ဖိုး​ရွှေညီမှိုင်း – ​ပေးဆပ်​သူများ

.

ကောင်းကင်​​ပေါ်က
ကိုယ်​တိုင်​ပြိုကျ ငိုချ​ပေးလိုက်​ရ​ပေမယ့်
သူ့ ​ရေစက်​လေး​တွေ မနာမကျင်
မုတ်​သုန်​လှိုင်း ရင်​ထဲ စိမ့်​ဝင်​သွားပုံကို
မိုးတိမ်​ကြီးက ​ကျေနပ်​သလို …

ရေတံခွန်​​ပေါ်က
ကိုယ်​တိုင်​ ကျွမ်းပြန်​ လန်​ကျ​ပေးလိုက်​ရ​ပေမယ့်
သူ့ ​ရေ​မှော်​​လေး​တွေ မနာမကျင်
ရေစီး​ကြောင်း ရင်​ထဲ ​မျောပါသွားပုံကို
တောင်​ကျ​ချောင်းက ​ကျေနပ်​သလို …

အရှင်​ …
ပျော်​ရွှင်​​မှု ချမ်းသာမှုနဲ့
ဒီ​အောင်​ပွဲကို ​ဆောင်​နှင်းနိုင်​ပါ​စေ။

အကျွန်​ …
နာကျင်​မှု ရဲရင့်​မှုနဲ့
ဒီသတ်​ကွင်းမှာ တိုက်​ရင်း​သေပါ​စေ။

ဖိုး​ရွှေညီမှိုင်း
၂ဝ၁၈ ဇန်​နဝါရီ။