မောင်ရင်ဆု – 
မဆုံးမယ့် ခရီး

.

မသိချင်ဘဲ သိခဲ့ရတဲ့ အသိတွေ
ငါက သယ်ဆောင်သွားနေမိတာလား
ငါ့ကို သယ်ဆောင်သွားနေတာလား

မနာကျင်ရသလို ဟန်ဆောင်မှု အံဝှက်ထဲက
အနာကျင်ဆုံး ရှိုက်သံရေ
ဘဝဆိုတာ မပြီးပြတ်ခြင်းလို့
ခပ်ညံ့ညံ့ခေါင်းစဉ်တပ်ထားပေမယ့်

ဟိုမှာဖက်ကမ်းအထိ
မင့်အသံကိုမြှင့်တင်လိုက်
ငါက လမ်းကိုထမ်းမထားနိုင်ဘူး

ရထားရွေ့သံ
လေတိုးသံ
အဝေးမှုန်ပြီး အနီးဝေဝါးသော အမြင်အာရုံထဲ

မမြင်ချင်ဘဲမြင်ခဲ့ရတဲ့ 
ငါ့အစွဲအလန်းတွေ
ငါ့အစွဲအလန်းတွေ
ငါ့အစွဲအလန်းတွေ

ဝန်ပိုအဖြစ် သယ်ဆောင်သွားနေသပ
ရထားကို အားနာလိုက်တာကွယ်

မောင်ရင်ဆု