သော်တာစံ(ကလေး) –
အခြေအနေအရ အပြောင်းအလဲရှိနိုင်ပါသည်

.

အ​ခြေအ​နေအရ လမ်း​ပေါ်က လှမ်း​အော်​ရ
အ​ခြေအ​နေအရ ​အချိန်​တန်​ အိမ်​ပြန်​ရ

အ​ခြေအ​နေအရ ​ခြေဥကို အရည်​ကျို​သောက်​ရ
အ​ခြေအ​နေအရ ဉာဏ်​ကြီးရှင်​လုပ်​ရ

အ​ခြေအ​နေအရ လိင်​အလုပ်​သမလုပ်​ရ
အ​ခြေအ​နေအရ လိင်​လုပ်​သားလုပ်​ရ

အ​​ခြေအ​နေအရ ကား​မောင်းလိုက်​ရ
အ​ခြေအ​နေအရ ကား​ရောင်းလိုက်​ရ

အ​ခြေအ​နေအရ ပြည်​တွင်းပုန်းလုပ်​ရ
အ​ခြေအ​နေအရ ပြည်​ပထွက်​အလုပ်​လုပ်​ရ

အ​ခြေအ​နေအရ ထမင်းတ​နပ်​​လျှော့စားရ
အ​ခြေအ​နေအရ လ္ဘက်​ရည်​တခွက်​​လျှော့​သောက်​ရ

အ​ခြေအ​နေအရ လက်​ညှိုးညွှန်​ရာ ​ရေဖြစ်​ရ
အ​ခြေအ​နေအရ လက်​မ​ထောင်​ရ

အ​ခြေအ​နေအရ လမ်း​ဘေး​ဈေး​ရောင်းရ
အ​ခြေအ​နေအရ လွှတ်​​​တော်​အမတ်​လုပ်​ရ

အ​ခြေအ​နေအရ တရားခံဖမ်းရ
အ​ခြေအ​နေအရ တရားခံ​ပျောက်​ရှ

အ​ခြေအ​နေအရ ​ခြေသုတ်​ပုဆိုးဖြစ်​ရ
အ​ခြေအ​နေအရ အ​မောက်​​ထောင်​ပြရ

အ​ခြေအ​နေအရ ​နေရာဖယ်​​ပေးရ
အ​ခြေအ​နေအရ ခြောက်​ပေ သုံး​ပေရ

အ​ခြေအ​နေအရ ​ခွေးတကောင်​လို ထိုး​ဟောင်​ရ
အ​ခြေအ​နေအရ လမင်းလို ၀င်းပရ

အ​ခြေအ​နေအရ သမ္မတလုပ်​ရ
အ​ခြေအ​နေအရ ပြည်​သူလူထု လုပ်​ရ

အ​ခြေအ​နေအရ အရူးကွက်​နင်းရ
အ​ခြေအ​နေအရ ရွာသာကြီး ပို့မရ

အ​ခြေအ​နေအရ ခြ​င်္သေ့လို အာပုပ်​​စော်​နံရ
အ​ခြေအ​နေအရ ယုန်​က​လေးလို နှာ​စေးရ

အ​ခြေအ​နေအရ လက်​မဲကြီးကို ကြိုးကိုင်​ရ
အ​ခြေအ​နေအရ ကြိုးကိုင်​လက်​ကို ဖြတ်​လိုက်​ရ

အ​ခြေအ​နေအရ ကျည်​ဆန်​ကို နားစွင့်​ရ
အ​ခြေအ​နေအရ အသက်​ကို ကဗျာနဲ့ထုပ်​ထားရ

အ​ခြေအ​နေအရ ထမင်းဝ​အောင်​စားထားရ
အ​ခြေအ​နေအရ ဒီကဗျာကို​ရေးလိုက်​ရ။

သော်​တာစံ (က​လေး)
၀၄  ၀၂  ၂၀၁၈