သား နေမကောင်းဘူး မေမေ –
တိုးနှောင်မိုး

.

ကြွက်​ကို​ချောင်း​နေတဲ့ ​ကြောင်​လို
သား​ကောင်​ ​ချောင်း​နေတဲ့ ကျားလို
ကျန်းမာ​ရေးက
နောက်​​ကျောကို ​ချောင်းရိုက်​တယ်​။

ထွေရာ​လေးပါး ပရိ​ဘောဂ
ခေါင်း မူးတယ်
ရင်​ထဲ မ​ကောင်းဘူး
ရင်​ဘတ်​ထဲက ​အောင့်​ ​အောင့်​ ​နေတယ်

အထည်​ပုံ​တွေထဲက
သွေးမ​လျောက်​တဲ့ တိုက်​ပုံ
ချိတ်​လုံချည်​​လေးလည်း
မိုးမိ ဖျားတာပဲ

တီရှပ်​အင်္ကျီလေးလည်း
ချောင်းဆိုးရင်​ကျပ်​ ရှိတာပဲ။

ခြေ​ထောက်​​တွေ ထုံကျင်​​နေတယ်
အ​ရေပြား​တွေ စိတ်​​ကောင်းမရှိကြဘူး
DNA စစ်​ချက်​က ကိုယ်​​ပျောက်​စတိတ်​ရှိုး
မျက်​လှည့်​ဆရာရဲ့ပဉ္စလက်​က
သေမင်းရဲ့အခွန်
စိတ်​ရှိတိုင်း ​ကြွေရ​အောင်
သားက သစ်​ပင်​မှမဟုတ်​တာ ဆို​တော့။

လောကဓံရှစ်​ပါးလည်း ​ဆေးခန်းပြရတာပဲ
သစ္စာ​လေးပါးနဲ့ နှာ​ချေလည်း
အ​ပေါ်​သွေး ​အောက်​​သွေးက
ပင်​လယ်​​ရေမျက်​နှာပြင်​ အထက်
လေထုမသန့်ရှင်း​တော့
သား အရိပ်​က စဖျားလို့ ပါ ​မေ​မေ။

သွေးချို ဆီးချိုနဲ့ ၉၆ ပါး
အရပ်​ ၈ မျက်​နှာ ခရီးဆန့်​နေပါတယ်​။

မေ​မေလည်း
လမ်း မှန်​မှန်​​လျောက်
လေ့ကျင့်​ခန်း မှန်​မှန်​လုပ်

သားလည်း
ထမင်း​လျော့စား​နေပါတယ်
မတည့်​တဲ့အသား​ရှောင်​စား​နေပါတယ်

ကျန်းမာ​ရေးဟာ ​ငွေ တပါး ပါ
လူဆိုတာ အသုဘပဲ
ကျန်းမာ​ပျော်​ရွှင်​ဖို့ ဝဋ်​နာကံနာ​တွေ များသား။

မိပန်​ပန်​က ​မေ​မေ့ ​မြေးမ​လေးပါ
မိပန်​ပန်​ဟာ ကျ​နော့်​ရင်​​သွေးပါ
သေချင်​​ပေမဲ့
သူ့​ကြောင့်​ ​သေမရဘူး
သူ့ ​ကြောင့်​ မ​သေရဲ​သေးဘူး

သားအ​တွေးအ​ခေါ်​တွေ
အဆိပ်​မိ​နေပါတယ် ​​မေ​မေ။
(မကျန်းမာ​သော အဆိပ်​​ပေါ့)

ဟုတ်​ကဲ့​မေ​မေ
ဖုန်းမှန်​မှန်​ မဆက်​မိဘူး
ခေါင်း​တွေမူးပြီး အမြဲလိုလို အိပ်​​ပျော်​​နေတယ်
ခုထိ
လောကဓံတရားရဲ့အမူးအ​မောမှာ
မူးရ​မောရ နာလန်​မထနိုင်​​သေးတဲ့ သား
ရုတ်​တရက်​ ဘုန်းဘုန်းလဲ​သေခဲ့ရင်
မေ​မေ့ဆီ
သား ​ရောက်မလာနိုင်​​သေးတာ ခွင့်​လွှတ်​ပါ
သား ​နေမ​ကောင်းဘူး … ​မေ​မေ။

တိုးနှောင်မိုး