင်
ပဲခူး ကဝေဆိုတဲ့ ကလောင်ကို တွေ့မယ်။

တို့ဗမာအစည်းအရုံးထဲ ဝင်သွားရင်
သခင်အောင်ဆန်းကို တွေ့မယ်။

“ရရင်ရ – မရရင်ချ”တဲ့ အရိုင်း
“တော်လှန်ရေးမှာလည်း အနုပညာရှိတယ်”လို့
ဆိုဖူးခဲ့တဲ့ အယဉ်။

တိုင်းပြည်ဖို့ဆို ကျရာအခန်းမှာ က, တဲ့သူ
နိုင်ငံအတွက် မနိုင်ဝန်ကို ထမ်းခဲ့ရသူ

‘ဗိုလ်ချုပ်’ ဆိုရင်
‘အောင်ဆန်း’ ကပ်ပါမှ လှတဲ့
ကမ္ဘာသိနာမည်

မြန်မာပြည် မုခ်ဦးမှာ ထင်းလို့။     ။

ညီဆောင်းဦး